မိသားစုကို မြတ်နိုးသူ PDF Print E-mail
Written by သင်းပပ   
Wednesday, 07 July 2010 11:12
Share |

ဒီတစ်ပတ် ရွေးချယ်ထားတဲ့ စုံတွဲက တကယ့် ဂီတ မောင်နှံတစ်စုံပါ။ ငယ်ရွယ် နုပျိုပြီး ဂီတ အလုပ်တွေကို အတူလက်တွဲ လုပ်ဆောင်နေတဲ့ အပြင် ပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုလေး ကိုလည်း ပိုင်ဆိုင်ထားတဲ့ ဂီတ စုံတွဲရဲ့ အကြိုက်တွေကို မေးကြည့်ဖြစ်ခဲ့ပါတယ်။

AHဘွိုင်းက သူ့ခန္ဓာကိုယ် တစ်ခုလုံးက အစိတ်အပိုင်းတွေကို တစ်ခုမှ မကြိုက်ဘူးလို့ ဆိုတယ်။ ဒါဆိုရင် AHဘွိုင်း အတွက် ဘုရားပေးတဲ့ သဘာဝ တရားတွေထဲက တစ်ခုလို့ ဆိုတော့မှ...
မိသားစုပဲ ရွေးချယ်တယ်။ အဖေ၊ အမေ၊ ညီလေး၊ ညီမလေး၊ သမီး၊ အဘိုး၊ အဘွား၊ မိသားစုအားလုံးက ကျွန်တော်ရဲ့ အကြိုက် နှစ်သက်ဆုံး အရာကြီး တစ်ခုပါ။ ကျွန်တော့် အတွက် ပျော်ရွှင်မှု၊ ကြည်နူးမှု၊ ခံစားမှုမျိုးစုံကို ပေးနိုင်လို့ပါ။

AH ဘွိုင်း ရဲ့ ဂီတပရိသတ် သဘောကျမှု အများဆုံးကရော။

ကျွန်တော့် အကြိုက်  ၀ါသနာနဲ့ သွားတူတယ်။ ကျွန်တော်က ကိုယ်ပေါ်မှာ အရုပ် ဆန်းဆန်းတွေ ဆွဲရတာ ကြိုက်တယ်။ ကျွန်တော့် ပရိသတ် ကလည်း အဲဒါကို ကြိုက်တယ်တဲ့။

အနုပညာနဲ့ ပတ်သက်ပြီး စင်မြင့် ဖျော်ဖြေပွဲတွေမှာ AH ဘွိုင်းပရိသတ် အတွက် ဖန်တီးမှု အများဆုံးက...။

ပရိသတ်ကို သီချင်းတွေနဲ့ ရသ ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားတယ်။ အသံ၊ အ၀တ်အစား၊ ဖက်ရှင်၊ Performance အားလုံးကို အကောင်းဆုံး ဖြစ်အောင် ပရိသတ် အတွက် လုပ်ပေးနိုင်ဖို့ပါပဲ။

AH ဘွိုင်းပေးတဲ့ အနုပညာတွေထဲမှာ ပရိသတ် အကြိုက်ဆုံး အရာက ဘာဖြစ်မယ်လို့ ထင်မိလဲ။

Rap စာသားတွေကို သဘောကျတာပဲ ဖြစ်မှာပါ။

ကိုယ့်ရဲ့ အိမ်သူသက်ထား ဂီတ လက်တွဲဖော် စင်ဒီဆီမှာ AHဘွိုင်း အကြိုက်ဆုံးအရာ။ ရည်းစားဘ၀ထဲက နှစ်သက်ခဲ့တာပဲ ဖြစ်ဖြစ်၊ ဇနီးအဖြစ် လက်တွဲပြီး နောက်ပိုင်းပဲ ဖြစ်ဖြစ် လက်ရှိသူ့ အပေါ် AH ဘွိုင်း သဘော အကျမိဆုံး အရာ။

သမီးကြီး ဂျူးလိယက်ကို မွေးဖွား ပေးခဲ့တာ ကိုပါ။

 

သင်းပပ


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 312 guests online

and

hit counter
views