(Feb-2012)အင်တာနက် အသုံးပြုမှု အခြေခံ သုတ PDF Print E-mail
Written by ဟန်ဇော်   
Monday, 20 February 2012 12:44
Share |

ယခင်လမှ အဆက်
Compose mail toolbar  ကို အသုံးပြုခြင်း
Gmail ကပေးထားတဲ့ Compose mail toolbar  ကို အသုံးပြုတဲ့ ပုံစံကို ဆက်လက် လေ့လာကြ ပါမယ်။

cialis non genericcialis black generic viagra buy cialis Canada
argaiv1433

အီးမေးလ် တစ်စောင် ရေးသားတဲ့ အခါမှာ စနစ်ကျဖို့ လိုအပ်သလို၊ စာတစ်စောင် အတွက် လိုအပ်တဲ့ မွမ်းမံ ပြင်ဆင်မှုမျိုး ကိုလည်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပြုပြင် မွမ်းမံမှုများ အတွက် Compose mail toolbar  ကို အသုံးပြု နိုင်ပါတယ်။

ပထမ အနေနဲ့  Gmail က ပေးထားတဲ့ Compose mail toolbar  ကိုလေ့လာ ကြပါမယ်။ Compose mail toolbar  ထဲမှာ Bold, Italic,Underline, Font, Text Size, Text Color, Highlight, Emoticons, Link, Numbered List, Bullet List, Decrease Indent, Increase Indent, Quote, Left, Right, Center Text Allign ment, Remove Formatting နဲ့  Spell Checker တို့ ပါဝင်တာကို တွေ့ရပါမယ်။ Compose mail toolbar ဟာ email body ရဲ့ အထက်ဘက်မှာ တည်ရှိပါတယ်။ ဆက်လက်ပြီးတော့ Compose mail toolbar ထဲမှာ ပါဝင်တဲ့ အကြောင်းအရာများ အကြောင်းကို တစ်ခုချင်းစီ ရှင်းလင်းတင်ပြပေးသွားပါမယ်။


Bold (စာလုံးအမည်း)
Bold ဆိုတာကတော့ ကိုယ့်အနေနဲ့ ထင်ရှား စေချင်တဲ့ စာလုံးတွေကို သိသာ ထင်ရှားစေဖို့ ဖော်ပြတဲ့ အခါမှာ အသုံးပြုတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။ “သတင်း စာထဲမှာ စာလုံးမည်း ကြီးနဲ့ ပါလာမယ်နော်”ဆိုတဲ့ စကားကို ကြားဖူးကြမယ် ထင်ပါတယ်။ ထင်ရှားအောင် ထင်သာ မြင်သာရှိအောင် ဖော်ပြလိုတဲ့ အခါမှာ စာလုံး အမည်းကြီး များနဲ့ ဖော်ပြလေ့ ရှိပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ အီးမေးလ်ထဲမှာ ဖော်ပြထားတဲ့ အချက်အလက် တွေကို သိသာထင် ရှားစေလိုတဲ့ အခါမှာ Bold ကို အသုံးပြု နိုင်ပါတယ်။ စာဖတ်သူ အနေနဲ့ အထူး ပြုလိုတဲ့ စာလုံး ဒါမှမဟုတ် စာကြောင်းတစ်ခု အပေါ်မှာ selection  ပြုလုပ်ပါ။ ပြီးတဲ့အခါ Compose mail toolbar  ထဲကို Bold( B ) ကို ကလစ် နှိပ်ပေးလိုက်ရင် စာလုံး အမည်းကြီးတွေ ရသွားပါပြီ။

Italic (စာလုံးစောင်း)
Italic လို့ ခေါ်ဆိုကြတဲ့ စာလုံးစောင်းတွေကို အီးမေးလ် တစ်စောင် ရေးသားတဲ့ အခါမှာ လိုအပ် နိုင်ပါတယ်။ တစ်စုံ တစ်ယောက်ရဲ့ ပြောစကား၊ အဆို အမိန့်တစ်ခု၊ အကိုးအကား တစ်ခုကို ထည့်သွင်း ပြောဆိုလိုတဲ့ အခါမှာ စာလုံးစောင်း (Italic) တွေကို အသုံးပြုလေ့ ရှိပါတယ်။


စာဖတ်သူ အနေနဲ့ ကိုယ်ရေးတဲ့ စာထဲမှာ စာလုံးစောင်း လေးတွေနဲ့ ဖော်ပြဖို့ လိုအပ် လာခဲ့ရင် ကိုယ်အထူး ပြုလိုတဲ့ စာလုံး ဒါမှမဟုတ် စာကြောင်း တစ်ခုလုံးကို selection  ပြုလုပ်ပါ။ ပြီးတဲ့အခါ Compose mail toolbar ထဲက Italic( I ) ကို ကလစ် နှိပ်ပေးလိုက်ရင် စာလုံးစောင်း လေးတွေ ရသွားပါပြီ။

Underline (မျဉ်းသားခြင်း)
Underline ဆိုတာကတော့ ကိုယ့်အနေနဲ့ သိသာ စေချင်တဲ့ အကြောင်း အရာတွေကို သတိပြု စေလို တဲ့အခါမှာ အသုံးပြု လေ့ရှိပါတယ်။ Underline တွေက စာသားတွေ၊ စာလုံးတွေ၊ စာကြောင်းတွေရဲ့ အောက်ခြေမှာ တည်ရှိတတ် ပါတယ်။


စာဖတ်သူ အနေနဲ့ ကိုယ်ရေးတဲ့ စာထဲမှာ မျဉ်းသားပြီး ဖော်ပြဖို့ လိုအပ်တဲ့ စာသား၊ စာလုံး၊ စာကြောင်းတွေ ရှိလာတဲ့ အခါ ကိုယ့်အနေနဲ့ အထူး ပြုလိုတဲ့ အစိတ် အပိုင်းကို selection  ပြုလုပ်ပါ။ ပြီးတဲ့အခါ Compose mail toolbar ထဲက Underline ( U ) ကို ကလစ် နှိပ်ပေးလိုက်ပါ။ ဒီလိုဆိုရင် စာဖတ်သူရဲ့ စာသားတွေ အောက်ခြေမှာ မျဉ်းသားပြီး စာသားများကို ရရှိလာမှာ ဖြစ်ပါတယ်။

Font (စာလုံး)
Font ကို ဖောင့်၊ ဖွန့်လို့ အများက ခေါ်ကြပါတယ်။ စာရေးသူ အနေနဲ့ Font ကို စာလုံး ပုံစံလို့ပဲ ခေါ်ဆို ချင်ပါတယ်။ စကားလုံး(Word) ၊ စာလုံး (Font) ၊ စာလုံးပုံစံ (Font Stlye) ၊ စာလုံးဒီဇိုင်း (Font Design) ဆိုတဲ့ စကားတွေဟာ မြန်မာ စကားမှာ ရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီစကားတွေ အတိုင်း Font ကို စာလုံးလို့ပဲ ခေါ်ဆိုလို ပါတယ်။ စာလုံးကို ဖောင့်၊ ဖွန့်လို့  အသံလှယ်ပြီး အသုံးမပြု လိုပါဘူး။


Font ဆိုတာကတော့ ဘာသာစကား တစ်ခုအတွက် တည်ရှိနေတဲ့ စာလုံး ပုံစံများပဲ ဖြစ်ပါတယ်။ အင်္ဂလိပ် စာလုံး ပုံစံတွေကို လေ့လာကြည့်တဲ့ အခါမှာ Sans Serif နဲ့ Serif  ဆိုတဲ့ အင်္ဂလိပ် စာလုံးပုံစံ အုပ်စုကြီး နှစ်ခု တည်ရှိ နေတာကို တွေ့ရပါတယ်။ Sans Serif ဆိုတာ ကတော့  serif မပါဝင်တဲ့ Font များကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Serif ဆိုတာကတော့ Font  တစ်ခုရဲ့ အစွန်းနဲ့ ထောင့်တွေမှာ မျဉ်းကြောင်း အတိုလေး ပါဝင်တဲ့ Font  များကို ဆို လိုခြင်း ဖြစ်ပါတယ်။ လွယ်လွယ်ကူကူ နားလည်နိုင်ဖို့ ပူးတွဲဖော်ပြ ထားတဲ့ ပုံကိုလေ့လာ ကြည့်ပါ။ ရှင်းလင်း လွယ်ကူစွာ နားလည် သွားမယ်လို့ ယုံကြည်ပါတယ်။

အီးမေးလ် ရေးသားတဲ့ အခါ Font ရွေးချယ်ဖို့ လိုအပ် နိုင်ပါတယ်။ အခုလို လိုအပ် လာတဲ့အခါ Font (F) ကို ကလစ် နှိပ်လိုက်ပါ။ အဲဒီအခါ Font Style  (စာလုံးပုံစံ အမျိုးအစား) ရွေးချယ်နိုင်ဖို့ menu  တစ်ခုကျလာ ပါလိမ့်မယ်။ (ပူးတွဲပါ ပုံကို လေ့လာကြည့်ပါ။) ကျလာတဲ့ Font options ကနေ မိမိစိတ် ကြိုက်ဖြစ်မယ့် Font  တစ်ခုကို ရွေးချယ်ပြီး အသုံးပြု နိုင်ပါတယ်။


Text Size,Text Color, Highlight

Text Size,Text Color, Highlight  တို့ကို အသုံးပြုတဲ့ ပုံစံတွေကလည်း အထက်က တင်ပြခဲ့တဲ့ အသုံးပြု ပုံစံများနဲ့ ထူးထူးခြားခြား ကွာခြားနေခြင်း မရှိပါဘူး။ လုပ်ဆောင်ပုံချင်း မတူညီ ပေမဲ့ အသုံး ပြုရတဲ့ အသုံး ပြုပုံတွေ ကွာခြားခြင်း မရှိတာကြောင့် စာဖတ်သူ ကိုယ်တိုင် စမ်းသပ်သုံးစွဲ ကြည့်စေချင် ပါတယ်။


Text Size ကတော့ စာသားရဲ့ အရွယ်အစား အကြီး အသေးကို ကိုယ်စားပြုပြီး၊ Text Color ကတော့ စာသားရဲ့ အရောင် အသွေးကို ကိုယ်စား ပြုပါတယ်။ Highlight ကို အသုံးပြုပြီး စာသားတွေရဲ့ အပေါ်မှာ Color Highlight တွေနဲ့ ရေးခြစ်လိုက် သလိုမျိုး ပြုလုပ် နိုင်ပါတယ်။ ကိုယ်တိုင်စမ်းသပ် အသုံးပြု နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။
ဟန်ဇော်
This e-mail address is being protected from spambots. You need JavaScript enabled to view it
Ref:www.ag.idaho.gov, Getting Started with Google Apps
by Paul Darbyshire and Adam Darbyshire