(April-2012)အင်တာနက် အသုံးပြုမှု အခြေခံ သုတ PDF Print E-mail
Written by ဟန်ဇော်   
Monday, 23 April 2012 14:07
Share |

ယခင်လမှ အဆက်
Spell checker  (စာလုံးပေါင်း စစ်ဆေးခြင်း)
G-mail က ပေးထားတဲ့ အီးမေးလ် ၀န်ဆောင်မှုမှာ အင်္ဂလိပ် စာလုံးပေါင်း စစ်ဆေး ပေးနိုင်တဲ့ Spell checker   ပါဝင်ပါတယ်။

buy cialis jelly onlinetadalafil tablets buy viagra online usa generic cialis no prescription
argaiv1223

အင်္ဂလိပ် စာလုံးပေါင်း အများစုကို မှန်ကန်မှု ရှိမရှိ စစ်ဆေး ပေးနိုင်ပါတယ်။ စာဖတ်သူ အနေနဲ့ အင်္ဂလိပ် စာသားများကို ရိုက်နှိပ် ရေးသားသွားတဲ့ အခါ Spell checker   က မှန်ကန်မှု မရှိလို့ ယူဆရတဲ့ စကားလုံးများ အောက်ခြေမှာ အနီရောင် အနားတွန့် မျဉ်းကြောင်းများကို ပြသ ပေးသွားမှာ ဖြစ်ပါတယ်။ အနီရောင် အနားတွန့် မျဉ်းကြောင်းများကို ပြသထားတဲ့ စကားလုံးများ အပေါ်မှာ ကွန်ပျူတာမောက်စ်နဲ့ ကလစ် နှိပ်ပေးခြင်းအားဖြင့် ဖြစ်တန်ခြေ ရှိတဲ့ စကားလုံးများကို စာဖတ်သူ အတွက် ပြသပေးမှာ ဖြစ်ပါတယ်။

စာဖတ်သူ အနေနဲ့ မိမိ ရေးသားထားတဲ့ စာလုံးပေါင်း သတ်မှတ်တွေရဲ့ မှန်ကန်မှု အတိုင်းအတာကို စစ်ဆေးလိုတဲ့ အခါ ဂျီမေးလ်(G-mail)ရဲ့ ညာဘက် အခြမ်းမှာ ရှိတဲ့ Checking spelling  ကို ကလစ်နှိပ်ပြီး စာလုံးပေါင်း အမှားအမှန်ကို စစ်ဆေးနိုင်မှာ ဖြစ်တယ်။ Checking spelling  ကို ကလစ် နှိပ်လိုက်တဲ့ အခါ စာလုံးပေါင်း မှားယွင်းတယ်လို့ ယူဆရတဲ့ စကားလုံးတွေကို အ၀ါရောင်များနဲ့ အရောင် ခြယ်ပြသပြီး စာဖတ်သူများကို အသိ ပေးသွားမှာ ဖြစ်ပါတယ်။ အ၀ါရောင် ခြယ်သပေးထားတဲ့ စကားလုံးများကို ကလစ် နှိပ်ခြင်းအားဖြင့် အမှန်လို့ ယူဆရတဲ့ စကားလုံးများကို စာဖတ်သူအတွက် ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ပြသပေးသွားတဲ့ စကားလုံးများထဲက စာဖတ်သူဟာ မှန်ကန်တဲ့ စကားလုံးများကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စာဖတ်သူဟာ မှန်ကန်တဲ့ စကားလုံး တစ်ခုကို မိမိကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပေးရခြင်း ဖြစ်ပါတယ်။

စာဖတ်သူ အနေနဲ့ ရေးသား ရိုက်နှိပ်လိုက်တဲ့ စကားလုံးတစ်ခုဟာ ဂျီမေးလ်ရဲ့ အဘိဓာန်ထဲမှာ မရှိလို့ ဖြစ်စေ၊ နည်းပညာ ဆိုင်ရာ ပညာရပ်ဆိုင်ရာ စကားလုံး ဖြစ်နေလို့ ဖြစ်စေ၊ အင်္ဂလိပ် ဘာသာစကားမှာ မရှိဘဲ မိမိဘာသာ စကားကနေ အင်္ဂလိပ် ဘာသာစကားသို့ အသံဖလှယ် ယူထားတဲ့ စကားလုံး ဖြစ်နေလို့ ဖြစ်စေ စာဖတ်သူကို ဂျီးမေးလ်က စာလုံးပေါင်း မှားနေပါတယ် လို့ ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စာဖတ်သူရဲ့ စာလုံးပေါင်း သတ်ပုံမှန်ကန်နေပါစေ။ ဂျီမေးလ်က နားလည်ထားတဲ့ စကားလုံး မဟုတ်ခဲ့ပါက မှားနေတယ် ဆိုတဲ့ အခြေအနေကို သူက သတိပေး ပြသနေမှာ ဖြစ်ပါတယ်။



ဂျီမေးလ်ဟာ မှားယွင်းတယ်လို့ ယူဆရတဲ့ စကားလုံးတွေကို ပြသပေးနေမှာ ဖြစ်တယ်။ အမှန်လို့ ယူဆရတဲ့ စကားလုံးတွေကိုလည်း ဖြစ်တန်ခြေအနေနဲ့ တွက်ချက်ပြီး စာရေးသူကို အမှန်တစ်ခုရွေးချယ်နိုင်ဖို့ ပြသပေးမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မှန်ကန်တဲ့ စာလုံးပေါင်းကို အတည်ပြု ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ရွေးချယ်ပေးလိုက်တဲ့ စကားလုံးကို ဂျီမေးလ်က အမှန်လို့ အသိအမှတ်ပြုပြီး ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ စာလုံးပေါင်း စစ်ဆေးမှုကို တစ်ကြိမ်ပြုလုပ်ပြီးရင် နောက်တစ်ကြိမ်အနေနဲ့ စာလုံးပေါင်း စစ်ဆေးမှုကို ပြုလုပ်နိုင်ပါသေးတယ်။ နောင်တစ်ကြိမ်အနေနဲ့ စာလုံးပေါင်း ထပ်မံ စစ်ဆေးလိုပါက Recheck  ဆိုတဲ့ နေရာကို ကလစ်နှိပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စာဖတ်သူ အနေနဲ့ စကားလုံး တစ်ခုကို ရိုက်နှိပ် နေစဉ်မှာလည်း မှန်ကန်တဲ့ စကား လုံးများကို ရွေးချယ်အသုံးပြု သွားနိုင်ပါသေးတယ်။ စာဖတ်သူအနေနဲ့ အီးမေးလ်တ စ်စောင်ကို ရေးသားနေစဉ် စာလုံးပေါင်း သတ်ပုံ တစ်ခုကို ဝေခွဲမရဖြစ်နေပါက စာရိုက်နေစဉ် right click ကို နှိပ်ပေးပါက ဂျီမေးလ်မှာ ရှိတဲ့ စကားလုံးတွေထဲကနေ ရေးသားလက်စ စကားလုံးများနဲ့ အနီးစပ်ဆုံး စကားလုံးများကို ရွေးချယ်ပြီး ပြသ ပေးသွားမှာ ဖြစ်ပါတယ်။    စာဖတ်သူ အနေနဲ့ ရေးသားလိုက်တဲ့ စကားလုံး တစ်ခုဟာ ဂျီမေးလ် အဘိဓာန်ထဲမှာ မရှိသေး ဘူးဆိုပါက ဂျီမေးလ် အဘိဓာန်ထဲကို ထည့်ပေးနိုင်ပါတယ်။ အဲဒီလိုထည့်ပေးတဲ့ အခါမှာလည်း စာဖတ်သူ ထည့်ပေးလိုက်တဲ့  စကားလုံးဟာ မှန်ကန် တိကျတဲ့ စာလုံးပေါင်း သတ်ပုံတစ်ခု ဖြစ်နေဖို့ လိုအပ်တယ် ဆိုတာကို သတိ ချပ်သင့်ပါတယ်။



စာလုံး ပေါင်းသတ်ပုံ စစ်ဆေးပေးတဲ့ အလုပ်ကို ကွန်ပျူတာက ပြုလုပ် ပေးနိုင်ပါတယ်။ စာဖတ် သူများ အသုံးပြု နေတဲ့ စကားလုံး အများစုရဲ့ အမှန် အမှားကိုလည်း ကွန်ပျူတာက ဝေခွဲ ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ကွန်ပျူတာ ဆိုတာ စက်ပစ္စည်း တစ်ခု ဖြစ်တာကြောင့် လူသားတွေလို ချင့်ချိန်နိုင်တဲ့ အသိဉဏ် မရှိပါဘူး။ ဒါကြောင့် စက်က စစ်ဆေး ပေးလိုက်တဲ့ စာလုံးပေါင်း မှန်ကန်မှု တစ်ခုတည်းကို အားမကိုး မိဖို့ လိုအပ်ပါတယ်။ မိမိ ရေးသားထားတဲ့ စာရဲ့အတိမ်အနက် အကြောင်း အရာကို မိမိကိုယ် တိုင်ပဲ သိနိုင်တာကြောင့် စာလုံးပေါင်း မှန်ကန်မှု အခြေအနေကို ကိုယ်ပိုင် အသိနဲ့ ဆုံးဖြတ် သင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
ဟန်ဇော်
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
This e-mail address is being protected from spambots. You need JavaScript enabled to view it
Ref:www.ag.idaho.gov, Getting Started with Google Apps
by Paul Darbyshire and Adam Darbyshire