ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ သနပ်ခါး PDF Print E-mail
Written by ခင်လေးမြင့်   
Tuesday, 03 April 2012 12:16
Share |

ပင်လယ် ဗီဒီယို ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သနပ်ခါး ဆိုတဲ့ ဒီဗီဒီ ဇာတ်ကားကို ရိုက်ကူး ထားပါတယ်။

generic tadalafilcheap cialis no prescription discount viagra online cialis 20mg without prescription
argaiv1143

သနပ်ခါး ဇာတ်ကားက စာရေး ဆရာအောင်လင်းရဲ့ ရွှေဝတ်မှုန် ၀တ္ထုကို ရိုက်ကူးတာပါ။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီဇာတ်ကားကို ရိုက်ကူးဖို့ ၂၀၀၉ ခုနှစ်ကတည်းက ဇာတ်ညွှန်း ရေးပြီးထားပေမဲ့ မရိုက်ဖြစ်ခဲ့ပါဘူး။ ရိုက်ဖို့ စီစဉ်ခဲ့မှုများမှာ သရုပ်ဆောင်များလည်း အပြောင်းအလဲ ရှိခဲ့ပါတယ်။

အခု ရိုက်ကူးထားတဲ့ သနပ်ခါး ဇာတ်ကားမှာ ရဲတိုက်၊ နေအောင်၊ ၀တ်မှုံရွှေရည်၊ မေကဗျာနဲ့ ရိုတတို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။ ရဲတိုက်က ဦးလေးကို အားကိုး ယုံကြည်တဲ့၊ ဦးလေးအပေါ် မျှော်လင့်ချက် ကြီးသလို၊ ကိုယ့်ကိုယ်ကိုလည်း မျှော်လင့်ချက်ကြီးတဲ့ လူငယ်တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားကို ထွက်သွားပြီး ပြန်ရောက်တဲ့ အချိန်မှာ အရာရာကို အကောင်း မြင်လာတတ်ပြီး စိတ်ကို မထိန်းချုပ်တတ်သူ အဖြစ်လည်း ရဲတိုက်က သရုပ်ဆောင် ထားတာပါ။ ရဲတိုက်ရဲ့ ဦးလေးအဖြစ် နေအောင်က သရုပ်ဆောင်ထားပြီး နေအောင်ရဲ့ ဇနီးအဖြစ် ၀တ်မှုံရွှေရည်က သရုပ်ဆောင် ထားပါတယ်။ ၀တ်မှုံရွှေရည်က နေအောင်ကို မချစ်ဘဲ လက်ထပ် လိုက်ရတဲ့ သူဖြစ်ပြီး ရဲတိုက်ကိုလည်း စိတ်ဝင်စားနေတဲ့သူ အဖြစ် သရုပ် ဆောင်ထားပါတယ်။

မေကဗျာက ၀တ်မှုံရွှေရည်ရဲ့ အစ်မအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ မေကဗျာ ပါဝင် သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းက ၇ ခန်းသာ ပါပေမဲ့ ဇာတ်လမ်းကို ကြိုက်တာရယ်၊ ရိုက်ကူးတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဆုံချင် တာရယ်ကြောင့် မေကဗျာက ဒီဇာတ်ကားကို ရိုက်ကူးတာပါ။ ရဲတိုက် နိုင်ငံခြားက ပြန်လာပြီး ၀တ်မှုံရွှေရည်ကို ချုပ်ချယ်မှုတွေ ပြုလုပ်သလို မေကဗျာကိုလည်း ချစ်တယ် ဆိုတဲ့ အရိပ်အယောင် ပြတဲ့ ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးပါတယ်။ ရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းတွေမှာ ဘယ်လို သရုပ်ဆောင်ရမယ် ဆိုတာကို အသေးစိတ်ရှင်းပြ တာပါ။ ဘယ်စကားပြောတဲ့အချိန်မှာ ကင်မရာက ဘယ်နားမှာပဲ ရှိနေမယ်၊ ဘယ်စကား အဆုံးမှာ ကင်မရာက အနီးနားကို ရွှေ့နေမယ်၊ ၀တ်မှုံရွှေရည်ရဲ့ မျက်နှာ အမူအရာ ဘယ်လောက်ထိ ပြောင်းလဲနေရမယ်ဆိုတာတွေကို အသေးစိတ် စိတ်ရှည် လက်ရှည် ရှင်းပြပြီးမှ ရိုက်တာပါ။

သနပ်ခါး ဇာတ်ကားမှာ ရွှေဝတ်မှုန် ၀တ္ထုထဲမှာ ပါတဲ့ အချို့အချက်တွေကိုတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဖြုတ်ထားပါတယ်။ “၀တ္ထုအတိုင်းကို ကျွန်တော် ဇာတ်ညွှန်း ရေးထားတာ မဟုတ်ဘူး။ အများကြီး ပြင်ထားရတယ်။ ၀တ္ထု က ၁၉၇၀ ပြည့်နှစ်လောက်က ရေးထားတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဲဒီတုန်းက ism တွေရှိတာ ဆိုတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယုံကြည်ချက်တွေ ရေးထားတာတွေကို ကျွန်တော် က ပြောင်းပစ်လိုက်တယ်။ နိုင်ငံရေး အရောင်တွေ လုံးဝ ဖျောက်ပစ်ပြီး အချစ်၊ မေတ္တာတို့ကိုပဲ ဖွဲ့ထားတယ်။ ၀တ္ထုရဲ့ အရှိန်အ၀ါက ကြီးပါတယ်။ ဒါပေမဲ့ ၀တ္ထုအတိုင်းတော့ ကျွန်တော် ရိုက်နေတာတော့ မဟုတ်ဘူး။ ဇာတ်သိမ်းပိုင်းကို လည်း အကြီးကြီးပြင်ထားတယ်” လို့ ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ဇာတ်ညွှန်းပိုင်း ပြင်ထားမှုအကြောင်း ပြောပြပါတယ်။

ဒီဗီဒီအဖြစ် ရိုက်ကူးပေမဲ့ ပရိုဂျူဆာဘက်က စိတ်ကြိုက် ဖြစ်ရင် ရုပ်ရှင်အဖြစ် ပြောင်းဖို့တော့ အစီအစဉ် ရှိပါတယ်။ Sony 350 ကင်မရာနဲ့ ရိုက်ကူးထားပြီး Work Folw အရဆိုရင် ဖလင်ကို ပြောင်းနိုင်ပါတယ်။ ကင်မရာမဲန်းကို တင့်ဆန်းက တာဝန်ယူပြီး Director of Photography အဖြစ်တော့ ဓာတ်ပုံမျိုးမြင့်ဆွေက တာဝန်ယူပေးထားပါတယ်။ ဒီဗီဒီပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ပါဝင် သရုပ်ဆောင် ထားကြတဲ့ သူတွေကတော့ ကြိုးစားပြီး သရုပ်ဆောင် ထားကြတာပါ။

သနပ်ခါး ဇာတ်ကားမှာ စကားလုံးတွေ နည်းပြီး မျက်လုံး၊ မျက်နှာ အိုက်တင်တွေနဲ့ သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေရဲ့ ဒီလို သရုပ်ဆောင်မှုတွေကို ကြည့်ရတဲ့ ပရိသတ်များ အနေနဲ့ ဘာဖြစ်မယ် ဆိုတာတွေကို ကြိုတင် မသိရဘူးလို့လည်း သိရပါတယ်။ တချို့က သနပ်ခါးကို ရေနဲ့ သွေးကြတယ်၊ တချို့က သနပ်ခါးကို မျက်ရည်နဲ့ သွေးကြ တယ်လို့ သနပ်ခါး ဇာတ်ကားနဲ့ ပတ်သက်ပြီး ဆိုထားတာ ကြောင့် ဒီဇာတ်ကားရဲ့ သနပ်ခါးကို ဘယ်သူတွေက ဘာနဲ့ သွေးကြမလဲ ဆိုတာ စောင့်မျှော် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

 


ခင်လေးမြင့်
About the author: