အလှအပကို စိတ်မ၀င်စားတဲ့သူ PDF Print E-mail
Written by သင်းပပ   
Thursday, 15 March 2012 11:08
Share |

အနုပညာရှင် ဖြစ်လာပြီ ဆိုရင် အနုပညာ အရည်အချင်း ပြည့်ဝ နေရုံမက ပရိသတ် ရှေ့မှောက် ဖျော်ဖြေဖို့ အတွက် အလှအပ၊ ဖက်ရှင်ရေးရာကိုလည်း စိတ်ဝင်စားကြရပါတယ်။

cialis 20mgbuy cialis cheap buy brand viagra generic cialis
argaiv1101

ဒါပေမဲ့ ဒီတစ်ပတ် ဖော်ပြမယ့် တေးသံရှင် ရတနာ မိုင်ကတော့ အလှအပကို ဦးစားပေးမှု ရာခိုင်နှုန်း နည်းပါးသူ တစ်ဦးပါ။

ညီမလေး ရတနာမိုင် အများဆုံး လုပ်ဖြစ်တဲ့ အလှအပရေးရာ၊ Skin Care အမျိုးအစားက ဘာဖြစ်မလဲလို့ မေးကြည့်လိုက်တော့ ဆံပင်ပေါင်းတင် ပြုပြင်တာက လွဲရင် တခြားအရာတွေကို သိပ်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။ ရတနာမိုင်က ငယ်စဉ်ကတည်းက အလှအပကို သိပ်စိတ်မ၀င်စားခဲ့ သူဖြစ်ပြီး အနုပညာရှင် ဖြစ်မှသာ အနည်းငယ် လုပ်ဖြစ်တာပါ။ “အရင်ကတော့ တစ်ခါတလေ Body Scarb တို့၊ မျက်နှာ ပေါင်းတင်တာမျိုးတို့ လုပ်ဖူးတယ်။ အခုတော့ သိပ်မလုပ်ဖြစ်တော့ဘူး။ ဆံပင်ကိုတော့ ခဏခဏ ပေါင်းတင်တာတို့ ဘာတို့လုပ်တယ်။ အလှအပကို ဒီလောက်ကြီးတော့ အမြဲလိုလိုတော့ မလုပ်ဖြစ်ဘူး။ ကိုယ်က အနုပညာရှင် ဆိုတော့လေ ခရီးက ပြန်လာရင်၊ ပင်လယ်ကမ်းခြေဘက်ကပြန်လာရင် Skin Care ပြန်လုပ်တယ်။ အဲဒီတော့မှ မျက်နှာတို့ ဘာတို့ကို ပေါင်းတင်ဖြစ်တယ်ပေါ့။ ကြေးချွတ်တာတို့ Body Scarb တို့ကတော့ ကြုံမှပဲလုပ်ဖြစ်တာ။ တစ်လ၊ တစ်ပတ်ဆိုတာမျိုး မသတ် မှတ်ထားဘူး” လို့ ရတနာမိုင်က ဆိုပါတယ်။

ရတနာမိုင်က လက်သည်း၊ ခြေသည်း အလှဆင်တာကိုလည်း အလှ ဓာတ်ပုံ၊ ဗီစီဒီ၊ ဗီဒီယိုတွေ ရိုက်မယ်ဆိုမှသာ လုပ်လေ့ရှိပါတယ်။ “ဒါတောင်မှ သမီးက တစ်ခါတလေ ရှိုးပွဲ သွားရင်တောင်မှ ကိုယ့်ဟာကိုယ် အလှပြင်တယ်။ လက်သည်း၊ ခြေသည်း အလှဆင်တယ်” လို့လည်း ပြောပြပါတယ်။ ရတနာ မိုင်က ဆံပင်နဲ့ ပတ်သက်လို့ ပြုပြင်ရတာကို ၀ါသနာ ပါပေမဲ့ ပုံစံမျိုးစုံ ပြောင်းလဲရတာကိုတော့ မနှစ်သက်သူပါ။ “သမီးကလေ ဆံပင် အဖြောင့်နဲ့ပဲ လိုက်ဖက်တယ်လို့ ကိုယ့်ကိုယ်ကို ခံစားရတယ်။ တစ်ခါတလေတော့ ကောက် ဖူးတယ်။ ဒါကလည်း အလှဓာတ်ပုံ ရိုက်တုန်းခဏပဲ အလှ ကောက်တာပါ။ အမြဲတမ်း အကောက်ပုံစံကို မကြိုက်ဘူးလေ” လို့လည်း ရတနာမိုင်က ဆိုပါတယ်။

ဆံပင်နဲ့ ပတ်သက်ပြီး ဖြောင့်စင်းနေတဲ့ ပုံစံလေးကို မြင်ရရင် စိတ်ထဲမှာ ကြည်နူးနေတတ်တဲ့ ရတနာမိုင်က ဆံပင်ကိုတော့ အမြဲဂရုတစိုက် လုပ်လေ့ရှိ သူပါ။ ခရီးတွေ အသွားများလို့ အလှပြုပြင်ဆိုင် မရောက်ဖြစ်ခဲ့ရင်လည်း ပေါင်းတင် ပစ္စည်းတွေနဲ့ ကိုယ်တိုင် ဆံပင်ပေါင်းတင်လေ့ ရှိတယ်လို့လည်း သိရ ပါတယ်။

အနုပညာရှင် ဖြစ်တဲ့အတွက် သီချင်းတွေလည်းဆို၊ သရုပ်ဆောင်လည်း လုပ်နေတဲ့ သူဖြစ်တဲ့ အတွက် တစ်ခါတစ်ရံမှာ ဆံပင် ပုံစံကို လိုသလိုပြောင်းလဲ ရမယ် ဆိုရင်ရောလို့ ဆိုတော့ “သမီးက အနုပညာရှင် ဆိုတော့လည်း တတ်နိုင် သလောက် သဏ္ဌာန်ရုပ်၊ သရုပ်တူအောင် လုပ်ပေး ရမှာပေါ့လေ။ ဒါပေမဲ့ အခုထိတော့ ဆံပင်ကို လုံးဝ ပြောင်းလဲပစ်ရတဲ့ဟာမျိုးတော့ မကြုံရသေးဘူး။ သမီးက သီချင်းတွေ အဆိုများတော့ ကိုယ့်စိတ်ကြိုက် ဖက်ရှင်နဲ့ ကိုယ့်ဆံပင် အဖြောင့်လေးနဲ့ အဆင်ပြေနေပါတယ်” လို့ ဖြေပါတယ်။ ရတနာမိုင်က လတ်တလောမှာတော့ နယ်ရှိုးတွေ အထွက်များပြီး ဒုတိယတစ်ကိုယ်တော်ခွေ အတွက်လည်း ကြိုးစား နေပါတယ်။

သင်းပပ
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)