|
Written by ခင်လေးမြင့်
|
|
Thursday, 05 January 2012 14:28 |
ပတ်ဝန်းကျင်ရဲ့ အထိအတွေ့၊ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေကြောင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ နေထိုင်မှုတွေက ပြောင်းလဲတတ်ပါတယ်။
It is not easy to discover the relevance of your particular drug interaction to any person given the larger quantity of variables cialis dosage. Applies to:Viagra sildenafil and rasagilineThe lack of an alert for any given drug or drug combination under no circumstances should be construed to indicate the drug or drug combination is safe, effective or suitable for a patient cialis 2013. argaiv1598
ကိုယ့်ရဲ့စိတ်ဓာတ်က ဘယ်လို အခြေခံ ရှိပါစေ၊ သူငယ်ချင်း၊ ဘေးပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတွေကြောင့် ဆိုးသွမ်းတာ၊ လိမ္မာတာမျိုးတွေ ရှိတာပါ။ လူငယ်တွေ အတွက် ပတ်ဝန်းကျင်ရဲ့ ဖေးမမှုများက များစွာ အရေး ကြီးပါတယ်။ ဆယ်ကျော်သက် ဘ၀မှာ မိဘတွေရဲ့အုပ်ထိန်းမှုက အရေးကြီးသလို နေထိုင် ရှင်သန်လှုပ်ရှား၊ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ကလည်း အရေးကြီး လှပါတယ်။
တကယ့်ပီဘိ ဆယ်ကျော်သက် အရွယ် စတင် ရောက်နေပြီဖြစ်တဲ့ ခင်ဆင့်ဆင့်သူက ဒီလရဲ့ teen မဂ္ဂဇင်း မျက်နှာဖုံးရှင် ဖြစ်ခဲ့ပါပြီ။ ခင်ဆင့်ဆင့်သူက မြန်မာပြည် ပရိသတ်များရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုရှင် အဲလက်စ်ရဲ့ သမီးပါ။ အဲလက်စ်မှာ အမြွာမောင်နှမ အဖြစ် သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထား ပါတယ်။ သမီးဖြစ်သူ ခင်ဆင့်ဆင့်သူက Hangon Academy IECL မှာ Grade 7 တက်နေသူ ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်ရှိသူပါ။ ပညာရေးပိုင်းကို အခု အချိန်မှာ ပိုပြီး ဦးစားပေးစေချင်တဲ့ မိဘတွေရဲ့ ဆန္ဒအတိုင်း ခင်ဆင့်ဆင့်သူက ကြိုးစားနေပါတယ်။
ဒါပေမဲ့ ၀ါသနာ ပါတဲ့ အနုပညာ အလုပ်ကိုတော့ လုပ်ဖြစ်မှာပါ။ ဖခင် ဖြစ်သူရဲ့မွေးနေ့ပွဲမှာ ဖခင်နဲ့အတူ သီချင်း ဆိုခဲ့တဲ့ ခင်ဆင့်ဆင့်သူက “စင်ပေါ်တက်တော့ စိတ်လှုပ်ရှားပါတယ်။ အဆင်ပြေမှာပါ ဆိုပြီး တက်သွားခဲ့တယ်။ စင်ပေါ်ရောက်တော့ အရမ်းပျော်တယ်။ ဆက်ပြီး ဆိုချင်တယ်”လို့ အမှတ်တရ ပြောပြခဲ့ပါတယ်။ ဖခင်ဖြစ်သူ အဲလက်စ်ကို အားပေးတဲ့ ပရိသတ်ကို မြင်ရချိန်မှာ အဖေက အဲဒီလောက်တောင် အောင်မြင်နေပါလား ဆိုတဲ့ အသိ ခင်ဆင့်ဆင့်သူမှာ ရခဲ့ပါတယ်။ ဖခင်ရဲ့အောင်မြင်မှုကို အရင်က အသက် ငယ်သေးတဲ့ အတွက် ဒီလောက်ထိ မသိခဲ့သေးတာ ဖြစ်ပါတယ်။ ဖခင်ရဲ့ဂီတအမွေကို ဆက်ခံမယ့် သမီးတစ်ဦးလို့ ဆိုရမှာပါ။
အခုအချိန်ကတည်းက အနုပညာ မှန်သမျှကို စိတ်ဝင်စားပါတယ်။ ဂီတဆိုရင် အကုန်လုံးကို နှစ်သက်ပေမယ့် Pop သီချင်းတွေကိုတော့ အများဆုံး နားထောင်ဖြစ်နေတာပါ။ Justin Bieber, Taylor Swift တို့ရဲ့ သီချင်းတွေကို ကြိုက်သလို၊ မြန်မာပြည်မှာ ချမ်းချမ်းကိုလည်း ခင်ဆင့်ဆင့်သူက နှစ်သက်ပါတယ်။ “ချမ်းချမ်း သီဆိုထားတဲ့ သီချင်း စာသားတွေကို နှစ်သက်သလို၊ ချမ်းချမ်းဆိုတဲ့ အသံကိုလည်း ကြိုက်တယ်” လို့ ခင်ဆင့်ဆင့်သူက ဆိုပါတယ်။ ခင်ဆင့်ဆင့်သူက ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ ကြည့်တာကြိုက်ပေမယ့် ကြီးလာရင် သရုပ်ဆောင်မင်းသမီး လုပ်မယ်ဆိုတဲ့ စိတ်ကူးတော့ တစ်ခါမှ မကူးခဲ့ဖူးပါဘူးတဲ့။ ဇာတ်ကားတွေ တော်တော်များများ ကြည့်ဖြစ်တဲ့ ခင်ဆင့်ဆင့်သူက teen မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရာမှာ အတွေ့အကြုံ မရှိတာကြောင့် စိတ်ကျဉ်းကျပ်မှုတော့ ဖြစ်ခဲ့ပါတယ်။ “အခုလို ဓာတ်ပုံ ရိုက်ရတာတော့ ပျော်တယ်။ အတွေ့အကြုံ မရှိသေးတော့ အိုက်တင် လုပ်ရတာမှာ အခက်အခဲ ရှိတယ်။ ဒါပေမဲ့ ပျော်ပါတယ်။ ရိုက်နေတဲ့ အချိန်က စိတ်ထဲမှာ ပူအိုက်သလိုမျိုးတော့ ဖြစ်တယ်”လို့ ခင်ဆင့်ဆင့်သူက teen မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကို ပြောပြတာပါ။ မိဘတွေရဲ့ဆန္ဒအတိုင်း စာကိုကြိုးစား သင်ယူနေပေမယ့် ပညာ မတတ်ရင် လူက အလကားလို ဖြစ်နေမှာပေါ့ ဆိုတဲ့ အသိတစ်ခုတော့ ခင်ဆင့်ဆင့်သူမှာ ရှိနေပါတယ်။
ဒါကြောင့် ကျောင်းပညာရေးပိုင်းကိုလည်း မလစ်ဟင်းရအောင် ကျောင်းစာကို အချိန်သတ်မှတ်ကြိုးစားတာပါ။ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ချင်တယ်၊ ဖြစ်ရမယ်ဆိုတဲ့ စိတ်တော့ မဟုတ်ဘူးနော်လို့ဆိုတဲ့ ခင်ဆင့်ဆင့်သူက ကျန်းမာရေး အတွက် အသုံးဝင်သလို ၀ါသနာ ပါမှုရယ်ကြောင့် ကြက်တောင်ရိုက်၊ ရေကူးခြင်းတွေကိုလည်း လုပ်ဖြစ်ပါတယ်။ အမြွာမောင်နှမ ရှိပေမယ့် မောင်လေးနဲ့ တွဲပြီး အနုပညာအလုပ်တွေလုပ်ဖို့ လောလောဆယ်မှာတော့ မစီစဉ် ထားသေးပါဘူး။
အနုပညာရှင် တစ်ယောက် ဖြစ်ချင်သလို၊ ပညာရေးမှာ ထူးချွန်တဲ့ လူငယ်တစ်ယောက် ဖြစ်ချင်တဲ့ ခင်ဆင့်ဆင့်သူကို teen မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ကူးမှုမှာ အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ဆိုပါရစေ။ teen မဂ္ဂဇင်း အတွက် လိုအပ်သမျှ ဓာတ်ပုံတွေကို အပင်ပန်းခံ၊ ခေါင်းစားခံ၊ အချိန်ကုန်ခံပြီး ရိုက်ကူးပေးတဲ့ ဓာတ်ပုံ အောင်ကျော်မိုး(New Image)ကိုလည်း ကျေးဇူး တင်ပါတယ်၊ အပြောင်းအလဲတွေ များစွာ ရှိခဲ့တဲ့ ၂၀၁၁ ကနေ အသစ်အသစ်တွေ ရောက် ရှိလာမယ့်၊ လွတ်လပ်မှုတွေ အပြည့်အ၀ ရရှိမယ့် ၂၀၁၂ နှစ်သစ်ကို ကြိုဆိုကြ ရမှာ။ ၂၀၁၂ နှစ်သစ်မှာ မြန်မာ ပြည်သူပြည်သားအားလုံး teen ပရိသတ်များ၊ လွတ်လပ်ခြင်း အရသာကို အပြည့်အ၀ ခံစားပြီး ပျော်ရွှင် နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ခင်လေးမြင့် (Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
|
ခင်လေးမြင့် |
| About the author: |
| | |