ဖြစ်ကြောင်းကုန်စင်သမိုင်းကြောင်း PDF Print E-mail
Written by တိုးနှောင်မိုး   
Thursday, 12 January 2012 17:15
Share |

ကျွန်တော့်အဖေ မသေခင်က ကျွန်တော့်ကို
ပြောဖူးတယ်
မင်းနဲ့အတူ နေရတာ
အမှိုက်ပုံထဲ အိပ်ရ သလိုပဲတဲ့
ကျွန်တော်ကိုယ်တိုင် အမှိုက် ဖြစ်သလို
ကျွန်တော့်စာအုပ် တွေကလည်း သူ့အတွက် အမှိုက်လို ပါပဲ။

You might have opinion of suicide while taking Keppra cialis generic india. I notice that it is recommended to take at breakfast, but my doctor has allowed me to adjust my medications Does herbal Viagra acts the buy cialis professional online.
argaiv1347


ဘယ်အရာမှ အလကား မရသလို
ဖေဖေလည်း ကျွန်တော့်ကို ရွေးချယ်မှု မရဘဲ
ရခဲ့တာ။
ကျွန်တော်လည်း သူ့လို ဖခင်ကို
မရွေးချယ်ဘဲ ရခဲ့တာ
မိဘနဲ့ သားသမီး ဆိုတာ လူတိုင်း ဒီလိုပါပဲ။
စိတ်ကြိုက် ရွေးချယ်ဖို့ အတွက်
မဲပေး ပိုင်ခွင့်မှ မရှိတာ
အခု အဖေ မရှိတော့ဘူး
ရာထူးငွေကြေး ဂုဏ် ပကာသန
မရှိတော့ဘူး
ကျွန်တော့်မှာ
ဖေဖေ့ အပေါင်းအသင်း တွေလည်း
မရှိတော့ဘူး
နားနေတဲ့ ငှက်တွေလည်း
ဘယ်ပျောက်သွားလဲ
ငါးမျှားချိတ်မှာ ပုလင်းထဲက
လူတွေမိနေသလို
စိန်ခေါ်မှု တွေလည်း ကြုံခဲ့ရပေါင်း များပါပြီ။
အစွန်းရောက် လူ့ ယဉ်ကျေးမှုချင်း ပဋိပက္ခ
နိဂုံးက မွမ်းမံ ပြုပြင်ခြင်း
စိတ်ယုတ်မာ ကျွမ်းကျင်မှု စာအုပ်စာတမ်း
အင်ဖော်မေးရှင်း လက်နက်
မီဒီယာ လက်လုပ်လက်စား ဘ၀ သရုပ်ဖော်
ရာသီစာ ဖော်မြူလာနဲ့
ကော်ရစ်ရှင် ဆောင်ထားရသော
ခေါင်းညိတ် ခေါင်းခါမှုများ
တက္ကနို လိုဂျီ သံတမန် ဆက်ဆံရေး
ကြိုတင်ဟောခဲ့တဲ့ ဟောကိန်းအတိုင်း
ဖေဖေနဲ့ ကျွန်တော် ငြင်းခဲ့သမျှ
ဆိုရှယ်လစ် ၀ါဒကြီး ပျက်သုဉ်း သွားတာပဲ
အဖတ်တင်တယ်
မြန်မာ့ရိုးရာ ရေမုန့်ကို လမ်းသရဲ မုန့်လုပ်လို့
(ရေမုန့်၊ အဲ-မုန့်ရေကို
လမ်းသရဲမုန့် လုပ်သလိုပေါ့)
အမှိုက်ဟာ လူကြီးလူငယ် ပြဿနာ
အီလက် ထရွန်တွေကို မွေးဖွားခြင်းသာ
ဖြစ်စေခဲ့တယ်။
ကွင်းဆက်တွေရဲ့ ကြီးမားသော အရှုံးတွင်
ကြားညပ်နေသော မျိုးဆက်ကြီး အတွက်
မုန်ယိုနေတဲ့ တံခါးတွေ ရှိလာတယ်
ယေဘုယျ ဆန်သော
မျက်နှာကျက်တွေ များလာတယ်
ကြားနေပွဲစား စကား ၀ယ်ရောင်းတွေ
များလာတယ်။
ခေတ်ဆိုတာ တဖြည်းဖြည်း ပြောင်းလာသလို
ခုတော့ အေစီရဲ့ စိန်ခေါ်သံဟာ ဥရောပ ဖလားဆီ တဲ့လား
ဘုရားသခင် အလိုတော် အတိုင်း
မနက်ဖြန် မှာလည်း ရှိချင်မှ ရှိမယ်
ကျွန်တော့် နှလုံးသား ယခင် အပတ်ထက် ပိုကြီးဖို့ မလိုဘူး
အဘက်ဘက်က တစ်ဖက်
အာရုံကြော အခြေခံ ဆာလောင်ခြင်းက ပုဂ္ဂလိက ၀ါဒ ပြိုကွဲမှု
အနာဂတ် လှိုင်းထတာ မဟုတ်ခဲ့။
ကျွန်တော်အခု ဖေဖေ ပြောတဲ့အတိုင်း
အမှိုက်ပုံ ထဲမှာ
ကျွန်တော် အမှားကို ရခဲ့သလား
အမှန်ကို ရခဲ့သလား
ဝေခွဲ မဆုံးဖြတ် နိုင်သလို
ဝေလ ငါးကြီးတွေ
ဝိတိုရိယ ခေတ်ဆီ ပြန်သွားတာ မြင်လိုက်တယ်
သီပေါမင်း လေးဖက်ကုန်း ခေတ်စကားတော့ မဟုတ်ဘူး
အသစ်ဟာ အကြောင်းမညီညွတ်တော့ ကွန်ဆာဗေးတစ်
ကျွန်တော် အခု အဖနဖူး သိုက်တူးပြီး ဒီကဗျာ ရေးခဲ့တာ မဟုတ်
ဝေရင်းဝေရင်း နာနာလာတဲ့ ဝေဒနာ တွေကြောင့်
အနာတွေ တတိုင်းရတဲ့ အနာ တရနဲ့
ဒဏ်ရာတွေကို ဆူးခြစ်ရာ လေးမျှ ခြစ်ထုတ် လိုက်တာပါ။

တိုးနှောင်မိုး
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)