|
Written by ၀င်းငြိမ်း
|
|
Thursday, 29 March 2012 14:27 |
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား သတင်း ဆုကော်မတီက ကျင်းပတဲ့ ပထမ အကြိမ် အမျိုးသား သတင်း ဆုပေးပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စတင်ပြီး ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံမှာ ကျင်းပ ခဲ့ပါတယ်။
argaiv1298
အခမ်းအနားသို့ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသား သတင်းဆု ကော်မတီဝင်များ၊ ဆုရွေးချယ်ရေး အဖွဲ့ ကော်မတီဝင်များ၊ စာနယ်ဇင်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ စည်ကား သိုက်မြိုက်စွာ တက်ရောက်ခဲ့ကြပြီး အခမ်းအနား ကျင်းပ ပုံများကို Sky Net ရုပ်မြင်သံကြား အစီအစဉ်မှ တိုက်ရိုက် ထုတ်လွှင့် ပေးခဲ့ပါတယ်။
အခမ်းအနား အဖွင့်မှာ တယော ဦးတင်ရီ သြခက် စထရာအဖွဲ့က အကယ်ဒမီ ရုပ်ရှင်မင်းသား၊ စာရေးဆရာ မြတ်လေး ရေးသားခဲ့တဲ့ ပန်းတိုင်းပွင့်ပါစေ သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက် ပါတယ်။ ဒုတိယအစီအစဉ် အနေနဲ့ အလင်္ကာ ၀တ်ရည် တေးဂီတ အဖွဲ့မှ ဦးမောင်မောင်အေးက သုံးရောင်ခြယ် သီချင်းကို သီဆိုပြီး ယိမ်း အဖွဲ့ဝင် ၉ ဦးတို့က သရုပ် ဖော်ကပြကြပါတယ်။
ဖျော်ဖြေမှုများ အပြီးမှာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ယနေ့သည် စာနယ်ဇင်း သမိုင်းသစ် စာမျက်နှာဖွင့်လှစ် သည့်နေ့ဖြစ်ကြောင်း၊ စာနယ် ဇင်းများအတွက် ဂုဏ်ယူဖွယ် ရာဖြစ်ကြောင်း ပြောကြား သွားပါတယ်။
အမျိုးသား သတင်းဆု ကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ)က အဖွင့်အမှာ စကားပြောကြားရာမှာ သတင်းသမားဆိုသည်မှာ အမှန်တရားကို ဖော်ထုတ်ရေး သားရေးကို ဦးထိပ်ထားကြ ကြောင်း၊ ချီးမြှင့်မြှောက်စား ခံရသည်ဖြစ်စေ၊ မခံရသည် ဖြစ်စေ၊ မိမိတို့ တာဝန်ဖြစ်တဲ့ အမှန်တရား ဖော်ထုတ်ရေးကို မဆုတ်မနစ် ကြိုးစားသွားကြ မည်သာ ဖြစ်ကြောင်း၊ မကြာ သေးမီက အာရပ် နိုင်ငံများမှာ ပေါ်ပေါက်ခဲ့တဲ့ “အာရပ် နွေဦး”လို့ တင်စားကြတဲ့ တော်လှန် ရေးများမှာ သတင်း မီဒီယာ သမားများ လှုံ့ဆော်မှုကြောင့် ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မှာ နှစ်ပေါင်း ၅၀ ပျောက်ကွယ် နေခဲ့တဲ့ သတင်းဆုကို ဒီနေ့ ချီးမြှင့်နိုင်ပြီဖြစ်တဲ့ အတွက် ၀မ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြား သွားပါတယ်။
ဆက်လက်ပြီး အမျိုးသား သတင်းဆုများကို ဆန်ခါတင် စာရင်းများနဲ့ တကွ ကြေညာရာမှာ အကောင်းဆုံး သတင်းဆုကို ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံအနာ ဂတ်အတွက် အစပျိုးခြင်း သတင်းဆောင်းပါးများ ရေးသားခဲ့ကြတဲ့ နန်းလွင်၊ နှင်း ရတနာဇော်၊ အေးသီရိဝင်း၊ ၀င့်ဝတီနဲ့ ကုမုဒြာဆက်စပ် သတင်းအဖွဲ့ ကရရှိပါတယ်။
သတင်းများနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ကို ဆရာ ကိုရိုးကွန့်က ဖတ်ကြား တင်ပြပြီး သတင်းစာဆရာ ကြီး ဖိုးသောကြာ(ခေတ်မိုး) က ချီးမြှင့် ပေးခဲ့ပါတယ်။ အကောင်းဆုံး သတင်း ဆောင်းပါးဆု ကိုတော့ အောက်တိုဘာလ ၂၇ ရက် နေ့ထုတ် 7 Day News ဂျာနယ် မှ ငြိမ်းငြိမ်းနိုင် က လက်နက် ကိုင်အရေး စားပွဲဝိုင်းပေါ် ရောက်ပြီလား သတင်း ဆောင်းပါးနဲ့ ဆွတ်ခူး ရရှိပါ တယ်။ သုံးသပ်ချက်ကို သတင်းစာ ဆရာ ဦးအောင်လှထွန်းက ဖတ်ကြားပြီး အမျိုးသား သတင်းဆု ကော်မတီ ဥက္ကဋ္ဌ ဆရာ မောင်ဝံသက ဆုချီးမြှင့် ပေးပါတယ်။

အကောင်းဆုံး သတင်း ဓာတ်ပုံဆု ကို ပေါ်ပြူလာ နယူးစ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အငြိမ်းစားများ သတင်းဓာတ် ပုံရိုက်ကူးသူ အောင်နိုင်စိုး က ရရှိသွားပါတယ်။ သုံးသပ် ချက်ကို အမျိုးသားသတင်း ဆုကော်မတီ တွဲဖက်အတွင်း ရေးမှူး (၁) ဦးကိုကို(စက်မှု) က ဖတ်ကြားပြီး ဓာတ်ပုံဆု ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ဆုချီးမြှင့် ပေးပါတယ်။
အကောင်းဆုံး သတင်း ကာတွန်းဆု ကိုတော့ ဇူလိုင်လ ၂၆ ရက်နေ့ထုတ် True News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲကလိုတော့...သတင်း ကာတွန်းရေးသားသူ သီဟ (စခန်းသစ်)က ရရှိသွားပါ တယ်။ သုံးသပ်ချက်ကို ကာ တွန်း ဦးငွေကြည်ကဖတ်ကြား ပြီးကာတွန်း(ဦး)ရွှေမင်းသား က ဆုချီးမြှင့်ပေးပါတယ်။
သြဂုတ်လ ၂၀ ရက်နေ့ က ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင် သတင်းစာများမှာ မျက်နှာဖုံး သတင်းဓာတ်ပုံအဖြစ် ဖော် ပြခဲ့တဲ့ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းဓာတ်ပုံအောက်မှာ ဓာတ် ပုံအရိုက်ခံခဲ့တဲ့ နိုင်ငံတော် သမ္မ တကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံကို ရိုက်ကူးသူ မြန်မာ့သတင်းစဉ် မှ ဓာတ်ပုံဆရာ မောင်မောင်သန်း(ကော့မှူး)အား အမျိုး သား သတင်းဆု ကော်မတီက တစ်နှစ်အတွင်း အထူးခြားဆုံး အမျိုးသား သတင်း ဓာတ်ပုံဆု အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
ဆုများ ချီးမြှင့်ရာမှာ ငွေသား ကျပ် ၁၀ သိန်း၊ ဆုလက်မှတ်၊ ဆုတံဆိပ်များ ချီး မြှင့်ပေးခဲ့ပါတယ်။ အလားတူ ကျင်းပခဲ့တဲ့ လိုဂိုပြိုင်ပွဲ မှာ ပြိုင်ပွဲဝင် ၆၀ ကျော်ရှိတဲ့ အနက် မချိုဇော်အောင်ရဲ့ လို ဂိုကို ရွေးချယ်ခဲ့ကြပါတယ်။ မချိုဇော်အောင်ကို ကျပ် ၅ သိန်းနဲ့ ဂုဏ်ပြုလက်မှတ်ကို ဦးကိုကို(စက်မှု)က ချီးမြှင့် ပေးပါတယ်။
ဆုတံဆိပ် အတွက် ပြိုင်ပွဲဝင်သူများ ရှိပေမဲ့ ရွေးချယ်ရေး အဖွဲ့က စိတ်တိုင်း မကျတာကြောင့် ဦးဆန်နီ ညိမ်းအား လုပ်ငန်းအပ်နှံခဲ့ပါ တယ်။ ဦးဆန်နီညိမ်းက ကလောင်တံ မပေါ်မီ ခေတ်ဦး ပိုင်းက ရှေးမြန်မာကြီးများ ကလောင်အဖြစ် သုံးစွဲခဲ့တဲ့ ဒေါင်းတောင်ကို ရွှေဒေါင်း တောင်အဖြစ် ဖန်တီးပြီး Acrylic မှာ ထွင်းထည့်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆန်နီညိမ်း အတွက် ဆုငွေ ကျပ် ၅ သိန်း ကို ဆရာ မောင်ဝံသက ချီး မြှင့်ပေးခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲ အခမ်းအနား အပြီးမှာ ဦးတင်ရီ၊ အလင်္ကာ ၀တ်ရည် တေးဂီတ အဖွဲ့တို့ရဲ့ ဖျော်ဖြေမှုများ အပြင် မြို့ရွှေ မန်းသားလေး ဖိုးချစ် အဖွဲ့ရဲ့ အကအလှ နှစ်ပါးသွားတို့ကို အားပါးတရ ရှုစား ခဲ့ကြရပါတယ်။ ပထမ အကြိမ်မှသည် နောင်အကြိမ်ပေါင်း များစွာ မျိုးဆက်သစ် စာနယ်ဇင်းသမား များကို မြေတောင်မြှောက် ပေး နိုင်ဖို့၊ အရည်အသွေး မြင့်မား လာစေဖို့ ရည်ရွယ်ချက်များ နဲ့ ဆက်လက် လုပ်ဆောင်သွား နိုင်ပါစေလို့ ဆန္ဒ ပြုရပါ တယ်။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |