???????? ????? ??????????(Food) ?????? ??????????? ???????????? ??? ???????? ??????????????
argaiv1651
“သဗ္ဗေသတ္တာ အာဟာရတိ္တကာ”လို့ ဆိုတယ်လေ။ ပြီးတော့ လူသားတွေရဲ့ ဘ၀ ရှင်သန်ရေး အတွက် အခြေခံ လိုအပ်ချက် သုံးခု(Three Basic Needs For Life) စား၊ ၀တ်၊ နေရေး (Food, Clothing and Shelter) ဖြစ်ပါတယ်။ ဒီသုံးမျိုးမှာ ပဓာန အကျဆုံးက စားရေးသောက်ရေး ဖြစ်တယ်လေ။ ဒါကြောင့် အစီအစဉ် ချတဲ့ နေရာမှာတောင် ထိပ်ဆုံးက ကျွန်တော် ဖြစ်နေရတာပေါ့။ အမှန်ပါပဲ။ အစာမစားရင် ဘယ်သက်ရှိမှ အသက် မရှင်နိုင်ပါဘူး။
မြန်မာ့ယဉ်ကျေးမှုဓလေ့မှာလည်း လူတိုင်း သိရှိထားတဲ့အချက် တစ်ချက် ရှိပါသေးတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (Karma, Mind, Season, Nutrient ) တဲ့။ အာဟာရကို နောက်ဆုံးမှာ ထားပြီး ပြောနေကြပေမဲ့ သိပ်အရေး မကြီးဘူးလို့ မထင်လိုက်ပါနဲ့။လူမဖြစ်သေးတဲ့ မိခင် ၀မ်းကြာတိုက်ထဲက သန္ဓေသားလောင်း လေးတောင် မိခင်ရဲ့ချက်ကြိုး တစ်နည်း အားဖြင့် အာဟာရ ပိုက်ပြွန်ကတစ်ဆင့် အာဟာရ ဓာတ်တွေကို မှီခို အားထားပြီး ကြီးထွား လာရတာပါ။မွေးဖွား လာပြန်တော့လည်း မိခင်ရဲ့နို့ဦးရည်မဟာ သြသဓနဲ့ပဲ စတင်မှီဝဲသုံး ဆောင်ကြရတယ်လေ။ ဘ၀အစ အာဟာရက မိခင် နို့ရည်ပဲ မဟုတ်လား။
ဒီလမှာတော့ သက်ရှိသတ္တ၀ါတွေ အစဉ် ထာဝရ စားသုံးနေကြတဲ့ အစားအသောက်(Food) နဲ့ ဆိုင်တဲ့ စကားလုံးတွေကို ဝေါဟာရ မှော်ရုံတောထဲကနေ ထုတ်နုတ်ကောက်ယူလေ့လာကြည့်ကြ ဦးမယ်နော်။ အစာအာဟာရက စုံလေကောင်းလေ ဖြစ်သလို၊ ဝေါဟာရကလည်း ကြွယ်လေကောင်း လေပါပဲပေါ့။ ပထမဦးစွာ အစားအစာ အမျိုးမျိုးကို ကြည့်ကြရအောင်-
ကလေးအစားအစာကို Baby Food, ကြောင် စာကို Cat Food, ခွေးစာကို Dog Food, ငါးစာ ကို Fish Food, တိရစ္ဆာန်အစားအစာကို Animal Food, ပြည်ပအစားအစာကို Exotic Food, အမြန် ပြင် အစားအစာကို Fast Food, ရိုးရာအစား အစာကို Slow Food, ဆိုင်ကနေ သယ်လာတဲ့ အစားအစာကို Takeaway Food, ရိုးရှင်းတဲ့ အစားအစာကို Plain or Simple Food, ဆေးရုံက ကျွေး မွေးတဲ့အစားအစာကို Hospital Food, ပါတီပွဲက ကျွေးမွေး ဧည့်ခံတဲ့ အစားအစာကို Party Food, ထောင်ကကျွေးတဲ့ အစားအစာကို Prison Food, စားသောက်ဆိုင်က အစားအစာကို Restaurant Food, နိုင်ငံခြားက တင်သွင်းတဲ့ အစားအစာကို Imported Food အစရှိသဖြင့်ခေါ်ဝေါ်ကြပါ တယ်။
လူတွေ ကျန်းမာရေးတစ်သက်တာ ကောင်း မွန်ပြီး အသက်ရှည်စေဖို့ စားသုံးနေကြရတဲ့ အစား အစာတွေကို အုပ်စုဖွဲ့ကြည့်ရင် အဓိကအားဖြင့် ငါးစုရမှာပါ။ ကျန်းမာရေးဆိုင်ရာနေရာဌာန တွေမှာတော့ စက္ကူကားချပ်တွေ၊ ပလတ်စတစ် တွေ၊ ဗီနိုင်းတွေနဲ့ တြိဂံပုံစံ အစားအသောက် ပိရမစ်(FoodPyramid) တွေကိုတွေ့ရတတ်ပါတယ်။ အဲဒီအုပ်စု ငါးစုကတော့-
(၁) အစေ့အဆန်နဲ့ နှံစားပင် (Grains and Cereals) (၂) သစ်သီးနဲ့ ဟင်းသီးဟင်းရွက် (Fruits and vegetables) (၃) အသား၊ ငါးနဲ့ ခွံမာသီး(Meat, Frish and nuts) (၄) နို့နဲ့ နို့ထွက်ပစ္စည်း (Milk and diary Products) (၅) အဆီနဲ့ သကြား (Fats and sugar) တို့ ဖြစ်ပါတယ်။
ကျန်းမာစေတဲ့ ဓာတ်စာ(Healthy diet) ထဲမှာပါရှိတဲ့ အာဟာရဓာတ် ((Nutriment) တွေကိုလည်း တစ်ချက်လောက်ငဲ့ကြည့်လေ့လာ ကြရအောင်။ ကစီဓာတ်ခေါ်ကာဘိုဟိုက်ဒရိတ် (Carbohydrate)က အားအင်အရင်းအမြစ် (Energy Source)အတွက် လိုအပ်တယ်။ ကစီ ဓာတ်က ပေါင်မုန်(Bread), အီတလီခေါက်ဆွဲ (Pasta) နဲ့ထမင်း (Rice) အစားအစာတွေမှာ ပါဝင်တယ်။ အသားဓာတ်ခေါ်(Protein) ကတော့ ခန္ဓာကိုယ် ကြီးထွားဖို့ လိုတယ်။ သူတို့က ဥတွေ (Eggs), အသားတွေ(Meat), ငါးတေ(Fish) နဲ့ ပဲမျိုးစုံ A variety of beans) ကနေ ရနိုင်တယ်။
နောက်ပြီး အဆီဓာတ်ခေါ် Fats or Lipids တွေက အားအင်သိုမှီးဖို့ (Energy Storage), ရောဂါကာကွယ်ဖို့ (Insulation) နဲ့ ဆဲအမြှေးပါးတွေ (Cell membranes) အတွက် မရှိမဖြစ်ပါ။ အဆီဓာတ်လို့ ဆိုရာမှာ သံလွင်ဆီ(Olive Oil) လို မပြည့်ဝဆီ (Unsaturated Fat) တွေကို စားသုံးသင့် တယ်။ ထောပတ်(Saturated Fat) လို ပြည့်ဝဆီ (Vitamin) တွေကတော့ လုံးဝမစားသင့်ပါ ဘူး။(Mineral) နဲ့ တွင်းထွက် ဒါမှမဟုတ် သတ္တုဆား(Fibre) တွေကတော့ ပမာဏ နည်းနည်း လောက်သာ လိုအပ်တာပါ။ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်မျိုးစုံ စားသုံးလိုက်တာနဲ့ လုံလုံလောက် လောက် ရနိုင်ပါတယ်။ အမျှင်ပါအစားအစာ အစာတော့ မကြေနိုင်ဘူးပေါ့။ ဒါပေမဲ့ အူလမ်းကြောင်းအတွက် ကောင်းတယ်။ ဒီအမျှင်ပါ အစားအစာကို လောက်လောက် ငငမစားရင်၊ တစ်နည်း ဟင်းသီးဟင်းရွက်(Vege- tables) တွေကို ၀၀လင်လင် မစားရင် ၀မ်းချုပ်စေ နိုင်ပါတယ်။ အူကင်ဆာ (Gut Cancer) ဖြစ်စေနိုင် တဲ့ အလားအလာရှိတယ်။ ယေဘုယျ အနေနဲ့ လူတွေ စားသုံးကြတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်ကြီးထွားစေဖို့၊ ရောဂါဘယ ကာကွယ်ဖို့နဲ့ အားအင်တွေ ရရှိစေဖို့ ဖြစ်ပါတယ်။ အလွယ်တကူ မှတ်မိအောင်“ထွား၊ ကာ အား၊ မျှမျှ တတစား” လို့ပဲ မှတ်သားထားလိုက်ပေါ့နော်။
ဖူးငုံလေးတို့ကို ကြုံလို့မေးကြည့်ချင်တယ်။ မြန်မာတွေ စားကြတဲ့ ထမင်းနဲ့ဟင်း။ ဘယ်သင်း က အာဟာရဓာတ်ပိုစုံသလဲ။ ဖြေရလွယ်ပါတယ်။ ဟင်းပေါ့။ ဒါပေမဲ့ မြန်မာလူမျိုးအများစုက အလေးချိန်ရော၊ ထုထည်ပမာဏပါ ထမင်းကို ပိုပြီးစားနေကြလေရဲ့။ ရိုးရာအစဉ်အလာကြောင့် လား၊ စီးပွားရေးကြောင့်လား၊ မသိလို့လား၊တစ် ခုခုပဲ။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းက ဟင်းစား ကြီးခဲ့ပုံကို သွားသတိရမိပါတယ်။ အမေက နယ်ကတက်လာတဲ့သူဆိုတော့ မြို့မှာဈေးကို နေ့ တိုင်းမသွားပါဘူး။ သုံးရက်မှ တစ်ခါသွားတယ်။ သုံးရက်စာ အသားသုံးမျိုးတစ်ခါတည်း ကြိုဝယ် လာတယ်။ တစ်မျိုးကိုပဲ မနက်၊ ညစားဖို့ ဟင်း ခတ်အမွှေးအကြိုင် ငါးပိဆားပြားထည့်တယ်။ ကျန်နှစ်မျိုးကို ရေလုံပြုတ်လုပ်ထားတယ်။ ဒါကို သိတဲ့ ကျွန်တော်က ဆားပေါ့နေသလိုလို၊ ထမင်း ထပ်ထည့်တော့ မလိုလိုလုပ်ပြီး၊ မီးဖိုချောင်ထဲဝင်။ ရေ လုံပြုတ်အသားဟင်းနှစ်မျိုးကို တစ်တုံးစီ နှိုက်ယူ။ ထမင်းတွေ အောက်မှာ ၀ှက်ထား။ ပြီးတော့မှ ဘယ်သူမှ မသိအောင် ထမင်းကုန်၊ ဟင်းကုန်ချိန် ပြီးစား။ လွယ်တာတော့ မဟုတ်ဘူး။ သိသွားရင် အရိုက်ခံရတယ်။ ခေါင်းခေါက် ခံရတယ်၊ ဗိုက် ခေါက်လိမ်ခံရတယ်။ နာတော့နာတာပေါ့။ ဒါပေမဲ့ လည်း ဟင်းက အာဟာရ ပိုဖြစ်တယ်လို့ ယုံတာ ကိုး။ အခုထိလည်း ယုံတုန်းပါပဲ။
ဒီနေရာမှာပဲ သား၊ ငါး၊ သီးနှံတွေကို လူ တွေ ဘယ်လိုချက်ပြုတ်ကြ သလဲ။ မှတ်သား ကြည့်မိတယ်။ Cook က ချက်ပြုတ်တယ်လို့ သာ မန်သုံး လိုက်တာပါ။ ချက်နည်းတွေကို အသေ အချာလေ့လာကြည့်လိုက်တဲ့အခါ Bake က မီးဖုတ် တာ။ Boil က ရေနဲ့ပြုတ်တာ။Flambe က အစား အစာ ချက်ပြုတ်တဲ့ အထဲကို အရက်လောင်းထည့် တာ။ Fry က ဆီနဲ့ကြော်တာ။ Grill က ကင်တာ။ Parboil က မကျက်တကျက် ပြုတ်တာ။ Poach က ရေဆူဆူမှာ ဥတွေ၊ ငါးတွေကို ထည့်ချက် တာ။Roast က ကင်တာ၊ လှော်တာ။Saute က ဆီပူထိုးတာ။ Simmer က ဆူခါနီးပွက်စေတာ။ Steam က ပေါင်းတာ။ Saute က ရေစပ်စပ်နဲ့ ချက်တာ။ ဒါတွေအားလုံးချက်နည်း ပြုတ်နည်း အတတ်ပညာ(Cookery or Recipe) ပဲပေါ့။
စဉ်းစားကြည့်မိတယ်။ ဘယ်ချက်ပြုတ်နည်း က ကျန်းမာရေးနဲ့ အသင့်တော်ဆုံးလဲ။ တကယ် တော့“ပုစွန်ကွေး၊ ငါးနွေး”ဆိုသလို ဘယ်သားငါး သီးနှံကိုမဆို ရေနဲ့ ပြုတ်လိုက်ရင် ကျက်သွား တာပါပဲ။ အာဟာရတန်ဖိုး မပျက်ဘဲ အန္တရာယ် အကင်းဆုံးပါ။ အရသာထူးချင်ရင် သဘာဝအမွှေး အကြိုင်လေး နည်းနည်းပါးပါး ခတ်လိုက်ရုံပါပဲ။ ရသတဏှာကြောင့်သာ ကြံဖန်ပြီး သားငါးသီး နှံတွေကို ရုပ်ပျက်ဆင်းပျက် လုပ်ကြံဖျက်ဆီးနေ ကြတာပါ။ အသားငါးဟင်းလျာတွေကို အနုပညာ မြောက် ရုပ်ဖျက်အတော်ဆုံး ပုဂ္ဂိုလ်တွေကို Master Chef လို့ ခေါ်ကြတယ် ထင်တာပဲ။ စားရမယ့် သီးနှံတွေကို ပန်းကန်နှုတ်ခမ်းပတ်လည်မှာ အရုပ် ထွင်းပြီး အလှဆင်ထားကြတာများ။ အလဟဿ ဖြစ်ကုန်ရော။ လူ့ပဉ္စလက်နဲ့ မျက်လှည့်ပြခံရလေ လေ၊ သားငါးသီးနှံရဲ့ ပင်ကိုအာဟာရ တန်ဖိုး ယုတ်လျော့လေလေပဲ ဖြစ်ပါတယ်။ တစ်ခါ တစ်ရံ အန္တရာယ်တောင် ဖြစ်နိုင်သေးတယ် မဟုတ်လား။ ဒါပေမဲ့ လူဆိုတာ ခက်ပါတယ်။
ဒီနေ့ခေတ်မှာဆိုရင် ခေတ်မီချက်ပြုတ်နည်း တွေဆိုပြီး၊ စာစောင်တွေမှာ ရေးကြ၊ ဖော်ပြကြနဲ့။ အားမရသေးလို့ ရုပ်/သံနဲ့ပါ ထုတ်လွှင့်လိုက်သေး တယ်။ တစ်လောကလည်း Food Magazine ဆို ပြီး မဂ်္ဂဇင်းတစ်စောင်ထွက်လာတာ ပူပူနွေးနွေး လေး။ ဖတ်ကြည့်တော့ အရမ်းခေတ်မီပြဖို့ အား ထုတ်ထားတာ တွေ့ရတယ်။ သားငါးသီးနှံကင် နည်းမျိုးစုံကို မဂ္ဂဇင်းစာအုပ်ရဲ့ လေးပုံတစ်ပုံ ကျော် ကျော် စာတွေပုံတွေနဲ့ ပြထားတယ်။ အစိမ်းစားရ တဲ့ သခွားသီးကိုတောင် ကင်ပြထားသေးတယ်။ အရှိန်လွန်ပြီး လက်ကိုပါ ကင်မိမှာစိုးရိမ်ရ တယ် နော်။ အဆန်းထွင်မှ လန်းရွှင်မယ် ထင်နေခေတ် ကြီးပေကိုး။ အဲဒါတွေက တကယ့်ကို ကျန်းမာ ရေးနဲ့ ညီညွတ်စေရဲ့လား။ အာဟာရ တန်ဖိုးတွေ အကြောင်း နားလည်ကြတဲ့ ဆရာဝန်ကြီးတွေက ကြားဝင်အကြံပြုပညာပေးသင့်ပြီ ထင်တာပါပဲ။
ကျန်းမာခြင်းသည် လာဘ်တစ်ပါး(Good health is a great boom) လို့သိထားကြတယ်နော်။ ဒါဆိုကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အစား အသောက်တွေကို ရှောင်နိုင်ရင် မကောင်းပေဘူး လား။ အဲဒါတွေကို တစေ့တစ်စောင်း ကြည့်လှည့် ပါဦး။ Dyed Food (ဆေးဆိုးစာ)၊ Canned food (စည်သွတ်စာ)၊ Frozen Food (အေးခဲစာ)၊ Processed Food (အဆင့်ဆင့်ပြုလုပ်ထားတဲ့ အစားအစာ)၊ Genetically Modified Food (မျိုးရိုးဗီဇပြုပြင်ထားတဲ့အစားအစာ)၊ Un cooked Food (မကျက်တကျက် အစားအစာ)၊ Leftover Food (စားကြွင်းစားကျန်)၊Rotten Food (ပုပ်သိုးနေတဲ့ အစားအစာ)၊Roasted or Grilled food (အကင်စာ)၊Junk Food (အာဟာရ တန်ဖိုးမဲ့ အစားအစာ)၊Gassy drinks (ဓာတ်ငွေ့ ထည့်ထားတဲ့ အချိုရည်)၊ Seasonal Powder (အချိုမှုန့်)အစရှိတာတွေပေါ့လေ။ ဒါတွေမှ မစား သောက်ရရင် ဘာမှစားစရာ မရှိတော့ဘူးလို့ စောဒကတက်ကြဦးမယ်။ ဒီကိစ္စစားသောက်တဲ့ အလေ့အကျင့် (Eating habit) က ငယ်စဉ်ကလေး ဘ၀ကတည်းကစတင်ခဲ့တာပါ။ ဒီအလေ့အကျင့် ကိုလည်း လူကြီးမိဘတွေကပဲ ကလေးကို လေ့ ကျင့်ပေးခဲ့တာလေ။ မိဘတွေမှာသာ ကျန်းမာရေး အသိရှိပြီး အာဟာရတန်ဖိုးတွေ နားလည်ထားကြ မယ်ဆိုရင် ကျန်းမာစေတဲ့ ချက်ပြုတ်စား သောက် နည်းတွေနဲ့ ကလေးတွေကို လေ့ကျင့်ပေးဖြစ်ကြ မှာပါ။
မြန်မာတွေက အတုခိုးတာ မြန်ဆန်တယ်။ ရုပ်သံလိုင်းကနေ ကိုရီးယားဇာတ်လမ်းတွဲတွေ ဆက်တိုက်ကြည့်ကြပြီး၊ ဆံပင်တွေဖြောင့်လာကြ တယ်။ ချိုင်းအောက်ညှပ်အိတ်ကြီးကြီးတွေ လွယ်လာကြတယ်။ လက်သည်း ခြေသည်း အလှတွေ ပြင်လာကြတယ်။ ဒါနဲ့တင် အတောမသတ်နိုင်ကြ ဘူး။ ကိုရီးယားရေညှိ၊ ချဉ်ပတ်တွေကိုပါ ကြိုက် လာကြတယ်။ ပြီးတော့ ဆိုဂျူး(ကိုရီးယား အရက်)ကိုပါ သောက်တတ်လာကြတယ်။ တခြား ယဉ်ကျေးမှုတွေဆီကလာတဲ့ ဟမ်ဘာဂါ၊ ပီဇာ၊ ဟော့ဒေါ့၊ ဟော့ပေါ့၊ မစ်ရှိတ်၊ မာလာငါး၊ မာလာဟင်း၊ ဒင်ဆမ်း၊ ကြက်ဆီထမင်း၊ သင်္ဘော သီးထောင်း၊ ဆူရှီ စတာတွေကိုလည်း သုံးဆောင် တတ်လာတယ်။ ကိုယ်ကြိုက်လို့ ကိုယ်စားတာပဲ။ စားပေါ့။
တစ်ချိန်က မြန်မာတွေ အဖက် လုပ်စာရင်း သွင်းမခံရရှာတဲ့ တီလားဗီးယားငါးက ပရိုမိုးရှင်း လုပ်သူတချို့ရဲ့ အားပေးအားမြှောက် လုပ်မှုကြောင့် ချန်ပီယံဟောင်း ကြက်သားကို အလဲထိုးပြီး တံ ခွန်စိုက်ရွှေခါးပတ်ဆွတ်ခူးသွားပါတယ်။ အခု သူက အကင်ဘုရင် သရဖူကို ဆောင်းထားပြီး၊ ဘ၀င်မြင့်နေလေရဲ့။ တစ်နိုင်ငံလုံးက အားပေးကြ သလား မမေးနဲ့။ ဈေးကွက် အလျဉ်မီရအောင်၊ သားပေါက်ကောင်းရအောင်၊ ဟော်မုန်းဆေးတွေ ထိုးလား ထိုးရဲ့၊ အင်း-ကင်စာ- ကင်ဆာပေပဲ။
အမှန်တော့ ကိုယ့်လက်နဲ့ ကိုယ် ထမင်းစား တတ်လာတဲ့အရွယ်ကတည်းက ကိုယ့်ပါးစပ်ထဲ ကို ကိုယ့်လက်နဲ့ပဲ အစာထည့်ခဲ့ကြတာလေ။ ဘယ်သူကမှ ဖမ်းချုပ်ပြီး မစားခိုင်းပါဘူး။ ခံတွင်းဆိုတာ အမှိုက်ပုံမဟုတ်ဘူး။ အစာသင်္ချိုင်း မဟုတ်ဘူး။ အာဟာရ ဂိတ်ဝတစ်ခုသာ ဖြစ်ပါ တယ်။ တစ်ခုပဲ ဖူးငုံလေးတို့ကို သတိပေးချင်တာ ရှိတယ်။ ကိုယ့်ဘ၀က ဖူးဆဲ၊ ငုံဆဲပါ။ အာရဦး မယ်။ ပွင့်ရဦးမယ်။ လန်းရဦးမယ်။ နောက်ထပ် အသက်ရှင် လူလုပ်စရာ အချိန်တွေ အများကြီး ကျန်ရှိနေသေးတယ်။ အသက် ရှည်ချင်ရင် ကျန်းမာအောင် နေရမယ်။ ကျန်းမာမှ ပညာရှာ၊ ဥစ္စာစု၊ ကုသိုလ်ပြုနိုင်မယ် မဟုတ်လား။ အသက် ဉာဏ်စောင့်တာတော့ မမေ့နဲ့ပေါ့။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်တဲ့လေ။
လူတွေက လျှာကို အလိုလိုက်၊ နှာခေါင်း ကို အကြိုက်ပေး၊ မျက်စိကို စေတနာပိုချင်တတ် ကြတယ်။ မှားယွင်းတဲ့ အစာက ခံတွင်းကို လွန် ပြီး ၀မ်းထဲကျွံသွားရင် ဘွာတေးမရှိဘူးနော်။ အဲဒါ အဆိပ်၊ အဲဒါ အပင်းပဲ။ ၀မ်းတစ်လုံး ကောင်း ခေါင်းမခဲရအောင် ခံတွင်းဝဂိတ်မှူးခန့်ဖို့ လိုမယ်။ ၀င်လာသမျှအရည်ဖြစ်ဖြစ်၊ အဖတ်ဖြစ် ဖြစ် စစ်ဆေးရမယ်။ အန္တရာယ်ပေးနိုင်မယ့် ကောင်ဆိုရင် ဘယ်သူ့ကိုမှ ပါမစ်ရှင် မပေးရဘူး။ လူတွေကို ရောဂါဖြစ်စေတဲ့ လက်သည်တရားခံတွေထဲမှာ စိတ်ဖိစီးမှု(Stress) က နံပါတ်တစ်။ ဒုတိယ ကတော့ သူခိုးဓားရိုးကမ်းခဲ့လို့ ကိုယ့်လူ သူ့ဘက်သားဖြစ်သွားရတဲ့ အတွင်းရန် ပဉ္စမံသူလျှိုလူသတ်ကောင်တွေလေ။ စားချ၊ မျိုချ၊ သောက်ချလိုက်တဲ့ မရဏစေတမန် အဆိပ်သင့် အစားအသောက်တွေပဲပေါ့။ တကယ်တော့ မျက်စိအကျင့် ၀မ်းအချင့်ပါ။ နှိုင်းနှိုင်းချိန်ချိန် သုခမိန် လုပ်ရမှာနော်။
စားတဲ့အပြင် သောက်တာကိုလည်း ကြည့် ပါဦး။ အရွယ်ရောက်သူတိုင်း နေ့စဉ် အနည်းဆုံး ရေခြောက်ခွက်သောက်သင့်တယ်။ ရေက အာဟာ ရဖြစ်စေ သလို အူလမ်းကြောင်းကိုလည်း သန့်ရှင်းရေး လုပ်ပေးတယ်။ ရေငတ်ရေဆာ နေတဲ့အချိန်မှာ သဘာဝစစ်စစ်ရေတစ်ခွက် သောက်လိုက်ရတာတင် ဘယ် လောက်များ အာသာပြေသွားသလဲ။ အကြောအခြင်တွေ လန်းသွားသလဲ။ ဦးနှောက် ရွှင်သွားသလဲ။ သတိထားကြည့်။ အဲဒါကို အကဲပိုပြီး အချိုရည် ရောင်စုံကို မက်မောတမ်းတနေသေးတယ်။ ရေထဲကို ဆိုးဆေး၊ ဆေးသကြား၊ အနံ့အသက်နဲ့ ဂတ်(စ)တွေ ထည့်ထားတာ။ ရေခဲအအေးကလည်း ရာသီမရွေး ကြိုက်နေဆဲ။ ကောင်းတာတွေ လုပ်သမျှ ဖြတ်မျဉ်းက ကိုယ်ပါပဲ။ သတိ-သတိပိုတယ် မရှိပါလား။ ရေ-ရေ။ ရေက သောက်တတ်ရင် ကောင်းကျိုး ဆောင်တဲ့ ရေကုထုံး(Water Therapy) တောင် ဖြစ်နိုင်သေးတယ်။
ကျောင်းသားတစ်ဦး နိစ္စဓူဝ စားသောက်ပုံက ဒီလို၊ အိမ်က ချက်ကျွေး တဲ့ ထမင်းဟင်းလျာ၊ အာဟာရတန်ဖိုးက အိမ်ရဲ့ စီးပွားရေး အပေါ် အမေ့ရဲ့ ကျန်းမာရေး အသိအပေါ်အခြေခံတယ်။ ရလာတဲ့ မုန့်ဖိုး ဘယ်လိုသုံးသလဲ။ ဒါကလည်း မိဘတွေက နားလည်အောင် သွန်သင်ထားတဲ့ အသိတရားအပေါ် မူတည်တယ်။ သူငယ်ချင်းတွေဆီက ရဖို့ခဲယဉ်းတယ်။ မဟုတ်ကဟုတ်ကတွေ ပဲ ရဖို့များတယ်။ တချို့က မစားဘဲ ဂိမ်းဆော့ပစ်တယ်။ တချို့ကျပြန်တော့ လည်း ဈေးဆိုင်က တွဲလောင်းတွဲလောင်း Junk Food တွေဆီကို လက်က ရောက်သွားတယ်။ ဒါကြောင့် အဆီစားပြီး အသားမဖြစ်ကြပါဘူး။Good Food is Wise medicine အစာလည်း ဆေး၊ ဆေးလည်း အစာ လို့ဆိုတယ်လေ။ အရွယ်ကလေး ရလာတော့ လမ်းတကာမှာ ဘီယာဆိုင် ပုန်းဆိုင်တွေကပေါပါ ဘိသနဲ့။ အပေါင်းအသင်းတွေက ဆွပေးတယ်။ ဘာတဲ့၊ မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူ့မင်းသားတဲ့လေ။ အဆီပြန် အခိုးထနေ တဲ့ မင်းသားလေးပေါ့။
ဟုတ်ပါပြီ။ ရုပ်ကို အာဟာရဖြည့်ရသလို၊ စိတ်ကိုလည်း အစာကျွေး ရသေးတယ်လေ။Food For thought ပေါ့။ စိတ်ရဲ့အစာတွေက အသိသုတ(Knowledge), ဖန်တီးစဉ်းစားခြင်း (Creative thinking), ပြန် လည်သုံးသပ်မှု (Reviewing) တွေပါ။ ဒါတွေက စာဖတ်ခြင်း (Reading), ဆွေးနွေးခြင်း (Discussion) ကနေ ရနိုင်ပါတယ်။
If you want to live a health and longer life, you must eat a simple food လို့ပဲ ပြောလိုက်ချင် ပါတယ်။ နောက်ဆုံးအနေနဲ့ အဖိုးတန်စကားတစ်ခွန်း တစ်ဆင့်လက်ဆောင် ပါးလိုက်ချင်ပါတယ်။ မြောင်းမြဆရာတော်ဘုရားကြီးရဲ့ စေတနာသြ၀ါဒ ကထာလေးပါ- “အနေ ရိုးစေ။ အသိဆန်းစေ”ပါတဲ့ဗျာ။
ဆယ်ကျော်သက် ထက်မြက်ပါစေ ဦးအေးချစ်EEAC (Teen Magazine April-2012)
|