|
Written by အယ်ဒီတာ
|
|
Thursday, 15 March 2012 14:10 |
မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲ နေပြည်တော်တွင် ဆဋ္ဌမ အကြိမ် ကျင်းပ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် မြှင့်တင်ရေး အဖွဲ့က ၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို နေပြည်တော်တွင် ကြီးကျယ် ခမ်းနားစွာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့သည်။
argaiv1925
ဇာတ်ခုံ အပြင်အဆင်က အစ သရုပ်ဆောင်များ ၀င်ရောက်သည့် လမ်းအဆုံး စနစ်သစ်များဖြင့် စီမံကွပ်ကဲ ထားသည်ကို တွေ့ရသည်။ ယခင် နှစ်များက သရုပ်ဆောင် အနုပညာရှင်များ ၀င်ရောက် လာချိန်တွင် ပရိသတ်များက လက်ချိတ် ဓာတ်ပုံရိုက်ပြီး မလွတ်တမ်း ဆွဲထားသည်များကို ကာကွယ်နိုင်ရန် အတွက် ဖိတ်စာဖြင့် ဖိတ်ကြား ခံရသည့် ဧည့်သည်တော်များနှင့် အနုပညာရှင်များ ၀င်ပေါက်ကို သီးခြားထား ရှိပြီး လျှောက်လမ်း တစ်လျှောက်တွင် သံတန်းများ ကာရံ ထားသဖြင့်ပရိသတ်များက သံတန်း အပြင်ဘက်မှသာ ဓာတ်ပုံရိုက်ယူခြင်း၊ အမှတ်တရ လက်မှတ် ရေးထိုးခိုင်းခြင်း တို့ကို ပြုလုပ်နိုင်ခဲ့သည်။ ထိုအစီအစဉ် ကြောင့် အနုပညာရှင်များ ၀င်လမ်း တစ်လျှောက်တွင် စိတ်ချမ်းသာစွာဖြင့် ပွဲခင်း ရှိရာသို့ ၀င်ရောက် နိုင်ခဲ့ကြသည်။
အဓိက စင်မြင့်ဆီသို့ မရောက်မီ မီဒီယာများ ဓာတ်ပုံရိုက်ကူးလိုပါက ရိုက်ကူးနိုင်ရန်အတွက် စင်မြင့်ငယ်တစ်ခု တည်ဆောက်ပေးထားသဖြင့် ဓာတ်ပုံရိုက် ကူးနိုင်ကြသော်လည်း များပြားလှသည့် စာနယ်ဇင်းဆရာများ၊ ရုပ်သံလိုင်းများ၊ FM များ၊ အလုအယက် နေရာယူကြရ သည်ကို တွေ့ရသည်။ ရုပ်သံလိုင်းများက တိုက်ရိုက် အသံလွှင့်နေသဖြင့် အများ အားဖြင့် ရုပ်သံ အင်တာဗျူးသမားက ယင်းနေရာကို အပိုင်စား ရယူ ထားကြသဖြင့် ပုံနှိပ် မီဒီယာများ အခက်အခဲတွေ့ခဲ့ကြသည်။
စင်မြင့် အပြင်အဆင် ခမ်းနားမှု ရှိသကဲ့သို့ ဖျော်ဖြေရေး အပိုင်းတွင်လည်း ထူးထူး ခြားခြား အသံပိုင်း ကောင်းမွန်သည်။ ဖျော်ဖြေရေးနှင့် ပတ်သက်၍ ပွဲစီစဉ်တင်ဆက်သူ Forever Blossom မှ First Music Group ကို တာဝန်ပေး ထားသဖြင့် ခေတ်ပေါ် အဆိုကျော်များက နာမည်ကြီး ရုပ်ရှင်သီချင်းများကို သီဆို ဖျော်ဖြေခဲ့ကြသည်။
ရုပ်ရှင် သီချင်းများမှာ အကယ်ဒမီ ဆုရရှိခဲ့သည့် ရုပ်ရှင် ဇာတ်ကားများမှ သီချင်းများ၊ အောင်မြင်ကျော်ကြားသည့် ရုပ်ရှင်သီချင်းများဖြစ်သဖြင့် အစီ အစဉ် တင်ဆက်သူအနေနှင့် သီဆိုသူ အမည်နှင့် သီချင်း နာမည်ကို ကြေညာရာတွင် မည်သည့် ရုပ်ရှင်ကားမှဖြစ်ကြောင်း သို့မဟုတ် မည်သည့် ခုနှစ်က ထူး ချွန်ဆု ရရှိခဲ့သည့် ရုပ်ရှင်ကားမှ ဇာတ်ဝင်တေးဖြစ်ကြောင်း ပြည့်ပြည့်စုံစုံ ကြေညာပေးနိုင်ပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း ဂီတ ၀ါသနာရှင် တစ်ဦး က အကြံပြုသည်ကို ကြားခဲ့ရသည်။
ဘေးပတ်လည်မှ ပရိသတ်များ မ၀င်ရောက်နိုင်ရန် ပိတ်ထားသော်လည်း အရေးကြီးပုဂ္ဂိုလ် များ နေရာယူမည့် နောက်ဘက်ရှိ ပြင်ပပရိ သတ်များထိုင်ကြသည့် ခုံတန်းများမှ ပရိသတ် များအောက်သို့ ဆင်းမလာနိုင်စေရန် ပိတ်ထား ခြင်း မရှိသောကြောင့် စင်မြင့်ပေါ်မှပရိသတ်များ ဗကအသ င်္သခကျ ကင်မရာအလုံးပေါင်းများစွာဖြင့် ဆင်းလာကြကာ အနုပညာရှင်များနှင့်တွဲ၍ ရိုက်ကူးကြခြင်း၊ အမှတ်တရလက်မှတ်ရေးထိုးကြ ခြင်းတို့ကြောင့် အဓိကစင်မြင့်ရှေ့တွင် ရှိသော ကွက်လပ်မှာ လူအပြည့် ဖြစ်သွားခဲ့သည်။ ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား ကို ထိုင်းနိုင်ငံမှ Index Creative Village နှင့် ပူးပေါင်းတင်ဆက်သဖြင့် ဖိတ်စာကအစ ယခင်နှစ်များ နှင့်မတူ သေသပ်သပ်ရပ်လှပပါသည်။ ဖိတ် စာတွင်အခမ်းအနား ကျင်းပမည့် အစီအစဉ် ထည့်သွင်းပုံနှိပ်ထားသည့် အပြင် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ကား ၁၅ ကား စာရင်းကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ပြောကြားချက်အရ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အစီအစဉ်များကဲ့သို့ ပုံစံယူကာ စီစဉ်ထား ခြင်းဖြစ်သည်ဟု သိရပါသည်။ ပထမဆုံးအစီအစဉ်အနေဖြင့် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)မှ အမျိုးသမီးငယ် ၉ ဦးတို့က န၀ရတ်ကိုးသွယ်ကို ကိုယ်စားပြုပြီး အကယ်ဒမီ စိုးပြည့်သဇင်နှင့် အတူ ဖွင့်ပွဲအထိမ်းအမှတ် ငွေကြယ်အကကို သရုပ်ဖော်ကပြကြရာ စိုးပြည့်သဇင်လက်ထဲတွင် ငွေကြယ်ပွင့်ကို ကိုင်ဆောင်ထားခဲ့သည်။ ကကွက် အဆုံးတွင် အခမ်းအနားမှူး၏ ပန်ကြားချက်အရ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စိုးပြည့်သဇင် ပေးအပ်လာသည့် ငွေကြယ်ပွင့်ကို စင်မြင့် ထက်တွင် စိုက်ထူပြီး အခမ်းအနားကို ဖွင့်လှစ် ပေးသည်နှင့်တစ်ပြိုင်နက် Digital Mapping ဟု ခေါ်သည့် စနစ်ဖြင့် စင်မြင့်နှင့် တကွ ပတ်ဝန်းကျင်တွင် လှပဆန်းကြယ်သည့် ဒီဇိုင်းမျိုးစုံကို ဖန်တီးသွားသည်။ မြန်မာ့ရိုးရာ ကနုတ် ပန်းများ ဖော်ကျူးသွားသည်မှာ အလှပဆုံး ဒီဇိုင်းပင် ဖြစ်ပါသည်။ မီးအင်အားများစွာ သုံးကာ ဒီဇိုင်းများ ဖော်ကျူး နေချိန်တွင် နောက်ခံ အသံကလည်း ဆွဲဆောင်မှု အပြည့်ရှိသဖြင့် အနုပညာရှင်များနှင့် တကွ ပရိသတ်များ လက်ခုပ်သြဘာ သံများ ချီးမြှင့်ကြသည်။
ပုံမှန် အစီအစဉ်အတိုင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဒီနေရာမှာ တစ်ဆက် တည်း ပြောကြားလိုတာကတော့ နိုင်ငံတော်က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်အောင် အားပေးချီးမြှင့်ခြင်း၊ ထိန်းကျောင်းပေးခြင်း၊ မျှမျှတတဖြစ်စေ မယ့်ရည်ရွယ်ချက်တွေ၊ လမ်းညွှန်ချက်တွေ၊ လုပ်ငန်းစဉ်တွေ“ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးနေသလို ရုပ်ရှင်လောကသားများ မှီခိုအားထားရာဖြစ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ရုပ်ရှင်လော ကသားများရဲ့ ဆန္ဒနဲ့အညီ မှီခိုအားထားထိုက်သူတွေနဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ နောင်ဆက်လက် ကျင်းပမယ့် အကယ်ဒမီဆု ချီးမြှင့်ပွဲများကိုလည်း ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုပဲ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောက သားများအတွက် ဆောင်ရွက်ပေးနေရတဲ့အဖွဲ့ တွေမှာလည်း ရုပ်ရှင်နဲ့ဗီဒီယို လောကသားများရဲ့ ကိုယ်စားလှယ်တွေကို ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းနဲ့အညီ ပါဝင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ပြောကြားလိုပါ တယ်”လို့ ထည့်သွင်းပြောကြားသွားတဲ့အတွက် ရုပ်ရှင်လောကသားများ နှစ်ထောင်းအားရ ရှိကြသည်။
ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်း မိန့်ခွန်းပြောကြားပြီး နောက် ၂၀၁၀ ခုနှစ်အတွက် ထူးချွန်ဆုများကို တစ်ဆုချင်းကြေညာကာ ကောက်နုတ်ချက်များကိုလည်း စင်မြင့်ထက်တွင် LED စနစ်ဖြင့်ပြသရာ ကြည်လင်ပြတ်သားသည့် အရုပ်အသံတို့ကို တွေ့ရ သည်။ ရုပ်ရှင်ရုံကြီးများတွင် ကြည့်ရသည်ထက် အရောင်အသွေး စိုပြည်ပြီး ကျစ်လျစ်မှုရှိသည်ဟု သုံးသပ်ကြသည်။

|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|