မိုးပြေးပုံပြင် PDF Print E-mail
Written by ရွှေကိုယ်နတ်(UCSM)   
Monday, 23 April 2012 14:57
Share |

အချိန်အခါ မဟုတ်ပါဘဲ ရုတ်တရက် ရွာချလိုက်သော မိုးသည် ကျွန်မ ထင်သလို များစွာ ရွာသွန်းခြင်း မဟုတ်ဘဲ အများတကာ သတ်မှတ်ထားသည့် မိုးပြေးသာ ဖြစ်သည်။

buy cialis overnight deliverycialis price viagra non generic 50mg tadalafil
argaiv1020

မြေပြင်ပေါ်တွင် ရေစက်တချို့ တင်သွားသည်မှ လွဲ၍ ကျွန်မ ကိုယ်ထက်မှာလည်း စိုစွတ်ခြင်းက အနည်း ငယ်မျှသာ။ သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များ အောက်တွင် လမ်းလျှောက် ရသည်ကို  ကျွန်မ နှစ်သက်၏။ ကလေး ဘ၀တွင်တော့ မိုးသည်းသည်းထဲ ထွက်ကာ ဆော့ကစားရင်း မိုးရေ ချိုးခဲ့ဖူးသည်။ သို့ပေမဲ့ အချိန် ခဏလေးသာ ရွာသွန်းသော မိုးပြေးဆိုသည့် ခရီးသွားဟန် လွဲဆန်ဆန် ပက်ဖျန်းမှုကို ကျွန်မ သဘော မကျပါ။

ဆောင်းရန် ထုတ်လိုက်ပြီးမှ မဖွင့်ရသေးသော ထီးလေးအား ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ဆက်လျှောက် လိုက်မိသည်။ဖိနပ်သဲကြိုးပေါ်တွင် ရေစက်တချို့ တင်နေသည်ကို ဒီအတိုင်းပင် ထားလိုက်တော့မည်။ အနားမှ ကပ်မောင်းသွားသော ဆိုင်ကယ် တစ်စီး၏ အရှိန်ကြောင့် ကျွန်မလုံချည် အောက်စနားတွင် ရွှံ့ဗွက် အချို့လာစင်သည်။ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက် သည်တွင် ကြည်လင်နေသည့် အရိပ်အယောင် အတိပင်။ တိမ်တချို့တလေမျှ မတွေ့ရတော့။

မိုးရာသီကို မနှစ်သက်သည့် သူရော အခု အချိန်ဆို ဘာလုပ်နေမလဲ။  ရုတ်တရက် တွေးလိုက် မိသော အတွေးကြောင့် ကိုယ်တိုင်ပင် အစိုး မရ ချင်။ လူတချို့ သတ်မှတ်ကြသလို အလွမ်းဟု အမည်တပ်၍ အတိတ်ကာလမှ အဖြစ်အပျက်များ အပေါ်ပြန်တွေးခြင်းကို မကြာခဏ ဆိုသလိုပင်  ကျွန်မ လုပ်နေကျ ဖြစ်၏။ မိုးရာသီကို နှစ်သက်ခြင်းနှင့် မနှစ်သက်ခြင်း ဟူသည့် ဆန့်ကျင်ဘက် ခံစားမှု ရှိသော လူသား နှစ်ယောက်ကို မိုးနေ့တစ်နေ့ကပင် ဆုံစည်း စေခဲ့လေသည်။

၁။
ကျောင်းကားဂိတ်သို့ ကျောင်းကားများ ရောက်ရှိချိန်နှင့် အကိုက်ပင် မိုးက အငြိုးတကြီးနှင့် ရွာသွန်းလျက် ရှိပါသည်။ မေ့လျော့ ပေါ့ဆစွာပင် ဤနေ့မှ ကျွန်မ၏ မိုးကာ အင်္ကျီလေးသည် အဆောင်တွင် အနား ယူနေခဲ့လေသည်။ မဖြစ်ဘူး ထင်ပါသည်။ ခပ်သည်းသည်း မိုးစက်တွေ၏ ဒဏ်ကိုထီးတစ် ချောင်းတည်းနှင့် ကျွန်မ ခန္ဓာကိုယ် တစ်ခုလုံး ဘယ်လို လုံခြုံအောင် ကာကွယ် ပေးနိုင်မလဲ။ ပြီးတော့ ကားဂိတ်နှင့် ကျွန်မ အဆောင်၏ ခရီး အကွာအဝေး။ ပုံမှန် အချိန်မဟုတ်သော မိုးသည်းနေသည့် အခုလို အချိန်မျိုးတွင် အဆောင်သို့ ခြေကျင် လမ်းလျှောက်ပြန်ရန် ဆိုသည်မှာ ထင်သလောက် မလွယ် ကူလှ။ အတွေးနှင့် ထီးတစ်ချောင်း ဆောင်းရင်း လမ်းလျှောက် လာသည်မှာ တစ်ပြလောက် ခရီးပင်ရှိပြီ ဖြစ်သည်။

မိုးသံများ အကြား မသဲကွဲသော ရေရွတ်သံ တစ်ခု စတင် ကြားလိုက်မိ သည်။ သူစီးလာသော ဆိုင်ကယ် အမြင့်ထက် အချောင်း လိုက်ကျနေသော သူ့ဆံပင် နက်နက်များကို ကျွန်မ ပိုမို နှစ်သက်ခဲ့တာ ဖြစ်၏။ အကြောင်းအကျိုး ဆီလျော်သော သူ့အကြံပြုချက်နှင့်ပင် သူ့အကူအညီက ကျွန်မတို့ နှစ်ယောက် ကိုစတင် ရင်းနှီးစေခဲ့သည်။ အမှတ်တရဖြစ်စရာအချိန်များမှ တစ်ခုဖြစ်သော ထိုမိုးသည်းနေ့လေးသည် ကျွန်မအတွက် အိပ်မက်တစ်ပုဒ် စတင်ဖြစ်တည် စေခဲ့ပါသည်။

၂။
အကြောင်းအရာ၊ ပိုင်ဆိုင်မှု တော်တော်များများ ရွက်ကြမ်း ရေကျိုမျှသာ ဖြစ်သော မိန်းကလေးများ စာရင်းတွင် ကျွန်မသည် ထိပ်ဆုံးက ပါဝင်ပါ လိမ့်မည်။ အရပ် အနည်းငယ် ရှည်ခြင်း၊ သွယ်လျသော ခန္ဓာကိုယ်ရှိခြင်း စသည်တို့ကတော့ ကျွန်မ၏ ကောင်းကွက် ဖြစ်လိမ့်မလား မသိ။ ထိုသို့သော မိန်းကလေး တစ်ယောက်ကို ယောက်ျားလေးများ စိတ်မ၀င်စားခြင်းသည် ဘာမျှမဆန်း။ သို့ပေမဲ့ အနည်းငယ်တော့ ရှိခဲ့ပါသည်။ အထက်တန်းကျောင်းမှ အတန်းဖော် သူငယ်ချင်းကောင်လေး တစ်ဦး။ ရည်မွန် သားနားသည့် လူငယ်လေးသည် ဆယ်ကျော်သက် ဘ၀မှ ဆေးတက္ကသိုလ် တက်နေဆဲ အထိ ကျွန်မကို စိတ်ဝင်စားနေတုန်းပင်။

အချို့ယောက်ျားလေးများ ရှိသေးသော်လည်း အချိန် အနည်းငယ် ကြာလျှင် လက်လျှော့ သွားတတ်သည်။ ယခုတော့ ကျွန်မအတွက် စဉ်းစားဖွယ် အကြောင်းတစ်ရပ် ရောက်ရှိလာခဲ့၏။ မိုးသည်းများကြားတွင် အဆောင်သို့ တစ်ယောက်တည်း ပြန်မည့် သွားချိန် မတိုင်မီ၊ ညနေခင်း ကားဂိတ်မှ အပြန် အချိန်များတွင် သူဆိုင်ကယ်ထက် မလိုက်ဘဲနှင့် ငြင်းဆန်ခွင့် ဆိုသည်ကို သူ့မျက်ဝန်း တချို့က နုတ် ယူသွားခဲ့ပြီ။ ကျောင်းပိတ်ရက် တချို့နှင့် ညနေခင်း ကျောင်းပြန်ချိန်များတွင် သူနှင့်အတူ စားဖြစ်သော ညစာများသည် အရာအားလုံး ပြည့်စုံစေခဲ့ ၏။ သူ့အား ရိုးသားစွာ တွယ်ငြိမိသွားသော စွဲလမ်းမှု တချို့သည် သူမမြင်အောင် ဖုံးကွယ်ထားရသော ကျွန်မ၏ ဟန်ဆောင်မှုများသာ ဖြစ်ပါသည်။

၅။
သူ့ထံမှ ထိုစကားစကို ကြားရချိန်တွင် ကျွန်မ အလွန် တုန်လှုပ်မိခဲ့ပါသည်။သူကတော့ ၀ါရင့် သရုပ်ဆောင် မင်းသားတစ်ဦး၏ စတိုင်လ် အတိုင်း ဘောင်းဘီအိတ်ထဲသို့ လက်နှစ်ဖက် ထိုးထည့်ပြီး ကျွန်မကို ခပ်ရီရီ ငေးကြည့်နေခဲ့၏။ကျွန်မ ဘာမျှ မစဉ်းစားလိုဘဲ သူဝတ်ထား သော တီရှပ် အင်္ကျီထဲမှ လေယာဉ်ပျံထဲသို့ ၀င်ထိုင်ပြီး ကမ္ဘာ တစ်ပတ်သာ ပတ်ပစ်လိုလှသည်။ ဘယ် အချိန် သိရမည်လဲဟု သူမေးသော ကျွန်မထံမှ အဖြေသည် ကျွန်မကိုယ်တိုင်သာသိသော အဖြူထည် ရက်လုပ်မှုသာ ဖြစ်၏ ။

“ကျွန်မ မညာဘဲပြောရရင် ရသ ကို ကြောက်တယ်။ အဘက်ဘက်က ငြင်းစရာမလို လောက်အောင် ပြည့်စုံနေတဲ့ ရသ လိုကောင်လေး တစ်ယောက်ဆီက ချစ်တယ်ဆိုတဲ့စကားကို လက် ခံရမှာကြောက်တယ်”

“သြ......ဟုတ်ပါပြီ”
“သြ”
ဟူသော မပီမသရေရွတ်သံ တစ်ခုအောက်တွင် ကျွန်မ သက်ပြင်းချသံတို့ မအောင်မမြင် ငုပ်လျှိုး သွား၏။ အရမ်း လှသည်ဟု မိန်းကလေးများ သတ်မှတ်ကြသော သူ့နှုတ်ခမ်းများသည် လှပစွာ ပင် တွန့်ကွေး နေကြသည်။

ကျွန်မ သူငယ်ချင်း ပြောသလိုပင် သူ့ကို အစောပိုင်း ကာလများက အရော ၀င်ခဲ့ဖို့ မကောင်း။ ကျွန်မ နှစ်သက်သော ယောက်ျား တစ်ယောက်ထံမှ ထိုစကားစုကို မှားယွင်းစွာ ပြောကြားခံရလိမ့်မည် ဟုလည်း မတွေးမိခဲ့။ မိုးခပ်ဖွဲဖွဲ ရွာသွန်းလျက် ရှိသော ညနေတွင် သူရောက်လာခဲ့ရင်း ပြောကြား ခြင်း ဖြစ်၏။

“ကိုယ့်စကားကို ပြန်ရုပ်သိမ်းပါတယ် နွေ။ ကိုယ် သတိ လက်လွတ်နဲ့ နောက်ပြီး မိုးရွာနေတုန်း ဆိုတော့ စိတ်က”

”တော်ပါတော့”

ကျွန်မထိုသို့သာ ပြန်ပြောမိခဲ့ပါသည်။ အဆောင်သို့ ပြန်ရောက်ချိန်တွင်တော့ ကျွန်မ အားပါးတရ ငိုကြွေးလိုက်မိသည်။ ထိုမျှလောက် အတိုင်းအတာလေးပင် ဖြစ်ပါလိမ့်မည်။ နောက် ပိုင်းတွင် ဂုဏ်ထူးတန်းမှ အစ်မ တစ်ယောက်နှင့် သူတွဲသည်ဟု ကြားလိုက်၏။( A )ခန်းမှ အေပရယ် နှင့် ၊( D ) ခန်းမှ ကောင်မလေးနှင့်။ နောက်အခြား ကျောင်းမှ မိန်းကလေးများနှင့်။ ထို့နောက်-။ ထို့နောက်တွင်။ အတိုင်းအတာ တစ်ခုမှာပင် သူနှင့် ကျွန်မ၏ ဇာတ်လမ်းသည် အမှတ်တစ် နေရာတွင် အဆုံး သတ်သွားပါသည်။

နောက်ဆုံးနှစ်တွင် အခြား ကျောင်းတစ်ကျောင်းသို့ သူပြောင်းရွှေ့သွားသည့် အချိန်မှ ဂုဏ် ထူးတန်း အကြီးတန်း တက်ရောက်နေသော ယခု အချိန်ထိ သူနှင့်ကျွန်မ ထပ်မဆုံဖြစ်ကြတော့ပေ။ တိုက်ဆိုင်သည့် အခါမျိုးတွင်တော့ သူ့ကို သတိရ မိ၏။

စတင် ဆုံစည်းခဲ့သော လမ်းကလေးနှင့် ဆိုင်ကယ် ခပ်မြင့်မြင့် တချို့တွေ့တိုင်း သူ့ကို သတိ ရမိတတ်ပါသည်။ မည်သူတွေ မည်သို့ သတ်မှတ် ကြသည်မသိသော အချစ်ဟူသည် ကျွန်မအတွက် သူ့ကို လွမ်းဆွတ်သည့် ခံစားမှုတချို့လည်း ဖြစ်နိုင် သည်။ အခါမဟုတ် ရွာချသော မိုးစက်တချို့ လည်းဖြစ်မည်။

မိုးပြေးလေးပါပဲ၊ အသည်းထဲ ခဏ၀င်ခဲ့၊ ရွာပါဆိုတော့လည်း အဝေးဆုံးကိုပြေးခဲ့၊  မိုးသည်းထဲမှာပဲ အသည်းလည်း တစ်စစီကွဲ၊ ရင်ခုန်သံတွေ ပြောင်းလည်း မျှော်လင့်ဆဲ” ဟူသည့် စာသားလေး ပါသော ခင်ဘုဏ်း၏ မိုးပြေးလေး သီချင်းကို နားထောင်မိချိန်တိုင်း၊ မိုးနှင့်ပတ်သက်သော ဇာတ်လမ်း၊ ရုပ်ရှင်များကို ကြည့်မိတိုင်းလည်း လူတစ်ယောက်ကို သတိရ နေဦးမည်ဖြစ်၏။ အထူးသဖြင့် မိုးရာသီဖွဲ့သီချင်း များကြားတိုင်း တမ်းမက်သော ခံစားမှုတချို့ဖြင့် ကျွန်မရင်တွင်း တစ်နေရာမှ ခုန်လှုပ်နေခဲ့ခြင်း သည်အလွမ်းပင် ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ အချစ်ဆိုသော အရာသည် ကျွန်မအတွက် ခဏ တာသာ ရွာသွန်းလေ့ရှိသော မိုးပြေး၏ မိုးစက် တချို့သာဖြစ်ပေမည်။                            

ရွှေကိုယ်နတ်၊UCSM၊
(Teen Magazine April 2012)