(March-2012)လက်သစ်ကဗျာ
side effectstadalafil online viagra online here order cialis online no prescription
argaiv1389
Thursday, 15 March 2012 11:41
Article Index
(March-2012)လက်သစ်ကဗျာ
Page 2
Page 3
Page 4
All Pages
Share |


သမိုင်းစာမျက်နှာမှာ မေတ္တာတရားသက်သက်
ခုတ်မောင်း ခရီးဆက်ခဲ့တဲ့... ကဗျာ
အမုန်းစာရင်းက ဖြေလျော့အပြီး သူ့လက်ဖ၀ါးမှာ
အားကောင်းမောင်းသန် မိတ္တူတွေ ပွားထားတဲ့ကဗျာ
ငြိမ်းချမ်းရေးအရိပ်မှာ မှေးစက်နားခိုဖို့
ဒုက္ခတောမှာ အကြောက်တရားကင်းကင်း... ရင်းခဲ့တဲ့ကဗျာ
သူ့အမွေမှာ သူ့ရေ သူ့မြေဟာ
မော်ကွန်းအသစ်အသစ်တွေနဲ့ ချစ်စရာ့... ကဗျာ
ဒီလိုနဲ့ သူ့ဘ၀ဟာ
ကဗျာထဲကဟန် ကဗျာထဲကစံတွေနဲ့
ရစ်သမ်မှန်မှန် စီးဆင်း
ချစ်ခြင်းဖွဲ့ နိမိတ်ပုံတွေရဲ့ အစုန်အဆန်ခရီးမှာ
(မျှော်လင့်ခြင်းံကြီးစွာ)
အချည်းနှီး ပေးဆပ်ခဲ့တဲ့ ကဗျာ
အဲဒါ...လေ
အမေ။

ညိမ်းထက်