|
Written by ခင်လေးမြင့်
|
|
Friday, 16 March 2012 12:03 |
?????????? ?????????? ?????????????????? ??????? ????????????? ????? ?????????????????
argaiv1214
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တ ရုပ်ရှင်ဇာတ် ကားဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ဖွင့်လှစ်ပွဲကို ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ် အချိန်က ရန်ကုန် မြို့၊ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီ လမ်းမှာရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးဝင်း အတွင်းမှာ ကျင်းပခဲ့ပါတယ်။
ရုံးခန်းဖွင့်လှစ်ပွဲသို့ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် တက်ရောက်ပါတယ်။ ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒါရိုက်တာ ဦးမိုးသူက ရုပ်ရှင်ဇာတ်ကာြး ဖစ်မြောက်ရေး အတွက် စီစဉ် ထားရှိပုံများကို ရှင်းလင်း တင်ပြပေးခဲ့ပါတယ်။

ရုံးခန်း ဖွင့်လှစ်ပွဲကို တက်ရောက် အားပေးတဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားဟောင်း မင်းကိုနိုင်က အကြံပြုပြော ကြားရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညို လေးစားတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ရုပ်ရှင်လောကသားတွေ တော်တော်ပူး ပေါင်း မိသွားကြတာကို တွေ့ရကြောင်း၊ ဒီထက်မကတဲ့ ရည်ရွယ်ချက်တွေ ရှိဦးမယ်လို့လည်း နားလည် ကြောင်း၊ သဘာဝ တရားကတော့ အမှန်တရားကို ပြောတဲ့ တရားမျှတမှုကို တန်ဖိုးထားတယ် ဆိုတဲ့ ပုဂ်္ဂိုလ်တွေဟာ အဲဒီ ခေါင်းစဉ်အောက်မှာ လာစု လို့ရကြောင်း၊ လူတွေဟာ တစ်ယောက်နဲ့တစ် ယောက် စည်းလုံး ညီညွတ်မှု ရနိုင်ဖို့ ခက်ခဲပေမဲ့ ဒီခေါင်းစဉ်အောက်မှာ ဒီကနေ့လာပြီး ညီညွတ်နေ ကြတာကိုတော့ ၀မ်းသာအားရ ဖြစ်မိကြောင်း၊ အဲဒီ ခေါင်းစဉ်ကတော့ အမျိုးသား ခေါင်းဆောင် တစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို သရုပ်ဖော်တဲ့ ခေါင်းစဉ်အောက်မှာ လာစုမိကြတာ အင်မတန် သဘာဝကျကြောင်း ပြောကြားခဲ့ပါတယ်။ နောက်နောင်ကိုလည်း အဲဒီလိုစုမိကြဖို့ မျှော်လင့်မိ ကြောင်းပင် ဖြစ်ကြောင်း အကြံပြုပြောကြားလို တာကတော့ ဒီရုပ်ရှင်မှာ ပါဝင်စေချင်တဲ့ မိမိတို့ အနေနဲ့ ကျောင်းသား မဟုတ်တော့ပေမဲ့ ကျောင်းသားစိတ်ကို ဒီနေ့ထက်ထိ ဖျောက်လို့ မရသေးတဲ့ အတွက် မိမိတို့ အားလုံးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘ၀၊ ကျောင်းသား လှုပ်ရှားမှု မှတ်တမ်းကိုတော့ မိမိကိုယ်တိုင် မမြင်ဖူးပေမဲ့ အခုလိုကြုံတောင့် ကြုံခဲ အခွင့်အရေး ရတုန်း မျက်ဝါးထင်ထင် ပြန်ခံစားချင်ပါကြောင်း အဲဒီအတွက် ကျောင်းသား လှုပ်ရှားမှု သမိုင်း၊ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ၊ ကျွန်တော်တို့ မြတ်နိုး တန်ဖိုးထားရတဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်း အလံကိုတော့ ဒီဂန္တ၀င် ရုပ်ရှင်ကြီးမှာ ထင်ထင်ရှားရှား မြင်ရပါစေကြောင်း။ အိုးဝေသံတွေ တညံညံနဲ့ ကျွန်တော်တို့ ရုပ်ရှင်ကြီး ကမ္ဘာ့သမိုင်းမှာ မော်ကွန်း ထိုးနိုင်ပါစေလို့ ဆုတောင်းစကား ပြောကြားပေးခဲ့ပါ တယ်။ ဆက်လက်ပြီး ရုပ်ရှင် ဖြစ်မြောက်ရေး အတွက် ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက လှူဒါန်းတဲ့ဒုတိယအကြိမ် အလှူငွေ ကျပ် ၃၂ သိန်း၊ ဇာတ်မင်းသားလေး ဖိုးချစ် လှူဒါန်းတဲ့ အလှူငွေ ကျပ်သိန်း ၄၀၊ အမျိုးသား ရုပ်ရှင်ပိုင်ရှင် ဦးစိန်တင်၊ ဒေါ်မြသန်းနဲ့ သားကျော်သူ မိသားစု လှူဒါန်းတဲ့ ရုပ်ရှင် ထုတ်လုပ် ရေးလုပ်ငန်းများကို အလှူရှင်များက ပေးလှူခဲ့ကြရာ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ပါတယ်။ လင်းနိုင်ဦး မိဘမဲ့ ကလေးများ အတွက် အနုပညာရှင်များရဲ့ ဈေးရောင်းပွဲ ဇော်ဝင်းထွဋ်ရဲ့ သမီးချန်ချန် စီစဉ်တဲ့ အနုပညာရှင်များရဲ့ ဈေးရောင်းပွဲကို ၂၀၁၂ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ဃြဃ ၀င်းအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မိဘမဲ့ ကလေးများ အတွက် လှူဒါန်းဖို့ စီစဉ်တဲ့ ဒီပွဲက ပဉ္စမ အကြိမ်မြောက် ကျင်းပတာပါ။ ဆိုင်ခန်းပေါင်း ၉၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့တဲ့ ဈေးရောင်းပွဲမှာ ဂီတ၊ ရုပ်ရှင် အနုပညာရှင်များက ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ဂန္ထ၀င်ဂီတ အနုပညာရှင်များက အကြော်ဆိုင်၊ Emperor ဇော်ဝင်းထွဋ်က ဘီယာ၊ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က ရှာရွတ်လှိုင်နဲ့ အမီတာဘာဒိန်း အမည်နဲ့ ဘယာကြော်ဆိုင်၊ သျှီက ကယ်တင်ခြင်း အခွေဆိုင်၊ ရဲလေးက ဒိန်ခရင်မ်၊ သီရိဆွေက ငါးထမင်းနယ်၊ စိုင်းစိုင်းခမ်းလှိုင်က ခင်ကြီးကျယ် ဇာဘော်လီ၊ ဘန်နီဖြိုးက ည၀တ်အင်္ကျီ၊ ကိကိက အာတာပူစီ၊ နေမင်းက ကြက်ဆီထမင်း၊ ကော်ပြန့်စိမ်း၊ ရဲအောင်က ကြာဆံကြော်၊ စည်သူလွင်က မုန့်လင်မယား၊ SIR အဖွဲ့က Cocktail, မေကဗျာက အအေး၊ ရှင်းရှင်းက ကိုရီးယားထမင်းလိပ်၊ ဖွေးဖွေးက အစိမ်းစား Sushi, ရဲတိုက်က Bio Plus ရေသန့်၊ အီတိုးနဲ့ ကိုင်ဇာတင်မုံက အအေး၊ ကျော်ထွဋ်ဆွေက ကပ်စေးနှဲ၊ လွှမ်းပိုင်နဲ့ Bobby Soxer တို့က Bubble Tea တို့ကို ရောင်းချပေးတာ ဖြစ်ပါတယ်။

ပဉ္စမ အကြိမ် ကျင်းပတဲ့ ဒီဈေးရောင်းပွဲက အရင်နှစ်တွေတုန်းက ရောင်းတာထက် ပိုပြီး အောင်မြင်တယ်လို့ ချန်ချန်က ဆိုပါတယ်။ FM ပုဂံကနေ သီချင်းတောင်းပြီး တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့အစီအစဉ်များကိုလည်း တင်ဆက်ပေးထားတာပါ။ ချန်ချန် စီစဉ်တဲ့ ဈေးရောင်းပွဲများကို မကြုံဖူးပေမဲ့ ဒီနှစ်မှာ ကြုံကြိုက်တဲ့ မေဆွိက “အရင်တုန်းက ဒီပွဲလုပ်တာကြားဖူးတယ်။ မဆွေလည်း ကြုံတောင့်ကြုံခဲ ဖြစ်လို့လာခဲ့တာ။ သူ့ရဲ့ ရည်ရွယ်ချက်လေးက ကောင်းတယ်။ မဆွေက ဈေးရောင်းပေးတယ် ဆိုတာထက် ၀ယ်စားရင်း အလှူသဘောလေးနဲ့ လာဖြစ်တာ။ ပျော်စရာကြီး။ ချန်ချန် လုပ်ဆောင်တာ ကောင်းတယ်။ အဖေ အမေတွေကလည်း Support လုပ်ပေးတဲ့ အတွက် သူ့အတွက် အများကြီး ကောင်းတယ်။ ငယ်ပင် ငယ်ငြားသော်လည်း ဒီလို Organize လုပ်နိုင်ရင်တော့ ဗီဇက သိပ်မခေဘူးလို့ ပြောရမယ်။ ရန်ပုံငွေပွဲမှာ ကိုယ်ရောစိတ်ပါ သိုင်းသိုင်းဝိုင်းဝိုင်းနဲ့ ၀ိုင်းဝန်းကူညီကြတာ ပျော်စရာကြီးပါ”လို့ ဈေးရောင်းပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ရန်ပုံငွေ ဈေးရောင်းပွဲက ရရှိတဲ့ ငွေကြေးများကို မလိခ အမျိုးသမီးလေးများ သင်တန်းကျောင်း၊ နတ်မောက အမျိုးသမီး အတတ် ပညာသင်ကျောင်း၊ ၀ိသာခါ သီလရှင်သင် အမျိုးသမီးပညာကျောင်းတို့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လှူဒါန်းမှာ ဖြစ်ပါတယ်။
ခင်လေးမြင့်

|
ခင်လေးမြင့် |
| About the author: |
| | |