ရှင့်၏နှုတ်ခမ်း ကျွန်မရဲ့ မှဲ့နှင့် ကြိုးပြတ်ဂစ်တာ တစ်လက်၏ သီအိုရီ PDF Print E-mail
Written by လင်းစက်နွယ်   
Monday, 23 April 2012 13:59
Share |

ပြတင်းပေါက် နံပါတ်တစ်ရိုက် ချိုးထားတဲ့ စာရိတ္တတွေထဲ ကျွန်မ အက်ကွဲတယ်

buy cialis online usaside effects viagra non generic buy cialis jelly
argaiv1726

ပြက္ခဒိန်တွေ ခုတင်စောင်းမှ ဇောက်ထိုး ရှိုးသော်
ပေါက်ကရ ရက်စွဲတချို့သာ ထွက်အန်ကျ ကိုယ် ညှိတဲ့ ဆေးလိပ်မီးထဲ
မင်းရဲ့ နှုတ်ခမ်းနီတောင့်တွေ စွန်းထင်ကုန် ကဲ မထူးရဲ့ ဖွာရှိုက်ပစ်တော့
ချစ်ခြင်းကင်ဆာ ကျွန်မအဆုတ်၌ ကမ္ပည်းထိုးတယ်။ မညာဝံ့ပါ ကျွန်မ၏ လယ်ယာဘက် လက်သူကြွယ်၌ ဆင်တူလက်စွပ်မရှိ သို့သော် သူမျှားသည့် မြင်ကွင်းနောက် အကြိမ်ကြိမ်ကျပျောက် ပြန်ကုန်းကောက် ရစရာအကြွေးမှာ စရန်ထပ် မလွန်ဆန် အိပ်မက်တွေထဲ ရွက်လှေတစ်စင်း ၀ဲမိရတယ်။

မှတ်မိသေးတယ် အဲဒီ အံဆွဲကို ဖွင့်မိတုန်းကလေ မိုးတိမ်တွေ တအိအိ ပြိုကျပုံများ ကျွန်မ ပခုံးစွန်းမှာ
ရှင့်ပါးပေါ်က မှဲ့နက်လေး လာအုံးသေး တဒင်္ဂပေမဲ့ ကာရန်မိတဲ့ မိုးတိမ်တွေကို မုသားသုံးခွင့် မရဘူး
လက်ကရေးတဲ့စာနဲ့ နှုတ်တစ်ရာ စာတစ်လုံး တစ်ခုခုတော့ အချိုး ကျခဲ့တယ်။
အိပ်မက်မျှားသူတွေ ကျွန်မ ရှေ့မှာ အထုပ်အထည် ကိုယ်စီနဲ့ သူတို့မျှားတဲ့ နှုတ်ခမ်းနီတွေ၊ အနမ်းတွေ
ထည့်သိမ်းလိုက်တော့ ကြိုးကွင်းငြိသွားတဲ့ လိပ်ပြာကို အလျင်အမြန် ဘရိတ်ဖမ်းလိုက်ရ
ဒါတောင် ဟိုးရှေးရှေးတုန်းက အသည်းကွဲဖူးတဲ့ မိန်းမတစ်ယောက် အကြောင်းကို။
အို...ဘာတဲ့ ပိတောက်တွေ သစ္စာမရှိတော့ဘူး အင်း မိုးကရော အချိန်မီ သွန်းရဲ့လား
ကျွန်မ သံသယထဲ သူနှုတ်ဆိတ်သွားပုံများ တမံကျိုး မျက်ရည်တွေနဲ့အတူ
အဲဒီညက ကျွန်မလေ အပြုံးဗရပွ တွန့်ကြေနေရှာတဲ့ လမင်းကို အိတ်ကပ်ထဲ၌ မီးပူတိုက်လိုက်၏။

သည်နေရာမှာ ပုံပြင်လေး ဆုံးသွားပါပြီရှင်
ပရိသတ်တစ်ယောက်မှ မရှိတဲ့ဇာတ်မှာ တစ်ကိုယ်တော် အလွမ်းမင်းသမီးလေး ကျွန်မ အင်းလေ...
ကကြိုးတွေ ပြုတ်ကြွေကုန်တာ နှောင်ကြိုးနဲ့ချည် အနားသတ်မညီတဲ့ သီအိုရီမှာ
အလွမ်းမီးခိုးထဲ လွင့်စဉ်သွားတာ ရှင်ကြိုက်တဲ့ ကျွန်မရဲ့ ဂစ်တာအိုးလေးများ။

အိုဘယ့် နှုတ်ခမ်းနီ သည်နေရာ၌ ရှင်နှင့် ကျွန်မနှင့် ကျွန်မ၏ နှုတ်ခမ်းနှင့် ဘေးက မှဲ့နက်တစ်လုံးနှင့် မိုးတိမ်ကဗျာနှင့် ဂစ်တာနံပါတ်တစ်ကြိုးနှင့် ရှင်၏ ဆံနွယ်နှင့် အညိုရင့်ရောင်နှင့် ကျွန်မနှင့်
သံတူကြောင်းကွဲ သီအိုရီနှင့် နှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီ။ ။

လင်းစက်နွယ်