လာခြင်း မကောင်းသော ဧည့်သည် PDF Print E-mail
Written by သစ္စာသခင်   
Monday, 23 April 2012 15:04
Share |

?????? ????????? ???????? ?????? ????????? ????????? ????? ????????? ???????? ????????? ???????????? ????????????? ????

argaiv1098

သူ့ကြောင့် ဆေးပညာ လောကကြီး တစ်ခုလုံး ပွက်ပွက် ညံခဲ့သည်။ သူ့ကြောင့် ဘ၀ပေါင်း များစွာ ကြွေခဲ့ရသည်။ အသက်ပေါင်းများစွာ သေခဲ့ရသည်။ လူသားတို့၏ စိတ်နှလုံးချုံးချုံး ကြွေမွပြိုလဲ ခဲ့ကြရသည်။ သူသည် ဤကမ္ဘာ လောကသို့ မရဏခေါ်သံနှင့် အတူ အသံ မပေးဘဲ ဇွတ်အတင်းဝင်း ရောက်လာခဲ့လေတော့သည်။

သူသည် ဤကမ္ဘာ၌ မည်သည့် အချိန်ကတည်းက ရှိခဲ့သနည်း။ လူတို့၏ ခန္ဓာကိုယ်အတွင်း မည်သည့် အချိန်ကတည်းက ပုန်းအောင်း ၀င်ရောက်၍ လူပေါင်း မည်မျှကို ဒုက္ခ ပေးခဲ့သနည်း။ မည်သူ့ထံတွင် စတင်ဖြစ်ပွား ခဲ့သနည်း။ သူသည်  လူတို့ သတိ မထားမိခင်  ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် လူတို့၏ ခန္ဓာကိုယ် အတွင်း၌ ၀င်ရောက် ပုန်းအောင်းနေနိုင်ပါသည်။  လူတစ်ဦး တစ်ယောက်၏ အသွေးအသားမှ တစ်ဆင့် အခြားတစ်ယောက်၏ အသွေးအသားထဲသို့ ကူးပြောင်းရောက်ရှိ ဆက်လက် ပွားများနေခဲ့ပါလိမ့်မည်။

လူတို့၏ “သတိမမူ ဂူမမြင်”ခဲ့ခြင်းကြောင့်သာ သူ၏တိတ်တဆိတ် ပုန်းအောင်းနေမှုကို မတွေ့မမြင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့ကို လူတွေစတင် သတိထားမိသည်မှာ ၁၉၆၉ ခုနှစ်ခန့်က ဖြစ်၏။ သို့သော် သူ့ကိုသူဟု မသိကြသေး။

Kaposi Sarcoma(KS)  “ကာပိုစီဆာကိုးမား”ဟူသော အရေပြား ကင်ဆာတစ်မျိုး အနေဖြင့်သာ သတ်မှတ်ခဲ့ကြ၏။ အာဖရိကနိုင်ငံ၊ ယူဂန်ဒါ ပြည်နယ် တစ်ခုရှိ ၁၀ နှစ်အရွယ် အာဖရိကကလေး ငယ်တစ်ယောက်တွင် စတင် တွေ့ရှိခဲ့ရခြင်း ဖြစ်၏။ ဤကလေး၏ ရောဂါ မှတ်တမ်းများ အရ အသက် ၁ နှစ်ခွဲ အရွယ်ခန့် တွင် သွေးသွင်းခဲ့ဖူးကြောင်း တွေ့ရ၏။

၁၉၇၀ နောက်ပိုင်းတွင် အမေရိကန်၌ Gay (ဂေး) လှုပ်ရှားမှု အကြီးအကျယ် စတင်ခဲ့၏။ Permissive Society  ဟူသော ခေါင်းစီးအောက် တွင်  သူတို့နှစ်သက်သော လူနေမှု ဓလေ့ကို ပြောင် ပြောင်တင်းတင်း ကျင့်သုံးလာကြ၏။ ထို့ကြောင့် ထိုအုပ်စုထဲတွင် (KS -ကာပိုဆီဆာကိုးမား) ရော ဂါသည်များကို တွေ့လာကြရ၏။ ထိုရောဂါသည် ဂေးအုပ်စုများတွင် အဖြစ်များခဲ့သည်ကို ကြည့် ခြင်းဖြင့် ထိုအချိန်က 
GRID (Gay Related Immune   Deficiency)   “ဂေးများနှင့် ဆက်စပ်ဖြစ် သော ကိုယ်တွင်း ခုခံကာကွယ်မှု အဖွဲ့ အစည်း ချို့တဲ့ရောဂါ”ဟူ၍ပင်ခေါ်ခဲ့ကြသေးသည်။ အချို့ က “ဂေးကင်ဆာ”၊ “ဂေးရောဂါ”ဟု ခေါ်ဆို၍  ဂေးများကို ရိုက်နှက် ပုတ်ခတ်ညှဉ်းဆဲ (Gay bashing) သည့် အထိပင် ပြုလုပ်ခဲ့ကြ၏။

တစ်ဖန်ဟေတ (Haiti) ကျွန်းမှ လူများဖြစ် လေ့ရှိသော (Haemophilia) သွေးမတိတ်ရောဂါ သည်များထံမှာလည်း ဖြစ်လေ့ရှိကြောင်း တွေ့ခဲ့ရ ၏။ ၁၉၈၀ ခုနှစ် နောက်ပိုင်းတွင် အမေရိကန်ရှိ အတ္တလန်တာမြို့မှ ((Centre For Disease Control - CDC)  “ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာ န”မှ သတိပြုမိခဲ့သည်မှာ ထိုရောဂါ လက္ခဏာ သည် မူးယစ်ဆေးဝါး ထိုးသူများတွင်လည်း ဖြစ် ပွားတတ်ကြောင်း သတိပြုမိခဲ့သည်။ ထို့နောက် သွေးသွင်း ကုသမှုခံယူသူများတွင်လည်း ထိုရောဂါ ဖြစ်ပွားတတ်ကြောင်း တွေ့လာရပြန်သည်။

ထို့ ကြောင့်သူသည် (Risk Group)  “သီးသန့်အုပ်စု” များတွင်သာ ဖြစ်တတ်သော ရောဂါမျိုး မဟုတ်။ လူတိုင်းဖြစ်နိုင်သည်ဆိုသည့် အချက်ကို ကြံဆ မိလာကြသည်။ သူသည် လူမျိုးဘာသာမရွေး၊ အသားအရောင် မခွဲခြား၊ ချမ်းသာဆင်းရဲ မျက်နှာ မလိုက်တတ်။ သူ့ကို သတိမထားလျှင်၊ မကာ ကွယ်တတ်လျှင် သူက လူ၏ အသွေးအသား ခန္ဓာ ကိုယ်များကို ၀ါးမျိုသွားမည်သာ ဖြစ်သည်။

သူ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုလူ တွေမှာ ဖြစ်နိုင်သလဲ။ သူ့ရောဂါလက္ခဏာ တွေ က ဘာလဲ။ သူ့ကို ဘယ်လိုကာကွယ်တားဆီးရ မလဲ စသည့်အချက်တွေကို ဆေးပညာရှင်သုတေ သီများနှင့် (ရောဂါစုံထောက် - Epidimiologist) များက စဉ်ဆက်မပြတ်လေ့လာခဲ့ကြသည်။ သူ သည် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုဗိုင်းရပ်စ်ကို International Committee on taxonomy of viruses  (အပြည် ပြည်ဆိုင်ရာ ဗိုင်းရပ်စ်အမျိုးအစားခွဲဝေ အမည် ဖော်ထုတ်ပေးသောကော်မတီ) မှ ၁၉၈၆ ခုနှစ်တွင်  (H.I.V)-Human Immune Deficiency  Virus) ဟူ၍ တရားဝင်အမည် သတ်မှတ်ပေးလိုက်သည်။
HIV ဗိုင်းရပ်စ်ပိုးသည် သာမန်မျက်စိဖြင့် မမြင်နိုင်။ လူ့ခန်္ဓာကိုယ်၏ ပြင်ပတွင် ကြာကြာ အသက်မရှင်နိုင်။ အဓိကအားဖြင့် လိင်ဆက်ဆံ ခြင်း(လိင်တူ၊ လိင်ကွဲ)၊ သွေးသွင်းခြင်း၊ မူးယစ် ဆေးထိုးခြင်း၊ ပိုးမသတ်ထားသော ဆေးထိုးအပ် (ဆေးထိုးခြင်း၊ နားဖောက်ခြင်း၊ ဆေးမင်ကြောင် ထိုးခြင်း)ကို သုံးစွဲခြင်းတို့မှတစ်ဆင့် ကူးစက် နိုင်၏။ ထိုဗိုင်းရပ်စ်ပိုးသည် လူ၏ ခန္ဓာကိုယ်ထဲ တွင် လက္ခဏာမပြဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်
၏။ ထို့ကြောင့် ရောဂါပိုး ရှိသူ အများအပြားသည် အပေါ်ယံ ကြည့်ခြင်းဖြင့် ပုံမှန် ကျန်းမာနေသည်ဟု ထင်နိုင်စွမ်း ရှိ၏။

နှစ်ပေါင်းများစွာ ကြာသောအခါ သွေးဖြူဥများ အတော်များများ ပျက်စီးသွားပြီး စဖျားလာတော့၏။ ထိုအခါတွင် သူ၏ရောဂါ လက္ခဏာ များ ၀င်ရောက် လာတော့မည် ဖြစ်၏။ သူ၏ ရောဂါလက္ခဏာများမှာ-ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက် ပိုလျော့ကျခြင်း၊ တစ်လထက် ပို၍ ၀မ်းဆက်တိုက် သွားခြင်း၊ တစ်လထက် ပို၍ အဖျားဆက်တိုက် တက်နေခြင်း၊ တစ်လထက် ပို ၍ ချောင်းဆိုးခြင်း၊ ရေယုန်များ ခန္ဓာကိုယ် အနှံ့ ပေါက်ခြင်း၊ အကျိတ်များ တစ်ကိုယ်လုံးအနှံ့ အပြားထွက်ခြင်း၊ ပါးစပ်ထဲတွင် မှက္ခရုများ ထွက်ခြင်းနှင့် တစ်ကိုယ်လုံး အရေပြားရောင်ရမ်း ခြင်းတို့ဖြစ်သည်။ ထိုရောဂါ လက္ခဏာများ ဖြစ် ပွားခြင်းဖြင့် သူသည် လူ့အသက်ကို နုတ်ယူရန် အသင့်ဖြစ်နေပေတော့သည်။

သူ့ကို AIDS ရောဂါ(ခုခံအားကျဆင်းမှု ကူး စက်ရောဂါ) ဟူ၍ အမည်တပ်လိုက်သည်။ ဗှီု သည်။
A- Acquried  (မွေးရာပါမဟုတ်၊ ကူးစက်မှု     ဖြင့်ရရှိသော)
I-Immune   (ခုခံအား၊ ကိုယ်ခံအား)
D- Definciency  (လျော့နည်းကျဆင်းမှု)
S-Syndrome  (ရောဂါလက္ခဏာစု) ဟူသော
အဓိပ္ပာယ်များဖြင့် ကိုယ်စားပြုထားခြင်း ဖြစ်၏။

သူ့ကို လူမှန်သမျှ ကြောက်ရွံ့ကြ၏။ သူ့ကို မည်သူကမျှ မလိုလား။ မဖိတ်ခေါ်။ သို့သော် သူသည်ကား အပြုံးမပျက် ဆက်လက်ချီတက် လျက်ပင် လူတို့၏ ခန္ဓာကိုယ်ကို တည်းခိုဆောင် အဖြစ် သတ်မှတ်လျက် လူ့လောက အတွင်း လည်ပတ်လျက် ရှိနေတော့သည်။ အသက်ပေါင်း များစွာကို နုတ်ယူ နေတော့သည်။ သူသည် လူ့ရပ် ရွာမှ လူသားများ အတွက် လာခြင်းမကောင်းသော ဧည့်သည်ပင်ဖြစ်ပေတော့၏။

ထိုဧည့်သည်ကို တိုက်ဖျက်ရန်လက်နက် မရှိ။ ကာကွယ်ခြင်းဖြင့်သာ ချေမှုန်းသွားကြရ မည်။ ထို့ကြောင့် သူ့ကို ကာကွယ်ရန်-
-အိမ်ထောင်ဖက် အပေါ်သစ္စာရှိရမည်။
-လိင်မှုကိစ္စ ရှောင်ကြဉ်ရမည်။ (မရှောင် ကြဉ်နိုင်လျှင် ကွန်ဒုံးသုံးပါ။)
-မလိုအပ်ဘဲ ဆေးထိုးခြင်း၊ သွေးသွင်း ကုသခြင်းများကို ရှောင်ကြဉ်ရမည်။
-မူးယစ်ဆေးဝါး အကြောထဲသို့ ထိုးသွင်း ခြင်း ရှောင်ကြဉ်ရမည်။
AIDS ရောဂါကို ဖြစ်စေမည့် HIV ဗိုင်းရပ်စ် ပိုးသည် သွေး၊ သုက်ရည်နှင့် မိန်းမလိင်အင်္ဂါမှ ထွက်သည့် အရည်များတွင် အဓိက အများဆုံး ရှိသဖြင့် ထိုအချက်များကို ရှောင်ကြဉ်ခြင်းသည် အထိရောက်ဆုံးသော ကုသမှုပင်ဖြစ်ပေတော့ သည်။

ဧည့်သည်ဟူသည် အချိန်တန်လျှင် အိမ်ပြန် ရမည်သာ ဖြစ်၏။ သူသည် လူ့လောကသို့ လာ ရောက်လည်ပတ်ရင်း အသက်ပေါင်းများစွာ နုတ် ယူနေခဲ့သည်မှာ ဆယ်စုနှစ်တစ်စုမကတော့ပြီ ဖြစ် သည်။ သူသည် လာခြင်း မကောင်းသော ဧည့်  သည်သာ ဖြစ်၏။ သူ့ကို ပြန့်ပွားစေသော သူသည် လူပင်ဖြစ်၏။ သူအသက်ရှင်နိုင်သည့် နေရာမှာလည်း လူတို့၏ ခန္ဓာကိုယ်တွင်းပင် ဖြစ်၏။ ထို့ကြောင့် သူ့ကို လူသားများကပင် တိုက် ဖျက်သွားရမည်။ လူသားများကပင် ကာကွယ် တားဆီးသွားကြရမည် ဖြစ်ပေ၏။

အို-အသင်လူသားတို့...။ အသင်တို့၏ ဆင်ခြင်သတိဉဏ်ပညာရှိခြင်းဟူသော ခွန်အား ဖြင့် AIDS ဟူသည့် လာခြင်းမကောင်းသည့် ဧည့်သည်ကို ဤကမ္ဘာမြေမှ ကင်းစင်ပပျောက်  အဝေးသို့ ရောက်သွားစေရန် လက်ချင်းတွဲဆက် ချေဖျက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက် ရပေတော့သည်။

သစ္စာသခင်
(Teen Magazine April-2012)