(April-2012)Cover Story PDF Print E-mail
Written by ခင်လေးမြင့်   
Thursday, 05 April 2012 14:18
Share |

???????????? ?????????? ????????? ????? ????????????? ?????? ?????????? ??? ?????? ??????????

cialis generic vs brandgeneric tadalafil buy viagra overnight delivery buy brand cialis
argaiv1920

နှစ်ဟောင်းက အညစ် အကြေးတွေကို ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ရှေ့ဆက်ကြဖို့ ဆိုပြီး အတာရေများ ပက်ဖျန်းကြတာက မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ပါ။ ရှေးခေတ် မြန်မာ့ သင်္ကြန်ပွဲတော်က သပြေခက်၊ ငွေဖလားတွေနဲ့ ရေပက်ဖျန်းကစား ကြတာ ဖြစ်ပေမဲ့ ခေတ်ကာလ အချိန်တွေ ရွေ့လျားတာနဲ့ အမျှ ရေလောင်းကြတာတွေ မတူညီ ကြတော့ပါဘူး။

မတူညီကြတဲ့ ရေကစားမှုတွေ ရှိပေမဲ့ မြန်မာနှစ်သစ် ကြိုဆိုမှု အစဉ်အလာတော့ မဖျက်ကြပါဘူး။ အခုနောက်ပိုင်း သင်္ကြန်ပွဲတော်တွေမှာ အထူးသဖြင့် ရန်ကုန် သင်္ကြန်မှာတော့ ရေခွက်၊ ရေဖလားနဲ့ ရေလောင်း ကစားကြတာထက် ရေပိုက်တွေနဲ့ ကစားကြတာ များပါတယ်။ ဒီလိုကလည်း ခေတ်ကာလ တိုးတက်မှုတွေနဲ့ အညီ ပြောင်းလဲ လာတာပါ။ ဒီလို ပြောင်းလဲမှုတွေက ကောင်းတဲ့ဘက်ကို ဦးတည် သွားတာဆို ကောင်းပေမဲ့ ဆိုးတဲ့ဘက်ကို ဦးတည် သွားတာဆို မကောင်းပါဘူး။

ရှေးခေတ်ရိုးရာ သင်္ကြန် ပုံစံလေးတွေကို ပြန်လည် အမှတ်ရပြီး ပုံဖော်တာမျိုး ရှိကြပေမဲ့ ၂၀၁၂ ဧပြီလရဲ့ Teen မဂ္ဂဇင်း မျက်နှာဖုံးပုံကိုတော့ ဒီနေ့ခေတ် သင်္ကြန် ပုံစံများနဲ့ ပုံဖော် ထားပါတယ်။ ဓာတ်ပုံဆရာ အောင်ကျော်မိုး(New Image) ရဲ့ စိတ်ကူးလေးပါ။ မျက်နှာဖုံးအတွက် သရုပ် ဆောင်ပေးသူတွေကတော့ ကောင်းထက်ဇော် (Super Star Model Agency) နဲ့ နှင်းဆုခိုင်ဦး (Talents & Models) တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက ဒီနေ့ခေတ်ရဲ့သင်္ကြန် ပုံရိပ်များကို မြင်ရသူတွေ ပျော်ရွှင်မြူးစေဖို့ အတတ်နိုင်ဆုံး ပုံဖော်ပေး ထားတာပါ။ ဓာတ်ပုံဆရာ အောင်ကျော်မိုး (New Image) က သင်္ကြန် ပုံရိပ်အတိုင်း ရေစို၊ ရေလောင်း လုပ်ချင်ပေမဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ရေတွေ ရွှဲရွှဲစိုအောင် မရိုက်ဖြစ်ခဲ့ရဘူးလို့ သိရပါတယ်။ ဓာတ်ပုံဆရာက မော်ဒယ်လ်တွေရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ သရုပ်ဆောင်မှုတွေပေါ် မူတည်ပြီး မီးအလင်းအမှောင် ကစားပေးရတာပါ။ ဒီမှာတော့ ဓာတ်ပုံအောင်ကျော်မိုးက နေပြင်းပြင်း ပူတဲ့အချိန်မှာ ရိုက်ရတဲ့အတွက် မီးအလင်း အမှောင်ကို ဂရုတစိုက် ပေးထားရတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံတစ်ပုံက သရုပ်ဆောင် မော်ဒယ်လ်တွေရဲ့ သရုပ်ဆောင်မှုကောင်းရုံနဲ့ မပြီးဘဲ ဓာတ်ပုံဆရာရဲ့ စိတ်ကူး၊ ဓာတ်ပုံ ပညာရပ်များက အရေးကြီးတယ် ဆိုတာ သိသာပါတယ်။

 

Teen မဂ္ဂဇင်း မျက်နှာဖုံးအတွက် သရုပ်ဆောင်ပေးကြတဲ့ မော်ဒယ်လ် ကောင်းထက်ဇော် (Super Stars Model Agency) နဲ့ နှင်းဆုခိုင်ဦး (Talents & Models) တို့က မော်ဒယ်လ်ပွဲတော် တော်များများမှာ ပါဝင်ဖူးကြသူတွေ ဖြစ်ပါတယ်။ ပွဲတော် တော်တော်များများမှာ ပရိသတ်တွေ ကျေနပ်မှု ရှိအောင် တင်ဆက်ပေးနိုင်သူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေကလည်း သင်္ကြန်ဆိုတဲ့ အချိန်အခါစစ်စစ် ကို မရောက်သေးပေမဲ့ သင်္ကြန်အကြို ဓာတ်ပုံ ရိုက်ကူးမှုကို အကောင်းဆုံး သရုပ်ဆောင် ပေးထားတဲ့အတွက် ကျေးဇူး တင်ပါတယ်။ သင်္ကြန်ကာလပုံစံ အကောင်းဆုံး ဖန်တီး ပုံဖော် ရိုက်ကူးပေးတဲ့ ဓာတ်ပုံ အောင်ကျော်မိုး(New Image) ကိုလည်း ကျေးဇူးတင်ပါတယ်။ Teen မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ကူးမှု အတွက် အစစအရာရာ ကူညီ ပေးသူများ အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုပါရစေ။ ၂၀၁၂ သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလမှာ teen ပရိသတ် အပေါင်း လုပ်သမျှ အဆင်ပြေ၊ ကြံသမျှ အောင်မြင်ပြီး စိတ်ချမ်းမြေ့မှု များစွာ ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

 

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)


ခင်လေးမြင့်
About the author: