(April-2012)လက်သစ်ကဗျာ PDF Print E-mail
Written by သူမ   
Monday, 23 April 2012 14:04
Share |

လူလည်မလေး မိရွှေပိတောက်
ကမ်းပြည့်ကမ်းလျှံ ခင်မင်မှုတွေနဲ့
သူမကို စတင်သိကျွမ်းခဲ့ရ
သူမက နွေရဲ့ချစ်သူ
ပိတောက်ပန်းလေး တစ်ခက်ပါ။

cialis online cheapcialis black canadian drugstore best price tadalafil dosage
argaiv1940


သူမရဲ့အလှတွေ ကာလာတောက်ပလို့
သင်္ကြန်ပျိုဖြူတွေက ခရေဇီဖြစ်ကြ
သူမနဲ့ လက်တွဲပြီးကတဲ့
သင်္ကြန်ရဲ့ ပိတောက်ကပွဲ
ကြည်နူးမှု မွှေးရနံ့တွေ ပျံဝဲ
သင်္ကြန်ရေတွေ ရွှဲနစ်သွားရပေါ့။
နွေရဲ့ ပူလောင်တဲ့ အလှတွေကို
သူမက ရေခဲရေနဲ့ ပက်လိုက်တာပါ
သူမရဲ့အပြုံးများက ကြယ်စင်တွေထက်
ရွှန်းလက်လှပလို့
ငုဝါပန်းလေးခမျာ ငြိမ်ကုပ်နေရ
သူမက နွေရဲ့ ဘုရင်မတစ်ပါး။
ဥသြရဲ့ လွမ်းတေးတွေကြောင့်
မျက်ရည်ကဗျာ ရေးဖွဲ့သူတွေ
ရွက်ကြွေတွေရဲ့ ညှို့ငင်မှုကြောင့်
နွေအလွမ်းတွေ ရင်ဝယ်ပိုက်သူတွေ
အဲဒါတွေကို သူမက ဂရုမထား
မူရာမာယာများများနဲ့ သင်္ကြန်တေးတစ်စကို
သီဆိုလိုက်ရဲ့
အလွမ်းနွေကို အချစ်နွေအဖြစ် အသွင်ပြောင်းဖို့
လူတွေရဲ့ နှလုံးသားကို သူမရဲ့ အလှတို့နဲ့
ရစ်နှောင်ထားတာမို့
သူမဟာ...
လူလည်မလေး မိရွှေပိတောက်ပါ။

မင်းထက်သားညီ၊တောင်ငူ၊



သက်ပြင်းတွေ လာချထားတဲ့မြို့

ရိုးရာမပျက် ဆေးစက်တွေလည်း
စွန်းလျက် ထင်းလျက် ရှိရဲ့
ငါတို့တွေနဲ့ ငါတို့ရဲ့ လေလွင့်လမ်းမတွေလည်း
မပျောက်မပျက် ရှိရဲ့။

ဒါငါမြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ပြည်တန်ဆာနဲ့ အရူးလည်း ရှိပါရဲ့။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို
ဖောဖောသီသီ ကျင့်သုံးကြ
ဂျစ်ပစီဝါဒကြီး တပြပြနဲ့
ဒေါင်ဒေါင်ဒင်ဒင် အော်ဟစ်ကြ
မြေစာပင်တချို့ စာသင်ခန်းနဲ့ ဝေးရာမှာ
ဆေးလိပ်ထွက်သောက်ကြ။

ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
တန်ခိုးကြီးဘုရားနဲ့
တံတားတစ်စင်းလည်း ရှိတော့ရှိပါရဲ့။
အဖိုးနည်း အမြတ်ကျန်
တစ်နပ်စားဉဏ်ကို ဆီဆမ်းစားကြ
ဗြဟ္မစိုရ်တရားနဲ့ လွတ်ရာ ကျွတ်ရာ
ရွှေ့ပြောင်း ပျော်မြူးကြ
အသက်ငင်နေတဲ့
မြို့ဘေးကမြစ်ကလေးခမျာ
တံတားအောက်မှာ
မြက်တွေလည်း ပေါက်လို့။

ဒါ ငါ့မြို့ပေါ့
ဒါတွေရှိရဲ့ ဟောဒါတွေ ရှိပါရဲ့
ဈေးအိုကြီးနဲ့ ဆေးရုံလေးလည်း ရှိပါရဲ့။

ကြည့်ပါဦး ခြပဲတက်နေသလို
မှိုပဲ စွဲနေသလို
နာရီစင်ကြီးကလည်း ငိုချလိုက်တော့မလို
နှာခေါင်းသွေး ယိုဖူးထားတဲ့ မြို့ပါလို့
ဆိုသူတွေက ဆို။

ထိုဝိသေသများစွာနဲ့
မြို့ကလေးက စက်စက်ယို
နီယွန်မီးတွေ မလင်းနိုင်တော့တဲ့
နှစ်လမ်းသွား လမ်းမကြီးလည်း
အိုပါပြီ။

လက်ဝဲ


ကဗျာဟာ ခါးခါးလာ
နေ့သည်လည်းကောင်း ညသည်လည်းကောင်း
တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း
ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကို စတင်လိုက်တယ်။
ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့ လက်ထဲက ဆေးတောင်ဝှေးလေးလို
တဖြည်းဖြည်း သေးကွေးလာ
အို...ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့။

အရာရာဟာ မှုန်ပြဝေရီလို့
အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ်
ငေးရင်း လွမ်းရင်း၊ လွမ်းရင်း ငေးရင်းနဲ့ လေလွင့်ခေတ်ထဲမှာ
ပြာလဲ့အက်ရှလို့ ကြေကွဲနေရ
ခြင်မတစ်ကောင် သန္ဓေအောင်ဖို့
သွေးကို အရေးတကြီး လိုအပ်နေသလိုမျိုး
မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်သလို
နှလုံးသွေးထဲ ခန္ဓာကိုယ်ထဲ
ရင်ဘတ်ထဲ အိပ်မက်ထဲ
အပြင်းအထန် စွဲစွဲလမ်းလမ်းတောင့်တနေတာ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
အို နေရာအနှံ့ မြေအနှံ့ငြိမ်းချမ်းပါစေတော့
ကမ္ဘာဥယျာဉ်ဟာ ငြိမ်းချမ်းရေးနှင်းဆီတွေနဲ့
ပျံ့မွှေးထုံသင်းစေတော့။

မှော်ကဝေနတ်ဆိုးရဲ့ အိပ်မက်ဆိုးရှည်တွေထဲ
ကိုယ်တို့ဟာ နာရီပေါင်းများစွာ၊
နေ့ပေါင်းများစွာ
အချိန်ပေါင်းများစွာ အိပ်စက်ခဲ့ရဖူး။
ဘယ်လိုမှ လွမ်းစရာမကောင်းတဲ့ ပုပ်ပွပွအကြောင်းတွေ
အခုပြန်တွေးရင်တောင် ရင်ဘတ်က ခါးသေးတယ်
ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်တရားနဲ့ကိုယ်သာ
ရဲရင့်စွာ လင်းပွင့်ရှင်သန်ကြစို့
ဒီနေ့သမိုင်းမှာ ရိုင်းစိုင်းသူတွေဟာ
မနက်ဖြန်များရဲ့ ပြက်္ခဒိန်ထဲ မင်နီဝိုင်းခံရမှာပ
ကိုယ့်ရင်ဘတ်ကိုယ် ရိုးသားရဲရင့်စွာ တီးခတ်ကြည့်ပါ
အိပ်မက်သီချင်းဟာ လှပစွာ ယှက်ဖြာကျလာလိမ့်မှာ
ဒဏ်ရာဆိုတာ ဘယ်လောက်နက်နက်
ခံစားတတ်မှ နာတဲ့အမျိုးမို့
ခေါင်းလောင်းထိုးလိုက်ပါရဲ့
မနေ့ကရဲ့ မနေ့ကတွေက
အငွေ့မသေသေး
နာရီတွေကလည်း ဒဏ်ရာတွေကို
ကုစားမပေးနိုင်ခဲ့
အိပ်မက်နွမ်းတွေနဲ့ ကိုယ်တို့တွေဟာ ရှင်သန်နေရတာ
ညနေခင်းချိုချိုတွေ
မွှေးထုံချိုရှတဲ့ မနက်ခင်းလှတပတတွေ
အလန်းတကာ့ အလန်းဆုံးမျှော်လင့်ချက်တွေ
ယုံကြည်ရာတွေ
အားလုံးကို ကိုယ်တို့နှလုံးသားထဲက
ဆွဲဆုတ်ယူငင်ခြင်း ခံလိုက်ရ
မယုံကြည်တာကို ယုံကြည်ဖို့ခဲယဉ်းတယ်တဲ့
အိမ်ကပဲ သေနေတာလား၊ ဖဲပဲခဏခဏ လိမ်ရိုက်ခံနေရလား
တစ်ခါတစ်ခါ စဉ်းစားရင်း ရင်ဘတ်က
တစ်ဆို့ကြေကွဲရပြန်တယ်
နေ့သည်လည်းကောင်း ညသည်လည်းကောင်း
တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း
ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကို စတင်လိုက်တယ်။
ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့ လက်ထဲက ဆေးတောင်ဝှေးလေးလို
တဖြည်းဖြည်း သေးကွေးလာ
အို...ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့။

အရာရာဟာ မှုန်ပြဝေရီလို့
အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ်
ငေးရင်း လွမ်းရင်း၊ လွမ်းရင်း ငေးရင်းနဲ့ လေလွင့်ခေတ်ထဲမှာ
ပြာလဲ့အက်ရှလို့ ကြေကွဲနေရ
ခြင်မတစ်ကောင် သနေ်္ဓအောင်ဖို့
သွေးကို အရေးတကြီး လိုအပ်နေသလိုမျိုး
မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်သလို
နှလုံးသွေးထဲ ခန္ဓာကိုယ်ထဲ
ရင်ဘတ်ထဲ အိပ်မက်ထဲ
အပြင်းအထန် စွဲစွဲလမ်းလမ်းတောင့်တနေတာ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
အို နေရာအနှံ့ မြေအနှံ့ငြိမ်းချမ်းပါစေတော့
ကမ္ဘာဥယျာဉ်ဟာ ငြိမ်းချမ်းရေးနှင်းဆီတွေနဲ့
ပျံ့မွှေးထုံသင်းစေတော့။

မှော်ကဝေနတ်ဆိုးရဲ့ အိပ်မက်ဆိုးရှည်တွေထဲ
ကိုယ်တို့ဟာ နာရီပေါင်းများစွာ၊
နေ့ပေါင်းများစွာ
အချိန်ပေါင်းများစွာ အိပ်စက်ခဲ့ရဖူး။
ဘယ်လိုမှ လွမ်းစရာမကောင်းတဲ့ ပုပ်ပွပွအကြောင်းတွေ
အခုပြန်တွေးရင်တောင် ရင်ဘတ်က ခါးသေးတယ်
ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်တရားနဲ့ကိုယ်သာ
ရဲရင့်စွာ လင်းပွင့်ရှင်သန်ကြစို့
ဒီနေ့သမိုင်းမှာ ရိုင်းစိုင်းသူတွေဟာ
မနက်ဖြန်များရဲ့ ပြက္ခဒိန်ထဲ မင်နီဝိုင်းခံရမှာပ
ကိုယ့်ရင်ဘတ်ကိုယ် ရိုးသားရဲရင့်စွာ တီးခတ်ကြည့်ပါ
အိပ်မက်သီချင်းဟာ လှပစွာ ယှက်ဖြာကျလာလိမ့်မှာ
ဒဏ်ရာဆိုတာ ဘယ်လောက်နက်နက်
ခံစားတတ်မှ နာတဲ့အမျိုးမို့
ခေါင်းလောင်းထိုးလိုက်ပါရဲ့
မနေ့ကရဲ့ မနေ့ကတွေက
အငွေ့မသေသေး
နာရီတွေကလည်း ဒဏ်ရာတွေကို
ကုစားမပေးနိုင်ခဲ့
အိပ်မက်နွမ်းတွေနဲ့ ကိုယ်တို့တွေဟာ ရှင်သန်နေရတာ
ညနေခင်းချိုချိုတွေ
မွှေးထုံချိုရှတဲ့ မနက်ခင်းလှတပတတွေ
အလန်းတကာ့ အလန်းဆုံးမျှော်လင့်ချက်တွေ
ယုံကြည်ရာတွေ
အားလုံးကို ကိုယ်တို့နှလုံးသားထဲက
ဆွဲဆုတ်ယူငင်ခြင်း ခံလိုက်ရ
မယုံကြည်တာကို ယုံကြည်ဖို့ခဲယဉ်းတယ်တဲ့
အိမ်ကပဲ သေနေတာလား၊ ဖဲပဲခဏခဏ လိမ်ရိုက်ခံနေရလား
တစ်ခါတစ်ခါ စဉ်းစားရင်း ရင်ဘတ်က
တစ်ဆို့ကြေကွဲရပြန်တယ်
ဘ၀တွေ ဘ၀တွေက ငယ်အိပ်မက်တွေနဲ့လွဲချော်နေဆဲ
အလွမ်းတွေသာ တဖြည်းဖြည်းရင့်လာတယ်
ဖြစ်တည်မှုတွေက ဟိုလူခိုး၊ ဒီလူခိုး အလင်းဆုံးအချိန်ရောက်ဖို့
မျှော်လင့်ခြင်းလှေငယ်ဟာ
အရုဏ်ဦးအမှောင်မှာ မြုပ်ချည်၊ ပေါ်ချည်

အလျားလိုက် ဒေါင်လိုက် ခန်္ဓာကိုယ်ပေါ်ဖြတ်စီးသွားတာ အပူစီးကြောင်းတွေ
အိပ်မက်တွေက ခဏခဏကျန်းမာရေး
ချူချာတော့ခက်သား
ရာသီဥတုကလည်း မမှန်ဘူး
အဲဒါကြောင့်ပေါ့ မျှော်လင့်ချက်တွေ
အတုံးအရုံးသေကျေကုန်ကြတာ
အနာဂတ်ကို ဒီနေ့ကနေငေးရင်း
သက်ပြင်းတွေ ခြွေခြွေချနေရတာ
မနေ့ပေါင်းများစွာကို တွေးရင်း
အကြိမ်ကြိမ်တောက်ခေါက်နေရတာ
အတိတ်တောအုပ်ထဲမှာ
ဘီလူးတွေ ကြီးစိုးကျက်စားခဲ့တာ မုန်းစရာ
မဖတ်ချင်တော့လို့ ပိတ်ထားတဲ့ဝတ္ထုတွေထဲမှာ
ထမင်းစားခါနီးမှ ဆန်ပြေးဝယ်ရတဲ့ ဇာတ်ကောင်တွေပါတယ်
လူ့ခပ်ဖွဖွသာ တံဆိပ်တပ်ခွင့်ရတဲ့လူတွေပါတယ် အိပ်မက်ကြမ်းတွေနဲ့
အသက်ဆက်နေရသူတွေပါတယ်
ဒီလိုနဲ့ပေါ့ ဒီကဗျာဟာ ခါးခါးလာတာ
ဒီလိုနဲ့ပေါ့ ကိုယ်တို့အိပ်မက်တွေဟာ ခါးခါးလာတာ
ဒီလိုနဲ့ပေါ့ ဘ၀တွေဟာ ခါးခါးလာတာ
ပန်းတိုင်ပျောက်ရှာရင်း
ဝင်္ကပါထဲရောက်နေတဲ့ ကလေးငယ်တွေ
အတောင်ချိုးခံရတဲ့ငှက်လေးတွေ
မျှော်လင့်ခြင်းတွေကိုယ်တစ်ပိုင်းသေကုန်ကြတဲ့လူတွေ
အိပ်မက်ခိုးကဝေတွေရေ
ငါတို့ကို လွတ်လပ်စွာရင်ခုန်ပွင့်ဝေခွင့်ပေးပါလေ
ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့် ရုရှားသူတွေ
ပြည့်တန်ဆာဘ၀ရောက်ခဲ့ဖူး
တီဗွီဂိမ်းဆိုင်တွေထဲမှာ
ကလေးငယ်တချို့ဖိတ်စဉ်နေကြ
အရက်ဖြူဆိုင်ထဲ၊ ဘီယာဆိုင်ထဲ လူငယ်တချို့ ပြန့်ကျဲ
လက်ဖက်ရည်ဆိုင်ထဲ အလုပ်မရှိလူကြီးတွေ
ဘာအကြောင်းညာအကြောင်း
တစ်လုံး၊ နှစ်လုံး၊ သုံးလုံးအကြောင်း ဆွေးနွေးလေကန်
ဒီလိုနဲ့ ဘာဘာညာညာအကြောင်းတွေကို
မေ့ထားကြ ကန်စွန်းရွက်တစ်စည်း ဆန်တစ်ပြည်
ဘတ်(စ်)ကား မှတ်တိုင်စာ နှစ်မှတ်တိုင်စာ
ကျောင်းသုံးစာအုပ် နေထိုင်စားသောက်စရိတ်
ဂရပ်တွေဟာ တဖြည်းဖြည်း အပေါ်ထောင်တက်လာ
ဘ၀တွေ ဘ၀တွေဟာလည်း မှော်ဆရာရဲ့
လက်ထဲက ဆေးတောင်ဝှေးလေးလို
သာမန်ခါးတာထက်
ပိုပိုခါးလာတဲ့ သာမန်တွေ။

တစ်ချိန်မှာတော့
အိပ်မက်တွေဟာ အခမ်းနားဆုံးပွင့်လို့
ဥယျာဉ်တော် ငွားငွားစွင့်စွင့် ဖြစ်လာမပေါ့
အိပ်မက်ခိုးဘီလူးတွေ ဖန်ဆင်းတဲ့ကမ္ဘာမြေကို
အလင်းသစ်တွေ ရောက်လာမယ့်အချိန်
မနက်ခင်းတွေဟာ ပန်းနှင်းဆီတွေနဲ့ မွှေးထုံသင်းလာမယ့်အချိန်
လတ်ဆတ်ရွှန်းစိုတဲ့ ရင်ခုန်သံတွေနဲ့ လွတ်လပ်သီချင်းတွေ
သီကျူးခွင့်ရမယ့်အချိန်
အဲဒီအချိန်ကိုပဲ မျှော်လင့်ချက်မှိန်မှိန်နဲ့ မျှော်နေမိ
အို...ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့
“စနစ်ဘယ်လောက် ကောင်းကောင်း
လူကောင်းဖို့ပဲ လိုပါတယ်”တဲ့
ဘယ်သူပြောတဲ့ စကားလဲ မမှတ်မိတာ ခွင့်လွှတ်စေချင်
မိုးမှောင်တိမ်သား ကင်းစင်
ပတ်ဝန်းကျင်တစ်ခွင်လုံး တိမ်ဖြူတို့နှင့်အတူ ကြည်လင်လို့
တို့ကမ္ဘာမြေကြီး သာယာပါစေသတည်း။ ။

မောင်ရေချမ်း