(March-2012)လက်သစ်ကဗျာ - Page 3
free cialis samplescialis 20mg viagra generic vs brand tadalafil tablets
argaiv1516
Thursday, 15 March 2012 11:41
Article Index
(March-2012)လက်သစ်ကဗျာ
Page 2
Page 3
Page 4
All Pages
ကန္တာရဂီတ
ဒီနှစ်နွေရောက်တာ စောလွန်းတယ်
ငါ့ရင်ခုန်သံတွေတောင် မရိတ်သိမ်းရသေးဘူး။
ညီမလေးရေ...
မာနတွေ တဖြောဖြော ဖြိုချခံနေရတဲ့ ဘ၀မှာ
နာကြည်းချက်တွေကို မမွေးဖွားချင်တော့ဘူး။
အိပ်စက်လိုက်တိုင်း ငါ့ရင်ဘက်ထဲ
တောက်လျှောက်တိုးဝင်လာတဲ့
ခံစားချက်တွေက အိပ်မက်ထဲထိ နှိပ်စက်တယ်။
ဝိုးတ၀ါး အလင်းရောက်အောက်မှာ
ခရောင်းတောထဲ ငါလျှောက်ခဲ့တဲ့ လမ်းက
သောကတွေနဲ့ ပြည့်နှက်နေတယ်
ရင်ခုန်သံမြန်တိုင်း အစဉ်ထိတ်လန့်နေတဲ့ ဘ၀မှာ ဟောဒီမှော်ဝင်လောကဓံတွေ ငြိမ်းအေးစေမယ့်
ငြိမ်းချမ်းနှင်းဆီ ဘယ်အချိန်မှာ ဖူးပွင့်ဝေဆာမလဲ။
ဒီလိုနဲ့ ကောင်းကင်က မီးအိမ်တွေ
ဖြုတ်သိမ်းခံရတဲ့ညမှာ
လှိုင်းကြမ်းလေထန်တဲ့ ပင်လယ်ရိုင်းထဲ
ဘ၀ကို သင်္ဘောတစ်စင်းလို ရွက်လွင့်
ဟိုး... ကမ်းဝေးဝေးမှာ အလင်း
မီးပြတိုက်
ဒါ...
ဒါ... ငါ့ရဲ့နောက်ဆုံးဆိပ်ကမ်းလား။

မင်းဒီမွန်