(Feb-2012)Cover Story PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 20 February 2012 11:47
Share |

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးမှာ လွတ်လပ် ငြိမ်းချမ်းတဲ့ အရသာကို ခံစားပြီး နေထိုင်ကြတာပါ။

cialis onlinebuy cialis over the counter buy viagra Canada cialis 10mg
argaiv1634

ပြည်ထောင်စု တိုင်းရင်းသားတွေ သွေးစည်း ညီညွတ်စွာနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပျော်ရွှင်စွာနဲ့ ဆင်နွှဲ ခဲ့ကြတာကို ပြန်စဉ်းစားမိရင် လွမ်းမောစရာ ဖြစ်ရပါတယ်။

ငယ်စဉ် အချိန်အခါတုန်းက ကိုယ်တိုင်ကြုံ တွေ့ရတယ် ဆိုတာထက် မိဘတွေ ပြောပြတဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပုံကို ကြားရရင် ပျော်စရာတွေချည်းပဲ ဆိုတာ ယုံပါတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ကိုယ်စား လှယ်တွေက ပြည်ထောင်စု မြန်မာ နိုင်ငံတော် အလံကို လက်ဆင့်ကမ်း သယ်ဆောင်ကြပြီး ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပတဲ့ ရန်ကုန်မြို့၊ ကျိုက္ကဆံ အားကစား ကွင်းဆီ သယ်ဆောင်ကြတာပါ။ အလံ သယ်ဆောင်လာတဲ့ သူတွေကို သယ်ဆောင်တဲ့ လမ်းကြောင်းပေါ်မှာ ပြည်သူတွေက ရေဘူး၊ မုန့်တွေကို ပေးဝေကြတာကလည်း ပျော်စရာ အစီအစဉ်တွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်များမှာတော့ ပြည်ထောင်စုနေ့ အခမ်းအနား အဖြစ် ပျော်ရွှင်ဖွယ်ရာ မရှိတော့ပေမဲ့ ပြည်ထောင်စုနေ့ ဆိုတာကိုတော့ မေ့သွားကြသူတွေ မရှိပါဘူး။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြည်ထောင်စုနေ့ ဖြစ်တဲ့ အတွက် Teen မဂ္ဂဇင်းရဲ့ ဖေဖော်ဝါရီလ မျက်နှာဖုံးကို တိုင်းရင်းသူလေးတစ်ဦးနဲ့ ပုံဖော်ခဲ့ပါတယ်။

ဓာတ်ပုံအောင်ကျော်မိုး(New Image) က Teen မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးမှုမှာ အယ်ဒီတာ လိုချင်တဲ့ပုံစံ၊ ရိုက်ချင်တဲ့ စိတ်ကူးတွေ ပေါင်းစပ်ပြီးဆောင်ရွက်ပေးတာပါ။ မျက်နှာဖုံးရှင်က ကချင် တိုင်းရင်းသူလေး Mဆိုင်းလု ဖြစ်ပြီး ကချင် တိုင်းရင်းသား ၀တ်စုံ ဆန်းဆန်းလေးတွေ ၀တ်ဆင် ထားပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဗမာလူမျိုးများချည်း အနုပညာ ၀ါသနာ ပါတာ မဟုတ်ဘဲ။ တောင်ပေါ် ဒေသမှာ နေထိုင်ကြသူတွေကလည်း ၀ါသနာ ပါတာကြောင့် ၀ါသနာတွေကို အကောင်အထည် ဖော်နိုင်ဖို့ မြေပြန့်ရန်ကုန်ဒေသကို ရောက်လာကြတာပါ။ ကချင် တိုင်းရင်းသူလေး M ဆိုင်းလုကလည်း အနုပညာ လောကမှာ နေရာတစ်နေရာ ရဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ငယ်ရွယ်နုပျိုတဲ့အလှတရား ကို ပိုင်ဆိုင်သူ M ဆိုင်းလုက ဓာတ်ပုံအောင်ကျော်မိုး(New Image) ရဲ့ကင်မရာ ခလုတ်နှိပ်မှုတိုင်းမှာ အသက်ဝင်တဲ့ အပြုံး၊ လှပတဲ့  လှုပ်ရှားမှုတွေကို လုပ်ဆောင် ထားနိုင်ပါတယ်။

ဓာတ်ပုံ အောင်ကျော်မိုး(New Image) ကteen မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးမှုကို နေ့လယ်ပိုင်းမှာမှ စတင် ရိုက်ကူးရတာ ဖြစ်တဲ့ အတွက် မီးအလင်းအမှောင် ကစားမှုမှာ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ teen မဂ္ဂဇင်း မျက်နှာဖုံးရှင် M ဆိုင်းလုရဲ့ နုပျိုတဲ့ အလှအပကို ပေါ်လွင်အောင် ကချင်ရိုးရာ ပိတ်စများနဲ့ ခေတ်မီဝတ်စုံ ဒီဇိုင်းများအဖြစ် ဒီဇိုင်းနာ ၀ိုင်စတုန်းက ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဖူးငုံ ဆယ်ကျော်သက် မဂ်္ဂဇင်း မျက်နှာဖုံးရှင် M ဆိုင်းလုက Miss Tourism, Miss Christmas ပြိုင်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖူးသူ ဖြစ်ပါတယ်။ မျက်နှာဖုံး ဓာတ်ပုံများကို စိတ်ရှည် စွာ စိတ်ရှည်စွာ ရိုက်ကူး ပုံဖော်ပေးတဲ့ ဓာတ်ပုံ အောင်ကျော်မိုး(New Image) ကို ကျေးဇူး တင်ပါတယ်။ ၀တ်စုံများကို ဖန်တီးပေးတဲ့ ဒီဇိုင်းနာ ၀ိုင်စတုန်း ကိုလည်း ကျေးဇူး တင်ပါတယ်လို့ ပြောရင်း ပြည်ထောင်စု မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်၊ အေးချမ်း၊ လွတ်လပ်စွာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: