သုံးရာ ခြောက်ဆယ့်ငါး PDF Print E-mail
Written by ညနေမိုး (ကလေး)   
Monday, 09 January 2012 10:36
Share |

တနင်္ဂနွေ တစ်ရက် ဘုရားကျောင်း ဆင်းပြီး ပန်းဆိုးတန်းရှိ စာအုပ် အဟောင်းတန်း ဘက်သို့ ထွက်လာ ခဲ့မိသည်။ စာအုပ်တန်းဘက် မရောက်တာ ကြာပြီမို့ စိတ်ဝင်စားသည့် စာအုပ် အချို့ကို လှန်လှောရင်း ပတ်ဝန်းကျင်ကို မေ့လျော့ သွားရသည်။

discount cialisbuy cialis online usa buy viagra 10mg discount cialis online
argaiv1143

“ဟေ့မယ်မိုး၊ မတွေ့တာ ကြာပြီ”

ရုတ်တရက် ကြားလိုက်ရသည့် အသံကြောင့် မော့ကြည့်လိုက်လျှင် မိတ်ဆွေ စာရေး ဆရာမ ဖြစ်နေသည်။
“သြော်- မလင်း”

“လာပါ လက်ဖက်ရည် သွားသောက်ရအောင်”

မလင်းနှင့် စကားမပြော ရသည်မှာ ကြာသွားပြီမို့ လက်ဖက်ရည် အတူသောက်ရန် ခေါင်းညိတ်လိုက်သည်။ မလင်းက ကားလမ်း တစ်ဖက်ရှိ လက်ဖက်ရည် ဆိုင်သို့ ဦးဆောင် ခေါ်သွားရင်း ကျွန်မ၏ လက်ကို ဆွဲကာ-
“ဘယ်တွေ ပျောက်နေတာလဲ မယ်မိုးရဲ့။ မလင်းက တွေ့တဲ့ လူတွေကို မေးသေးတယ်။ သူတို့ကလည်း မယ်မိုးကို မတွေ့ကြဘူး ဆိုလို့”

“ဟုတ်တယ် မလင်း။ မြို့ထဲကို စိတ်လိုလက်ရ လျှောက်မသွား ဖြစ်တာ ကြာပြီ။ တနင်္ဂနွေ တစ်ရက်ပဲ ဘုရားကျောင်း တက်ဖို့ မြို့ထဲသွား ဖြစ်တာ။ ဘုရားကျောင်း ဆင်းတော့လည်း အိမ်တန်းပြန် ဖြစ်တယ်”

မလင်းက ကျွန်မ အတွက်ပါ လက်ဖက်ရည် မှာပေးသည်။ မလင်းက ကျွန်မ ရန်ကုန် စရောက်သည့် အချိန်တွင် ပထမဆုံး ခင်မင်ခွင့် ရသည့် စာရေး ဆရာမ တစ်ဦးဖြစ်သည်။ မလင်း၏ ရသ ၀တ္ထုတို များကို ကျွန်မ နယ်မှာ နေကတည်းက နှစ်သက် ခဲ့ရသူမို့ လူချင်းတွေ့သော အခါ အလိုလို ရင်းနှီးနွေးထွေး ခဲ့ရသည်။ မလင်းက စာရေး ကောင်းသလို စကားပြောလည်း ကောင်းလှသည်။ ကျွန်မ၏ နာမည်ကို “မယ်” တစ်လုံးဖြည့်ကာ “မယ်မိုး” ဟု ချစ်စနိုးဖြင့် ခေါ်တတ်သည်။ ကျွန်မကလည်း မလင်းခေါ်သော ထိုနာမည် လေးကို လွန်စွာ သဘောကျ မိသည်။

“ဒါနဲ့ စာမရေး ဖြစ်ဘူးလား။ မဂ္ဂဇင်း တွေမှာ မယ်မိုးရဲ့ ၀တ္ထုတိုတွေ မတွေ့တာ ကြာပြီ”

“ဟုတ်တယ်နော်။ မိုးက တစ်ပတ်မှာ ငါးရက်လောက် စာသင်တာနဲ့ အချိန်ကုန် နေတော့ အရင်ကလောက် မရေး နိုင်တော့ဘူး။ စာသင်တဲ့ နေရာကလည်း ပုလဲ လမ်းဆုံနားက Orphanage မှာ မလင်းရဲ့။ ကားစီးရတာ အရမ်း ပင်ပန်းပြီး အိမ်ပြန် ရောက်တာနဲ့ ပစ်လဲတော့ တာပဲ”

“အဲလောက်ဝေးတဲ့ နေရာကို စာသင်ချိန် များလိုက်တာ။ တန်းခွဲဘယ် နှခု ယူထားလဲ”

“ကိုးတန်း၊ ဆယ်တန်းပါ။ တစ်တန်းကို နှစ်ရက်စီ။ သောကြာနေ့ ကတော့ အဲဒီ Orphanage  နားက ဃသူေါန မှာ စာသင် ပေးရတယ်။ နှစ်ခုလုံးက ဆရာကြီး ပိုင်တဲ့ ကျောင်းမို့လို့ သွားသင်ပေး ဖြစ်တာပါ”

“အင်းပေါ့လေ။ အဲဒီလို ဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ စာရေးတာကို ပစ်မထား စေချင်ဘူး။ မယ်မိုး အမြဲ ရေးနေကျ မဂ်္ဂဇင်းမှာ မတွေ့ရတော့ သူများတွေက စာရေးတဲ့ အလုပ်ကို စွန့်လွှတ် လိုက်ပြီလို့ ထင်နေကြ ဦးမယ်။ အချိန်လုပြီး စာရေး ဖြစ်အောင် ရေးပါလို့ မလင်း အားပေးချင်တယ်”


“ဟုတ်ကဲ့ မလင်း။ မိုး ကြိုးစားပါ့မယ်”
ကျွန်မ စကားကြောင့် ပြုံးသွားသော မလင်းကို ငေးကြည့် နေမိသည်။

မလင်းနှင့် လမ်းခွဲ၍ ထွက်လာပြီးနောက် ကျွန်မ ခြေလှမ်းများက နှေးကွေးနေလျက်။ ကျွန်မ မလင်း ပြောသလို စာမရေး ဖြစ်တာ တော်တော် ကြာနေပြီလား။ ကျွန်မကိုယ်တိုင် ကတော့ အချိန်တွေ တိုတောင်းသည်ဟု ထင်နေမိ ခဲ့သည်။ အရင် နှစ်များက ကျွန်မ မဂ္ဂဇင်း တစ်တိုက်တွင် အလုပ် လုပ်သည်မို့ စာပေလောက သားများနှင့် အမြဲ ထိတွေ့မှု ရှိကာ ရင်းနှီး နေခဲ့သည်။ အဲဒီတုန်းက တောင်ရုံးတာဝန် တစ်ဖက်နှင့် ဂျာနယ်တွေ အထိ ၀တ္ထုတိုတွေ ရေးဖြစ်ခဲ့သည်။ အခုတော့ စာသင်သည့် အလုပ်ကြောင့် မြို့ထဲနှင့် လည်းဝေး၊ ရင်းနှီးသည့် စာပေမိတ်ဆွေ များနှင့်လည်း ဝေးကွာ ခဲ့ရသည်။ ကျွန်မက ယုဇန ပလာဇာ အနီးတွင် နေသည်မို့ စာသင်သွားလျှင် ၁၅၇ အထူး ကားစီးကာ မြောက်ဥက္ကလာ ဘက်သွားရသည်။ ထို့ကြောင့် တကူးတက မသွားလျှင် မြို့ထဲလည်းမ ရောက်နိုင်တော့။

စာအုပ်များ နှင့်လည်း ကင်းကွာခဲ့ ရသည်။ အိမ်ပြန်ရန် ဘတ်စ်ကား မှတ်တိုင်သို့ သွားနေရင်း ရုတ်တရက် စာအုပ်ဝယ်ချင် လာသဖြင့် လမ်းဘေးရှိ ကျွန်မ ဖတ်နေကျ မဂ္ဂဇင်း အဟောင်းများကို တစ်နိုင်ဝယ်ဖြစ် ခဲ့သည်။ ထို့နောက် ပန်းဆိုးတန်းရှိ စာပေ လောကသို့ ၀င်ကာ ယခုလ ထုတ်သည့် မဂ္ဂဇင်း အချို့ကိုလည်း ၀ယ်ဖြစ်ပြန်သည်။ မဖတ်ရ သည်မှာ ကြာပြီ ဖြစ်သော စာအုပ်တစ်ပွေ့ တစ်ပိုက်ကို ငုံ့ကြည့်ကာ ချစ်သူ၏ မျက်ဝန်းများ ကြည့်ရ သကဲ့သို့ ကြည်နူး နေမိသည်။ လမ်းလျှောက်ရင်း စာအုပ်များက လေးလာသည်မို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမှ အငှားကား တစ်စီးတားကာ အိမ်ပြန် ခဲ့တော့သည်။ ကျွန်မမှာ ဤကဲ့သို့ စိတ်ကူးပေါ်လျှင် ပေါ်သည့်အတိုင်း ထလုပ်တတ်သည့် အကျင့်ဆိုးလေး ရှိနေပါသည်။ ထို့ ကြောင့် အပြင်တစ်ခါ ထွက်လျှင် အိမ်ပြန် ရောက်မည့်အချိန် တိတိကျကျ ပြောပြ၍ မရ။ တစ်ခါတစ်ရံ ညနေစောင်း ဆိပ်ကမ်း၌ ထိုင်ချင်ထိုင်နေ တတ်သလို စိတ်ပါလျင် ဒလဘက် ကမ်းသို့ ကူးချင်ကူး နေတတ်သည်။ ကဲ-ထားပါတော့။ ကျွန်မ၏ အကျင့်ဆိုးများ အကြောင်း ပြောရလျှင် ပြီးဆုံးတော့ မည်မထင်။

အိမ်ပြန် ရောက်ရောက်ချင်း ရေပင် မချိုးနိုင်ဘဲ စာကြည့် စားပွဲ၌ ထိုင်ကာ ငိုင်နေမိသည်။ စာကြည့်စားပွဲ ပေါ်ရှိ နောက်ဆုံးကျွန်မ ၀တ္ထုတို ပါသော မဂ္ဂဇင်း စာအုပ် အဖုံးကို ဆွဲယူ ကြည့်လိုက်သည်။ ဘုရားရေ၊ ကျွန်မ စာမရေး ဖြစ်ခဲ့တာ သည်နေ့နဲ့ဆို တစ်နှစ်တိတိ ပြည့်နေ ပါကောလား။ ဘယ်အရာ တွေကများ တစ်နှစ်တာ ကျွန်မရဲ့ စာရေးချိန် တွေကို ဖျောက်ပစ်ခဲ့ ပါလိမ့်။ ထိုအတွေး များက ကျွန်မ အသိ၏ ဘယ်ဘက် ရင်အုံကို ဆုပ်ခြေ နေသကဲ့သို့ ခံစားစေသည်။ ဘ၀ ဆိုသည်မှာ စာအုပ်တစ်အုပ် ဖြစ်ခဲ့လျှင် လွန်ခဲ့သည့် တစ်နှစ်ဟူသော ကျွန်မ၏ စာမျက်နှာ သုံးရာခြောက်ဆယ့် ငါးရွက်ကို ဆုတ်ဖြဲပစ်လိုက် ချင်ပါသည်။

ယောက်ျား တစ်ယောက်နှင့် ပတ်သက်၍ အခံရ ခက်ဆုံးသော ဝေဒနာကို ပြောပြပါဟု တစ်စုံ တစ်ယောက်က မေးလာလျှင် ဘာအကြောင်း ပြချက်မှ မပေးဘဲ တစ်ဖက်သတ် လမ်းခွဲခြင်းဟု ကျွန်မ ဖြေချင်ပါသည်။ ထို့အပြင် ကျွန်မ ဘ၀တွင် လုပ်ခဲ့သော လုပ်ရပ်များ ထဲမှ နောင်တ အရဆုံး လုပ်ရပ်ကို ပြောပါဟု ဆိုလာ လျှင်တော့ ယောက်ျား တစ်ယောက်၏ အကြောင်းကို ဂဃနဏ မသိဘဲ နှစ်ကြိမ်တွေ့ဖူး ရုံဖြင့် စေ့စပ်ရန် သဘောတူ ခဲ့မိသည့် လုပ်ရပ်ဟု ကျွန်မ ၀န်ခံချင် မိပါသည်။ သို့သော် ထိုသို့ ဖြေဆိုနိုင်ရန် ကျွန်မက အောင်မြင်သော စာရေး ဆရာမ မဟုတ်သကဲ့သို့ ရုပ်ရှင် မင်းသမီးလည်း မဟုတ်။ ထို့ ကြောင့် ထိုမေးခွန်းကို မေးမည့်သူ တစ်ဦးမျှ ရှိမနေခဲ့ပါ။ ထိုမေးခွန်း၏ အဖြေများကို ရင်ထဲတွင်သာ သိုဝှက် သိမ်းဆည်းထားရင်း ပစ္စုပ္ပန်ကို ကျော်ဖြတ်ခဲ့သည်။

ကို။ ကျွန်မ လျှောက်လှမ်းနေသည့် ဘ၀ ခရီးလမ်းတွင် ကျွန်မ နောက်ဆုံး နားခိုရာ ပန်းတိုင်အဖြစ် ထင်မှတ် ခဲ့ရသူ။ ဘာသာတူ။ လူမျိုးတူ။ ဘ၀ ရပ်တည်မှုချင်း အတူတူမို့ ဘုရားပေးသည့် ဆုအဖြစ် ကြည်နူးခဲ့ရ ဖူးသည်။ အခြေအနေ မတူသော ဘ၀များ ပင်လျှင် ချစ်ခြင်း တရားကြောင့် အတူတူ ဖြစ်ခဲ့ခြင်း များကို ပတ်ဝန်းကျင်တွင် တွေ့မြင် ခဲ့ရသည်။ ကံကောင်း ထောက်မစွာ သူနှင့် ကျွန်မတို့ကြား အရာအားလုံး ထပ်တူကျစွာ၊ တူညီစွာ ရှိနေ ခဲ့သည်လေ။ ထို့ကြောင့်ပင် သူနှင့် ဒုတိယ အကြိမ် တွေ့ပြီးချိန်တွင် စေ့စပ် ဖြစ်ခဲ့သည်။ ပြန်တွေးကြည့်လျှင် ရယ်စရာ အကောင်းသား။ သူနှင့်ကျွန်မ စေ့စပ်ပြီး မှပဲ ချစ်သူလို စတွဲဖြစ် ကြသည်။ ကျွန်မတို့ နှစ်ယောက် စလုံးက အလုပ် ကိုယ်စီနှင့်မို့ ညနေ ကျွန်မ ရုံးဆင်းချိန် သူလာကြိုကာ ကော်ဖီအတူ သောက်တာမျိုး၊ တစ်ခါတစ်ရံ တရုတ်တန်း သွားကာ တစ်ခုခု သွားစားတာမျိုး လောက်သာ ရှိခဲ့သည်။ အဲသည် အချိန်အထိ ကျွန်မ သူ့ကို ချစ်သလား၊ သူကျွန်မကို ချစ်သလား ဆိုတာ နှစ်ယောက်လုံး မစဉ်းစား ခဲ့မိကြ။ နားလည်မှု ဖြင့်သာ ဘ၀ ခရီးကို အတူ လျှောက်လှမ်းရန် ဆုံးဖြတ် ခဲ့ကြသည်။

လူဆိုတာ ပေါင်းကြည့်မှ အကြောင်းသိ ဟူသော စကား၏ အဓိပ္ပာယ်ကို သူနှင့်တွဲပြီး ၆ လအကြာတွင် ကျွန်မ သဘောပေါက် ခဲ့ရပါသည်။ အဲသည် မတိုင်ခင် တုန်းကတော့ သူသည် အလွန် တည်ငြိမ်သော၊ စကားကို နူးနူးညံ့ညံ့ ပြောတတ်သော၊ ကျွန်မကို လွန်စွာ ဂရုတစိုက် ရှိသော ယောက်ျားအဖြစ် ရပ်တည်ပြခဲ့ သည်လေ။ ခြောက်လကျော် ပြီးချိန်တွင်တော့ သူ အရင်ကလို ဟန်မဆောင် နိုင်တော့ပါ။ “မင်းတို့ စာပေလောက ကလည်းကွာ၊ ရေသာများ၍ ငါးမတွေ့ ဆိုတာမျိုး ပါပဲ” ဆိုတာမျိုး တစ်ယူသန် စိတ်ဖြင့် ကျွန်မကို ရှုတ်ချတတ် လာသည်။ နောက်ပိုင်း ကျွန်မတို့ ဆယ့်ငါးမိနစ် ပြည့်အောင်ပင် စကား ထိုင်ပြော၍ မရတော့။ ရှင်သန်ရာ နယ်မြေချင်း ကွာခြားခဲ့ စေသော ကျွန်မတို့ နှစ်ယောက်၏ အတွေး အခေါ်၊ အယူ အဆများလည်း ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေတော့သည်။ တစ်ရက် အောင်မြင်မှု တစ်ခုရဖို့ အောက်ခြေမှ စ၍ ကြိုးစား ခဲ့ရသော လူတွေအကြောင်း ပြောဖြစ်ကြရာ-
“မင်းကကော အခု မင်းကိုယ်မင်း အောင်မြင်ပြီလို့ သတ်မှတ်ရဲ သေးလို့လား” ဟုရုတ်တရက်  ငေါ့လာတော့သည်။

“ရတာပေါ့၊ အောင်မြင်မှုကို လူတွေက ကျော်ကြားမှုနဲ့ တိုင်းတာ ကြပေမယ့် ညီမက အဲဒီလို မသတ်မှတ်ဘူး။ ညီမ ဖြတ်သန်းရတဲ့ ဘ၀နဲ့ လက်ရှိ ညီမရဲ့ ဖြစ်တည်မှု အနေ အထားနဲ့ပဲ တိုင်းတာတယ်။ ရန်ကုန်မှာ တစ်ယောက်တည်း ခြောက်နှစ်ကျော် ညီမ ရုန်းကန် ခဲ့ရတယ်။ အမျိုး အိမ်တစ်လှည်၊့ သူစိမ်းအိမ် တစ်လှည့် အခက်အခဲ တွေနဲ့ နေပြီး ကြိုးစား ခဲ့ရတယ်။ အခုတော့ မောင်လေးနဲ့ နှစ်ယောက်တည်း တိုက်ခန်းမှာ အေးအေး ဆေးဆေး နေခွင့်ရပြီ။ ဘ၀ ရပ်တည်ဖို့ အသက် မွေးဝမ်းကျောင်း အလုပ်လည်း ရှိနေပြီ။ ဒီလောက်ဆို ကျေနပ်စရာ ဖြစ်နေပြီလေ။ အစ်ကိုကတော့ ရန်ကုန် စရောက် ကတည်းက မိသားစုနဲ့ ဘ၀ကို သက်သောင့်သက်သာ ဖြတ်သန်း နေရတော့ ညီမကို ဘယ်ကိုယ်ချင်း စာတတ် ပါ့မလဲ”

ကျွန်မ စကားကြောင့် သူနှုတ်ပင် မဆက်ဘဲ ထွက်သွားတော့သည်။ နောက်ပိုင်း ကျွန်မတို့ ဖုန်းမဆက် ဖြစ်ကြသလို၊ လူချင်းတွေ့ ရန်လည်း  မကြိုးစား မိကြတော့။ အစွန်းရောက် စိတ်ဓာတ်ပိုင်ရှင် ယောက်ျားတစ်ယောက် လက်ထဲသို့ ဘ၀ တစ်ခုလုံးကို အပ်နှံပြီး ပျော်ရွှင်စွာ နေထိုင်ရန် ကျွန်မ ယုံကြည်ချက် မရှိတော့။ ပြဿနာ ကြီးကြီးမားမား မရှိ ပါဘဲလျက် တစ်မြို့တည်းမှာ အတူနေရင်း ဝေးကွာ ခဲ့ရသည်။ ထိုရက်များ အတွင်း အလုပ်ထဲ၌ စိတ်ဖိစီးမှု မြောက်မြားစွာဖြင့် ပြဿနာ မျိုးနှင့် ရင်ဆိုင် ခဲ့ရသည်။ ဘ၀၏ အဆိုးဝါးဆုံး အချိန်မှာ ကျွန်မ၏ သောကကို မျှဝေ ပေးရမည့်သူ မဲ့နေသော၊ ဆုပ်ကိုင် အားပေးဖော် လက်အစုံ မရ ရှိခဲ့သော၊ ဘ၀အတွက် အဓိပ္ပာယ် ကင်းမဲ့သော ချစ်သူမိန်းမ တစ်ယောက် ဖြစ်ရသည်ကို ခါးသီး လာမိသည်။ နှစ်ဖက်အသိုင်း အ၀ိုင်း များကလည်း အချိန် မဆွဲဘဲ အမြန်ဆုံး လက်ထပ်ဖို့ ကိုပဲ တိုက်တွန်း လာကြသည်။ ထိုသို့ ဖိအားပေး ခံရလေ ကျွန်မ သွေးပျက်လေပင်။ မိဘများ ကလည်း နယ်မှာမို့ ကျွန်မ၏ ခံစားချက် များကို အလုံးစုံ မသိနိုင်။ ထို့ကြောင့် အလုပ်ထွက်ကာ အိမ်ပြန် ခဲ့ရသည်။ သားသမီး များကို အမြဲနားလည် ပေးတတ်သော မိဘများ ပိုင်ဆိုင် ခွင့်ရသည်မို့ အမေက ကျွန်မကို အပြစ် မတင်ခဲ့။

“သမီး၊ အဲဒီလောက်ထိ စိတ်ဆင်းရဲ နေရင် ဒီအခြေ အနေမှာပဲ အဆုံးသတ်ဖို့ စီစဉ် ကြတာပေါ့” ဟူ၍ ကျွန်မ၏ ခံစားချက်ကို အတည်ပြု ပေးခဲ့သည်။  အတိုချုပ် ပြောရလျင် သူနှင့်ကျွန်မ ဇာတ်လမ်းက အမုန်း မပါဘဲ တစ်ခန်းရပ် ခဲ့တော့သည်။ ပတ်ဝန်းကျင်၏ တီးတိုး ဝေဖန်မှု များကို ခေါင်းမော့ အန်တုရင်း တည်ငြိမ်ခြင်းကို သင်ယူ ခဲ့ရသည်။  သူနှင့် ပတ်သက်သည့် အဖြစ် အပျက်များ အိပ်မက် ဖြစ်ပါစေဟူ ၍သာ အကြိမ်ကြိမ် ဆုတောင်း နေမိသည်လေ။

အတိတ်ဆီသို့ ပျံဝဲနေသော စိတ်များကို ပြန်စုစည်းရင်း ၀ယ်လာသော စာအုပ်များတွင် ပို့ထား လိုက်သည်။ ကျွန်မ တစ်ဖက်သတ် ခင်မင်ရသော၊ စာအုပ်တစ်အုပ် တည်းတွင် ရေးဖော်ရေးဖက် မိတ်ဆွေများ၏ စာပေ လက်ရာကို ဖတ်ရှုရင်း သူတို့ကို အားကျ လိုက်တာလေ။ သူတို့၏ စာများထဲမှ သူတို့၏ ဘ၀များကို သိရတော့ ကျွန်မလို ခက်ခဲ ကြမ်းတမ်းသော ဘ၀ ပိုင်ရှင်များ မဟုတ်ကြ။ သူတို့ အရမ်း ကံကောင်းကြသည်။ ပညာရေးတွင် ကျွန်မ ပိုင်ဆိုင်ခွင့် တိတ်တခိုး မျှော်လင့် ခဲ့ဖူးသော ရာထူးကို ပိုင်ဆိုင်ထားသည့် သူရှိသလို အနုပညာ ပိုင်းတွင်လည်း ဖန်တီးမှု အားကောင်းကောင်းနဲ့ ရေးဖွဲ့ နိုင်စွမ်းရှိ ကြသည်။ ကျွန်မ ဘ၀ကတော့ လှိုင်းကြမ်းကြားက လှေငယ်ပမာ မုန်တိုင်းဒဏ်ကြောင့် ဘယ်အချိန် နစ်မြုပ်မည်ကို ရင်တထိတ် ထိတ်နှင့် ကြည့်နေ ရသကဲ့သို့။ ပုဂ္ဂိုလ်ရေး ခံစားချက်များ ရှုပ်ထွေးလွန်း၍ စာတစ်ကြောင်းမျှ မရေးနိုင် ခဲ့သည်မှာ တစ်နှစ်တိတိ ရှိခဲ့ပြီ ဖြစ်သည်။

အခုတော့ ကျွန်မ ခံစားမှုများ အနည်ထိုင် လာသည်။ ချစ်ခြင်း၊ မုန်းခြင်းအပေါ် ဘာမှ စောဒက မတက်တော့။ အရာ အားလုံးသည် ဖြစ်ပြီး ပျက်တတ်သော နိယာမ အတိုင်း မဟုတ်ပါလား။ ပျက်ပြီးသည့်နောက် ကျွန်မဘ၀ ပြန်လည် ဖြစ်တည်ဖို့ ရန်သာ ကျန်တော့သည်လေ။ ဟန်ဆောင်၍ ပေးခဲ့သည် ဖြစ်ပါစေ သူ့ကြောင့် ခဏတာ ပျော်ရွှင်ခွင့် ရသော အချိန်များ အတွက် သူ့ကို ကျေးဇူး တင်မိပါသည်။ ကျွန်မကြောင့် သူ့ဘ၀ စာမျက်နှာတွင် အမည်းစက် စွန်းထင်းခဲ့ရသည့် အတွက်လည်း စိတ်မကောင်း ဖြစ်ရပါသည်။ ရှေ့ဆက်မည့် ဘ၀ခရီး လမ်းတွင် စစ်မှန်သော နံရိုးရှင်ကို ရှာတွေ့ နိုင်ပါစေဟု ဆုတောင်းပေး မိပါသည်။

တစ်နှစ်အတွင်း ကြုံတွေ့ရသည့် အခြေအနေ များကြောင့် ကျွန်မ၏ မိသားစုများ အားလုံး ကျွန်မတို့ နှင့်အတူ  နေပေး ကြတော့သည်။ ၆ နှစ်ကျော် မိသားစုနှင့် ကင်းကွာ နေရာမှ ယခုပြန် နေခွင့်ရ ခဲ့သည်။ အရင်က ပင်ပန်း နွမ်းလျစွာ အိမ်ပြန်လာတိုင်း ကြိုဆိုသူ ကင်းမဲ့နေသော အခန်းက အခုတော့ ကြိုဆိုသံ၊ ရယ်မောသံများ၊ ဝေစည် နေတော့သည်။ စာသင်သွား ခါနီးတိုင်း အမေပြင်ဆင် ပေးသော ထမင်းဝိုင်းတွင် လက်ဆေးခွင့် ရတော့-
“သြော် ဒီအသက် အရွယ်ရောက်မှ ဒီလို အခြေ အနေမျိုး ကြုံရသေးတယ် ပေါ့လေ”ဟု အရွှန်းဖောက်တော့ တစ်အိမ်သားလုံး ၀ိုင်းရယ်ကြသည်။ ၀ါသနာ ပါရာ အလုပ်ဖြင့် အသက်မွေး ၀မ်းကျောင်းခွင့် ရသည်မို့ ကျွန်မ၏ အလုပ်ကို တစ်အိမ်သား လုံးက အားပေးကြ ပါသည်။

လက်ရှိ အနေ အထားမှာ ကျွန်မ လူတိုင်းကို အမြင်ကြည်ကြည် လင်လင်နဲ့ ပြုံးပြ နိုင်ပါပြီ။ Experience is the best Teacher ဟူသည့် စကားအတိုင်း တန်ဖိုး မဖြတ်နိုင်သော အတွေ့ အကြုံများကြောင့် နောက်တစ်ကြိမ် မပြိုလဲ စေရန် အသိပညာ မြောက်မြားစွာ ရရှိခဲ့ ပါသည်။ လွန်ခဲ့သည့် တစ်နှစ်ဟူသော သုံးရာ ခြောက်ဆယ့်ငါး ရက်တာ ကာလများကို နှလုံးသား ထဲတွင် ကမ္ပည်းထိုး ထားရင်း အနာဂတ် နေ့ရက်များ၊ ရင်ဆိုင်ရန် ခွန်အားများ ရှိနေပြီ ဖြစ်ပါသည်။

ညနေမိုး၊ကလေး၊
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)