(Feb-2012)Echo Pages PDF Print E-mail
Written by အယ်ဒီတာ   
Monday, 27 February 2012 18:03
Share |

လှူကြလို့ မပြီး ဆိုကြလို့ မပြီးနိုင်တဲ့ အဓိပ္ပာယ် ရှိတဲ့ ဂီတပွဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မင်းဓမ္မ လမ်းမှာ ရှိတဲ့ MCC  ၀င်းအတွင်းမှာ ကျင်းပ ခဲ့ပါတယ်။

buy cialis over the counterbuy brand cialis viagra 20mg without prescription cialis generic vs brand
argaiv1178

တေးဂီတ အဖွဲ့များစွာနဲ့  အဆိုတော် တစ်ရာကျော်တို့က သီဆိုဖျော် ဖြေပေးခဲ့ကြရာ ဂီတပွဲဟာ ည ၁ နာရီကျော်မှ ပြီးဆုံး သွားခဲ့ပါတယ်။ ဂီတပွဲ မစတင်မီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြား ပေးခဲ့ပြီးတဲ့နောက် ဂီတ ဖျော်ဖြေပွဲကို စတင်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ သီဆိုခဲ့တဲ့ အဆိုတော်များကို ပရိသတ်များက သူတို့ အမှတ်တရ သိမ်းဖို့ ၀ယ်ယူ ထားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံပါ ပိုစတာများ၊ စာအုပ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမှတ် တံဆိပ်ပါ ဦးထုပ်၊ လည်စည်း၊ တံဆိပ်စတာတွေ အပြင် ပန်းစည်း၊ အရုပ်များ မေတ္တာ လက်ဆောင် ပေးခဲ့ကြပါတယ်။

ဖျော်ဖြေပေးတဲ့ အဆိုတော်များကလည်း သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုချခဲ့ကြတဲ့ ငွေများကို ပြည်ထောင်စု တိုင်းရင်းသား ပညာရေး ရန်ပုံငွေ အတွက် အားလုံးပြန်လည် လှူဒါန်း ပေးခဲ့ကြပါတယ်။ သီဆို ပေးကြတဲ့ အဆိုတော်များက ဒီနေ့ ပညာရေး ရန်ပုံငွေပွဲ အတွက် သီးခြားစပ်ဆိုထားတဲ့ သီချင်းများနဲ့ ဖျော်ဖြေ ပေးကြတာ ရှိသလို တချို့ ကျတော့လည်း သူတို့ သီချင်းတွေထဲက ဒီပွဲနဲ့ လိုက်ဖက်မယ့် အဓိပ္ပာယ် ရှိတဲ့ သီချင်းတွေကို ရွေးပြီး သီဆိုပေးခဲ့ကြတဲ့ အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံများ မစဲနိုင်အောင် ရှိခဲ့ပါတယ်။ အဆိုတော်များက သီချင်းတွေ သီဆိုပြီးတိုင်း စင်မြင့်ပေါ်မှာ အဆင်သင့်ထားရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ အမှတ် တံဆိပ်ပါ တီရှပ် နှစ်ထည်ပေါ်မှာ အမှတ်တရ လက်မှတ် ရေးထိုး ပေးခဲ့ကြပါတယ်။ အဲဒီအင်္ကျီနှစ်ထည်ထဲက  တစ်ထည်ကို ဒေါ်အောင်ဆန်းစုကြည်ကို  ပေးအပ်သွားမှာ ဖြစ်ပြီး နောက်တစ်ထည်ကိုတော့ ဒီညပွဲမှာပဲ လေလံတင် ရောင်းချပေးခဲ့ပါတယ်။ ပထမဦးစွာ သိန်းသုံးဆယ်နဲ့ စတင် လေလံတင် ခဲ့ပေမဲ့ ည ၁၂ နာရီလောက်မှာတော့ ၁၂၅ သိန်းနဲ့  လေလံ အောင်သွားခဲ့ပါတယ်။


ဂီတပွဲတော် အတွက် ဂုဏ်ပြုတဲ့ ဒေါ်အောင်ဆန်းစုကြည်


ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေပွဲ အတွက်၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ ဂီတ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့ကြတဲ့ ဂီတ အနုပညာရှင်များနဲ့ ဒီပွဲမှာ ပါဝင်ခဲ့သူများကို ကျေးဇူးတင် ဂုဏ်ပြုတဲ့ အခမ်းအနားကို ဇန်န၀ါရီ  ၉ ရက်နေ့က တက္ကသိုလ်ရိပ်သာ လမ်းမှာ တည်ရှိတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နေအိမ်ရှေ့ မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

ဂီတ အနုပညာရှင်များကို ဂုဏ်ပြုညစာနဲ့ တည်ခင်း ဧည့်ခံတဲ့ အခမ်းအ နားကို ညနေ ၆ နာရီမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့  ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက ကျေးဇူး တင်ပါတယ်လို့  ပြောချင်လို့ အားလုံးကို ဖိတ်တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ရှာဖွေပွဲကို ၀ိုင်းပြီး ကူညီတဲ့သူ အားလုံးကို ကျွန်မတို့ အင်မတန် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တဲ့ အကြောင်းကတော့ ကျွန်မတို့ ညီညွတ်မှုကို ပြတာ ဖြစ်လို့ ကျေးဇူး တင်ခြင်းပါ။ ကျွန်မတို့ နိုင်ငံအတွက် ညီညွတ်မှုဟာ အင်မတန်မှ လိုအပ်ပါတယ်။ အဲဒါကို အားလုံးက သိပြီးသားပါ။ ညီညီညွတ်ညွတ်နဲ့ အဖွဲ့အစည်း အသီးသီးဟာ အကျိုးရှိမယ့် ကိစ္စတစ်ခု အတွက် ၀ိုင်းဝန်း လုပ်နိုင်တယ် ဆိုတာကို ပြတာကိုက အင်မတန်မှ ကျွန်မတို့ တန်ဖိုး ထားရတဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း လုပ်ခဲ့တဲ့ နေရာမှာ တကယ့်ကို စိတ်ပါလက်ပါနဲ့ လုပ်ပေးတာဟာ လည်း ကျွန်မတို့ အင်မတန် အားရပါတယ်။ကျွန်မတို့က အားရသလို ပြည်သူလူထုက အားရမယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ပရိသတ်ကလည်း တက်တက်ကြွကြွနဲ့ အားပေး ခဲ့ကြတာပါ။ ဒီဂီတပွဲတော် အောင်မြင်ခဲ့တာဟာ ဒီပွဲမှာ ပါဝင် ကူညီခဲ့ကြတဲ့ သူတွေအားလုံးရဲ့ စေတနာ ကြောင့်သာ အောင်မြင်ရတာ ဖြစ်ပါတယ်။ နောင်ဒီလို အောင်မြင်မှုတွေ ဆက်ပြီးတော့ ရမယ်လိွု့လည်း မျှော်လင့်ပါတယ်” လို့ ကျေးဇူးတင် စကား ပြောကြား ပေးခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ရှာဖွေပွဲမှာ သီဆို၊ တီးခတ်၊ စီစဉ် ပါဝင်ခဲ့တဲ့ သူများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပြီး ဂီတ အနုပညာရှင်များ အားလုံးရဲ့ကိုယ်စား ဦးဇော်ဝင်း (Metal Zone) က လက်ခံ ရယူခဲ့ပါတယ်။

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အောင်မြင်မှုများဖြင့် ကျင်းပပြီးစီး
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဦးဆောင်ကျင်းပ ပေးခဲ့တဲ့ The Art of Freedom Film Festival လွတ်လပ်ခြင်း အနုပညာရုပ် ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီက ပြည်လမ်းရှိ တော်ဝင်စင်တာမှာ ကျင်းပ ပေးခဲ့ပြီး ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကား များထဲမှ ဆန်ခါတင် ၅၄ ကားကို တော်ဝင် စင်တာရှိ ရုပ်ရှင်ရုံမှာ ပြသပေး ခဲ့ပါတယ်။ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကိုတော့ ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၆ နာရီက တော်ဝင် စင်တာမှာပဲ ကျင်းပခဲ့ပါတယ်။

ဆုရရှိသူ များကို ကြေညာ ပေးခဲ့ရာ Best Animation   ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း ရိုက်ကူးတဲ့ Unity & Freedom  ဇာတ်ကားက ရရှိသွားခဲ့ပါ တယ်။ မျက်နှာသစ် ထူးချွန်ဆု  Young Talented  ဆုကိုတော့ ဒါရိုက်တာအောင် ဇော်မိုးရိုက်ကူးတဲ့ Still in Drak ဇာတ်ကားက ရရှိသွားကြောင်း ကြေညာ ပေးပါတယ်။ ပရိသတ် အကြိုက်ဆုံးဆု Audience Choice  ဆုကိုတော့ Ban  That Scene ဇာတ်ကားနဲ့ ဒါရိုက်တာ ၀ိုင်းရရှိသွားကြောင်း ကြေညာ ပေးပါတယ်။ Best Short Film  ဆုကိုတော့ ဒါရိုက်တာ မင်းသိုက်ရိုက်ကူးတဲ့ ကြိုး ဇာတ်ကားက ရရှိ သွားခဲ့ပါတယ်။  Best Documentary  ဆုကိုတော့ ဒါရိုက်တာ စိုင်းကျော်ခိုင် ရိုက်ကူး ပေးထားတဲ့ Click in Fear  မှတ်တမ်း ဇာတ်ကားက ရရှိသွားခဲ့ပြီး ဂုဏ်ပြု ဆုငွေ ၁၀ သိန်းစီနဲ့ ဂုဏ်ပြု ရုပ်တုများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့်ပေးခဲ့ပါတယ်။ဆုရ ဇာတ်ကားများ ပြသ ပေးရာမှာ တက်ရောက် အားပေးကြတဲ့ ပရိသတ်များ တစ်ခဲနက် အားပေးခဲ့ကြပြီး လက်ခုပ်သံများ မစဲခဲ့တာ တွေ့ခဲ့ရပါတယ်။ အခမ်းအနားကို သီးလေးသီး အငြိမ့်နဲ့ အပိတ် တင်ဆက်ပေးခဲ့ပါတယ်။

City FM ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား


City FM ရေဒီယို အစီအစဉ်က နှစ်ပတ်လည်နေ့ ကျရောက်တဲ့ ဇန်န၀ါရီ ၁ ရက် နေ့ရောက်တိုင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပပေးခဲ့  သလို City  FM Award အမည်နဲ့ ဂီတ ဆုများ ချီးမြှင့် ပေးခဲ့တာ ၉ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၀ နှစ် ပြည့်မြောက်တဲ့ နှစ်ပတ်လည် အခမ်းအနားကို တော့ ဇန်န၀ါရီလ ၇ ရက်နေ့ညက ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာ ရှိတဲ့ Myanmar Convention Center  မှာ ကျင်းပခဲ့ပါတယ်။ City FM ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ဂီတ၊ ရုပ် ရှင်၊ သဘင်၊ စာပေနဲ့ စီးပွားရေး လုပ်ငန်းရှင်များ၊ အထူး ဧည့်သည်တော်များကို ဖိတ်ကြားပြီး ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့သလို တေးဂီတ အစီအစဉ်များနဲ့လည်း တင်ဆက် ပေးခဲ့ပါတယ်။ ဆုရရှိသူ များကို ကြေညာ ပေးခဲ့ရာ  ၂၀၁၁ ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး မြန်မာသံ တေးစီးရီး ထုတ်လုပ်သူဆုကို တေးသံရှင် ဗညားဟန် သီဆိုပေးထားတဲ့ မိုးသည်းည အလွမ်းပန်းချီ တေးစီးရီး ထုတ်လုပ်သူ ကမ္ဘာကျော် ကုမ္ပဏီက ရရှိသွားကြောင်း တေးသံရှင် L ခွန်းရီက ကြေညာပေးခဲ့ပါတယ်။ ဆက်လက်ပြီး ရောင်းအား အကောင်းဆုံး စတူဒီယို တေးထုတ်လုပ်သူ ဆုကို တေးသံရှင် ချမ်းချမ်း သီဆိုထားတဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ် တေးစီးရီး ထုတ်လုပ်သူ မေသော်တေး ထုတ်လုပ်ရေးက ရရှိသွားကြောင်း အကယ်ဒမီ နေအောင်က ကြေညာ ပေးခဲ့ပါတယ်။ တေးဂီတ ဖျော်ဖြေမှုများ တင်ဆက်ရင်း ဂီတဆုများကို ဆက်လက် ကြေညာပေးရာ ရောင်းအား အကောင်းဆုံး မြန်မာသံ တေးစီးရီး သီဆိုသူဆုကို တေးသံရှင် ဗညားဟန်က မိုးသည်းည အလွမ်းပန်းချီ တေးစီးရီးနဲ့ ရရှိသွားသလို ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီး သီဆိုသူ အမျိုးသမီး တေးသံရှင်ဆုကို တကယ်ဆိုရင် အချစ်ပဲ လိုတယ် တေးစီးရီးနဲ့ ချမ်းချမ်းက ရရှိ သွားခဲ့ပါတယ်။ ရောင်းအား အကောင်းဆုံး စတီရီယို တေးစီးရီးသီဆိုသူ အမျိုးသား တေးသံရှင် ဆုကို အဆိပ်တက်အိပ်မက် တေးစီးရီးနဲ့ R ဇာနည်က  ရရှိ သွားခဲ့ပါတယ်။ ဆက်လက်ပြီး ၂၀၁၁ ခုနှစ်အတွင်း ရေပန်း အစားဆုံး တေးသီချင်း တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုကို တေးသံရှင် ချမ်းချမ်းက ရရှိသွားခဲ့ပြီး ရေပန်းအစားဆုံးတေး သီချင်းတောင်းဆိုမှု အများ ဆုံး အမျိုးသားတေးသံရှင်ဆုကို အောင်လက ရရှိသွားခဲ့ပါတယ်။ နှစ်စဉ်နှစ် တိုင်း ထည့်သွင်း ချီးမြှင့်တဲ့ ဆုမဟုတ်ပေမဲ့ ဒီနှစ်မှာ နောက်ထပ် ချီးမြှင့်ပေးတဲ့ဆု တစ်ဆုကတော့ ၂၀၁၁အတွင်း အအောင်မြင်ဆုံး တေးဂီတ အဖွဲ့ (Music Group) ဆုကို Reason တေးဂီတ အဖွဲ့က ရရှိသွားခဲ့ပါတယ်။

လင်းနိုင်ဦး