ထွက်စာတင်ဖို့ မလိုတော့ပါ PDF Print E-mail
Written by မြင့်မြတ်နိုင်   
Saturday, 17 March 2012 16:52
Share |

ဒီနေ့ ခါတိုင်းထက် စောပြီး ဆေးခန်းကို ရောက်တယ်။ ထုံးစံအတိုင်း တွေ့ တဲ့လူကို မောနင်းမင်္ဂလာ နံနက်ခင်းပါလို့ နှုတ်ဆက်တော့ ပြန်ပြီး မနှုတ်ဆက်ဘူး။

buy cialis Canadabuy cialis 10mg viagra reviews discount generic cialis
argaiv1865

သူတို့ဟာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ် နေကြတယ်။ အဲဒါကြောင့် ပြောတာပေါ့။ လူတွေက တယ်ခက်တယ်။  အလုပ်နဲ့ ပုဂိ္ဂုလ်ရေး မခွဲတတ်ဘူး။ အတော်ရိုင်းတာပဲ။

ကဲ သူတို့ပြန်နှုတ် မဆက်လည်း နေဆိုပြီး ကိုယ့်လူနာတွေရှိရာ ထွက်လာခဲ့တယ်။ ဆေးခန်းမှာ နှစ်သိမ့်ဆွေးနွေးသူ တစ်ယောက်ဆိုတာ လူနာနဲ့က နှစ်အိမ့်တစ်အိမ်လို ရင်းနှီးတာ။ တစ်ခါတလေဆို ရဲဘော်ရဲဘက်တွေ ကျနေတာပဲ။ တစ်ခါတလေတော့လည်း မိသားစုတွေလို ဆွေမျိုးသားချင်းတွေလိုရင်းနှီးခင်မင်ကြတာလေ။ ဆေးခန်းတောင် မဖွင့်သေးဘူး၊ ထိုင်စောင့် နေတဲ့လူတွေက အများကြီး။ ဧည့်ခန်းမှာပြည့်လို့။

“ဟေး ရောက်နေတာကြာပြီလား၊ နေ ကောင်းကြရဲ့လား”

ဟောတော့ ဘယ်သူမှပြန်မဖြေဘူး။ ရော် ခက်ပြီ၊ ဘယ်လိုဖြစ်ကုန်တာလဲ။ အရင်ဆို ဆရာမ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ရေပက်မ၀င်အောင် လုပြောတတ်ကြတာ။ ခုတော့ သူတို့မဟုတ် သလိုပဲ။
“ဆရာမ သမီး ဆရာမကို မျှောနေတာ”

အသံက တိုးတိုးညင်းညင်းလေး။ ထိုင်နေတဲ့ လူအုပ်ရဲ့ထောင့်စွန်းနားဆီက အသားဖြူဖြူ၊ ပိန်ပိန်၊ ညှိုးငယ်တဲ့မျက်နှာလေးနဲ့။ ဒါမှ ငါ့လူ ကွဆိုပြီး ၀မ်းသာအားရပြုံးပြလိုက်တယ်။
“လာ လာ ဆရာမအခန်းထဲ လိုက်ခဲ့”
ဘယ်သူ့ကိုမှ စောင့်စရာမလို။ ကိုယ့်နှုတ် ဆက်တဲ့လူကို အရင်ဂရုစိုက်ရမှာပေါ့။

“ပြော ဘာတွေဖြစ်လာပြန်ပြီလဲ”

“သမီး ရခိုင်ပြန်သွားတာကြာပြီ။ ခုမှပြန် ရောက်တာ။ နေလို့လည်း မကောင်းဘူး”

“ရခိုင်က ဦးလေးဆီမှာ အလုပ် လုပ်မယ်ဆို”

“ဟုတ်တယ် ဆရာမ။ ဒါပေမဲ့ ယောက်ျားကို ခေါ်လို့မှမရတာ။ ကြာရင် သမီးနဲ့ သူနဲ့ ကွဲတော့ မှာပေါ့”

“ယောက်ျားက ခုဘာလုပ် ကျွေးနေလဲ။ အရင်က ဆောက်လုပ်ရေးထဲမှာ နော်”

“ဟုတ်တယ်၊ ရောဂါဖြစ်ပြီး မကျန်းမာတော့ အလုပ်က ထွက်လိုက်တယ်”

“ခုတော့ လမ်းဘေးမှာ ဆိုင်းဘုတ် ရေးနေတယ်”

“သြော် သြော် နေရေးထိုင်ရေးရော အဆင် ပြေရဲ့လား”

“အဲဒါပြောတာပေါ့ ဆရာမရယ်။ ခုငှားနေရတဲ့ အခန်းလေးက ကျဉ်းမှကျဉ်း။ နေရထိုင်ရတာ မလွတ်မလပ်နဲ့၊ အိမ်ရှင်မျက်နှာ အမြဲ ကြည့်နေရတယ်။ ရခိုင်မှာဆို ခြံအကျယ်ကြီးနဲ့ နေရတာ။”

“အေးပေါ့လေ၊ အခြေအနေတွေက ပြောင်းသွားတာကိုး”

“ဒါနဲ့ ဆေးခန်း စာအုပ်ပြပါဦး”

“သြော် ဆရာဝန်က  အေအာတီဆေး သောက်ဖို့ စဆွေးနွေးခိုင်းပြီပဲ။ D4 ဘယ်လောက် ရှိလဲ”

“၂၀၀ ပါ ဆရာမ”

“အင်း ၂၀၀ ဆိုတော့ ၃၅၀ အောက် ရောက် ရင် စလို့ရပြီဆိုတဲ့ စံနှုန်းနဲ့တော့ ကိုက်နေပြီပေါ့”

“သမီး စိတ်ညစ်တယ်ဆရာမ”

“ဘာလို့လဲ”

“ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြုံမှာကို ကြောက်တယ်”

“သြော် ဒါကကြုံလာရင် ဘယ်လိုလုပ်ရ မယ်ဆိုတဲ့နည်းတွေ စနစ်တကျ ရှိပါတယ်။ ကြိုတွေးပြီး မကြောက်ပါနဲ့။ လူတိုင်းမဖြစ်ပါဘူး။ အေး ဆရာမ အတွေ့အကြုံအရ ပြောရမယ် ဆိုရင် တော့ ကြောက်တဲ့လူက တကယ်ကြုံရတတ် တယ်။ အဲဒီတော့ ကြိုကြောက်ပြီး တကယ်လည်း ကြုံရရင် နှစ်ခါနာတာပဲ၊ မကြောက်ပါနဲ့။ ကောင်းနေတဲ့လူတွေကိုလည်း ဥပမာထားဖို့လို တယ်။ လူတိုင်း မဖြစ်ပါဘူး။”

မျက်ရည်လေးစမ်းစမ်းနဲ့ အစိုးရိမ်လွန်နေတဲ့ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်လိုက်တာ။
“ဆေးက အလျင်စလိုကြီးလည်း သောက်စရာ မလိုပါဘူး။ ဒါပေမဲ့ ခေါင်းတော့မမာနဲ့။ စသင့်တဲ့ အချိန်ရောက်ရင် စတာကောင်းတယ်။ မဟုတ်ရင် တခြားရောဂါတွေထပ်ဝင်လာမယ်။ တီဘီက အဆိုးဆုံးပေါ့။”

“ဟုတ်ကဲ့ပါ ဆရာမ”

“ဒါနဲ့ ကွန်ဒုံးရော သုံးဖြစ်လား”

“မကျန်းမာတော့ မနေဖြစ်ပါဘူး ဆရာမ ရယ်”

“နှစ်ယောက်စလုံးမှာ ရောဂါ ရှိနေလျက်နဲ့ ဘာလို့ ကွန်ဒုံးသုံးဖို့ လိုအပ်သလဲ”

“ဆရာမပဲ သင်ပေးထားတာ။ ရောဂါပိုးတွေ အပြန်အလှန် ကူးပြီး အစွမ်းပိုထက်တဲ့ ကောင်တွေ ပွားလာမယ်ဆို”

“အေး မှတ်မိသားပဲ။ တော်တယ်၊ တော်တယ်”

“ခုယောက်ျားက အေအာတီ စသောက်နေပြီ ဆိုတော့ ပိုသတိ ထားရမယ်။ ဆေးနဲ့ထိတွေ့ပြီး သားပိုးတွေ ကိုယ့်ဆ ရောက်မလာဖို့ လိုတယ်။ ကွန်ဒုံးသုံးတော့ ကိုယ်ဝန်လည်း မရတော့ဘူးပေါ့။”

“အောင်မလေး ကလေးကတော့ တော်ပါပြီ ဆရာမရယ်။ နှစ်ယောက်တည်းတောင် အခြေ ပျက်နေတာ စိတ်ကုန်ပါတယ်၊ ရခိုင်ပြန်ချင်တာပဲ သိတယ်။ အဟင့် အဟင့်”

နာရီဝက်ကျော်လောက် အချိန်ပေးဆွေးနွေး ပြီး၊ နောက်တစ်ပတ်ထပ်ချိန်းလိုက်တယ်။ စာအုပ် ထဲမှာ အေအာတီအကြောင်း စဆွေးနွေးဖို့ အဆင် သင့်မဖြစ်သေးလို့ မှတ်ချက်ရေးထားလိုက်တယ်။ ဟုတ်တယ်လေ သူ့ခမျာ စိုးရိမ်စိတ်တွေ၊ အနေ အစားဆင်းရဲမှုတွေ၊ ဒေသလွမ်းစိတ်တွေပြည့်နေ တော့ မတတ်နိုင်ဘူး။ လောလို့မဖြစ်ဘူး။ တော် တော်ကြာဆေးစပြီးမှ ယောက်ျားနဲ့အကွဲခံပြီး ရခိုင် ပြန်သွားရင်ဒုက်္ခ။ သိတဲ့အတိုင်း ဒီဆေးကစပြီး ရင် ရပ်လို့မရတော့ ဘက်စုံထောင့်စုံက စဉ်းစား ပြီး ပြင်ဆင်ရတယ်။ ကိုယ်တိုင်လည်း စိတ် မကောင်းပါဘူး။ သူများတွေရဲရင့်တက်ကြွနေချိန် မှာ သူ့ခမျာစိုးရိမ်သောကတွေပြည့်လို့။ ဆေးရ မယ်ဆိုတာတောင် သောက်လို့စိတ်မချရသေးတဲ့ အခြေအနေ။ ဟူး စိတ်မောလိုက်တာ၊ ကော်ဖီ တစ်ခွက်လောက်တော့ သောက်ဦးမှ။


“ဆရာမ ကျွန်မ ၀င်ခဲ့မယ်နော်”
အသံနဲ့အတူ နောက်တစ်ယောက်အခန်းထဲ ၀င်လာတယ်။

“သြော် အေး အေး ၀င်ခဲ့ ၀င်ခဲ့”

“မမြင်တာကြာပါပြီလား”

“ဟုတ်တယ် ဆရာမ။ နေပြည်တော် ပြောင်းသွားလို့”

“ဟုတ်လား၊ မိဘတွေနဲ့ လိုက်နေတာပေါ့”

“ဟုတ်တယ်ဆရာမ။ ဒီမှာက ယောက်ျားလည်း ဆုံးသွားပြီ ဆိုတော့ ရေရှည် ငှားနေလို့ မဖြစ် တော့ဘူးလေ။ သားလေးခေါ်ပြီး မိဘတွေနဲ့ပဲ ပြန်ပေါင်း နေလိုက်တော့တယ်။”
“ဆေးတော့ အချိန်မီ လာထုတ်နော်”

“စိတ်ချပါဆရာမ။ ကျွန်မ ဒီဆေးလေး ကြောင့် မိသားစုနဲ့ဆက်နေခွင့်ရတာ ကျွန်မ တန်ဖိုး ထားပါတယ်။ သွားရေးလာရေးအတွက်လည်း ကားတွေပေါပါတယ်။”
“အေး ဟုတ်ပြီ ဟုတ်ပြီ”

“ရော့ ဒီနံပါတ် ယူထား။ အရေးအကြောင်းဆို ဆေးခန်းကို ဖုန်းဆက်။ နေပြည်တော် လိပ်စာ ဖုန်း နံပါတ်၊ ဒီကအမျိုးတွေ လိပ်စာ ဖုန်းနံပါတ် အကုန် ဆရာမကို ပေးထား။ ခေတ်ကြီးက ပြောရတာ မဟုတ်ဘူး။ အရေး အကြောင်းဆို လှမ်းဆက်သွယ် လို့ရတာပေါ့။”

“ဟုတ်ကဲ့ပါ ဆရာမ။ ကျေးဇူးလည်း တင်ပါတယ်။ ဖျားနာ တစ်ခုခု ဖြစ်ရင်တော့ အပြင်ဆေး ခန်းမှာပဲ ဒီစာအုပ်လေး ပြပြီး ကုလိုက်မလို့ ကျွန်မ စိတ်ကူးထားတယ်။
“ဆရာဝန်အခြေအနေလည်း ကြည့်ဦးနော်။ တချို့ကစာအုပ်ပြလိုက်မှုံဠ ဆိုပြီး မကုပေး တော့ဘူး။ မကုပေးတဲ့အပြင် အစိုးရိမ်လွန်ပြီး သူ နှုတ်မလုံရင် ကိုယ်က ရပ်ကွက်ထဲမှာ အနေ အထိုင်ခက်ဦးမှာ”

“ဟုတ်ကဲ့ပါ ဆရာမ”

“ဒါနဲ့ ဟိုမှာ စားဝတ်နေရေးက ဘယ်လိုလုပ် မလဲ။”

“အဖေက ပင်စင်ယူပြီး အစွန်အဖျားနားမှာ ၀ိုင်းလေး ပိုင်ထားတော့ နေစရာ မပူရပါဘူး။ ပြီး တော့ အဖေက ကုမ္ပဏီ တစ်ခုမှာ ညစောင့်ဝင် လုပ်နေတယ်။”

ကြားရတာ စိတ်မသက်သာလိုက်တာ။ ဘာလို့လဲဆိုတော့ သူ့အဖေက အရာရှိဘ၀နဲ့ ပင်စင်ယူ ထားတာ။ သူကတော့ ပြောဖူးတယ်၊ သူ့အဖေက ရိုးဖြောင့်လွန်းလို့ သူတို့ဒီလို ဆင်းရဲရတာတဲ့။ စိတ် ထဲကနေ သူ့အဖေကို လေးစားစိတ် ဖြစ်သလို သနားစိတ်လည်း ဖြစ်မိတယ်။
“ကျွန်မလည်း နောက်ပိုင်း ကုန်စိမ်းလေး ဘာလေးရောင်းမှာပါ ဆရာမ။ ဘ၀မှာအားကိုးရှာ ပါတယ်ဆိုမှ ဒီရောဂါပိုးရှိတဲ့ယောက်ျားနဲ့ညားပြီး သူက စောသေသွားတယ်။ တော်သေးတယ် သားလေးကလွတ်လို့။ ကျွန်မအတွက်တော့ ကံ စီမံရာပေါ့။”

“အားမလျှော့ပါနဲ့ရှင်။ ခုလည်း ဆေးသောက်ပြီး အသက်ရှည်နေပြီပဲ။”

“ဒါတော့ ဒါပေါ့ ဆရာမရယ်။ သူများဘ၀တွေနဲ့ ယှဉ်ပြီး ၀မ်းနည်းတာပေါ့၊ အားတင်းထားပါ တယ်၊ အဖေ အမေ သေပြီးမှ ကျွန်မ သေမယ်လို့”

“ဆေးသာ တစ်နေ့နှစ်ကြိမ် အချိန်မှန် သောက်။ လုပ်စရာရှိတာလုပ်သွား။ ကျန်းမာရေး ဂရုစိုက်ရင် နေရမှာပါ။ သားလေး အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့ အထိနေမယ်လို့သာ ထပ်တိုး အားတင်းထား။”

“သြော် ဒါနဲ့ မှာရဦးမယ်။ အကြောင်းတစ်စုံ တစ်ရာကြောင့် ဆေးထုတ်ရက် နောက်ကျရင် ဒီဆေးဘူးလေးနဲ့ တိုက်ပြီး ဆေးဆိုင်ကြီးတွေမှာ သွားရှာပြီး သောက်နော်။ ဆေးတော့ အပျက်မခံနဲ့”

“ဟုတ်ကဲ့ပါဆရာမ၊ စိတ်ချပါ။ မှာတာတွေ မမေ့ပါဘူး။ ကျေးဇူးလည်း တင်ပါတယ်။ ဆရာမကို ကန်တော့ခဲ့ပါတယ်”

“မလုပ်နဲ့ မလုပ်နဲ့”

တားချိန် မရလိုက်။ မျက်ရည်အ၀ဲသားနှင့် ထိုင်ကန်တော့တော့သည်။ ကန်တော့ခံရတော့ စိတ်ထဲတစ်မျိုးကြီး။ ငိုချင်လာသလိုလို။ မွန်းကျပ် လိုက်တာ။ သူ ထွက်သွားတော့မှပဲ လက်ဖမိုးနဲ့ မျက်လုံးကို ပွတ်ပစ်လိုက်တယ်။ ပြတင်းတံခါး နားသွားပြီး လေကိုတ၀ကြီးရှူလိုက်တယ်။ လေကလည်းတိုက်တော့ တိုက်တယ် လေပူတွေ။ နားထဲမှာတော့ အားကိုးရှာခါမှ...ဆိုတဲ့ စကားကို အထပ်ထပ်ကြားပြီး၊ သူ့အတွက် စိတ်မကောင်း ဖြစ်နေမိတယ်။

“ကျွီ”

တံခါးဖွင့်သံနဲ့ အတူ တခြားဆရာ တစ်ယောက်ဝင်လာတယ်။ ရိုင်းလိုက်တာ။ ခွင့်လည်း မတောင်းဘူး။ အခန်းမအား ပြောပါ့လား၊ ဒီလိုပဲ မျှသုံးနေကျ ဖယ်ပေးမှာပေါ့။ တော်ပါပြီ၊ စိတ်လျှော့စိတ်လျှော့။ ကိုယ့်ဘာသာထွက်ပေး လိုက်တာ နားအေးပါတယ်။ တစ်ရက်တစ်ရက် သွေးစစ်တဲ့လူ၊ ဆေးလာထုတ်တဲ့လူ၊ ရောဂါအစုံ လာကုတဲ့လူတွေများလာတော့ အခန်းတွေလည်း မျှသုံးရတော့တာပေါ့။ ဒါပေမဲ့ အချင်းချင်းခွင့် လေးတော့ တောင်းဖို့ကောင်းတာပေါ့။ နေဦး ညနေကျမှ အစည်းအဝေးမှာ ဒီကိစ္စကိုပြောရ မယ်။ သိတဲ့အတိုင်း အစည်းအဝေးမှာတော့ ပြောနိုင်မှတော်ကာကျမှာ။ ရေငုံနှုတ်ပိတ်ငြိမ်ခံနေ ရင် အတယ်ထင်ပြီး နင်းတတ်ကြတယ်။ ဘယ်ရ မလဲ တွေ့ကြသေးတာပေါ့။

အစည်းအဝေးက စနေပြီ။ အလုပ်ကလည်း လက်စသတ် နေရတာဆိုတော့ နောက်ကျနေပြီ။ အစွန်မှာပဲ ၀င်ထိုင်လိုက်တော့မယ်။ အစည်းအဝေး မှာတော့ ပြောကြတာစုံနေတာပဲ။ ရုံးချိန်မှန်ဖို့။ ရောက်ရင်လက်မှတ်ထိုးဖို့။ ပေးနေကျ ကော်ဖီမစ် ဒီလခဏရပ်မယ်ဆိုတာကပါသေး။ သင်တန်း အကြောင်းတွေရော စုံနေတာပဲ။ သူတို့ပြောတာ တွေစောင့်ပြီး နေ့လယ်က ခွင့်မတောင်းဘဲ အခန်း ယူတဲ့ကိစ်္စကို တင်ပြမိတော့ ဘယ်သူမှအရေး မလုပ်ဘူး။ နားမထောင်ဘူး။ သူတို့ပြောချင်တာ တွေပဲ ပြောနေကြတယ်။ ပြောတာကိုတောင် မကြားသလိုနဲ့။ ဒါနဲ့အသံကို အားကုန်ထည့်ပြီး-
“ဒီမှာအားလုံး ပြောတာကို နားထောင်ပေး ကြပါဦး။”

မထူး။ ဘာမှမထူး။ အစည်းအဝေးပြီးပါပြီ ဆိုပြီး ရုံးကားပေါ်ပြေးတက်သွားကြတယ်။ ဒေါသနဲ့မျက်ရည်တွေ တပေါက်ပေါက်နဲ့ ကျလာ တယ်။ အစည်းအဝေးခန်းထဲမှာ တစ်ယောက် တည်း ကျန်ခဲ့တယ်။ မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်ပစ်ရင်း၊ တော်ပြီ မနက်ဖြန်အလုပ် ထွက် စာတင်တော့မယ်။ ဒီအလုပ်ကို လုပ်ရတာ စိတ်ပျက်လှပြီ။ တစ်နေ့တစ်နေ့ အဆင်မပြေတာ တွေ၊ ၀မ်းနည်းစရာတွေ၊ ရင်နင့်စရာတွေနဲ့၊ နဂိုကမှစိတ်ကနုနုနဲ့။ ဘယ်လိုပဲစိတ်ပျက်ခဲ့ သြော် ကိုယ်လည်း သူတို့လိုဘ၀တူမုဆိုးမပဲ၊ ကုသိုလ်ရ တဲ့အလုပ်ပဲ ဆိုပြီး လုပ်နေတာ။ ဒင်းတို့ ဒီလို ဆက်ဆံပုံနဲ့ ဆက်မလုပ်တော့ဘူး။ ငါပြော တာကို ဂရုမစိုက်၊ အလေးမထား၊ ပြန်တောင်သွားကြ တယ်။ တော်ပြီ၊ ထွက်တော့မယ်။ ကုသိုလ်ဆို တာအပြင်မှာ ရှာလည်းရတာပဲ။ အောင်မလေး ပူလိုက် အိုက်လိုက်တာ။ နီးရာကျန်ခဲ့တဲ့ ယပ်တောင်တစ်ချောင်း ဆွဲယူခတ်လိုက်တယ်။ ဟော ယပ်တောင်က အသစ်လေးပါလား။ ဆေးခန်းမှာ ယပ်တောင်အသစ် ဆိုတာ အရှားသား။ နာရေး ယပ်တောင်ပါလား။ ဘယ်သူ့ နာရေးပါလိမ့်။ ဒိတ်ကတော့ ပြီးခဲ့တဲ့ အပတ်ကမှ ဆုံးထားတာပဲ။ ဘယ်သူပါလိမ့်။

“ထောက်”

ယပ်တောင်ကို ကျွန်မ လွှတ်ချလိုက်မိတယ်။ မျက်ရည်ကို လက်ဖမိုးနဲ့ သုတ်စရာ မလို တော့လောက်အောင် ကျွန်မ ဘ၀ အရာရာ အေးချမ်း သွားပြီလို့ အလိုလို ခံစားမိလာတယ်။ သေချာသွားအောင် ဆေးခန်း အပြင်ကို လှမ်းကြည့်လိုက်တော့ ရခိုင်ပြန်မယ့် လူနဲ့ နေပြည်တော် ပြန်မယ့်လူနှစ်ယောက်က ဗာဒံပင် အရိပ်အောက်ကနေ အပြုံးနဲ့ ကျွန်မကို စောင့်နေကြတယ်။ ကျွန်မ သူတို့ကို လှိုက်လှိုက်လှဲလှဲ ပြန်ပြုံးပြလိုက်တယ်။ ကျွန်မ အပြီးအပိုင် ရုံးဆင်းပြီလေ။ အေးချမ်းတဲ့ အဖြူရောင် အိမ်ကလေး ရှိရာကို ပြန်ရတော့မယ်။

မြင့်မြတ်နိုင်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)