|
Written by အယ်ဒီတာ
|
|
Thursday, 29 April 2010 11:18 |
မေလနဲ့ပတ်သက်ရင် အမှတ်ရ စရာတွေက စိတ်မကောင်းစရာတွေ ပိုများ နေသလိုပါ။ မေလထဲမှာ အိုးပျောက်၊ အိမ်ပျောက် ဖြစ်ခဲ့ကြရတယ်။ ထီပေါက် ပြီး ထီလက်မှတ် ပျောက်ခဲ့ကြဖူးတယ်။
ကံစမ်းမဲ နှိုက်တော့လည်း ဗလာတောင် မကဘဲ ကိုယ်ကတောင် အလျော်ပေးခဲ့ ကြရတယ်။ နောက်တော့ လူတွေ အစုလိုက် အပြုံလိုက် ဒုက္ခ ရောက်ခဲ့ကြရတယ်။ သေကျေ ပျက်စီး ခဲ့ကြရတယ်။ သည်တော့ မေဟာ စိတ်မချမ်းမြေ့စရာ တွေကိုသာ သယ်ဆောင်လာခဲ့ သလို ဖြစ်နေပါတော့တယ်။ သဘာဝ ဘေးဒဏ် ဆိုတာမျိုးဟာ လူလုပ်ဘေးဒဏ်မျိုး လို ရှောင်လွှဲဖို့ ခက်တာကို အများက သိထားကြပြီး သားပါ။ လူလုပ်ဘေးဒဏ် အချို့ကိုတောင် ရှောင်လွှဲဖို့ မလွယ်တာကို ကြုံဖူးသူတိုင်း သိပါတယ်။
ဒီတော့ သဘာဝ ဘေးဒဏ်ဆိုတာ သာပြီးတောင် ရှောင်လွှဲရခက်တာပါ။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ တိုက်ခတ်ချိန် ဆယ့်နှစ်နာရီသာ ကြာမြင့်ပေမယ့် အကျိုးဆက်အဖြစ် ရောက်ခဲ့ရတဲ့ ဒုက္ခကတော့ ခုချိန်ထိ နာလန်မထူနိုင် သေးသူတွေ ဒုနဲ့ဒေး မြင်နေရသေးတာကို သတိထားမိကြမှာပါ။ ဖြစ်စမှာတော့ လူတိုင်း နိုင်ငံတိုင်း လိုလိုက စာနာခဲ့ကြပါတယ်။ ဟိုမှာလည်း လေ ဘေးသင့်ပြည်သူတွေအကြောင်း၊ သည်မှာလည်း ထိုလူထုအတွက် အလှူ အကြောင်းနဲ့ သတင်းမုန်တိုင်း၊ အလှူမုန်တိုင်းတွေ ဆက်လက် ထန်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ တစ်စစနဲ့ လူတွေ၊ သတင်းတွေ နိုင်ငံတွေ အသံတိတ် လိုက်လာသလို ခြေရာလည်း ပျောက်လိုက်လာကြပါတယ်။ သည့် နောက်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေကလည်း နေရာအနှံ့ ခြေစကြာဖြန့်လို့ပါပဲ။
သည်မုန်တိုင်းတွေ မြေငလျင်တွေ သဘာဝ ဘေးဒဏ်တွေနဲ့ ပတ်သက် ရင်လည်း ဖြစ်စ တစ်ပတ်၊ တစ်လ၊ တစ်နှစ် လောက်အထိ အားလုံးက စိတ်ဝင်စားကြပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အသစ် အသစ်သော အကြောင်းအရာတွေ ပေါ်လာကြပြီး ဘေးဒဏ်ခံ ရသူ အသစ်အသစ်များ အတွက် ကြိုးပမ်းကြရတာ နဲ့အမျှ အဟောင်းဖြစ်တဲ့ တစ်ပတ်နွမ်းဘေးဒဏ် ခံရသူတွေကို မေ့လျော့ထားသလို ဖြစ်လာတတ်ကြပါတယ်။ အချိန်ကာလတိုတစ်ခုအတွင်းမှာ ပြည့်ပြည့်၀၀ နာလန်ပြန်မထနိုင်ခဲ့ဘူး ဆိုရင်တော့ သည်တစ်ပတ်နွမ်း ဘေးဒဏ် ခံရသူတွေအဖို့ အင်မတန် ဒုက္ခရောက်ကြပါတယ်။ ဇွဲကောင်း နှလုံးကောင်းပြီး အလှူ အားကောင်းသူတွေ အနည်းငယ် ကျန်ကြသေးပေမယ့် အများစုကတော့ ပျောက်သွားကြ၊ ပျောက်စပြုကြပြီမို့ ကိုယ့်ဝန်မှ ကိုယ်မထမ်းနိုင်ကြသေးတဲ့ တစ်ပတ်နွမ်း ဘေးဒဏ်ခံတွေမှာ နိစ္စဓူဝ အရေးတွေကိုတောင် မနည်း ကျော်ဖြတ်ကြရပါတယ်။ သည်အချိန်မှာ အဝေးက အကူအညီထက် အနီးက ကူညီသူတွေရဲ့ အလှူနဲ့ အကူက ပိုပြီး အခရာ ကျလာတတ်ပါတယ်။ ကူသူတွေ လက်ပန်းကျသွားတယ် ဆိုပေမယ့် အကူအညီ လိုနေသူတွေက အရင်ကထက် ပိုပြီး သန်စွမ်းတဲ့ ကာယအားတွေ ရှိနေပြီမို့ အလှူ အကူထက် အလုပ်အကူဆိုတာမျိုးတွေ ပိုလိုလာ ပါတယ်။ အမြဲတမ်း အကူအညီတွေကိုသာ မျှော်နေရမယ့် ဘ၀မျိုးကို သူတို့ကလည်း မလိုချင် တတ်ကြပါဘူး။
သူတို့အတွက် သူတို့အသက် မွေးဝမ်းကျောင်းမှုကို လွတ်လွတ်လပ်လပ်နဲ့ ပုံမှန် ပြန်လုပ်နိုင်ဖို့ဟာ သူတို့ဘ၀ တစ်ခုလုံး အတွက် အရေးအကြီးဆုံး အကူအညီပဲ ဖြစ်ပါတယ်။ သက်မွေး အလုပ်အကိုင်တစ်ခု အတည်တကျရရေး အတွက် အလုပ်အလှူမျိုးတွေ ပေးနိုင်မှသာ သူတို့တွေကို ထိရောက်စွာ ကူညီရာ ကျမှာလည်း ဖြစ်ပါတယ်။
အကူအညီ ဆိုရာမှာ ဘယ်တော့မဆို အလှူ ရှင်ကိုအားကိုးပြီး နေထိုင်သွားအောင် ကူညီရတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ပြန်ကူညီနိုင် အောင်သာ အလှူရှင်က ကူညီသင့်တာမို့ ဟင်းစားလေးတွေ ပံ့ပိုးပြီး အလှူ့ဒါယကာ လုပ်ကြမယ့်အစား ကွန်ချက်လည်းပြ၊ ပိုက်ကွန်လည်း ၀ယ်ပေး၊ ရေနားနီးနီးမှာ နေနိုင်အောင်လည်း ဖန်တီးပေးဆိုတာမျိုး ဘက်စုံ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ များများ ဖြစ်လာဖို့ လိုနေပါတယ်။ အလှူရှင်လုပ်ငန်းတွေရဲ့ တစ်ထောင့်တစ်နေရာမှာ တာဝန်ထမ်းနေကြသူတွေအနေနဲ့ မမေ့မလျော့ သတိပြုရမှာက အလှူ့ဒါယကာ ဖြစ်ရေးထက် အလှူခံတွေ သူတို့ခြေထောက်ပေါ်သူတို့ ပြန်လည်ရပ်တည် ရေးကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်ကြရေးပဲ ဖြစ်ပါတယ်။ သည်လို အရေးတွေမှာ အလှူခံတွေနဲ့ အနီးဆုံးမှာ ရှိနေကြတဲ့ ဒေသခံနေရာများက လူငယ်များကလည်း မိမိတို့စွမ်းနိုင်သမျှဝင်ပြီး ကူညီ လုပ်အားပေးနိုင်ကြပါတယ်။ တစ်ပတ်နွမ်း ဘေးဒဏ်ခံတွေမှာ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လိုသလို စိတ်အပန်းလည်းပြေ၊ ဗဟုသုတလည်း ရဆိုတဲ့ စာပေဗဟုသုတ ကြားနာမှုလည်း လိုပါတယ်။
အဖွဲ့အစည်း အသင်းအပင်း၊ အိုးစည်ဗုံမောင်းနဲ့ လှူမှ အလှူမြောက်တာ မဟုတ်ဘဲ လိုနေသူတွေ အတွက် လိုနေတာတွေကို လိုနေတဲ့ အချိန်မှာ လိုသလောက် ဖြည့်တင်းပေးခြင်း ဟာလည်း ကြီးစွာသော အလှူ ဖြစ်ပါတယ်။ဒါကြောင့် အလှူခံများနဲ့ အနီးဆုံးမှာ ရှိနေကြတဲ့ ဖူးငုံတို့ အနေနဲ့ အနည်းဆုံး အားဖြင့် ထိုအလှူခံများ အတွက် စာပေများ ဖတ်ရှုပြခြင်း၊ သူတို့ကိုယ်တိုင် စာပေ ဖတ်ရှုနိုင်အောင် ကူညီသင်ပြပေးခြင်း သို့မဟုတ် စာအုပ်စာပေများ ၀ယ်ယူ လှူဒါန်းပေးခြင်းစတဲ့ အစီအစဉ်များနဲ့ တစ်နိုင်တစ်ပိုင် အလှူများကို ဆောင်ရွက်ကြသင့် ပါကြောင်း သိစေချင်ပါတယ်။
အယ်ဒီတာ
|
|
Last Updated on Thursday, 29 April 2010 12:07 |
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...