ဘယ်လို နားလည်ရမှန်း မသိတဲ့ ရဲလေး PDF Print E-mail
Written by ခင်လေးမြင့်   
Saturday, 31 March 2012 16:53
Share |

ရဲလေး အနေနဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ပေမဲ့ အခု နောက်ပိုင်း မှာတော့ မရိုက် ဖြစ်ပါဘူး။

buy tadalafil onlinefree cialis samples order viagra online no prescription cialis 40mg
argaiv1141

Belle Myanmar ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးဖို့ စာချုပ်ချုပ်ပြီး နောက်ပိုင်းမှာ ဇာတ်ကားတွေ မရိုက်ဖြစ်တာပါ။

ဇာတ်ကား ရိုက်ကူးရေး ဘက်ကို ရဲလေး အနေနဲ့ လုံးဝ မလှည့်တော့ဘူးလား။

ကျွန်တော့်ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းကြတာတွေ ရှိပေမဲ့ ကမ်းလှမ်းပြီး ပျောက်ပျောက်သွားတာ၊ နားမလည်နိုင်ဘူး။ ကိုယ်ကလည်း ကိုယ့်ရဲ့ရိုးလ် တစ်ခုကို တင်ပြတယ်။ ဒီလို၊ ဒီလိုရှိတယ်ဆို သရုပ်ဆောင်နိုင်မယ် ဆိုပြီး တင်ပြတယ်။ အဲဒီလိုမျိုး ပြောပြီးရင် ပြန်ပေါ်မလာတော့ဘူး။ အဲဒီတော့ ကျွန်တော် ဘယ်လို နားလည်ရမှန်း မသိတော့ဘူး။ အဲဒီက ဆက်ပြီး ဇာတ်ကား ရိုက်တာတွေ မလုပ်ဖြစ်တော့တာပေါ့။ ဟုတ်တယ်။ ဒါပေမဲ့ ကိုယ့်ဘာသာအိတ်စိုက် ထုတ်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန် ကျရင် အကောင်းဆုံး ကားတစ်ကား ရိုက်ဖို့ စီစဉ်ထားတယ်။ Idea ရှိတယ်ပေါ့။ အခုလည်း ကျွန်တော့် စာအုပ်ကို ကိုယ်ကိုယ်တိုင် စီစဉ်ပြီးတော့ ကိုယ်ကိုယ်တိုင် လုပ်ရတာကို ပိုကျေနပ်တယ်။ ပိုပြီးတော့လည်း စိတ်တိုင်းကျဖြစ်တယ်။

ဒါဆို ဘယ်တော့ ရိုက်မလဲ။

ဒီနှစ်ကတော့ ရိုက်ဖြစ်မှာ မဟုတ်ဘူး။ နောက်နှစ်တွေ ကျရင်တော့ အဲဒီ အတွေးလေးတွေကို အကောင်အထည် ဖော်ဖြစ်မယ် ထင်ပါတယ်။ ရိုက်ဖြစ်လည်း သူများတွေလို ဟုတ်ချင်မှ ဟုတ်မှာ။ မျက်လုံးနဲ့ ကစားသွားတဲ့၊ အိုက်တင်နဲ့ ကစားတဲ့၊ ဇာတ်ကား တစ်ကားလုံးမှာမှ စကား လေးခွန်းလောက်ပဲ ပြောရတဲ့ ကားမျိုး ဖြစ်ချင်ဖြစ်မယ်။ အဲဒီစကားက ပရိသတ်အတွက် အရမ်းကောင်းနေရမယ်။ ကြိုက်နေရမယ်။ စကားပြောမှ ဇာတ်လမ်းဖြစ်တာ မဟုတ်ဘူး။ အိုက်တင်ကို ဦးစားပေးပြီး သူ့ရဲ့ Presentation ကို ဦးစားပေးတဲ့ ဇာတ်ကားမျိုးတွေလည်း ရိုက်ချင်တယ်။ ရုပ်ရှင်လောကဘက်က အကူးအပြောင်းကာလမှာ လူငယ်စကားအနေနဲ့ဆို ဂဏန်းငြိမ်သွားပြီဆိုတဲ့အချိန်ကျမှ အနုပညာတစ်ခုကို လွတ်လွတ်လပ်လပ် လုပ်ကြတာ ပိုကောင်းတယ်လို့ ရဲလေးက ဆိုပါသေးတယ်။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

 


ခင်လေးမြင့်
About the author:
Last Updated on Monday, 02 April 2012 14:27