အကသမားတွေရဲ့ ဖက်ရှင် PDF Print E-mail
Written by ခြူးဟန်ကျော်   
Friday, 13 January 2012 12:25
Share |

၂၁ ရာစုနှစ် အတွင်းမှာ ကမ္ဘာ့ ဖက်ရှင်ရေ   စီးကြောင်းက လူငယ်တွေ အတွက် အရမ်းကို အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင် နေပါတယ်။ ထူးခြားပြီး ဆွဲဆောင်မှု ရှိတဲ့၊ ဂီတနဲ့ လိုက်လျော ညီထွေမှု ရှိတဲ့ ဖက်ရှင်တွေကို တော်တော်များများ ၀တ်ဆင်လေ့ ရှိကြတာ ကတော့ လူငယ်တွေ ပါပဲ။

cialis medicationcialis 20mg without prescription generic viagra no prescription buy cheap cialis without a prescription
argaiv1304

ကာလ ဒေသနဲ့ လိုက်လျော ညီထွေမှု ရှိတဲ့ အ၀တ် အစားမျိုးကို ရွေးချယ် ၀တ်ဆင်ခြင်း ဟာလည်း ယဉ်ကျေးမှု တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့ အတွက်ကိုလည်း ခန္ဓာကိုယ် အချိုး အစားနဲ့ ရာသီဥတု အပေါ်မှာလည်း မူတည်နေပါသေးတယ်။ အနုပညာ ရှင်တွေ သာမက ပြည်သူတွေ အတွက် ဖက်ရှင်ကလည်း အဓိက ကျလှပါတယ်။

ဒီတစ်ပတ် ဖူးငုံတို့ အတွက် ဆောင်းတွင်း ဖက်ရှင်လေးတွေ၊ မြူးကြွတဲ့ ဂီတသံစဉ် တွေနဲ့အတူ အမြဲတမ်း တက်ကြွလန်းဆန်း နေကြတဲ့ လူငယ် တစ်စုဖြစ်တဲ့ Stars INT'L Dance Studio အက အဖွဲ့ရဲ့ ဖက်ရှင်အကြောင်း ပြောပြ ချင်ပါတယ်။ သူတို့က Hip Hop အကကို နှစ်သက်တဲ့ သူတွေဖြစ်တဲ့ အတွက် အရောင်ကိုလည်း အနက်ရောင်နဲ့   နီညိုရောင်ကို တွဲဖက်ဝတ် ဆင်ထားပါတယ်။ ဆောင်းတွင်းမှာ အေးတဲ့အတွက် ဂျက်ကက်ကလေးတွေနဲ့ ခေါင်းစွပ် ဖက်ရှင်လေးတွေ ရွေးချယ်ဝတ်ဆင် ထားတာမို့ ဆောင်းရာသီနဲ့ လိုက်ဖက်တာကို တွေ့ရပါတယ်။

မင်္ဂလာပါ။ ဒီအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင် တွေရဲ့ နာမည်တွေ ကနေစပြီး ပြောပြ ပေးပါနော်။

ဟုတ်ကဲ့။ ကျွန်တော်တို့ အဖွဲ့မှာ အဖွဲ့ဝင် ၄ ယောက် ရှိပါတယ်။ ခေါင်းဆောင်ကတော့ ရဲရဲပါ။ တွဲဖက်ခေါင်းဆောင် အနေနဲ့ ကတော့ တေဇ၊ ပြီးတော့ ကိုဖြိုးနဲ့ မာမတ်ပါ။

အကနဲ့ ပတ်သက်ပြီးတော့ အ၀တ်အစား ပိုင်းကို ဘယ်လို လေ့လာဝယ်ယူ ဖြစ်လဲ။

အကနဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်တို့က Hip Hop Dancer ဘက်ကို ပိုပြီး အားသန်တော့ ကျွန်တော်တို့ ၀တ်တဲ့ ပုံစံကလည်း Hip Hop  အ၀တ်အစား ပုံစံမျိုး ပါပဲ။ ရန်ကုန်မှာလည်း အကအဖွဲ့တွေက အများကြီး ရှိတယ်လေ။ အဲဒီတော့ အတတ်နိုင် ဆုံးတော့ Up to Date ဖြစ်အောင် ၀တ်ရတယ်။ လက်ရှိမှာ ဘယ်လို ဒီဇိုင်းတွေက ခေတ်စားနေလဲ ဆိုတာက အစ လေ့လာရတယ်။ နိုင်ငံခြားမှာ လက်ရှိ Dancer တွေ ဘယ်လို ၀တ်နေကြ လဲဆိုတာတွေ ကိုတော့ မှီငြမ်းတာတွေ ရှိပါတယ်။ အဲဒီအ၀တ် အစားတွေကို ကိုယ့်နိုင်ငံမှာ ၀ယ်လို့ရရင် ၀ယ်တယ်။ မရတဲ့ ဟာတွေ ဆိုရင်လည်း နိုင်ငံခြား ကနေ မှာယူ ရတာတွေ  ရှိပါတယ် ခင်ဗျား။

Music အပိုင်းနဲ့ ပတ်သက် ပြီးတော့ရော ကတဲ့အခါ ဘယ်လိုဖက်ရှင် ပုံစံမျိုး တွေနဲ့ ကဖြစ်လဲ။

Music အပိုင်းနဲ့ ပတ်သက်လို့ ကတော့ ပထမဆုံး ဘယ်လိုပွဲမျိုး လဲဆိုတာ ကနေ စလေ့လာ ရတာပေါ့နော်။ Hip Hop ပွဲတွေမှာ ဆိုရင် စပို့ရှပ်တို့၊ စတိုင်လ် ပန့်ခ်တို့နဲ့ ၀တ်ပြီး ကလို့ မရဘူးလေ။ ပွဲနဲ့ မူတည်တဲ့ အ၀တ် အစားမျိုး ကိုပဲ ၀တ်ပါတယ်။ Hip Hop ပွဲမှာ ကမယ်ဆိုရင် Hip Hop အ၀တ်အစား မျိုးပေါ့နော်။ နောက်ပြီး ကျွန်တော်တို့ ဘယ်လိုသီချင်း ပေါ်မှာ ဘယ်လို အကမျိုးကို ကမလဲ ဆိုတော့ R & B အကလား၊ Pop ကမှာလား၊ Korea, K-Pop ကမှာလား၊ အမေရိကန် စတိုင်လ်အတိုင်း ကမှာလား ဆိုတဲ့ သီချင်း အမျိုးအစား အပေါ် မူတည်တဲ့ အကမျိုး ကိုပဲ ဖက်ရှင်တစ်ခု တီထွင်ပြီး ကပြ ရပါတယ်။ ဥပမာ- ရှာကီရာရဲ့သီချင်းကို ကမယ်ဆိုရင် သူ့သီချင်း ကတော့ Pop သီချင်းပါပဲ။ ဒါပေမဲ့ သူဝတ်ထားတဲ့ အ၀တ်အစားက သူ့နိုင်ငံကို ကိုယ်စားပြု ထားတာဖြစ်တဲ့ အတွက် အာဖရိက ပုံစံပဲ ၀တ်မယ်ဆိုရင် သင့်တော်မယ်လို့ ထင်ပါတယ်။ အဲဒါကိုမှ ကျွန်တော်တို့က ရှာကီရာရဲ့သီချင်းကိုပဲ Hip Hop ပုံစံမျိုးနဲ့ ၀တ်မယ်ဆိုရင် လိုက်ဖက်မှု မရှိဘူးလေ။ ဒါပေမဲ့ ထူးတော့ ထူးခြားတယ်။ ပရိသတ်တွေ ကိုတော့ ကျွန်တော်တို့က ချပြ လိုက်တာပဲ။ ပရိသတ် အနေနဲ့ ဘယ်လို မြင်မလဲ ဆိုတာကို ဝေဖန်ပေးမှ ကျွန်တော်တို့က သိရမှာလေ။ ဒါပေမဲ့ ကျွန်တော်တို့က အခုဝတ်ပြ ထားတာသည် သင့်တော်တယ်၊ စတိုင်လ်မိုက်တယ် ဆိုပြီးတော့ ချပြ လိုက်တာပဲ ရှိပါတယ်။

အနောက်တိုင်း ဂီတသံစဉ် တွေကို မယူဘဲ ကိုယ့်ဘာသာကိုယ် ဖန်တီးပြီး ဂီတ သံစဉ်နဲ့ ကကွက်ဆန်းဆန်း လေးတွေကို တင်ဆက် နိုင်ပါ့မလား။

ဟုတ်ကဲ့။ ကျွန်တော်တို့ရဲ့ Music အပိုင်းကို ကိုသားစိုး (ရောသမ မွှေလို့ သူ့ကို အများက သိကြပါတယ်) က ဖန်တီးပေးတယ်။ သူလည်း အခက် အခဲပေါင်း များစွာကနေ နတ်ဒိုးနဲ့ Electro ကို ပေါင်းလိုက်တဲ့ အတွက် အောင်မြင်ထားတဲ့ အဆိုတော် အနုပညာရှင် တစ်ယောက်ပါပဲ။ သူ့ကို ကျွန်တော်တို့က ဒီပုံစံလေး တွေကို လုပ်ပြ ချင်တယ်လို့ အကူအညီ သွားတောင်းတိုင်း ကိုသားစိုးက အခကြေးငွေ မယူဘဲ စပွန်ဆာ အနေနဲ့ ရေးပြီးတော့ ကျွန်တော်တို့ စိတ်ကြိုက် ဖြစ်အောင်ထိ တီးပေးပါတယ်။ အခု ကျွန်တော်တို့ လုပ်နေတယ် ဆိုတာကလည်း ကော်ပီလုံးဝ မပါပါဘူး။ သူတီး ပေးထားတဲ့ နတ်ဒိုးတွေ၊ မြန်မာ့ဆိုင်းဝိုင်း တွေနဲ့ပဲ ပရိသတ် ကြီးကို တင်ဆက် နေတာပါ ခင်ဗျာ။

ဖက်ရှင်က အနုပညာ သမားတွေ အတွက် ဘယ်လောက် အရေး ပါတယ်လို့ ထင်လဲ။


ဖက်ရှင်ကတော့ အနုပညာ ရှင်တွေ၊ ကျွန်တော်တို့ Dancer သမားတွေမှ မဟုတ်ပါဘူး။ ပြင်ပလူတွေ အတွက်လည်း အရေးပါ ပါတယ်။ ကျွန်တော်တို့ ကျတော့ ကျွန်တော်တို့ ၀တ်ပြတာကို တချို့ လူငယ်တွေက ကြည့်ကြမယ်လေ။ အခုဆို ကုန်ပစ္စည်း မိတ်ဆက်ပွဲတွေမှာ ကရမယ် ဆိုရင် ကျွန်တော်တို့ Dancer အဖွဲ့တွေ ၀တ်တဲ့ ၀တ်စုံတွေကို ကျွန်တော်တို့က Up to Date ဖြစ်တယ်လို့ သတ်မှတ်ထား တယ်လေ။ အဲဒီလို သတ်မှတ်ထား တဲ့အတွက် နောက်လူငယ်တွေ ကလည်း ရာသီဥတု အပေါ် မူတည်ပြီးတော့ လိုက်ဝတ်လို့ ရတယ်။ ဒါမှမဟုတ် ဒီထက်ပိုပြီး မြန်မာ နိုင်ငံနဲ့ Up to Date ဖြစ်အောင် ဖက်ရှင်တွေကို ထွင်ပြီး ၀တ်လို့လည်း ရတယ်။ ဖက်ရှင် ဆိုတာက အမျိုးမျိုး ရှိကြတယ်လေ။ အဲဒီ အထဲမှာမှ ကိုယ့်ရဲ့ပတ်ဝန်းကျင် ရာသီ ဥတုနဲ့ လိုက်လျောညီထွေ ရှိရမယ်။ အကောင်းဆုံး ကတော့ ကိုယ့်ခန္ဓာ ကိုယ်နဲ့ကိုယ့်ရဲ့ အသားအရေ အပေါ် လိုက်ဖက်မှု ရှိအောင်တော့ ၀တ်ပါလို့၊ အဲဒီလို ၀တ်မယ်ဆိုရင် ဖက်ရှင် ပိုကျမယ်လို့ ထင်ပါတယ်။

အကနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပညာပိုင်းတွေ ပြနိုင်မလဲ။


အကနဲ့ ပတ်သက်လို့ ကတော့ ကျွန်တော်တို့က ရှင်းပါတယ် ခင်ဗျာ။ အဆိုတော် တွေရဲ့ အနောက်မှာ လိုက်ကရင်က၊ မကရင် ကျွန်တော်တို့ ဘာသာ Hip Hop အကကိုပဲ ကရတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က Classic လိုင်းလေ ယောက်ျားလေးတွေ၊  မိန်းကလေးတွေ သီးသန့် Dancer တွေ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ အနေ အထားနဲ့ အတတ်နိုင်ဆုံး နိုင်ငံခြားက ကကွက်တွေကို ကော်ပီမယူ ဘဲနဲ့ ကျွန်တော်တို့ရဲ့ အရည် အချင်းနဲ့ ကိုယ်ပိုင် အစွမ်းအစ၊ ကိုယ်ပိုင် အရည်အချင်း တွေကို ပရိသတ်တွေ အတွက် ကကွက် ဆန်းဆန်းလေး တွေနဲ့ ဖျော်ဖြေမှာပါ။

ဖူးငုံ ပရိသတ်တွေ အတွက် ဘာတွေ ပြောချင်တာများ ရှိသေးလဲ။


ကျွန်တော်တို့ ဒီလိုမျိုး ပါဝင်ခွင့် ရတာကိုက အရမ်းကို ပီတိ ဖြစ်မိပါတယ်။ ဖက်ရှင်က လူငယ်တွေ အတွက် အရမ်းကိုလည်း အရေးကြီး ပါတယ်။ ဖူးငုံ မဂ္ဂဇင်း ကိုလည်း ကျေးဇူး တင်ပါတယ် ခင်ဗျား။
Stars INT'L Dance Studio အဖွဲ့သားတွေကိုလည်းေ ကျးဇူး တင်ပါတယ်။

 

 

 

 

 

ခြူးဟန်ကျော်
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

 

Last Updated on Friday, 13 January 2012 12:43