(Feb-2012)ဝေါဟာရ မှော်ရုံတောမှာ PDF Print E-mail
Written by ဦးအေးချစ်(EEAC)   
Friday, 24 February 2012 10:49
Share |

ပေါလိုက်တဲ့ရေ အဖွေးသား(Water)
မြန်မာပြည်မှာ“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်”ဆိုတဲ့ စကားကို လူတိုင်း သိကြပါတယ်။

cialis cialiscialis non generic buy brand viagra tadalafil best price
argaiv1182


(A meal for Seven days, But water for Only One Day).  လူ့အသက် ရှင်သန်ရေးအတွက် ရေရဲ့အရေးပါမှုကို ပိုင်ပိုင်နိုင်နိုင် ညွှန်းဆိုလိုက်တဲ့ ဆိုရိုးစကားလေးပါ။ လူ့ခန္ဓာကိုယ်ကို ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဆိုပြီး ဓာတ်ကြီး လေးပါးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီအထဲမှာမှ အာပေါလို့ ခေါ်တဲ့ ရေဓာတ်က လူ့ကိုယ်ခန်္ဓာရဲ့ သုံးချိုးနှစ်ချိုးကျော်ကျော်နဲ့ ဖွဲ့စည်းထားတာလေ။ ကမ်္ဘာကြီးကိုယ်တိုင်ကလည်း ဒီအတိုင်းပါပဲ။ ရေထုက ၇၀ ရာခိုင်နှုန်း ကျော်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ လူ့ဦးနှောက်က ရေ ၉၅ ရာခိုင်နှုန်း၊ အဆုတ်က ရေ ၉၀ ရာခိုင်နှုန်း၊  သွေးက ရေ ၈၂ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်း ထားလေတော့ လူ့ခန္ဓာ ကိုယ်ရဲ့ ရေဓာတ်က ၂ ရာခိုင်နှုန်းလောက် ကျဆင်းသွားရုံနဲ့ ရေဓာတ် ခန်းခြောက်ခြင်း  (Dehydration) ဖြစ်ပါလေရော။ ဒါကြောင့်  We Cannot Live Without Water. ရေမရှိရင် အသက် မရှင်နိုင်ဘူးလေ။

ရေလို့ ဆိုတိုင်းလည်း လူတွေသောက်သုံးလို့ ရတာ မဟုတ်ပါဘူး။ ရေချို (Freshwater) နဲ့ ရေငန် (Saltwater) ထဲက ရေချိုကိုသာ လူတွေသောက်သုံးနိုင်တာပါ။ ရေချိုကလည်း ရေငန်နဲ့နှိုင်းစာရင် အင်မတန်မှ နည်းပါးလှပါတယ်။ အဲဒီသောက်နိုင်တဲ့ ရေချိုကလည်း လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက် အတွင်းမှာ ကမ္ဘာပေါ်ကနေ တစ်ဝက် ကုန်ခန်းသွားပြီ ဖြစ်ပါတယ်။

ရှိတဲ့ရေချိုကလည်း အကြောင်းကြောင်းသော ညစ်ညမ်းမှုတွေကြောင့် မသန့်မပြန့်ဖြစ်လာကြတယ်။ စက်မှုနည်းပညာတွေကြောင့် စက်ရုံတွေ၊ စက်ယန်္တရားတွေ၊ ယာဉ်တွေ၊ စွန့်ပစ်ပစ္စည်းတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီး ရီးယားပိုးမွှားတွေကြောင့် ရေထုညစ်ညမ်းမှု (Water Pollution) တွေဖြစ်လာရပါတယ်။ ရေကြောင့် ကူးစက်ဖြစ်ပွားတဲ့ ရောဂါတွေ  (Waterborne Diseases) ကလည်း ပေါများလာတယ်လေ။ဒါကြောင့်မို့ ဒီကနေ့ခေတ်မှာ သောက်သုံးရေသန့်  (Purified Drinking Water) တွေ ပေါ်ပေါက် လာရတာပေါ့။ ဒီမှာ ကိုယ်တစ်သက်လုံး သောက်သုံးခဲ့သမျှ ရေတွေကရော သန့်ကြရဲ့လားလို့တောင် သံသယ ၀င်လာမိပါတယ်။

ဒီတစ်ခေါက်တော့ ဝေါဟာရမှော်ရုံတောမှာ ရေ(water) ကို ရှာပုံတော် ဖွင့်ကြည့်ကြမယ်လေ။ ရေဆိုတဲ့Water က နာမ်(Noun ) အနေနဲ့ရော၊ ကြိယာ (Verb)အနေနဲ့ပါ သုံးနိုင်ပါတယ်။ နာမ်ဆိုရင် ရေ၊ ကြိယာဆိုရင် ရေလောင်းသည်၊ ရေရောသည်။ Water ကို ‘s’ ထည့်လိုက်ရင်တော့ Waters ဖြစ်သွားပြီး ရေမျက်နှာပြင်၊ ရေပိုင်နက်၊ ရေထုထည်ဖြစ်လာပါတယ်။ Waterbed   က ရေသွင်းအိမ်သာ၊  Waterbird  ရေငှက်၊ Water-biscuit  က ဘီစကွတ်တစ်မျိုး၊ Waterborme(Adj) က ရေကြောင့်ပျံ့နှံစေသော၊ Water-bottle  က ရေပုလင်း Water-buffalo က ရေကျွဲ၊Waterbutt  က မိုးရေစု ဆောင်းတဲ့ ရေစည်၊ Water Cannon  က အကြမ်းဖက်လူအုပ်စု ဖြိုခွဲရာမှာ  သုံးတဲ့ ကိရိယာ၊ Water-cart  က ရေစည်တွန်းလှည်း၊Water-chestnut က ရေမှာပေါက်တဲ့ သစ်အယ်ပင်၊ Water chute  က ရေလွှာလျှောစီးတာ၊  Water closet(WC)  ရေဆွဲအိမ်သာ၊ Water colour က ရေဆေး၊ ရေဆေးပန်းချီကား၊ Watercooler ရေအေးခံစက်၊ Watercourse က ရေသွယ်မြောင်း၊ ရေလမ်းကြောင်း၊ Watercress က ကန်စွန်းရွက်၊ Waterfall က ရေတံခွန်၊  Water-Finder  က မြေအောက်ရေ ဒါမှမဟုတ် သတ္တုရှာဖွေသူ၊  Water fountain က ရေထွက်စိမ့်စမ်း၊ Waterfoul က ရေကြက်၊ Water-Front  ကရေတားတမံ၊  Waterfroat က မြို့ရဲ့ကမ်းနားပိုင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ရေတားတမံဆိုလို့ မြန်မာပြည်က ဟင်္သာတမြို့ကလေးကို သွား သတိရမိတယ်။ တစ်မြို့လုံးကို ရေတား တမံလို့ ခေါ်တဲ့ တာတွေနဲ့ ထုတ်ခတ်ထားတာပါ။ တာ အောက်က မြို့လေးပေါ့။ ၂၀၁၀ ပြည့်နှစ်ဟာ တစ်ကမ်္ဘာလုံးမှာ အပူချိန်စံချိန်တင်ခဲ့သလို ၂၀၁၁ ခုနှစ်ကလည်း တစ်ကမ်္ဘာလုံး မိုးတွေ ရွာ၊ မုန် တိုင်းတွေ တိုက်၊ ဆူနာမီလှိုင်းတွေ ထန်၊ ကမ်းတွေ ပြို၊ ရေတွေ ကြီးခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်း နိုင်ငံမှာဆိုရင် မြို့တော် ဘန်ကောက်မြို့တောင် ရေတွေကြီးလို့ ဘုရင့်နန်းတော်ထဲကိုတောင် ရေ တွေဝင်လာပါတယ်။ သက်ဆိုင်ရာ အရာရှိတွေ က နန်းတော်ထဲရေမ၀င်ရအောင် အုတ်တံတိုင်း ခတ်ဖို့ပြင်ဆင်နေတာကို ဘုရင်ကြီးသိသွားလို့ မခတ်ဖို့ တားလိုက်တယ်။ ပြည်သူနဲ့ အေးအတူ ပူအမျှ ခံစားသွားမယ်တဲ့လေ။ လေးစားအတု ယူစရာပါပဲ။

မြစ်ချောင်းပေါများတဲ့ နိုင်ငံတွေမှာ ချောင်း ပိတ်မြောင်းပိတ် လုပ်ပြီး၊ ရေအားလျှပ်စစ်ထုတ် ဖို့ ကြိုးစားနေကြတယ်။ ဆည်(Dan)၊ ရေလှောင် တမံ(Reservoir)၊ တူးမြောင်း(Canal) တွေ၊ ရေ အားလျှပ်စစ်စက်ရုံ(Hydropower Plant) တွေ ဆောက်လုပ်ကြတယ်။ နိုင်ငံတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပညာရှင်တွေနဲ့ တိုင် ပင်အကြံဉဏ်ယူပြီး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ရှိမရှိကိစ္စကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါတယ်။ တစ်လောက ပြည်သူနဲ့ အစိုးရ အပြန်အလှန် နားလည်မှု ရရှိခဲ့တဲ့ ဧရာဝတီမြစ်ဆုံ အောင်ပွဲကတော့ ဒီမိုကရေစီ ရလဒ်ကောင်းတစ် ရပ်ပါပဲ။ တကယ်တော့ နည်းပညာ ရှိရင် တခြား သော စွမ်းအင်အရင်းအမြစ်  (Energy Sourcess) တွေကနေလည်း သဘာဝပတ်ဝန်းကျင် မထိခိုက် စေဘဲ စွမ်းအင်ထုတ်ယူနိုင်ပါတယ်။ အမှန်တော့ ဒီလိုမျိုး နည်းလမ်းတွေကို ပိုမို ရှာဖွေရမှာပါ။

ကမ္ဘာ့ သမိုင်းမှာ ရေလောဘနဲ့ သက်ဆိုင်တဲ့ ရေစစ်ပွဲ (Water War) တွေ ပေါ်ပေါက်ခဲ့ဖူးပါ တယ်။ အထင်ရှားဆုံး တစ်ခုကတော့ ရှေးခေတ် အိနိ္ဒယနိုင်ငံမှာ ရောဟဏီမြစ်ရေ ခွဲဝေသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ရေစစ်ပွဲကြီးပါ။ နှစ်ဖက် ပြေလည်မှု ရရှိအောင် ဘုရားရှင်ကိုယ်တော်တိုင် ကြားဝင် ဖျန်ဖြေတရားပြတဲ့အတွက် ငြိမ်းချမ်းရေး ရရှိခဲ့ တဲ့ သာဓက ရှိပါတယ်။ ရေဟာ အဲဒီလောက် အရေးပါခဲ့တာပါ။ နောင်ကိုရော ဒီလိုအလားတူ ဖြစ်ရပ်မျိုးတွေ ပေါ်မလာနိုင်ပေဘူးလား။

အင်းပေါ့လေ။ ရေကိုဂရုဓမ်္မပြုတဲ့ စိတ် ရှိ နေဖို့လိုတာကတော့ သေချာလှပါတယ်။ အလား တူပါပဲ။ အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝဖို့ ရေဆိုတဲ့ Water  တစ်လုံးကို စသိလိုက်တာနဲ့ ဂရုပြုရမယ့်  နောက်ထပ်ဝေါဟာရတွေက တသီတတန်းကြီးပဲ မဟုတ်ပါလား။ ကြည့်လေWater-glass က တာ ရှည်ခံရေလွှာအကာ၊ Waterhan တောရေ ကြက်၊ Water-hole က ရေပေါက်၊ Water-ice က အချိုရေခဲထုပ်၊Water-jacket  က စက်တွေ အေးဖို့သုံးတဲ့ ရေတိုင်ကီ၊ Water-jump  က ရေ အတားအဆီး၊Water- level က ရေမျက်နှာပြင်၊Water-lily က ကြာပန်း၊ Water-line  က သင်္ဘော ဘေးထိ ရေမျက်နှာပြင်၊ Water-togged  က ရေရွှဲနစ်နေသော၊ Water-main  က ပင်မရေသွယ် ပိုက်ကြီး ၊Waterman က ကူးတို့လှေသမား၊ Watermark  က ရေစာအမှတ်၊ Watermelon က ဖရဲသီး၊ Watermill က ရေအားစက်ရုံ၊Water -mymph  က ရေနတ်သမီး၊Water-Polo  က ၀ါတာပိုလို ကစားနည်း၊ တစ်နည်းအနေနဲ့ ရေထဲ ဘောလုံးပစ် ကစားနည်း၊Water-Power က ရေအား၊ Water proff  က ရေလုံသော၊ မိုးရေခံ သော၊ Water-rat(-vole)  က ရေစပ်နေကြွက်တူ တိရစ္ဆာန်တစ်မျိုး၊ Water Shed က တာတမံ၊ ရေဝေတောင်ကြော၊Water-Side  က ရေနားကမ်း စပ်၊Water-skiing  ရေလွှာလျှောစီးကစား နည်း၊ Water-skin  က ရေသယ်အိတ်ပါး၊ Water-softener က ရေကြောမာဖြိုခွဲ ကိရိယာ၊Water-spaniel  က ရေကူးတတ်တဲ့  နားရွက်ရှည် စပန်နီ ယယ်ခွေးမျိုး ဖြစ်ပါတယ်။ ရေဆိုတဲ့ Water တစ်လုံးသိရုံနဲ့ ဝေါဟာရအတော်များများ သိရ တယ်နော်။

သိရဆို ရေကအရေးကြီးလေတော့ ရေနဲ့ ပတ်သက်တဲ့ စကားပုံတွေ၊ ဆိုရိုးစကားတွေက လည်း တစ်ပုံတစ်ပင်ပါပဲ။ ရေစီးတစ်ခါ ရေသာ တစ်လှည့်တဲ့။ ရေမျောကမ်းတင်။ ရေသာခို အချောင်လိုက်။ ရေအဆုံး ကုန်းတစ်ဝက်။        မိကျောင်းမင်း ရေခင်းပြ၊ ရေကိုသား၍ အကြား မထင်သလို။ ရေဘူးနဲ့ ဖိနပ်မပါရင်  နွေအခါမှ သိမယ်။ ဒါနနဲ့ သီလမပါရင် သေခါမှသိမယ်။ ရေကြည်ရာ မြက်နုရာ။ ရေကြောမြေကြော လိုက်။ ရေငုံနှုတ်ပိတ်။ ရေစက်ဆုံ။ ဒီမြေမှာနေ ဒီရေကို သောက်။ ရေခံမြေခံ။ ရေခြားမြေခြား။

ရေနစ်သူ ၀ါးကူမထိုးနဲ့။ ရေလိုက်ငါးလိုက်၊ ရေ မြင့်လေ ကြာတင့်လေ။ နေမြင့်လေ အရူးရင့်လေ။ ရေအကြောင်း မြန်မာစကားပုံဆိုရိုးစကားတွေက မနည်းလှပါဘူး။ ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တွေ ကြောက်လန့်ကြတဲ့ ရန်သူမျိုးငါးပါးထဲမှာ ရေကလည်း အပါအ၀င်ပါ။ ကြည့်ပါလား။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော သူတဲ့။
ရေကို ရန်သူတွေရဲ့ ထိပ်ဆုံးမှာထားတာ။ အမှန်တကယ်တော့ ရေကို မြန်မာတွေ အတော့်ကို တန်ဖိုး ထားတတ်ကြပါတယ်။ လှူဖွယ်ဝတ္ထု ပစ္စည်းတွေထဲမှာတောင် ရေကို နေရာပေးထားပုံကို ကြည့်၊ဆွမ်းအကျိုး ငါးပါး၊ ရေအကျိုး ဆယ်ပါးတဲ့။ ရေအကျိုး မတောင်းဘဲ ပြည့်တယ်တဲ့လေ။မြန်မာ့ရုပ်မြင်သံကြားမှာလည်း ကြည့်ဖူးကြမှာပါ။ဆရာကြီးဦးသုခ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ်မှာ။ ဆွမ်း လှူတာက ဒေါ်မေကြည်သိန်း၊ရေလှူတာက ဒေါ်ဂွက်ထော်။ ဆွမ်းအကျိုး၊ ရေအကျိုး ရလဒ်အရေအတွက် နှိုင်းယှဉ်တဲ့ ပြဿနာကို ဇာတ်ကားထဲမှာ ဘုန်းဘုန်းလုပ်ရတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးတုတ်ပေါကြီး ခေါင်းကုတ် ဖြေရှင်းပေး လိုက်ရပုံ။ အတော်လေးကို အသိသုတ ရလိုက်ကြတယ်လေ။

သက်ကြီးစကား သက်ငယ်ကြားဆိုသလို စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ်္ဏ၊ စွယ်စုံအနုပညာရှင် သုမောင်၊ ရုပ်ရှင်သရုပ်ဆောင် ရူပနဲ့စာရေးဆရာ မင်းလူတို့ရဲ့ မိခင်ကြီး။ စာရေးဆရာ၊ ဒါရိုက်တာကြီးဦးသာဓုရဲ့ ဇနီး။ အမေညိုခေါ် အငြိမ်းစားကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ညို ပြောပြဖူးခဲ့တဲ့ ရေချိုးစနစ်အကြောင်းလေး မှတ်သားခဲ့ဖူးသမျှက ဒီလိုပါ။“ဆောင်း တစ်ဆယ်၊ နွေကိုး၊ မိုးခုနစ်၊ ရေချိုးစနစ် အကျိုးဖြစ်”တဲ့။ ရေကိုတောင် အချိန်နဲ့ရာသီနဲ့ ကိုက်ညှိပြီး ချိုးတတ်ရင်ကျန်းမာတယ်ပေါ့။    ဟုတ်ပါတယ်။ လူ့ခန်္ဓာကိုယ်ယန္တရားကြီး ပုံမှန်မောင်းနှင်နိုင်ဖို့ဆိုတာ မော်တော်ကား တစ်စီးထဲမှာ“ဆီ၊ ရေ၊ လေ၊ ၀ိုင်”လိုအပ်သလိုပါပဲ။ အရေးကြီးလှပါတယ်။ ရေဟာ လူ့ခန္ဓာကိုယ် အတွက် အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပုံကို လေ့လာအကဲခတ်ကြည့်ပါဦး။

(၁) ရေဟာ လူ့ခန္ဓာကိုယ်အတွက် ချောဆီ( Lubricant) သဖွယ်ဆောင် ရွက်ပေးပါတယ်။
(၂) ရေဟာ တံတွေး၊ သွားရည်တို့အတွက် အခြေခံဖွဲ့စည်းမှု
ပြုလုပ်ပေးပါတယ်။
(၃) ရေဟာ အဆစ်အမြစ်တွေ (Joints) ကို ၀န်းရံထားတဲ့ အရည် (Fluid) ကို ဖွဲ့စည်းပေးပါတယ်။
(၄) ရေဟာ ချွေးထွက်ခြင်းအားဖြင့် အေးစေခြင်း၊ ပူစေခြင်းတွေကို ဖြစ်စေတဲ့အတွက် လူ့ခန်္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။
(၅) ရေဟာ အူသိမ်လမ်းကြောင်း (Intestinal tract)က တစ်ဆင့်
အစားအသောက်တွေကို ရွေ့လျားစေပြီး၊ အညစ်အကြေးတွေကို သုတ် သင်ဖယ်ရှားပေးခြင်းအားဖြင့်
ဝမ်းချုပ်ခြင်းကို သက်သာပြေပျောက်စေဖို့ ကူညီပါတယ်။
(၆) ရေဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ်္မဖြစ်ပျက်မ(Metabolism)  ကို ထိန်းညှိပေးဖို့ ကူညီပေးပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင်  Water Therapy ဆိုတဲ့ ရေကုထုံးနဲ့ ရောဂါမျိုး စုံကို ကုစားပေးပါတယ်။ ရေတစ်မည်နဲ့ ရောဂါအထွေထွေ ကုသနည်းပဲ ဖြစ်ပါတယ်။ ရေကိုတစ်နေ့ ရှစ်ခွက်သောက်သုံးပေးခြင်းအားဖြင့် ရောဂါဘယတွေကို ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ရေကို ဆာမှသောက်တတ်တဲ့ အလေ့အကျင့်က အန္တရာယ်ရှိနိုင်ပါတယ်။ ဆာ ဆာ မဆာဆာ၊ လိုအပ်ချက်အရပုံမှန် သောက်သုံး သွားသင့်ပါတယ်။
အလျဉ်းသင့်တုန်း ရေသောက်နည်းကောင်း တစ်ခုကို လက်ဆင့်ကမ်း အကြံပြုရမယ်ဆိုရင်-
(၁)    ရေငတ်မှုကို အာသာပြေပျောက်စေနိုင် တဲ့ ပမာဏထက်ပိုပြီးရေကိုနှစ်ဆ သောက်ပေး ပါ။
(၂)  ရေဓာတ်ခန်းခြောက်တာကို ကြိုတင် ကာကွယ်ဖို့တစ်နေ့တာလုံး မကြာခဏရေသောက် ပေးပါ။
(၃) ရေကို နေ့စဉ်အနည်းဆုံး ဖန်ခွက် ရှစ်ခွက်သောက်ပေးပါ။ ဒါမှမဟုတ် ခန္ဓာကိုယ် အလေးချိန်ပေါင် နှစ်ဆယ်တိုင်းအတွက် ရေတစ် ခွက်နှုန်း သောက်ပေးပါ။ ဥပမာ-လေ့ကျင့်ခန်းမလုပ်တဲ့၊        ပူပြင်းတဲ့ ရာသီဥတုမှာ အလုပ်မလုပ် တဲ့ သူဆိုရင် သူ့ရဲ့ ခန်္ဓာကိုယ် အလေးချိန် ပေါင် ၁၅၀ လေးရင်၊ နေ့စဉ် ရေ ၇.၅ ခွက်လိုအပ်မှာ ဖြစ်ပါတယ်။

သြော်- ကျန်းမာစွာ အသက်ရှင်ရေး အတွက် ရေအာဟာရ အကြောင်း  အတော့်ကို စုံစုံလင်လင် ပြောပြနေရတာပါ။ ရေနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ် ဝေါဟာရတွေက မကုန်နိုင်သေးပါဘူး။Water-spout က ရေထုတ်ပြွန် Water -supply  က မြို့ပြ ရေပေးဝေရေး စနစ်လုပ်ငန်း။ Water table  က မြေအောက် ရေချိန်။ Watertight  က ရေလုံသော၊ ရေမစိမ့်နိုင်သော၊ Water-tower က ရေစင်၊ Water-wagom က ရေလှည်း။Waterway က ရေလမ်းကြောင်း၊ Who-wheel  က ရေအားသုံး ဘီး၊ Water-wings က ရေကူးသင်သူတွေ ၀တ် တဲ့ ဖော့ဗော၊ Waterworks က ရေထိန်းသိမ်းမှု စနစ်၊ ရေပေးလုပ်ငန်း၊ Waterworn က ရေစား ထားသော၊ Watering Can က အပင်ရေဖျန်း ရေဘူးရှည်၊Watering-cart  က ရေဖျန်းလှည်း၊ Watering-place က ရေထွက်၊Watered silk က လှိုင်းတွန့်ပါပိုးသားအထည်၊ Watering soup က အရည် ကျဲဟင်းချို၊ Soda-water  က ဆိုဒါရေ၊ Rose-water  က နှWater Pistol, Water gun   က ကလေးဆော့ရေသေနတ်၊ Water meadow က ရေလျှံ ကွင်း၊Water-resistant  က ရေလုံသော ဖြစ်ပါတယ်။

ရေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ရိုးရာဓလေ့သုံး စကား(Idiom) တွေကတော့ Be in/get into hot water  က ဒုက္ခလှလှတွေ့Throw water water on sth  က စိတ်ပျက်အောင်လုပ်တာ။hold water  က ခိုင်လုံတာ၊  at hight water က ဒီချ တက်ချိန်မှာ၊ at low water က ဒီရေကျချိန်မှာ၊In low water  က ငွေပြတ်နေလျက်၊ Put water on က ရေလောင်းတာ၊ ရေဖျန်းတာ၊ Give water on က ရေပေးတာ၊ ရေတိုက်တာThrow water on  ကရေပက်တာ၊ By water  က ရေလမ်းခရီး ဖြင့်၊It's all water under the bridge  က အရေး မပါတဲ့ အတိတ်ဖြစ်ရပ်တွေ၊ Like water က (he spend money like water ပိုက်ဆံကို ရေ လိုသုံးတာ၊ A woman's water break  က ရေကိုလည်း ပြန်ငဲ့ကြည့်မိပါတယ်။ပင်လယ်ကြီးကိုတင်တစောင်းချိတ်ထိုင်ထားပြီး၊ မြစ်ချောင်း၊ အင်း၊ အိုင်ပေါများပါတယ်ဆိုတဲ့ ရွှေနိုင်ငံ။ တကယ်တမ်းကျတော့ ရေကောင်းရေသန့်ရေချို ရှားပါးပြတ်လပ်နေတဲ့ ဒေသတွေကဒုနဲ့ဒေး။ အထူးသဖြင့် အလယ်ပိုင်း  Dry Zone, အညာဒေသတချို့မှာ လက်ယက်တွင်း (Make shift warter hole)  တွေကနေ မိသားစုအတွက် သောက်သုံးရေ တစ်အိုးလောက်ရဖို့ ဘ၀နဲ့ရင်းနှီးခဲ့ရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ကြောင်း ကြားဖူးပါတယ်။ အခုတော့ မြစ်ရေတင် လုပ်ငန်းတွေ၊ မြေအောက်ရေတူးဖော်ရေး လုပ်ငန်းတွေ ရှိလာလို့ သက်သာရာ ရလာကြပါတယ်။

နောင်တစ်ချိန်မှာ ရေဟာ စိန်ရွှေရတနာတွေထက် တန်ဖိုးကြီးတဲ့  ကုန်ပစ္စည်း ဖြစ်လာနိုင်ပါတယ်။ တိုက်ခိုက် လုယက်ဖို့ ထိုက်တန်တဲ့ အရာ တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သေရေးရှင်ရေး ကိစ္စကြီးပါ။
လူအချင်းချင်း၊ အုပ်စု အချင်းချင်း၊ နိုင်ငံအချင်းချင်းတောင် ရေလုစစ်ပွဲတွေ ဖြစ်လာ နိုင်ကောင်းပါရဲ့။ ဒါပေမဲ့ ဒီလိုမျိုး စစ်မက်ဖြစ်ပွား မှုတွေကို ရှောင်ရှားနိုင်ဖို့ အခုအချိန်အခါမှာ သင်ကိုယ်တိုင် ကူညီဖြေရှင်းနိုင်တဲ့ စွမ်းပကားတွေ ရှိနေပါသေးတယ်။ ဘာမှ ကြီးကြီးကျယ် ကျယ်မဟုတ်ပါဘူး။ ရိုးရိုး လွယ်လွယ်လေးပါပဲ။သွားတိုက်၊ မျက်နှာသစ်နေစဉ်မှာ ရေပိုက်ခေါင်းကို ဖွင့်မထားမိဖို့ရယ်၊ မော်တော်ကားတွေကို အကြိမ်လျှော့ပြီး ဆေးကြောဖို့ရယ်။ ရေစိမ့်နေတဲ့ ပိုက်ခေါင်းတွေကို ၀ါရှာကွင်း(Washer)  လဲလှယ်ပေးလိုက်ဖို့ရယ်။ လမ်းသွားစင်္ကြံတွေကို ရေနဲ့ထိုးဆေး(Hosing)  လုပ်မယ့်အစား လှည်းကျင်း(Sweeping)  ပေးဖို့ရယ်။ ရေချိုးတုန်း ဆပ်ပြာ တိုက်နေစဉ်မှာ ရေပိုက်ခေါင်းကို ပိတ်ထားမိဖို့ရယ်။

ရေကိုကိုယ်သောက် နိုင်သလောက်ကိုသာ ခပ်သောက်ပြီး သွန်မပစ်မိဖို့ရယ်။ အဲဒီ“ရယ်”ပေါင်းများစွာကိုသတိပြု ဆင်ခြင်နိုင်ဖို့ပါပဲ။ မခက်ခဲလှပါဘူး။ ဒါပေမဲ့ စက်္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်၊ လ၊ နှစ်နဲ့ ချီပြီး ကြာလာတာနဲ့အမျှ၊ ရေကို ချွေတာ စုဆောင်းထား ပေးနိုင်တာကတော့ ပမာဏ မသေးငယ်လှပါဘူး။ အများကြီး အကျိုး ဖြစ်ထွန်းစေမှာပါ။ ရေကြောင့် တတိယကမ္ဘာစစ်ကြီး(World War III)  ဖြစ်ပွား မလာရအောင်တောင်အကျိုးပြုနိုင်လေရဲ့။

နောက်ပြီး ချစ်စရာ မြန်မာ့ရိုးရာ အစဉ်အလာလေး တစ်ခုဖြစ်တဲ့ “ရေချမ်းစင်(Public drinking water stand) ကိုလည်း ပျောက်ကွယ် မသွားစေချင်ပါဘူး။ဘ၀ခရီးလမ်းအမျိုးမျိုးမှာ စုန်ချည်ဆန်ချည် လျှောက်လှမ်းနေရတဲ့ သံသရာ ခရီးသည်တွေအတွက် ကန္တာရကြီးထဲက အိုအေစစ်လေးလို အနွမ်းဖြေ၊ အပန်းပြေစေရာ ရင်ကို အေးမြစေသား အရသာကို ပေးစွမ်းနိုင်လို့ပါ။ နောက်ဆုံးအနေနဲ့ ရေကို အထူးအလေးထားပြီး ကမ္ဘာ့ ကုလသမဂ်္ဂ အဖွဲ့ကြီးက ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့မှာ ၁၉၉၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က United Nations Conference On Enviroment and Development  ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကနေ မတ်လ  ၂၂ ရက်နေ့ ရောက်တိုင်းနှစ်စဉ် ကမ်္ဘာ့ရေနေ(World Water Day)  ကျင်းပဖို့ ဆုံးဖြတ်သတ်မှတ်ပေးခဲ့ပါ တယ်။ ပထမဦးဆုံးအကြိမ် ကမ္ဘာ့ ရေနေ့ကို ၁၉၉၃ ခုနှစ်က စတင်ကာ နှစ်စဉ်ကျင်းပ လာခဲ့ကြတာ ယနေ့တိုင်ပါပဲ။ဆယ်ကျော်သက် ဖူးငုံလေးတို့ရေ-အသက်ရှင်သန်ရေးအတွက် “လေ”ပြီးရင် မရှိမဖြစ် အရေးအကြီးဆုံး ဖြစ် တဲ့ “ရေ”ကို နေ့စဉ်သောက်သုံးသွားတဲ့ အခါ တိုင်းမှာ ရေရဲ့ ကျေးဇူး၊ ရေရဲ့ တန်ဖိုး၊ ရေရဲ့ အရေးပါမှု၊ ရေရဲ့ ဂုဏ်ဒြပ်တွေကို မမေ့ မလျော့ မပေါ့မဆဘဲ သတိနဲ့ယှဉ်ကာ ဆင်ခြင်နှလုံးသွင်းပြီး၊ ပြုမူဆက်ဆံနေထိုင် သွားဖို့ လေးလေးနက်နက် တိုက်တွန်းမှာ ကြားလိုက်ပါရစေတော့။
"Treat Water With Respect"

ဆယ်ကျော်သက် ထက်မြက်ပါစေ
ဦးအေးချစ်EEAC
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)