အနုပညာကို ချစ်မြတ်နိုးသူ နှစ်ဦး PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 31 May 2010 10:32
Share |

စိတ်အပန်းဖြေ စရာ စိတ်ထွက်ပေါက် တစ်ခု အနေနဲ့ ဗီဒီယို ရုပ်ရှင် ဇာတ်ကားတွေကို ခံစား ကြည့်တတ်သလို အင်တာနက်ဆိုင် ထိုင်ပြီး G talk ပြောကြသူများ ရှိပါတယ်။

ပညာ ဗဟုသုတ ရှာတတ်ရင် ရှာတတ်သလို ရနိုင်တဲ့ အင်တာနက်ကို အသုံးပြုကြတဲ့ လူငယ်တွေ များစွာ ရှိလာကြတဲ့ ဒီနေ့ခေတ်မှာ ဗီဒီယို ဇာတ်ကားတွေ ကြည့်ကြသူလည်း များပါတယ်။ မြန်မာဇာတ်ကား၊ ကိုရီးယားကား၊ အင်္ဂလိပ် အစရှိတဲ့ ဇာတ်ကားတွေကို ဖျော်ဖြေရေး သက်သက်နဲ့ စိတ်ရဲ့ အပန်းဖြေမှု သက်သက် သဘောထားရင်း ကြည့်ဖြစ်တဲ့ အေးချမ်းမြတ်က သူ နှစ်သက် သဘောကျတဲ့ မေသက်ခိုင်ကို ချစ်စရာ ဟန်ပန်လေးတွေနဲ့ သရုပ်ဆောင် တတ်တာကြောင့် သဘောကျတာလို့ ဆိုပါတယ်။ အေးချမ်းမြတ် က ၉ တန်း ကျောင်းသူပါ။

စာကျက်တဲ့ အချိန် ကျက်သလို အပန်းဖြေ စိတ်အနားပေး ချိန်မှာ ဗီဒီယို ဇာတ်ကားတွေ ကြည့်ဖြစ်ရင်း မေသက်ခိုင်ကို သဘောကျခဲ့တာ လို့ သိရပါတယ်။ အသက် ၂၀ ပြည့် မွေးနေ့ အထိမ်းအမှတ် မိဘမဲ့ကလေးတွေ အတွက် လှူဒါန်းခဲ့တဲ့ မေသက်ခိုင်ရဲ့ စေတနာ ထက်သန်မှု ကိုလည်း သဘောကျတာလို့ ဆိုပါတယ်။ အနုပညာ ၀ါသနာ ပါတာထက် မေသက်ခိုင်ရဲ့ သရုပ်ဆောင်မှု၊ လှုပ်ရှားမှု စိတ်နေ စိတ်ထား တို့ကို သိချင်တဲ့ အေးချမ်းမြတ်နဲ့ မေသက်ခိုင် တို့ကို teens & stars ကဏ္ဍမှာ တွေ့ဆုံ ပေးဖြစ်ပါတယ်။ စွမ်းနဲ့အတူ ဗီဒီယို ဇာတ်ကား တစ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ မေသက်ခိုင်က အေးချမ်းမြတ် သိလိုသမျှ၊ မေးမြန်းသမျှကို အချိန်ပေး ဖြေကြားပေးခဲ့ပါတယ်။

- အသက်ငယ်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် မိသားစု ဒရာမာ ဇာတ်တွေ တော်တော်များများ ရိုက်ဖြစ်တာ ဘာကြောင့်လဲ။

မိသားစု ဇာတ်တွေဆိုရင် ညီမ အငယ်ဆုံး နေရာကတို့ ဘာတို့ရိုက်ရတာ များတယ်။ သမီးနဲ့ လိုက်လို့ ငှားတယ်ထင်တာပဲ။

- ငိုရတဲ့ အခန်းတွေမှာ ပီပြင်စွာ ငိုနိုင်အောင် ဘယ်လို လေ့ကျင့်ရလဲ။

ဒါရိုက်တာ တွေရယ်၊ ၀ါရင့် သရုပ်ဆောင်တွေရဲ့ သင်ပေးမှုတွေနဲ့ အတူ အကောင်းဆုံး သရုပ်ဆောင် ဖြစ်တာပါ။

- သရုပ်ဆောင်ကို ဘယ်အချိန် ကတည်းက ၀ါသနာပါလို့ အခုလို ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင်မှု ရနေရတာလဲ။

ငါးတန်း ကျောင်းသူလောက် ကတည်းက မြန်မာ အကတွေ ကပြီး ၀ါသနာ ပါခဲ့တာ။ အဲဒီက ဆက်ပြီး ၀ါသနာပါလို့ လုပ်ဖြစ်တာပါ။

-အဒေါ်ဖြစ်တဲ့ မမေသဉ္စာဦး ကရော သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ဘာတွေ သင်ပေး ကူညီ ပေးဖြစ်လဲ။

ကားရိုက်ချိတ် ပေးတာတို့ ဘာတို့ လုပ်ပေးတယ်။ ဒီအတိုင်း သင်ပေးတာ တို့မရှိပေမယ့် ဘယ်လိုဇာတ်ဆို ရိုက် ဆိုတာ မျိုးတော့ သင်ပေးတယ်။

- အဒေါ်ဖြစ်သူက အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်နေတဲ့ အတွက် မေသက်ခိုင် အနုပညာ လောကထဲ ၀င်ရတာ အခက်အခဲ မရှိဘူး ထင်တယ်။

တီဇာ(မေသဉ္ဇာဦး)က ပျော်ပျော်လည်း နေတတ်တော့ အားလုံးက ခင်ကြတယ်။ သမီးက တီဇာရဲ့ တူမလည်း ဖြစ်တဲ့ အတွက် သရုပ်ဆောင် အသစ် တစ်ယောက်လို့ သဘော မထားဘူး။ အဲဒါကြောင့် အဆင်ပြေတယ်။ တီဇာကြီးကြောင့် အရင် စလုပ်တုန်းက ဆိုရင် ဇာတ်ကားတွေမှာ နေရာ မရတာမျိုးတွေ မဖြစ်ခဲ့ဖူးဘူး။

- အနုပညာ ၀ါသနာ ပါပေမယ့် ကျောထောက် နောက်ခံမရှိဘဲ ၀င်ရမယ်ဆိုရင် အဆင်ပြေနိုင်မလား။

အစိမ်းသက်သက်၊ အသစ်တွေ ဆိုရင် အဆက်အသွယ်လည်း မရှိဘူး၊ အဲဒီတော့ သင်တန်းပဲ တက်ရ မလိုလိုနဲ့ ဘာပဲ လုပ်ရမလိုလိုနဲ့ ခက်မယ် ထင်တယ်။ သမီး အတွက် ကတော့ တီဇာ ရှိလို့ အဆင်ပြေတယ်။ တခြားသူတွေဆို တော်တော် ကြိုးစားရမယ် ထင်ပါတယ်။

- မေသက်ခိုင်ရဲ့ အနုပညာ ရည်မှန်းချက်ကို သိချင်ပါတယ်။

အရမ်းကြီးလည်း မအောင်မြင် ချင်ဘူး။ ကိုယ့်လမ်းကို အေးအေးဆေး ဆေးလေး လျှောက်နေ ချင်တယ်။ သူများထက် သာမှတို့ ဘာတို့လည်း မဖြစ်ချင်ဘူး။ အခုဆိုရင် မေသက် အပြင်သွားရင် ပရိသတ်တွေက သိကြတယ်၊ ခင်ကြတယ် ဆိုတဲ့ အနေအထားလေးက ကောင်းပါတယ်။

- သရုပ်ဆောင် လုပ်ခါစမှာ ဘယ်လို အခက်အခဲ တွေ့ကြုံခဲ့ရသေးလဲ။

စကားပြောတဲ့ အသံ အနေအထား မမှန်တာ။ သူများနဲ့ အိုက်တင် အတူတူ လုပ်ပြီဆို တခြားသူရဲ့ မျက်လုံးကို မကြည့်ရဲတို့ ဘာတို့ ဖြစ်ခဲ့တယ်။

- ဒါဆို အခုနောက်ပိုင်း သရုပ်ဆောင်ရင်း တခြား သူတွေရဲ့ မျက်လုံးကို ကြည့်ပြီး သရုပ်ဆောင် နိုင်အောင် ဘယ်လို ကြိုးစားခဲ့ရလဲ။

ရိုက်ရင်းနဲ့ တဖြည်းဖြည်း အဆင်ပြေသွား တာပါ။ ကိုထွန်းထွန်းနဲ့ ရိုက်တုန်းက ဆိုရင် မေသက် ငါ့ကိုကြည့်လို့ ပြောပေမယ့် မကြည့်ရဲဘူး။ စရိုက်တုန်းက ပြောတဲ့ စကားတွေက မှန်ပေမယ့် မျက်လုံး အိုက်တင်တွေက လွဲနေတယ်။ နောက်ပိုင်းမှာ မမို့မို့မြင့်အောင်၊ မစိုးမြတ်သူဇာတို့က သင်ပေးကြတယ်။ အခုဆိုရင် အရင်ကထက် မှန်လာပြီ ထင်တာပဲ။

- မေသက်ခိုင် ဆိုပြီး ရဲလေးရဲ့ မိုး သီချင်းမှာ သိခဲ့တယ်။ အဲဒီအချိန်က စပြီး ပိုကြိုးစားခဲ့ရ သေးလား။

သီချင်း ထွက်လာတော့ ကြိုက်ကြတယ် ဆိုတော့ ပျော်တယ်။ အဲဒီမှာ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ သိသွားတယ်။ ဒီလောက်တော့ အိုက်တင် လုပ်နိုင်မလား ဆိုပြီး ခေါ်ရိုက်တာ၊ အဲဒီကနေ တစ်ဆင့် တဖြည်းဖြည်း ပိုလုပ်ဖြစ် လာတယ်။

- ပရိုဂျူဆာ၊ ဒါရိုက်တာတွေ သဘောကျဖို့၊ အသိအမှတ်ပြုဖို့ ဘာတွေ လိုအပ်တာလဲ။

ပေါင်းသင်း ဆက်ဆံရေးလို့ ထင်တယ်။ အိုက်တင်တွေ အရမ်းကောင်း၊ အရမ်းတော်နေ တာက တစ်ပိုင်းပေါ့။ ဒါရိုက်တာတွေ၊ ပရိုဂျူဆာ တွေက ခေါ်ရိုက်တာ အဆင်မပြေဘူး ဆိုရင်လည်း ရိုက်ရမှာ မဟုတ်ဘူး။ သရုပ်ဆောင် တော်တဲ့ အထဲမှာ မေသက် မပါပေမယ့် အားလုံးနဲ့ အဆင်ပြေ အောင်တော့ နေတယ်။

- အနုပညာ လောကထဲမှာ ရေရှည် ရပ်တည်နိုင်ဖို့ ဘာတွေ လိုအပ်တယ် ထင်လဲ။

ကြိုးစားမှုတွေ အပြင်၊ အမေနဲ့ မိတ်ကပ်ဆရာ ရှိဖို့တော့ လိုတယ်။

- လူငယ် တစ်ယောက်ဖြစ်တဲ့ မမေသက်ခိုင် အနေနဲ့ ပျော်စရာ လူငယ် ဇာတ်ကားမျိုးတွေ ဘာကြောင့် မရိုက်ဖြစ်တာလဲ။

ရိုက်တော့ ရိုက်ထားတယ်။ မထွက် သေးတာ။ အခုလက်ရှိ ထွက်နေတဲ့ ကားတွေက ဟိုးအရင်က ရိုက်ခဲ့တဲ့ကားတွေ ဖြစ်နေတယ်။ ရှေ့ပိုင်းမှာ ဒရာမာတွေ ရိုက်တာ များခဲ့တယ်။ နောက်ပိုင်းမှာ ဖဲန်စီတွေ ရိုက်ထားတာ ရှိပေမယ့် ဇာတ်ကား ထွက်တာ နောက်ကျတယ်၊ ရိုက်ပြီး နှစ်နှစ်ခွဲ လောက်မှ ထွက်တော့ ဒရာမာ ကားတွေ အခုထွက်တာ များနေတယ်။

- အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင် ပုံစံ သရုပ်ဆောင်ရတာ အဆင်ပြေလား၊ ဇာတ်ကားတွေမှာ ကြည့်ဖူးလို့ပါ။

သိပ်အဆင် မပြေဘူး။ ကြိုးစားပြီး လုပ်ပေမယ့် တကယ့် ကိုယ်ဝန်ဆောင် လှုပ်ရှားမှုတွေ အတိုင်း မဖြစ်မှာ ကြောက်တယ်။ စိုးရိမ်တယ်။ တော်တော်လေး ဂရုစိုက်ပြီး လုပ်ရတာပဲ။

- လူငယ်တစ်ယောက် အနေနဲ့ အပေါင်း အသင်း သူငယ်ချင်း ခင်မင်တဲ့ သူလား။

မေသက်မှာ သူငယ်ချင်း အများကြီး မရှိဘူး။ ကျောင်းတက်တုန်း ကလည်း မိန်းကလေး ကျောင်းမှာ တက်တာ၊ ငယ်ငယ်လေး ကတည်းက ခင်ရတဲ့ သူငယ်ချင်း နှစ်ယောက်ပဲ ရှိတယ်။ သူငယ်ချင်း အများကြီးနဲ့လည်း မနေတတ်ဘူး။ သူငယ်ချင်း များတဲ့ သူတွေ မြင်ရတော့ ပျော်စရာလည်း ကောင်းပါတယ်။ တစ်ခါတလေ လူများတော့ စကား ရှုပ်တာတွေ ဘာတွေရှိတော့ စိတ်ညစ် ရတာတွေ ရှိတယ်။

ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်လှမ်းခဲ့တဲ့ အနုပညာ လမ်းကြောင်းမှာ ခလုတ် ကန်သင်းများနဲ့ ကြုံတဲ့အခါ မေသက်ခိုင်က ကြိုးစား ဖယ်ရှားပြီး မိခင်ဖြစ်သူရဲ့ အားပေးမှုနဲ့ ရှေ့ဆက် ချီတက် နေပါတယ်။ မေသက်ခိုင်ရဲ့ ပြောဆိုပုံ၊ သရုပ်ဆောင်မှု တွေကို သဘောကျတဲ့ အေးချမ်းမြတ်က မေသက်ခိုင်ဆီက သိချင်တာ များကို မေးမြန်း ဖြစ်ခဲ့တာ များပါ။ teens & stars ကဏ္ဍမှာ ပါဝင်ပေးတဲ့ မေသက်ခိုင်ကို ကျေးဇူးတင် ပါတယ်။

 

 

 


ခင်လေးမြင့်
 


ခင်လေးမြင့်
About the author:
Comments (3)
  • အသင်္ချေ  - သရုပ်ဆောင်တာသဘောကျလို့
    မေသက်ခိုင်က ကလေးဇာတ်ရုပ်ကလေးတွေနဲ့ တအားလိုက်တယ်..။ သူ့ရဲ့ ကလေးဆန်ဆန် ချွဲချွဲနွဲ့နွဲ့ ပြောတာလေးက ပိုပြီး ဆွဲဆောင်အားရှိတယ်...။ သူက ကလေးဇာတ်ရုပ်၊ အရမ်းဆိုးတဲ့ လူကြီးမဆန်တဲ့ ကလေးဇာတ်ရုပ်နဲ့ တအားလိုက်တယ်...။
  • magic  - မေသက်ခိုင်၏ဖုန်းနံပါတ်နဲ့အိမ်လိပ်စာကိုသိလိုပါသဖြင်
    မေသက်ခိုင်သိ့....
    မေသက်ခိုင်၏သူငယ်ချင်းဖြစ်ပါသည်...လသာ(၂)တွင်ကျောင်းပြီးထဲကအဆက်အသွယ်ပြတ် သွားပါသဖြင့်သူငယ်ချင်းကိုသတိရပါသဖြင့်ဆက်သွယ်လိုပါသည်...ု့
  • jetsparrow  - magic
    If you know May Thet Khine's address & phone number. Please contant my Email---jetsparrow23@gmail.com. OK my friend.
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
Last Updated on Monday, 31 May 2010 11:02
 

စာဖတ် ပရိသတ်

We have 334 guests online

and

hit counter
views