အဖြူရောင် သတို့သမီး သီချင်းကို ခံစား ခဲ့ကြသူများ PDF Print E-mail
Written by ခြူးဟန်ကျော်   
Monday, 20 February 2012 16:27
Share |

ဖေဖော်ဝါရီလ အတွက် ခံစားသူတို့ အမြင် ကဏ္ဍလေးမှာတော့ တစ်နေ့တာ အမောပန်းတွေ  ဖြေနိုင်စေဖို့ တေးဂီတကို နားဆင်ကြတဲ့ ဖူးငုံ ပရိသတ်များက မိမိတို့ နားဆင် လိုက်ရတဲ့ သီချင်းလေး အပေါ်မှာရော၊ ကိုယ် ကြိုက်နှစ်သက်တဲ့ အဆိုရှင်တွေ ကိုပါ ဝေဖန် အကြံပြုနိုင်တဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။

discount generic cialisgeneric cialis no prescription buy viagra professional online tadalafil best price
argaiv1610

ဒီလအတွက် ရွေးချယ်ထားတဲ့ သီချင်းကတော့ အဖြူရောင်သတို့သမီး ဆိုတဲ့ သီချင်းလေးဖြစ်ပြီး Roll-1နဲ့ ထက်ထက်(Bobby Soxer ) က ရေးစပ် သီဆိုထားတာလည်း ဖြစ်ပါတယ်။  ဒီသီချင်းနဲ့ ပတ်သက်ပြီး သီချင်းချစ်သူ ဖူးငုံ ပရိသတ်တွေရဲ့ အမြင်တွေကိုလည်း ခံစားပေးပါဦး။

ညီလွင်ဖြိုး
ကျွန်တော့် နာမည်က ညီလွင်ဖြိုးပါ ခင်ဗျာ။ အဖြူရောင်သတို့သမီး သီချင်းကို ဘယ်သူ ဆိုထားမှန်း မသိခင်ကတည်းကကို ကျွန်တော် ကြိုက်နှစ်သက် ခဲ့ရတဲ့ သီချင်းဖြစ်ပါတယ်။ အခုလိုမျိုး သီချင်းရှင်ကိုပါ ကြေညာပေးလိုက်ပြန်တော့ ဖူးငုံ မဂ္ဂဇင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်မိပြန်ပါတယ်။နောက်တစ်ခုက ကျွန်တော်က Bobby Soxer ရဲ့ ပရိသတ်ပါ။ အမြဲ အားပေးနေပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

စုသက်နှင်း
ဒီသီချင်းလေးကတော့ ထူးခြားပါတယ်။ အချို့သီချင်းတွေဆို မိန်းကလေးက Melody ဆိုပြီးတော့ ယောက်ျားလေးကသာ Rap ဆိုတာပါ။ အခုပြောင်းပြန်လည်း ဆိုထားတယ်။ ဒီသီချင်းလေးက သတို့သမီးနဲ့ အင်္ကျီ အဖြူရောင်လေးရယ်၊ စိတ်ထားလေးကို ပေါင်းစပ်ပြီးတော့ ခံစားရေးဖွဲ့သီဆိုထားတဲ့ အတွက် ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကို ပြောပြီး မင်္ဂလာ ဆောင်လိုက်သလိုတောင် ခံစားရပါ တယ်။ တကယ်လည်း ကိုယ်တိုင်မင်္ဂလာ ဆောင်လိုက်ချင်တဲ့ အထိ ဆွဲဆောင်နိုင်ပါ တယ်။ Rap က အစ နူးနူးညံ့ညံ့လေး ဆိုတော့ တော်တော်လေးကို ကြိုက်ပါတယ်။

သီတာပြုံး

ကျွန်မနာမည်ကတော့ သီတာပြုံးပါ။ ဒီသီချင်းက သာမန်သီချင်း တစ်ပုဒ်တော့ မဟုတ်ဘူး ထင်ပါတယ်။ သီချင်းထဲမှာ ပါတဲ့ အကြောင်းအရာ လေးရယ်၊သံစဉ်လေးရယ်က လူကို ဆွဲဆောင်နိုင်စေပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားမယ့် သီချင်း တစ်ပုဒ်ပါ။ ချစ်သူတိုင်း လက်ထပ်တဲ့ အချိန်မှာ မင်္ဂလာ ခန်းမထဲမှာ အမြဲတမ်းပျံ့ လွင့်နေစေမယ့် သီချင်းမျိုးပါ။ သာမန် မဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို Hip Hop လူငယ် နှစ်ယောက်က ရေးစပ်သီဆိုထားတဲ့အတွက် သံစဉ်တွေကအစ ဆန်းသစ်နေတာကို တွေ့ရပါတယ်။ ဒီသီချင်းလေးကို တင်ဆက်ပေးတဲ့ ဖူးငုံမဂ်္ဂဇင်းကိုလည်း ကျေးဇူုးပါလို့ ပြောချင်ပါတယ်။

ဖူးငုံချစ်သူ စာရှုသူများ အတွက် ဒီလမှာတော့ မင်္ဂလာဆောင် အချစ်သီချင်း တစ်ပုဒ်အပေါ် ခံစားသူတို့ အမြင် ကဏ္ဍလေးက ခံစားချက်၊ ခံစား သူတို့ရဲ့ ရင်တွင်း ခံစားချက် အမှန် ခံစားမှုတွေကို ဖတ်ရပြီးပြီမို့ ကျေနပ် လိမ့်မယ်လို့ ထင်ပါ တယ်။ ဒီကဏ္ဍလေးကို နောက်လတွေမှာ လည်း ဒီ့ထက်မက ကောင်းမွန်အောင်လို့ ကြိုးစား တင်ဆက်ပေးဦးမယ်လို့ ပြောရင်း နှုတ်ခွန်း ဆက်လိုက်ပါတယ်။

ခြူးဟန်ကျော်
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)