(April-2012)Message to teen PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 05 April 2012 15:45
Share |

နိုင်ငံရေး အပြောင်းအလဲနှင့် နိုင်ငံသားတို့၏ ထက်သန် အားထုတ်မှု တို့သည် တိုက်ရိုက် ပတ်သက် နေပေသည်။

buy cialis online usabuy cialis over the counter buy brand viagra buy cialis over the counter
argaiv1848

နိုင်ငံသား အများစုမှာ စာမဖတ်ကြဟု တဖွဖွ ပြောခဲ့ကြရသည်ထိ နိုင်ငံသားတို့မှ နိုင်ငံ့ အရေးအား စိတ်ထက်သန် အားထုတ်မှု၊ နိုင်ငံအကြောင်း၊ ပတ်ဝန်းကျင် အကြောင်း လေ့လာ စူးစမ်းလိုမှုတို့သည် မတက်ကြွ မထင်ရှား ခဲ့သည်မှာ နှစ်ပေါင်းများစွာဟု ဆိုရမတတ်ပင်။ ထို့ကြောင့်သာ အဘသခင် အောင်ဆန်း၏ ဇနီး၊ ဒေါ်အောင်ဆန်းစုကြည်၏  မိခင် အမည်ကို မဖြေနိုင်သည် အထိ အရုပ်ဆိုး အကျည်းတန်သော လူငယ်ပညာ တတ်ဆိုသူများကို မြင်တွေ့ လာကြရပေသည်။

သို့သော် ယခင်က အရောင်းရဆုံး စာအုပ်များမှာ ဘာသာရေးနှင့် တက်ကျမ်းများ ဖြစ်ခဲ့ရာမှ အစိုးရသစ်တက် ပြီးနောက် နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာသည့် အခါ နိုင်ငံရေး စာအုပ်များက အရောင်းရဆုံး စာရင်း ၀င်လာခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများ ပါသည့် မည်သည့်စာစောင်၊စာအုပ်မဆို ရောင်းရသည်အထိ နိုင်ငံသားတို့မှ ထက်သန်မှုကို ပြသလာကြသည်မှာလည်း ငြင်းမရသည့် အမှန်တရားပင်။

လွန်ခဲ့သော ၂-၃နှစ်ကဆိုလျှင်ပင် သည်နာမည်သည် စာမျက်နှာများ ပေါ် မရောက်နိုင်ခဲ့သေးချေ။ သူ့အကြောင်းကို     ရေးရန်ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်ခဲ့။ ယခုမူ သူ့အကြောင်းမျှ မပါလျှင်၊ သူ့ဓာတ်ပုံမျှ မပါလျှင် ရောင်းအား မကောင်းမည်မှာ သေချာမတတ်။ သည်နှယ် ပြောင်းလဲ လာသည်က နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာကာ မီဒီယာ တင်းကျပ်မှုများ လျော့ပါးသွားသည်မှ စခဲ့ခြင်းဖြစ်သည်။ ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းသည် ယခင် နိုင်ငံရေး အခင်းအကျင်းထက် ပိုမိုလွတ်လပ်သည့် အသွင် ဆောင်သည့် အတွက်လည်း ပြည်သူတို့မှ နိုင်ငံရေးကို စိတ်ဝင်စားမှုသည် အတိတ်ကာလမှာထက် ပိုမိုထက်သန် လာခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး အပြောင်းအလဲသည် နိုင်ငံသားတို့အပေါ် အနည်းနည်း အဖုံဖုံဖြင့် ပတ်သက်နေသည်ဟု ဆိုနိုင်သည်။

ထိုမှတစ်ဖန် နိုင်ငံသားတို့၏ ထက်သန်မှု၊ စိတ်ဝင်စားမှုတို့ကြောင့်လည်း နိုင်ငံရေး အခင်းအကျင်းသည် ပြောင်းလဲ လာရပြန်သည်။ ဥပမာဆိုရလျှင် နိုင်ငံရေး အခင်းအကျင်းသည် ပိုမို လွတ်လပ်သော အသွင်ဆောင်လာကြောင်းကို သိရသောကြောင့် ထိုအကြောင်းအရာများကို ရေးသား ထုတ်ဝေနေသည့် စာနယ်ဇင်းများအား နိုင်ငံသားတို့က ပိုမိုအားပေး ဖတ်ရှုလာကြသည်။ ထိုသို့ အားပေး ဖတ်ရှုမှုက စာနယ်ဇင်း ဆရာများအား နိုင်ငံရေး အကြောင်း ပိုမိုရှာဖွေ ဖော်ထုတ် ရေးသားထုတ်ဝေရန် တွန်းအား ပေးသကဲ့သို့ ဖြစ်လာသည်။

ထို့ကြောင့် စာနယ်ဇင်းဆရာတို့က အနည်းနည်း အဖုံဖုံဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကိုရေးသားရန် အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ ချဉ်းကပ် လာကြသည်။ ထိုအခါ ထိုအဖွဲ့အစည်း အသီးသီးမှာလည်း ယခင်ကကဲ့သို့တိတ်တဆိတ် နှင့်ထင်ရာစိုင်းရန် မဖြစ်နိုင်တော့ဟူသော အသိဖြင့် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်ရန် အားမထုတ် နိုင်သည့်တိုင် အမှားဗရပွဖြင့် ခြစားထုံးတမ်း များအား ဆက်လက် ကျင့်သုံးရန် အခြေအနေ မပေးတော့ကြောင်း သဘော ပေါက်လာရသည်။ သို့ဖြင့်နိုင်ငံ့အရေးများ အတန်အသင့် ပြောင်းလဲ လာရပြန်သည်။ ထိုအပြောင်းအလဲကို ငံ့လင့်သော နိုင်ငံသားများက ထိုသတင်းများ ကြားနာ ဖတ်ရှု ရန် ပိုမိုအားထုတ်ခြင်းဖြင့်လည်းကောင်း၊ ထို အကြောင်းအရာများကို ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနွေး ကြခြင်းဖြင့်လည်းကောင်း တုံ့ပြန်ပြုမူလာကြ သည်။ သို့ဖြင့်နိုင်ငံရေးနှင့် နိုင်ငံ့ အရေးတို့တွင် နိုင်ငံသားတို့၏ အခန်းကဏ္ဍက ပိုပြီးသက်ဝင် ထင်ရှားလာရသည်။ ထိုအခါ ထိုသို့ အသံကျယ် လာသည့် နိုင်ငံသားများ၏ အသံကို နိုင်ငံအစိုးရမှ လည်း လျစ်လျူ မရှုနိုင်တော့ရကား နိုင်ငံရေး အပြောင်းအလဲများကို လုပ်ဆောင်ကြံဆ လာကြ ရတော့သည်။ သည်နှယ်အပြောင်းအလဲစက်ဝန်းက ကျယ်ပြန့် လာတော့သည်။

ထို့ကြောင့် နိုင်ငံရေး အပြောင်းအလဲများ သည်  နိုင်ငံသားတို့၏ ထက်သန်မှုနှင့် တိုက်ရိုက် ပတ်သက် နေသကဲ့သို့ အပြန်အလှန် မှီခိုနေပေရာ ဖူးငုံတို့အနေဖြင့်လည်း နိုင်ငံရေး အပြောင်းအလဲ အတွက် တာဝန်ရှိသော နိုင်ငံသား စိတ်ဓာတ်ဖြင့် အနာဂတ်ခရီးအား လျှောက်လှမ်းနိုင်ကြပါစေ ကြောင်း အသိပေး ဆုတောင်းအပ်ပါသည်။

အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)