|
စက်ဘီးစီးပြီး သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်ရအောင် |
|
|
|
|
Written by ခင်ဆုမြတ်ထွန်း
|
|
Friday, 16 March 2012 13:40 |
စက်ဘီးကို ကျွန်မတို့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ စီးကြပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ စက်ဘီးကို နယ်မြို့တွေမှာ ပိုပြီး အစီး များကြတာကို တွေ့ရပါတယ်။
Viagra sildenafil: Greatest results for me personally if I go ahead and take mg dose before eating anything cialis online. Other brand or generic formulations of this medication can be availableCall your physician for health advice about unwanted effects buy cialis professional online. argaiv1804
ရန်ကုန်မှာတော့ မြို့ပြင်လို နေရာမျိုးမှာ စက်ဘီး စီးကြတာ တွေ့ရပေမဲ့ မြို့ထဲလို နေရာမျိုးမှာ စက်ဘီးစီးခွင့် မရှိပါဘူး။ စက်ဘီးကို မိမိတို့လိုရာ ခရီးကို အရောက် သွားလိုတဲ့ အခါ စီးနင်းကြသလို၊ အားကစား တစ်ခု အနေနဲ့လည်း စီးလေ့ ရှိကြပါတယ်။ အခု နောက်ပိုင်းမှာတော့ တချို့နိုင်ငံတွေမှာ ခေတ်မီ သူတိုင်း(သို့)သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတိုင်း စက်ဘီး စီးလာကြတာကို တွေ့ရပါတယ်။
အဲဒီလို နိုင်ငံတွေမှာ ကျင်းပတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ Workshops တွေ၊ Eco Village တွေကို သွားရောက်ခဲ့ဖူးတဲ့ ဆရာ တစ်ယောက်က ဆိုရင် “အဲဒီမှာ ဆိုရင် စက်ဘီးစီးတဲ့ သူကို ကားစီးတဲ့သူက မော်မကြည့်ရဲဘူး။ ကားစီးတဲ့သူက မျက်နှာ ငယ်ရတယ်” လို့ဆိုပါတယ်။ မှတ်မိသလောက် ဆရာပြောတဲ့ နိုင်ငံဟာ သြစတေးလျလို့ ထင်ပါတယ်။ အင်တာနက်မှာ၊ စာစောင်တွေမှာလည်း တချို့နိုင်ငံတွေမှာ Carbon Footprint လျှော့ချတဲ့ အနေနဲ့ အုပ်စုလိုက် စက်ဘီး စီးကြတာမျိုးတွေကို ဖတ်ရဖူးပါတယ်။ ကျွန်မ အနေနဲ့ကတော့ ကိုယ်တိုင် စက်ဘီး မစီးတတ်ပေမဲ့ အဲဒီလို စက်ဘီးစီးကြတာကို သိပ်သဘော ကျပါတယ်။ အိမ်ကနေ အလုပ်ကို၊ ကျောင်းကို စသဖြင့် စက်ဘီးနဲ့သွားကြတာမျိုးဟာ အဘက်ဘက်ကနေ ကောင်းမွန်ပြီး၊ အစဉ်အမြဲ ပြုလုပ်သွားသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။
ကျွန်မရဲ့အိမ်ဟာ လမ်းဆုံလို နေရာမျိုးမှာ ရှိနေတာ ဖြစ်ပြီး၊ပတ်ဝန်းကျင်မှာ ကားအို၊ ကားဟောင်းကြီးတွေ ဆူဆူညံညံ ဖြတ်သွားပြီး၊ မီးခိုးလုံးကြီးတွေ ထားရစ်ခဲ့တာကို နေ့စဉ်နဲ့အမျှ ခံစားနေရတာကြောင့် မြန်မာနိုင်ငံမှာ ဆိုရင် ပိုလို့တောင် ဒီလို အလေ့အကျင့် ကောင်းတွေကို ကျင့်သုံးသင့်တယ်လို့ ထင်ပါတယ်။ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ကဏ္ဍမှာ Green နဲ့ ပတ်သက်လို့ ဖော်ပြတဲ့ အခါတိုင်း ပါလေ့ရှိတဲ့ ကိုသာဇင်ဦးဆီကနေသူတို့သူငယ်ချင်းတွေ စုပြီးစက်ဘီး စီးကြမယ် ဆိုတဲ့မေးလ် တစ်ခု ရခဲ့ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ၀မ်းသာစရာ သတင်းကောင်းတစ်ခု အနေနဲ့ရော၊ Environmental Awareness ရအောင် ဆောင်ရွက်ကြမယ့် အစီအစဉ်ကောင်း တစ်ခု အနေနဲ့ပါ ဖော်ပြဖို့ရွေးချယ်လိုက်ပါတယ်။ ဒီစက်ဘီးစီးတဲ့ အစီအစဉ်ဟာ ၅ ကြိမ် ရောက်ရှိခဲ့ပြီ ဖြစ်ပြီး၊ စိတ်ပါဝင်စားတဲ့ သူတိုင်း(စက်ဘီး စီးတတ်တဲ့ သူတိုင်း) ပါဝင်နိုင်ပါတယ်။ ရန်ကုန်မြို့တွင်း တစ်နေရာကနေ သူငယ်ချင်းတွေ စုပြီး မှော်ဘီ၊ သန်လျင်စတဲ့ မြို့ပြင်ဘက်တွေကို စက်ဘီး စီးကြတာပါ။ နေ့စဉ်နဲ့အမျှ ကျွန်မတို့တွေဟာ အလုပ်တစ်ဖက်၊ ကျောင်း စာတွေ တစ်ဖက်နဲ့ မအားလပ်အောင် ရှိကြပါတယ်။ အဲဒီလို အချိန်တိုင်းဟာ အရေး ကြီးနေကြတာကြောင့် အရာရာကို အချိန်မီအောင် အမြန်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ရွေးချယ် လာကြပါတယ်။ အဲဒီလို အမြန်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို ရွေးချယ်တဲ့ အခါ ကိုယ်လက် လှုပ်ရှားမှု အားနည်း လာသလို၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံချိန်တွေလည်း နည်းပါးလာ ပါတယ်။ အများအားဖြင့် မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း အလွယ်တကူ အွန်လိုင်းကနေ တွေ့ဆုံနေနိုင်တာမို့ ကိုယ့်သူငယ်ချင်းတွေနဲ့တရင်းတနှီး စကားပြောဆိုခွင့် ရှားပါးလာသလို၊ အချိန်မီအောင် ရုန်းကန် လှုပ်ရှားနေကြ ရသူများပီပီ သွားသုတ်သုတ်၊ လာသုတ်သုတ်နဲ့မို့ တက္ကစီပေါ်၊ ဘတ်စ်ကား ပေါ်ကနေ ကိုယ့်သူငယ်ချင်းကိုတွေ့လို့ နှုတ်ဆက်ဖို့တောင်ခက်နေပြန်ပါ တယ်။
ဒီလို မြို့ပြမှာ ပိတ်မိနေတဲ့သူတွေအဖို့ စိတ်တွေမွန်းကျပ်နေတဲ့အခါ၊ အတွေးတွေ မလတ်ဆတ်တော့တဲ့အခါ သဘာဝ ပတ်ဝန်းကျင်ကို တစ် ချက်လောက် သတိပြုမိဖို့၊သူငယ်ချင်းတွေနဲ့ အတူ ရှိနေနိုင်ဖို့တော့ အချိန် ရသင့်ပါတယ်။
ဒီစက်ဘီးစီးတဲ့ အစီစဉ်လေးကတော့ သူ ငယ်ချင်းတွေနဲ့ အတူ သဘာဝ ပတ်ဝန်းကျင်ကို လေ့လာနိုင်မယ့် အကောင်းဆုံး အခွင့်အရေး တစ် ခုပါပဲ။ “စက်ဘီး စီးခြင်းဟာ သူငယ်ချင်းတွေ အချင်းချင်းကြားထဲမှာ ရှိတဲ့ Friendship ကို ပိုပြီး ခိုင်မာစေတယ်။ အခုလို မြို့ပြင်ကို စက်ဘီးစီးပြီး သွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားသွား လာတာမျိုးထက် ပိုပြီး အချိန်ရတယ်။ ပေါ့ပေါ့ပါး ပါးလေးနဲ့ ဖြည်းဖြည်းပဲသွားကြတယ်လေ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားဖို့ အချိန်ပိုရတယ်။ လမ်းတစ်လျှောက် ဖြတ်သွားတဲ့အခါ တွေ့ရမယ့် မြက်ပင်လေးတွေ၊ သစ်ပင်တွေကို ကြည့်ဖို့ အချိန်ပိုရတယ်။ အလိုလိုသဘာဝ ပတ် ၀န်းကျင်ကို ချစ်မြတ်နိုးတဲ့စိတ် ဖြစ်လာစေတယ် လို့ ထင်တယ်”လို့ ကိုသာဇင်ဦးက ဆိုပါတယ်။
စက်ဘီး စီးကြတဲ့အခါ Network ၃ ခုဖြစ်တဲ့ ဂေဟဟိတ၊ Activist နဲ့ SME က လူငယ်တွေ အဓိက ပါဝင် ပြီး၊ တစ်ဦးချင်း စိတ်ပါဝင်စားတဲ့ သူတွေလည်း ပါဝင်ကာ အယောက် ၄၀ကျော်က နေ ၅၀ နီးပါး အထိ ပုံမှန် ရှိတယ်လို့ သိရပါတယ်။ ဒီစက်ဘီး စီးတဲ့ အစီအစဉ်အတွက် Facebook Page တစ်ခု ထားပြီး၊ အစီအစဉ်တစ်ခု လုပ်ခါနီးရင်လည်း ကိုယ့်သူငယ်ချင်း အချင်းချင်း အပြင် ပြင်ပကစိတ် ပါဝင်စားသူတွေ ပါ ပါဝင်နိုင်အောင် အီးမေးလ်က တစ်ဆင့် သတင်း ပေးပါတယ်။ “ကျွန်တော်တို့ စက်ဘီး စီးကြ တာကို အွန်လိုင်းကနေ အားပေးကြတဲ့သူ တချို့ ရှိတယ်။ တချို့တွေကြတော့လည်း အင်တာနက်တွေ ဘာတွေ သိပ်မသုံးကြဘူးလား မသိဘူး။ ကျွန်တော်တို့ Page ကိုဝင် ကြည့်တာ ၁၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိမယ်။ ကျွန်တော်တို့ လုပ်တာ Publicity သိပ်မကောင်းလို့၊ နည်းလမ်း မမှန်သေးလို့လား မသိဘူး”လို့ ကိုသာဇင်ဦးက သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။
နောက်ဆုံး အခေါက် ခရီးစဉ်ကတော့ ဇန်န ၀ါရီလ ၂၉ ရက်နေ့က ကျောက်တော်ကြီး ဘုရား ရှေ့ကနေ မှော်ဘီမြို့နယ်၊ ၀ါးတစ်ရွာကို သွားခဲ့တာ ဖြစ်ပါတယ်။ (နောက်ဆုံး အခေါက်ခရီးစဉ် လို့ဆိုပေမဲ့ မဂ္ဂဇင်း မထွက်ခင် အတောအတွင်းမှာ စက်ဘီး စီးတဲ့အဖွဲ့ဟာ နောက်ထပ်ခရီးစဉ် တစ်ခု ကို ထပ်သွားနိုင်တာမို့ နောက်ဆုံးလို့တော့ မဆိုနိုင် ပါဘူး)။ ခရီးမိုင် အကွာအဝေးကတော့အသွား မိုင် (၃၀)၊ အပြန်မိုင် (၃၀) ခန့်ရှိတယ်လို့ သိရပါတယ်။ အဲဒီ မှော်ဘီမြို့နယ်၊ ၀ါးတစ်ရာမှာ ရှိတဲ့ မိဘမဲ့ကလေးဂေဟာကို သွားခဲ့တာ ဖြစ်ပြီး၊ ဒီဂေဟာကလည်း Organic Farming ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Organic Farming ကရတဲ့ သီးနှံများနဲ့ ချက်ပြုတ် ထားတဲ့ စားစရာများကို နေ့လယ်စာ အဖြစ် စားသုံးပြီး၊ သဘာဝ ပတ်ဝန်းကျင် အကြောင်း၊ Rio+20 အကြောင်းနဲ့ Sustainable Development အကြောင်းတို့ကို ဆွေးနွေးသွားမယ်လို့ ဆိုပါ တယ်။
စက်ဘီး စီးတဲ့ အစီအစဉ်မှာဆိုရင် စက် ဘီးစီးခြင်း တစ်မျိုးတည်း မဟုတ်ဘဲ ခရီးဆုံး ရောက်တဲ့အခါ သဘာဝ ပတ်ဝန်းကျင်ဆိုင် ရာ အကြောင်းအရာတွေ ဖြစ်တဲ့ Climate Change. Carbon Footprint စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးကြသလို၊ စက်ဘီးစီးပြီး ခရီးမိုင် တော် တော်များများ သွားဖူးတဲ့ သူတွေက သူတို့ တွေရဲ့ အတွေ့အကြုံတွေကို ဝေမျှပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါသေးတယ်။ “ရှေ့အခေါက် ကတော့ ရန်ကုန်ကနေ ချင်းတောင်ကို စက်ဘီးနဲ့သွားခဲ့တဲ့ အစ်ကိုကြီး တစ်ယောက်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ နောက် ထပ် အဲဒီလို စက်ဘီးစီးတဲ့ အတွေ့အကြုံရှိတဲ့ ဆရာတစ်ယောက်ဆိုရင် သူက အာရှမှာရှိတဲ့ တောင်တွေကို စက်ဘီး ပတ်စီးတာပေါ့။ ကမ္ဘာ့ နေရာအချို့ ဖြစ်တဲ့လက်တင် အမေရိက၊ မြောက် အမေရိက၊ သြစတေးလျစတဲ့ နေရာတွေမှာ စက် ဘီးနဲ့ ခရီးသွားဖူးတဲ့ အတွေ့အကြုံတွေ ရှိတယ်။သူနဲ့လည်း အခုလို ပြန်လည် ဝေမျှပေးဖို့ စီစဉ် ထားတာ ရှိပါတယ်”လို့ ကိုသာဇင်ဦးက အစီ အစဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
စက်ဘီး စီးတဲ့ အစီအစဉ် အတွက် ခရီးစဉ် တွေကိုတော့ စက်ဘီးကို အမြဲတမ်းလို ၀ါသနာ အလျောက် စီးနေကြသူတွေကပဲ စီစဉ်ပါတယ်။ စက်ဘီးစီးကြတဲ့ အခါ ကိုယ်ပိုင်စက်ဘီး မရှိတဲ့ သူတွေကိုလည်း စက်ဘီး ငှားပေးပါသေးတယ်။ စက်ဘီး အတူစီးကြတဲ့ သူတွေထဲမှာ စက်ဘီး အရောင်းအ၀ယ် လုပ်ကြသူတွေ၊ စက်ဘီးပြင်တဲ့ သူတွေ ပါဝင် နေတာဟာလည်း စက်ဘီးစီးတဲ့ အဖွဲ့ကို အများကြီး အထောက်အပံ့ ဖြစ်စေပါ တယ်။ စက်ဘီး စီးတဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်သူ တစ်ယောက်ကလည်း “စက်ဘီး ပိုင်ရှင်တွေက သူတို့ရောင်းမယ့် စက်ဘီးတွေကို တစ်ခါတည်း သေချာပြင်ပြီး ငှားပေးတယ်။ စက်ဘီး ပြင်မယ့် သူပါ လိုက်ပေးတာဆိုတော့ လမ်းမှာအရေး အကြောင်း တစ်ခုခုဖြစ်ရင် ပစ္စည်း ကိရိယာ အစုံ အလင်နဲ့ ပြင်ပေးမယ့်သူလည်းပါတယ်။ ရှေ့က နေ ကြိုသွားနှင့်ပြီး လမ်းပြပေးမယ့် သူလည်း ပါတော့ အဆင်ပြေပါတယ်”လို့သူ့ရဲ့ အတွေ့အကြုံ တွေကို ပြောပြခဲ့ပါတယ်။ စက်ဘီး စီးခြင်းဓလေ့ ကိုမြင့်မား လာအောင် အလိုလိုမြှင့်တင်ပေးပြီးသား ဖြစ်သလိုစက်ဘီးတွေကိုလည်း ကြော်ငြာပြီး သားဖြစ်တာကြောင့် တစ်ချက်ခုတ်၃၊ ၄ ချက် လောက် ပြတ်သွားတဲ့ အစီအစဉ်လို့ဆိုရမှာပါ။
ဒီစက်ဘီး စီးတဲ့ အစီအစဉ်မှာ ကုန်ကျစရိတ် လည်း အထိုက်လျောက်တော့ ရှိပါတယ်။ စက် ဘီး စီးတဲ့အခါ လိုက်ပါတဲ့ သူတွေကို မနက်စာနဲ့ နေ့လယ်စာတွေ ကျွေးဖို့ စီစဉ်တာ၊ စက်ဘီးငှား ပေးတာ၊ စက်ဘီး စီးတဲ့ အုပ်စုရဲ့ အရှေ့နဲ့အနောက် မှာ Light Truck တစ်စီးစီ ငှားတာစတဲ့ ကုန်ကျ စရိတ်တွေကို Network ၃ ခုက တစ်လှည့်စီကျ ခံပေးပါတယ်။ အလုပ်ပြီးမြောက်ဖို့ဟာ အဓိက ဖြစ်ပြီး၊ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ တွက်ကပ် တာမျိုးတွေ မရှိကြဘူးလို့ဆို တာဟာလည်း လူငယ်တွေရဲ့ ချီးကျူးစရာ ကောင်းတဲ့ အချက်ပါပဲ။ စက်ဘီး စီးတဲ့အခါ အခက်အခဲရယ်လို့ ထွေထွေထူးထူး ကြုံရတာ၊ မတော်တဆ ထိခိုက်မိတာ၊ ဒဏ်ရာ အနာတရ ရတာမျိုးတွေကိုလည်း မှတ်မှတ်ရရ မကြုံသေး ဘူးလို့ ဆိုပါတယ်။ ဒါကလည်း အစီအစဉ်ကို ဦးဆောင်သူများရဲ့ အတွေ့အကြုံကြောင့် ဖြစ်ပါ တယ်။

တချို့စက်ဘီး စီးမယ့် လမ်းကြောင်းတွေ ဖြစ်တဲ့ သန်လျင်နဲ့တိုင်းရင်းသား ကျေးရွာလို နေရာမျိုးတွေကို သွားဖို့ စီစဉ်တဲ့အခါ ကြိုတင်ခွင့်ပြု ချက်ယူတာမျိုး၊ ယာဉ်ထိန်းရဲများရဲ့ အကူအညီ ရယူတာမျိုးတွေကိုလည်း စနစ်တကျ လုပ်ဆောင် လေ့ ရှိပါတယ်။ “လမ်းကြောင်း တောင်းတာတို့၊ ခွင့်ပြုချက် ယူတာတို့ကလည်း အခက်အခဲ မရှိပါ ဘူး။ ကိုယ့်ဘက်က သေချာ တင်ပြဖို့ပဲ လိုတယ်။ လူစည်ကားမယ့် ရုံးဆင်း၊ ရုံးတက်ချိန်ကို လှည်း တန်း မီးပွိုင့်နဲ့ ဆူးလေ ဘုရားလမ်းလိုမျိုး နေရာ တွေကို တောင်းရင်တော့ ဘယ်ဖြစ်နိုင်မလဲ။ ကိုယ့်ဘက်က တင်ပြတဲ့ အခါမှာလည်း Resonable ဖြစ်ရမှာပေါ့။ အခက်အခဲအကြီးအမား မရှိဘူး။ လူသေချာခန့်မှန်းလို့ မရတော့ တစ်ခါတလေ စက်ဘီးငှားတာ ပိုသွားတာတော့ ရှိတယ်။ ရန်ကုန်မှာက ဟိုနား ဒီနားလည်းသွားရင် ကား နဲ့ဆိုတော့ ခရီးမိုင်နည်းနည်းများသွားရင် မောတော့ သိပ်မစီးနိုင်ကြဘူး။ တစ်ခေါက် မှော်ဘီမြို့နယ် ၀ါးနက်ချောင်း ကိုသွားတုန်းက အသွား ၄၅ မိုင်၊ အပြန် မိုင် ၅၀ ရှိတယ်။ စီးတဲ့နှုန်းက နည်းနည်းလည်း မြန်သွားတ ပါတယ်။ အဲဒီခရီးမှာတော့ နည်းနည်းလေး ပင်ပန်းသွားကြတယ်။ တိုင်းရင်းသား ကျေးရွာကို စီးတုန်းကတော့ မိန်းကလေးတွေပါ အသွားအပြန် စီးနိုင်ကြတယ်။ ကျွန်တော်လည်း တချို့ စက်ဘီးအားရင် ယူစီးမယ် ဆိုတာ စီးတောင် မစီးလိုက်ရဘူး” ဆိုပြီး ကိုသာ ဇင်ဦးက စက်ဘီးစီးတဲ့အခါ တွေ့ကြုံရတာတွေကို ပြောပြပါတယ်။
စက်ဘီး စီးတဲ့ အစီအစဉ်ကို စီစဉ်သူတွေကတော့ ဒီအစီအစဉ်ကို တစ်လ တစ်ကြိမ် ပုံမှန်လုပ်သွားချင်တယ် ဆိုပေမဲ့ တခြားလိုက်ပါ စီးနင်းသူတွေရဲ့ သဘောဆန္ဒကို ရယူပြီးမှသာ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါ တယ်။ လိုက်ပါစီးနင်းကြသူတွေရော၊ ပြင်ပကရတဲ့ တုံ့ပြန်မှုတွေကတော့ အခုထိ ဆိုးရွားတာမျိုးနဲ့ မကြုံရသေးဘူးလို့ ဆိုပါတယ်။ စက်ဘီး အတူ လိုက်စီးဖူးတဲ့ သူတွေက နောက်အခေါက်တွေမှာလည်း လိုက်ပါစီးနင်းလိုကြ ပြီး၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာသလို၊ Environmental Awareness ရတဲ့ ဒီအစီအစဉ်ကြောင့်ပဲ သူတို့ရဲ့ Commitment တွေ ပိုခိုင်မာလာတယ်ဆိုပြီး ပြန်ပြောကြပါတယ်။ စက်ဘီးစီးတဲ့ အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်နိုင်ခြင်း မရှိပေမဲ့ စက်ဘီး စီးတဲ့ အစီအစဉ်ကို အားပေးကြသူတွေကလည်း မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးကြတာ ကို တွေ့ရပါတယ်”ဒီ အစီအစဉ်ကနေ စီးတဲ့သူ တွေက အပြင်ကသူတွေထက်ပိုပြီး Environmental Awareness ရမယ်လို့ထင်တယ်။ Vinyl တွေ လုပ်ထားတာ ရှိပါတယ်။ သိပ်မသုံးရဲသေး ဘူး။ တစ်ခါတလေပဲ သုံးတယ်။ အကျီပေါ်မှာ Message ကြီးကြီးရိုက်ပြီး ဆင်တူဝတ်ကြဖို့ စဉ်း စားထားတာလည်း ရှိပါတယ်။
ပတ်ဝန်းကျင်က လူတွေကိုလည်း အလားတူ Environmental Awareness မျိုးရသွားစေချင်တယ်။ လုပ်ချင်တဲ့ ဆန္ဒလည်းရှိတယ်။ ဒါပေမဲ့ တချို့တွေရဲ့အမြင်မှာ မျက်စိ စပါးမွေးစူးဖြစ်မှာ စိုးလို့။ ရှေ့တစ်ခေါက် က အကျီဆင်တူ ၀တ်ပေမဲ့ အရောင်ကွဲတွေဝတ် တယ်။ ဒီတစ်ခေါက်ကတော့ လုံးဝကို ဆင်တူ မ၀တ်တော့ဘူး။ ကျွန်တော်တို့ အတွေးအခေါ်တွေ ကပဲ ခေတ်နောက်ပြန်ဆွဲနေလား မသိဘူး” လို့ ဒီအစီအစဉ်မှာ အဓိက ပါဝင်ဦးဆောင်နေသူ တစ်ဦးက ဆိုပါတယ်။ ဟုတ်ပါတယ်။ အများ အတွက် ကောင်းကျိုးလုပ်နေကြတဲ့ သူတွေဟာ ဘေးထိုင်၊ ဘုပြောသူ တချို့တွေရဲ့အတိုက်အခိုက် ကိုလည်း ခံရတတ်ပါတယ်။ ကိုယ် မတတ်နိုင်တဲ့ ကိစ္စကို တခြားသူ တစ်ယောက်က လုပ်နိုင်လို့ လုပ်ရင် ကိုယ် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေး သင့်တဲ့အစား ဘာကြောင့်များ မုဒိတာ မပွားနိုင် တာလဲ ဆိုတာကို နားလည်လို့ မရပါဘူး။
“ဒီတစ်ခေါက် ကျွန်တော်တို့ စက်ဘီး စီးတဲ့ အခါ အကျီ ဆင်တူမ၀တ်တော့ဘူး ဆိုတော့ မျက် နှာမှာ Face Painting အစိမ်းရောင်လေးတွေ ခြယ် မယ်။ ပေးချင်တဲ့ Message ကတော့ Green ပေါ့။ တချို့တွေကတော့ မျက်နှာမှာ အစိမ်းရောင် ခြယ် ထားတဲ့ လူငယ်လေးတွေ အရူးထပြီး စက်ဘီး လျှောက်စီးကြတယ်လို့ ထင်ရင်လည်း ထင်ကြမှာ ပေါ့။ တွေးချင်တဲ့ သူတွေကတော့ သူတို့တွေးနိုင် သလောက် ဆက်တွေးမှာပေါ့။ ကျွန်တော်တို့ ပေး ချင်တဲ့ Message ကို ရကောင်းလည်း ရသွားနိုင် တာပေါ့။ အခုလို သေချာရှင်းပြခွင့် ရရင်လည်း ရှင်းပြချင်ပါတယ်။ ပိုကောင်းတာပေါ့”လို့ ဒီအဖွဲ့ နဲ့အတူ အမြဲတမ်း လိုက်ပါဖြစ်တဲ့ လူငယ်တစ်ဦး ကပြောပါတယ်။
စက်ဘီးစီးတဲ့ အစီအစဉ်ကနေရမယ့် အကျိုး ကျေးဇူးတွေကို စဉ်းစားမယ်ဆိုရင် တခြားမဟုတ် တောင် စက်ဘီး စီးတဲ့သူ ၅၀ ရှိရင် ဒီအယောက်၅၀ အတွက် ကျန်းမာရေး လေ့ကျင့်ခန်း တစ်ခု အနေနဲ့ လုပ်ပြီးသား ဖြစ်သွားမှာပါ။ မိတ်ဆွေ၊ သူငယ်ချင်းတွေ ပိုပြီး တိုးပွားလာမှာ ဖြစ်သလို၊ သဘာဝ ပတ်ဝန်းကျင်ကိုလည်း အရင်ထက် ပိုပြီး သတိ ထားမိလာမှာ ဖြစ်ပါတယ်။ Activista အဖွဲ့နဲ့ ချိတ်ဆက်ပြီး တခြား နိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလား ဒေရှ့်၊ နီပေါလ်၊ ဒိန်းမတ်၊ ဂမ်ဘီနဲ့ နိုင်ဂျီးရီးယား စတဲ့ နိုင်ငံတွေနဲ့လည်း Rio+20 Summit မတိုင် ခင် စက်ဘီးအတူစီးကြမယ်ဆိုတဲ့ အစီအစဉ်တွေ လည်း ရှိသေးတယ်ဆိုတာ အားတက်စရာ ကြား သိရပါတယ်။ “စက်ဘီးစီးတာ ရိုးရိုးသာမန်ပဲ ရည်ရွယ်ချက်မဲ့ စီးရင်တော့ ဘာမှမဟုတ်ပေမဲ့ လူတွေ အများကြီး စုပြီး ရည်ရွယ်ချက် တစ်ခုနဲ့စီး လိုက်မယ်ဆိုရင် တကယ့်ကို ကြီးမားတဲ့ Impact တစ်ခုလည်း ရသွားမယ်။
တွန်းအားလေး တစ်ခု ဖြစ်သွားတာပေါ့။ ရွေ့တာ၊ မရွေ့တာထက် အဓိ က ကတော့ အားတစ်ခု ဖြစ်စေမယ်လို့ ယုံပါ တယ်။ ကျွန်တော်တို့ ပြောနေတဲ့ Sustainable Development အကြောင်း၊ သဘာဝ ပတ်ဝန်းကျင် အကြောင်းနဲ့ ဘာကြောင့် ကျွန်တော်တို့ အခုလို စက်ဘီး စီးကြတယ် ဆိုတာတွေကို လူတွေအား လုံးရဲ့ စိတ်ထဲကို ရောက်သွား စေချင်တာ။ အဲဒီ Impact ကတော့ အခုထိ မရသေးဘူးပေါ့။ ဒီလိုပဲ ရလာအောင် စနစ်တကျ ချိတ်ဆက် လုပ်ဆောင် သွားမှာပါ။ မီဒီယာတွေကလည်း အားပေးကူညီ မယ်ဆိုရင် အမြန်နှုန်းကလည်း ပိုမြင့်သွားမှာပါ” လို့ စက်ဘီးစီးတဲ့ အစီအစဉ်မှာ အဓိကပါဝင်လုပ် ဆောင်နေသူ တစ်ဦးက ဆိုပါတယ်။ ဒီနေရာမှာ Activista Network အကြောင်းလေးကို အနည်း ငယ် ရှင်းပြချင်ပါတယ်။ Activista Network ဟာ နိုင်ငံပေါင်း ၂၉ နိုင်ငံမှာရှိတဲ့ Network တစ်ခု ဖြစ်ပြီး၊ မြန်မာနိုင်ငံလည်း တစ်နိုင်ငံ အဖြစ် ပါဝင် ပါတယ်။ နောက်ပိုင်းမှာလည်း Activista အကြောင်းကို ဖော်ပြ ပေးသွားဦးမှာပါ။
တခြား နိုင်ငံကြီးတွေမှာလို ကျွန်မတို့ဆီမှာ လည်း စက်ဘီးစီးတဲ့ ဓလေ့လေး ဖြစ်လာစေချင် တယ်ဆိုရင်ကျွန်မတို့ဆီမှာ လက်ရှိကျင့်သုံးနေတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ရှင်းရှင်း နားလည်ထားဖို့လည်း လိုအပ်ပါသေး တယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးလို့ (သို့) ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် အကြောင်း အမျိုးမျိုးကြောင့် စက်ဘီး စီးချင်ကြတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုစက်ဘီးစီးချင်ကြတဲ့သူတွေ အတွက် ဆိုရင်လည်း ကျွန်မတို့ဆီမှာ အထူး သဖြင့်မြို့ကြီးတွေမှာ စက်ဘီးစီးဖို့ အခွင့်အရေး တွေ ပိုပြီးရှိလာအောင်“တခြားနိုင်ငံတွေက မြို့ကြီး တွေမှာ စက်ဘီးစီးဖို့ လမ်းကြောတွေသေချာသတ် မှတ်ပေးထားတယ်။ ဥပမာ-၆ လမ်းသွားလမ်းမ ကြီးတွေမှာဆိုရင်တောင် ကားလမ်း၊ အနှေးယာဉ် တွေအတွက်လမ်းနဲ့ လူသွားလမ်းဆိုပြီး အတိအကျ သတ်မှတ်ပေးထားတယ်။
ဒိန်းမတ်လို နိုင်ငံဆိုရင် စက်ဘီး တအားစီးတယ်။ကိုယ်ပိုင်ကား နည်းတယ်။ ဘတ်စ်ကားနဲ့ စက်ဘီး စီးကြတာများ တယ်။ လမ်းတွေ ဖောက်ကတည်းကလည်း အနှေးယာဉ်တွေ အတွက် ထည့်သွင်းစဉ်း စားပြီး ဖောက်ပေးထားတယ်။ စက်ဘီးစီးလို့ ရတဲ့ နေရာတွေကိုလည်း သေချာသတ်မှတ်ပေးထား တယ်။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလိုဆိုရင် အဆင်ပြေတာပေါ့။ ကျွန်တော်ကတော့ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သေချာနားမ လည်လို့လား၊ အမြင်မကျယ်လို့လား မသိဘူး။ လုပ်ပေးနိုင်တဲ့သူတွေကို အကြံပြုရရင် လမ်းမ ကြီးတွေမှာ စက်ဘီးစီးဖို့ နေရာလေးတွေ သေချာ သတ်မှတ်ပေးနိုင်ရင် သတ်မှတ်ပေးဖို့နဲ့ တချို့စီး လို့မရတဲ့နေရာတွေထဲ တချို့ကိုပြန်စီးခွင့်ပေးတာမျိုးပေါ့။ အဲဒီလို သတ်မှတ်ပေးတဲ့ နေရာမှာလည်း လမ်းဘေးဈေးသည်တွေ ရှိနေမှာလား၊ လမ်းတွေက သွားလို့မရအောင် ပျက်နေတာလား ဆိုတာ တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ဒါမှလည်း ကျွန်တော်တို့လို စီးတဲ့သူတွေက စီးလို့ရ မှာပေါ့။ သတ်မှတ်ချက်တွေ လုပ်ပေးပြီးတယ်ဆို ရင်လည်း သတင်းစာတွေထဲမှာ ကြော်ငြာပေး စေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့က စီးရဲ မှာလေ“ဆိုပြီး ကိုသာဇင်ဦးက သူ့ရဲ့ထင်မြင်ချက် များနဲ့အတူ အကြံပြု ဆွေးနွေးခဲ့ပါတယ်။
စက်ဘီးစီးတဲ့ အစီအစဉ်ကို စိတ်ပါဝင်စား သူတွေအတွက် လေ့လာနိုင်မယ့် Facebook Page ကို Facebook မှာ Bicycle Riding for Change အပြုသဘော ဆောင်သော ပြောင်းလဲမှု အတွက် စက်ဘီးစီးခြင်းလို့ရှာရင် အလွယ်တကူပဲ တွေ့နိုင် ပါတယ်။ ကိုယ်ယုံကြည်ရာ လမ်းကို မပြောင်းလဲ တဲ့ဇွဲတို့နဲ့ လျှောက်တတ်ကြတဲ့ လူငယ်တွေဟာ အခုလိုအများကောင်းကျိုး၊ ကမ္ဘာကြီးရဲ့ ကောင်းကျိုးကို ဆောင်ရွက်လာကြတာ ဟာအနာဂတ်မှာ ရလဒ်ကောင်းတွေကို ရှိစေမှာ ပိုမိုသေချာသွားစေပါတယ်။ ဖူးငုံတို့လည်း ခေတ်တစ်ခေတ်ကို ပြောင်းလဲနိုင်တဲ့ လမ်းကောင်းတွေကိုတီထွင်ဖောက် လုပ်သွားနိုင်တဲ့သူများ ဖြစ်နိုင်ကြပါစေ။
ခင်ဆုမြတ်ထွန်း (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|
ခင်ဆုမြတ်ထွန်း |
| About the author: |
| | |