အိမ်ဆောက်သူ PDF Print E-mail
Written by ထွန်းဝေမြင့်   
Monday, 19 March 2012 16:26
Share |

အသက်ရှင်သန် ရုန်းကန်ရမှုမှာ
သူ ဘာတွေ လုပ်နေသလဲ
သူတို့ဘာတွေ လုပ်နေသလဲ
ဘာတွေ လုပ်နေသလဲလို့ မေးသူဟာ

generic cialis without a perscriptionbuy generic cialis online order viagra online no prescription buy cialis 10mg
argaiv1535


သင်ကိုယ်တိုင်၊ သူကိုယ်တိုင်
ကျွန်တော် ကိုယ်တိုင် ဖြစ်နေလေရဲ့။

အသက်ရှင်သန် ရုန်းကန်ရမှုမှာ
အရှုံးအမြတ်တွက်ကြရမယ် ပြောသူ
ရှိနေခဲ့တယ်။
ဆင်ပဲရရ၊ ဆိတ်ပဲရရ၊ ငါးပဲရရ
ငါးမရလည်း ရေချိုးပြန်ခဲ့ရတာတွေ
အသက်ရှင်သန် ရုန်းကန်ရမှုမှာ
လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အလုပ်သမားနဲ့
အစဉ်အဆက် ချမ်းသာကြွယ်ဝသူ အလုပ်ရှင်
အိုက်တင်ခံ ကိုယ်ပိုင်ကားစီးသူနဲ့
ဘတ်စ်ကား တိုးဝှေ့စီးသူတွေ
မဟာမိတ်ဖွဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေး
အသက်ရှင်ရုန်းကန်ရမှုမှာ
အထည်ချုပ် စက်ရုံပိုင်ရှင်နဲ့ အထည်ချုပ်အလုပ်သမများ
မြေကြီးကို တူးဆွရန်စေခိုင်းသူနဲ့
မြေကြီးကို တူးဆွနေရသူများ
အပေါ်ကလူနဲ့ အောက်လူ
ဟက်ဟက်ပက်ပက် စကားအပြန်အလှန်
ပြောနေကြပြီလား။

သမိုင်းဦး ကမ္ဘာဦးကလူတွေ အမဲလိုက်ခဲ့တယ်။
အမဲမလိုက်တဲ့ခေတ် ရှိလို့လားဆိုတဲ့ မေးခွန်းရှင်သန်လာတယ်။
ခေတ်တစ်ခေတ်က “ဘီး”ကို ရှာဖွေတွေ့ရှိတယ်။
ခေတ်တစ်ခေတ်က “ဘာသာစကား”ကို ဖန်တီးခဲ့တယ်။
ခေတ်တစ်ခေတ်က “ကျေးကျွန်”စနစ်ကို ထွန်းကားခဲ့တယ်။
ခေတ်တစ်ခေတ်က “လျှပ်စစ်ဓာတ်”ကို ရှာဖွေ့တွေ့ရှိတယ်။
ထိုခေတ်ထိုကာလများတစ်လျှောက် အသက်ရှင်သန်ရုန်းကန်ရမှုမှာ
အပေါ်ကလူနဲ့ အောက်ကလူဆိုတဲ့စကား
ငါတို့နဲ့ သူတို့ဆိုသော စကားများ ဖွံဖြိုးလာခဲ့ရ။

ဟုတ်ပြီ မိတ်ဆွေ၊
ကျုပ်တို့ဟာ အိမ်ဆောက်သူတွေပဲ
ကျုပ်တို့နေဖို့အိမ်ကို ကျုပ်တို့ ဆောက်ရသလို
ကျုပ်တို့ ခန္ဓာအိမ်တွေကိုလည်း
အသက်ရှင်သန်ရုန်းကန်နေသရွေ့ ဆောက်တည်ကြရမယ်။
နေဖို့အိမ်ပဲ ဆောက်ဆောက်
ခန္ဓာအိမ်ပဲ ဆောက်ဆောက်
အဲဒီအိမ်ဟာ နေချင်စဖွယ်အိမ်ပဲ ဖြစ်ရမယ်။

နေပါဦး... အခုပြောတဲ့လူက ဘာလုပ်သလဲ
သူလား... သူ့အလုပ်လား
သူဟာ လူတွေဘာကြောင့် အသက်ရှင်သန်
ရုန်းကန်နေသင့်သလဲဆိုတဲ့ အဖြေတွေကို
ရေးသားဝေငှနေသူတစ်ဦး ဖြစ်ပါတယ်။
အဲဒါက သူ့အလုပ်လား၊ သူ့ကိစ်္စလား
မေးနေတာက အဲဒါမဟုတ်ဘူး
သူ့အသက်မွေးဝမ်းကျောင်း
အလုပ်ကို မေးတာ
သူ့စီးပွားရေး ဘာလုပ်သလဲ၊
ဒါကိုမေးတာ
သိရသလောက်တော့ ဒီလူ့မှာ
အိုးပိုင်အိမ်ပိုင်တောင် ရှိတာ မဟုတ်ဘူး။
ဆယ်ပေမြေတစ်ကွက်တောင် မပိုင်ဘူး။

ဗျာ... သူလား
သူ အိမ်ဆောက်တဲ့ အလုပ်ကို လုပ်ပါတယ်။
ခန်းနားကြီးကျယ်တဲ့ အိမ်မျိုးတော့ မဟုတ်ပါဘူး။
သာမန်လူတွေ နေထိုင်တဲ့ အိမ်မျိုးပေါ့။
ကိုယ်ပိုင်ကားစီးသူတွေရဲ့ အိမ်မျိုး
သူ မဆောက်တတ်ပါဘူး။
ဘတ်စ်ကားတိုးဝှေ့စီးသူတွေရဲ့ အိမ်မျိုးသာ
သူ ဆောက်တတ်ပါတယ်။
သူ အခွန်မှန်မှန်ဆောင်ရဲ့လား။
အကြွေးကင်းရဲ့လား။
အလှူဒါနပြုတတ်သူလား။
မိတ်ဆွေအပေါင်းအသင်းတွေအပေါ် ကောင်းရဲ့လား။
သူဟာ  အိမ်ဆောက်သူဆိုတော့
အိမ်ဆောက်သူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်မျိုး ရှိရဲ့လား။
ကျုပ်မေးတာတွေကို ဖြေစမ်းပါ။

အိမ်ဆောက်သူ တစ်ယောက်မှာ
ရှိသင့်တဲ့ စိတ်ဓာတ်မျိုး
ပုရွက်ဆိတ်ရဲ့ စိတ်ဓာတ်မျိုး
ပင့်ကူရဲ့ စိတ်ဓာတ်မျိုးတော့ ရှိပါတယ်။
သူတို့အိမ်တွေ အကြိမ်ကြိမ်ပျက်လည်း
မညည်းမညူဘဲ သူတို့အိမ်ကို အကြိမ်ကြိမ်
ပြန်ဆောက်တတ်တဲ့စိတ်ဓာတ်မျိုး ရှိပါတယ်။

ကမ္ဘာမြပေါ်ရေတွေ လွှမ်းလိုက် မီးတွေလောင်လိုက်
ကမ္ဘာအကြိမ်ကြိမ်ပျက်ပြီး ကမ္ဘာပြန်ပြု
သမိုင်းခေတ်အကြိမ်ကြိမ်
ဘ၀အကြိမ်ကြိမ်
အချိန်ကာလရှည်လျား ဘ၀ရှည်လျားခဲ့ပြီဆိုတော့
ဒီရှည်လျားမှုက လေးတွဲ့ပြီး
ညှိုးနွမ်းသွားသလား။
ပန်းတွေ ပြန်ပွင့်လာ ပြန်လန်းဆန်းလာသလို
ရေတွေ ကြည်လင် အေးမြနေသလို
ဘ၀ဟူသည် ပြန်ပွင့်လာ ပြန်လည်လန်းဆန်းလာရပေလိမ့်
ပြန်လည်ကြည်လင်လာ
ပြန်လည် အေးမြလာရပေလိမ့်
ဘ၀အဓိပ္ပာယ် ညှိုးနွမ်းမသွားဘူး။
ယနေ့ခေတ် ညှိုးနွမ်းမသွားဘူး။
အခြားသောအရာတွေ ညှိုးနွမ်းမသွားဘူး။

ဟုတ်ပြီ ဒီစာသားလေးတွေ
ဈေးထဲသွားပြီး ဝေငှလိုက်ပါဗျာ။
အသုဘမှာ ဝေရင်လည်း အကျိုးရှိပါတယ်။
လူစည်ကားရာ လမ်းဆုံလမ်းခွမှာလည်း
ဝေလိုက်ပါ။
“ကျွန်ုပ်တို့ နေစရာအိမ်ကောင်းကောင်း မရှိလည်း သူတစ်ပါးအိမ် ငှားနေရတဲ့
အိမ်ငှားဖြစ်လည်း
မလွဲဧကန်ပိုင်ဆိုင်နေရသော
ကိုယ့်ခန္ဓာအိမ်ကိုတော့ ကောင်းမွန်စွာ
တရားမျှတစွာ တည်ဆောက၊်ကြပါစို့”
မျက်မမြင်ဒုက္ခိတတစ်ယောက်ဟာ
တစ်လောကလုံးကြားလောက်အောင်
အော်ပြောနေလေရဲ့။ ။

ထွန်းဝေမြင့်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)