အဓိက သရုပ်ဆောင် ဆိုပေမဲ့ ပေးလာတဲ့ နေရာက ရိုက်တယ် PDF Print E-mail
Written by လင်းနိုင်ဦး   
Monday, 02 April 2012 14:12
Share |

အဓိက သရုပ်ဆောင် အဖြစ်နဲ့ ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့ပေမဲ့ တချို့ကားတွေမှာ ဇာတ်ပို့ အနေနဲ့လည်း ရိုက်ကူး ပေးနေတယ် ဆိုတာကြောင့် ကောင်းခန့်ကို မေးကြည့် ဖြစ်ခဲ့ပါတယ်။

buy brand cialiscialis generic india discount generic viagra cialis price
argaiv1340

ကောင်းခန့် ဗီဒီယို အနေနဲ့ ရိုက်ဖြစ်တာ ဘယ်နှကားလောက် ရှိသွားပြီလဲ။ အဲဒီ အထဲက ပရိသတ် အကြိုက် ဖြစ်သွားတဲ့ကားတွေကိုလည်း ပြောပြပေးပါဦး။

ဗီဒီယိုကား အနေနဲ့ ရိုက်ပြီးတာကတော့ ကား ၅၀ ကျော်သွားပါပြီ။ အဲဒီ ကားတွေထဲက ပရိသတ် အကြိုက်တွေ့ပြီး နာမည် ပိုရသွားတာကတော့ ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ပေးတဲ့ ဝေယျာဝစ္စ၊ ဒါရိုက်တာ အောင်ဗပါဝါ ရိုက်ပေး ထားတဲ့ ၂၀၂၈၊ ဒါရိုက်တာ မောင်ဒေါန ရိုက်တဲ့ နှစ်ဆယ့်တစ်ရာစု နှလုံးသား တွေက ပရိသတ်ပိုပြီး အသိအမှတ်ပြုတဲ့ ကားတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီကားတွေကို ဘာကြောင့် ပရိသတ် အသိအမှတ် ပြုသွားတယ်လို့ ပြောလို့ရမလဲ။

အဲဒီကားတွေက အဓိက ဇာတ်လမ်း၊ ဇာတ်ကွက်ကောင်းလို့ပါပဲ။ ပြီးတော့ ရိုက်ပေးတဲ့ ဒါရိုက်တာတွေ တင်ပြပုံ ကောင်းလို့ပါ။ ကျွန်တော်ကတော့ သူတို့ညွှန်ကြားတဲ့ အတိုင်း သင်ပေးတဲ့အတိုင်း လုပ်ဖြစ်ခဲ့လို့ အသိအမှတ် ပြုခံရတာပါ။ ကောင်းခန့် လောလောဆယ် ဘာကားရိုက်ဖြစ်နေလဲ။ လောလောဆယ်တော့ ဒါရိုက်တာ ဗန်းကြီးရိုက်တဲ့ သမုဒယမုန်တိုင်းမှာမြင့်မြတ်၊ ထွန်းအိန္ဒြာဗို၊ ဒေ၀ီဆူးခက်တို့နှင့် ကျွန်တော် ရိုက်ဖြစ်နေပါတယ်။ ဒီကားပြီးရင်လည်း ဒါရိုက်တာ ဗန်းကြီးနဲ့ပဲ ဒီဗီဒီကား ထပ်ရိုက်မှာပါ။

အဲဒီ ဇာတ်ကားတွေမှာ အဓိက သရုပ်ဆောင် အဖြစ်နဲ့ ရိုက်တာလား။ အပြိုင် သရုပ်ဆောင် အဖြစ် ရိုက်သွားမှာလား။

အဓိက နေရာကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အပြိုင်တော့ လုပ်ခွင့် ရမယ်လို့ ပြောပါတယ်။ သရုပ်ဆောင် အများကြီးလည်း ပါပါတယ်။

ကောင်းခန့်က အဓိက သရုပ်ဆောင် နေရာက မဟုတ်လည်း ရိုက်ဖြစ်တာပဲလား။

ရိုက်ပါတယ်။ အဓိက သရုပ်ဆောင်နေရာက ရမှရယ် မဟုတ်ပါဘူး။ အဲဒီဇာတ်မှာ ကျွန်တော့်အတွက် ကာရိုက်တာ တစ်ခုရှိပြီးတော့ လုပ်နိုင်မယ် ထင်တဲ့ ဇာတ်ရုပ်ဆိုရင် လုပ်ဖြစ်တာပါပဲ။ ဇာတ်ဆောင် မဟုတ်ဘဲ ဇာတ်ပို့နေရာ ဆိုလည်း ရိုက်ဖြစ်တာပါပဲ။ ကိုယ်ကြောင့် ဇာတ်လေး ပိုကောင်းသွားမယ် ဆိုရင် ပရိသတ် အတွက်ကြည့်ပြီး ရိုက်ပါတယ်။

များသောအားဖြင့် အဓိကသရုပ်ဆောင်တွေက အဓိက နေရာရမှ ရိုက်ဖြစ်ကြတဲ့ အပေါ် ကောင်းခန့်က ဘာလို့ အဓိက ဇာတ်ဆောင် မဟုတ်ဘဲ ရိုက်ဖြစ်တာလဲ။


ကျွန်တော် စရိုက်ကတည်းကလည်း ကိုကျော်ရဲအောင်နဲ့ တွဲရိုက်ဖြစ်တာ များပါတယ်။ အတွဲတွေရိုက်တဲ့အခါ ကိုယ့်ထက် ၀ါရင့်တဲ့ သရုပ်ဆောင်တွေက သင်ပေးတာတွေလည်း ရှိတယ်။ သူတို့နဲ့တွဲရိုက်လို့ ကျွန်တော့်ကို ပိုသိ သွားတာတွေလည်း ရှိပါတယ်။ အဓိက သရုပ်ဆောင် အဖြစ် တစ်ယောက်တည်းလည်း ရပ်တည်တယ်။ နေရာရမယ် ဆိုရင် ဇာတ်ပို့ အဖြစ်လည်း ရပ်တည်တယ်။ သင့်တော်မယ်ထင်လို့ ပေးတဲ့နေရာကို အကောင်းဆုံး ကြိုးစားပြီး လုပ်ပါတယ်။ အဓိကက ပညာရဖို့ပဲ အဓိကဦးတည်ပါတယ်။ ကျေးဇူးပါပဲ။

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

 


လင်းနိုင်ဦး
About the author: