ခက်ရာခဲခြစ် PDF Print E-mail
Written by သားဦး   
Friday, 17 February 2012 16:41
Share |

ညက ဆရာ့ကို အိပ်မက်တယ်(ဟိုတုန်းကအတိုင်း)
ဒီတုန်းက ကိုယ်လည်းလူငယ်
တစ်လ လုပ်အားခ နှစ်သောင်းခွဲ
တစ်လ စားစရိတ်က
သုံးသောင်းခွဲ(ဆိုတော့) ဆရာက ရယ်တယ်
ဒီလိုပါပဲကွယ် ငါလည်း မလောက်မငပါပဲတဲ့...

cialis online heretadalafil dosage generic sildenafil discount cialis
argaiv1019


အိပ်မက်ဆိုတာ တစ်ခုခုကို စိတ်စွဲလမ်းလွန်းလို့
ပြန်တွေ့ရတာမျိုးလား...
ညက ဆရာ့ကို အိပ်မက်တယ်
ဆရာ့ရဲ့ စတစ်ကော်လာအဖြူဟာ အ၀ါဘက်လုလို့(ချွေးကြောင့်ထင်ရဲ့)
ဒါနဲ့... ကျောက်ဒိုးပစ်အရမ်းတော်တဲ့ အောင်ကြီးတစ်ယောက်ရော...
အောင်ကြီးလားဆရာ...
အခုလမ်းခင်းကျောက်တွေထုခွဲလို့ (သြော်...သြော်)
ဒါနဲ့ သားရေပင်အထွေးသားနဲ့ ငြိမ်းလှိုင်တစ်ယောက်ရော...
သူကတော့ သရေစာတွေ လုပ်ရောင်းနေတယ်ဆရာ...
ဒါနဲ့ ဟိုဆရာဝန်ဖြစ်ချင်တဲ့တစ်ယောက်...
(၀င်းဇော်လားဆရာ)
သြော်... အေး အေး
သူကတော့ ဆေးသမားဖြစ်သွားလို့ တစ်လောကပဲ ရန်ကုန်ဆင်းဖြတ်ထားရတယ်တဲ့
(ဟေ... ကောင်းကွာ)
လောကကြီးဆိုတာကလည်း
အပြောင်းအလဲနဲ့ သဘာဝပတ်ဝန်းကျင်...
ရေမြေသယံဇာတ...
ဘာသာစကား...
အိပ်မက်တွေမှာရော
အပြောင်းအလဲ မရှိရတော့ဘူးလား
ညက ဆရာ့ကို အိပ်မက်တယ်
ဆရာ့ဆံပင်ထူထူပေါ်မှာ
မြေဖြူမှုန့်တွေတင်လို့
ဆရာ့ လုံချည်အစိမ်းဟာ
တစ်ခြမ်းလင်းပြီး တစ်ခြမ်းအမှောင်
ဆရာ့ လက်ထဲကစာအုပ်ကလည်း ဆရာ့ကိုပြန်ဖတ်နေသလို မော့ကြည့်လို့ပေါ့
ဗာဒံပင်အောက်က မြေနီလမ်းလေးအတိုင်း
စာသင်ခန်းလေးဆီ တရွေ့ရွေ့လျှောက်သွားနေတဲ့
ကျွန်တော့်ဆရာ
ကျွန်တော် အော်ခေါ်ပေမဲ့ မကြားဘူး
ကျွန်တော် ပြေးလိုက်ပေမဲ့ မမီဘူး
ဆရာ့အတွေးဟာ ကမ်္ဘာတစ်လုံးစာလေးလံနေမယ်ဆိုတာ ကျွန်တော် သိပါတယ်
ဒါဆို ဆရာ့စိတ်ကူးတွေကရော...
ကျွန်တော်တို့ငယ်စဉ်က ဆရာအမြဲတမ်း သင်ပြပေးတတ်တဲ့ သမိုင်းရေရာ
ဂျိုဆေရီဇော်၊ သမ္မတလင်ကွန်း၊    ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂနီ်္ဒ၊
မာတင်လူသာကင်းနဲ့ မာသာထရီဆာ
ဒီတုန်းက ဆရာ့အသံဟာ တုန်ခါလို့
ဒီတုန်းကတော့ ကျွန်တော်တို့အားလုံးကို ဆရာက လူစွမ်းကောင်းတွေလို့ မြင်ခဲ့တယ်
(ဒါဆို... အခု ပြန်တွေ့ကြရင်ရော...)
စိတ်ကူးကို ပုံဖော်ရတဲ့ အိပ်မက်ဆိုတာရော
မရှိရတော့ဘူးလား...
ညက ဆရာ့ကို အိပ်မက်တယ်
အိပ်မက်ထဲမှာ ဆရာက အလံတိုင် ကျွန်တော်တို့က ကြယ်ကလေးတွေ... တံစဉ်တွေ...တူတွေ... 
စက်သွားတွေ...စပါးနှံတွေ...
အိပ်မက်ထဲမှာ ဆရာက အနီရောင်
ကျွန်တော်တို့က အပြာရောင်နောက်ခံမှာ
လင်းနေတဲ့ ကြယ်ကလေးတွေ...တံစဉ်တွေ...တူတွေ...
စက်သွားတွေ...စပါးနှံတွေ...
အိပ်မက်ထဲမှာ ဆရာကသံစဉ်...
ကျွန်တော်တို့က တေးစာသား...
ကျွန်တော်တို့ဆိုခဲ့တဲ့သီချင်းဟာ
သတိအနေအထားနဲ့ လေပြည်ထဲ ၀ဲလှည့်လို့ပေါ့
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ...
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ...
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ...
အိပ်မက်တွေမှာ
ပုံသေနည်းမရှိဘူးဆိုတဲ့အဆိုကို
ကျွန်တော် ငြင်းပယ်ခဲ့ပါတယ်...။

သားဦး
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)