ယဉ်ကျေးမှု
သူတို့အတွက် ယုံကြည်ကိုးကွယ်မှုဟာ ငါ့အတွက်တော့ မဟာတံတိုင်းကြီး သာယာညင်းပျောင်းမှုလေပြည်က အခြေအနေ အရပ်ရပ်ကို ဆုတ်ခွာလို့ တစ်ခါလောက် အောင့်နမ်းတဲ့သူကို သက်ဆိုင်ရာက ချီးမြှောက်တော်မူ၏ပဲ
argaiv1957
အဲဒီ သေနေတဲ့ စာအုပ်တွေကို မဖတ်ချင်လို့ အဲဒီငြီးငွေ့စရာ လက်ချာတွေကို မသင်ချင်လို့ ပေါင်မုန့်တစ်ဖဲ့အတွက် တိုက်ပွဲဝင်နေသူတွေကို ပွဲထုတ်လို့ မျက်မမြင် နှလုံးသားကို မမြင်အောင် ကြည့်တယ်။ တကယ့်အဖြစ်အပျက်ကို အိပ်မက်ကအနိုင်ယူ စိတ်ကူးဆိုတာကလည်း လူသားတိုင်းအတွက်ပေါ့ ဆောင်းမနက်ခင်းရဲ့ နေခြည်နွေးနွေးနဲ့အတူ အိပ်မက်တွေ ပိုချိုမယ်ထင်ရဲ့ ကမ်္ဘာကြီးသာ တကယ်လည်နေတယ်ဆိုရင် ဆွဲအားမဲ့စွာ ငါ့အပေါ် ကျလာမှာတွေ ငါကျသွားမယ့် အပေါ်တွေကို ကျော်ကြည့်လို့ ခုတော့ ကျည်ဆန်ရထားပေါ် တက်သွားလေရဲ့။
သုစံ၊ရွှေလှော်သား၊
အိမ်ကလေး
ရယ်မောသံတွေ ဆူညံခဲ့လို့ ပျော်ရွှင်မှုတွေနဲ့ ဖုံးလွမ်း သာယာမှုတွေ ပေးစွမ်းခဲ့တဲ့ အိမ်ကလေး။ စိမ်းညို့သစ်ပင်တွေနဲ့ စိုပြည်လို့ အေးမြတဲ့ သစ်ရိပ်တွေနဲ့ ငြိမ်းချမ်းခဲ့တဲ့ အိမ်ကလေး။ အခုတော့ အော်ဟစ်သံတွေနဲ့ ဆူညံလို့ ပျော်ရွှင်မှုတွေ ပျောက်ဆုံး ပူလောင်မှုတွေ ရရှိခဲ့ပြီ အိမ်ကလေးရယ်။ စိမ်းညို့တဲ့ သစ်ပင်တွေကြောင့် စိတ်ကြည်လင်မှု မရခဲ့သလို အေးမြတဲ့ သစ်ပင်ရိပ်ကြောင့် ငါ့ရင်တွေ မအေးမြနိုင်တော့ဘူး အိမ်ကလေးရယ်။ ဟိုအရင်ချိန်ကလို သာယာငြိမ်းချမ်း ပျော်ရွှင်ရယ်မောခဲ့တဲ့ အရာတွေ ဘယ်ဆီမှာလဲ အိမ်ကလေးရယ်။ ။
စနီ်္ဒညိုလင်း၊မုံရွာမြေ၊
အကြည့်
အကြည့်တစ်ခါ ငါ့ရင်လွှာကို ၀င်လာရိုက်ချိုး နင်စိုက်ပျိုးတယ် နှောင်ကြိုးသစ်ပင် ရစ်တွယ်ငင်၍ ရင်ကိုရိုက်ခတ် မုန်တိုင်းထစေ အပြုံးတွေစူး ရင်မှာရူးမိ သူမသိလည်း တွယ်ငြိမြဲစွာ အကြင်နာဖြင့် ရင်မှာပွင့်သည် တစ်ပွင့်ထိုပန်း မညှိုးနွမ်းခင် အနမ်းခြွေပါ ငါ့သခင်။ ။
ဂဃဏန
ဘာမှကို မကြားချင်ဘူး
နားကိုစုံပိတ်ထားလည်း မဖြစ်မနေလိုကြားနေရ ဂါဇာမှာ ဘယ်လောက် ပါကစ်္စတန်မှာ ဘယ်လောက် ဂျပန်မှာ ဘယ်လောက် ထိကြ၊ ခိုက်ကြ၊ သေဆုံးကြ။ နားကိုစုံပိတ်ထားလည်းမဖြစ်မနေမို့ ကြားနေရ ဆီဈေး ဘယ်လောက်ဆန်ဈေး ဘယ်လောက် အသားဈေး ဘယ်လောက် တက်နေ၊ တိုးနေ၊ ၀ယ်နေရ။
မင်းထင်၊ကန့်ဘလူ၊
ကျွန်တော် မစဉ်းစားတော့ဘူး
မစဉ်းစားဘူး အဖေ အမှားအယွင်းက မိသားစုထဲမှာ မျက်ရည်ဥခဲ့ရတဲ့ ညတွေပဲ နမူနာယူဖို့ သက်သေပြခဲ့တာ အပုပ်အသိုး ကိုယ်ကျင့်တရားတွေပဲ မစဉ်းစားဘူး အဖေ ကေသရာဇာလို စိတ်ဟာ မြင့်မြတ်မှုနဲ့ကင်းဝေးနေလို့ နောက်ကွယ်မှာ (ကျွန်တော်) မြက်စားတာမကြာခဏပဲ အနန္တဂိုဏ်းဝင်ထဲမှာ အဖေဆိုတဲ့ အရှိတရားက အိမ်တစ်လုံးရဲ့ “ခေါင်”ဆိုတဲ့ အမည်ပညတ်ချက် မဟုတ်လား မစဉ်းစားဘူး အဖေ နေ၀င်ခါနီးမှ မှောက်မှားရတယ်လို့ ချောက်ချားနေရတဲ့ သားတို့ ဘ၀တွေအကြောင်း ဟန်ဆောင်ဝတ်ရုံတစ်ခုအောက်က အမေ့ သံယောဇဉ်တွေအကြောင်း တိတ်တိတ်ကလေးပဲ မျိုချထားမယ် မစဉ်းစားဘူးအဖေ တကယ်ပါ.... ကျွန်တော် မစဉ်းစားတော့ဘူး။ ။
ဇွဲလူ
|