(April-2012)Faces & Places PDF Print E-mail
Written by အယ်ဒီတာ   
Thursday, 26 April 2012 15:51
Share |

ပန်းချီကျော် Andy Warhol ရဲ့ Elvis Presley ပုံတူ ပန်းချီကား
ကမ္ဘာကျော် ပန်းချီဆရာကြီး Andy Warhol ရေးဆွဲ ပေးခဲ့တဲ့ ကွယ်လွန်သူ

generic cialiscialis 20mg viagra online canadian pharmacy
argaiv1082

ရော်ခ့်အင်ရိုးလ် ဘုရင်၊ အဆိုတော် မင်းသား Elvis Presley ရဲ့ ပုံတူ ပန်းချီကား တစ်ချပ်ကို နယူးယောက်မြို့မှာ မေလအတွင်း လေလံတင် ရောင်းချသွားဖို့ စီစဉ်ထားပြီး ဒေါ်လာ သန်း ၅၀လောက်အထိ ရနိုင်ခြေရှိကြောင်း Sotheby လေလံခန်းမက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ Warhol ဟာ Elvis  ရဲ့ ပုံတူ ပန်းချီကားပေါင်း ၂၂ ချပ်အထိ ရေးဆွဲ ပေးခဲ့ပါတယ်။ အခုရောင်းချမယ့် ပန်းချီကားက လူတစ်ရပ် အမြင့်ရှိပြီး သေနတ်ပစ်ကောင်းဘွိုင် တစ်ယောက် အသွင်နဲ့ Elvis  ရဲ့ ရုပ်ပုံနဲ့ နောက်ခံပုံတူ အရိပ်ကိုပါ ထည့်သွင်း ရေးဆွဲထားတာ ဖြစ်ပါတယ်။ Warhol ရေးဆွဲခဲ့တဲ့ Elvis ပန်းချီကားတွေထဲ က တစ်ချပ်ကို ၂၀၀၈ ခုနှစ်အတွင်း ရောင်း ချခဲ့ရာမှာ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ အထိ ရရှိခဲ့ပါတယ်။ Warhol ရဲ့ လက်ရာတွေ ထဲမှာ ဈေးအများဆုံး ရခဲ့တဲ့ ပန်းချီကား ကတော့  ၂၀၀၇ခုနှစ်မှာ ရောင်းချခဲ့တဲ Green Car Crash   အမည်ရ ပန်းချီကားဖြစ်ပြီး ဒေါ်လာ ၇၁.၇ သန်းအထိ ရရှိခဲ့ပါတယ်။ Sotheby လေလံ ခန်းမက ရောင်းချမယ့်ပန်းချီကားကို လေလံပွဲမတိုင်ခင် လန်ဒန်၊ လော့စ်အိန်ဂျလိစ် နဲ့ ဟောင်ကောင်တို့မှာ ကျင်းပပြသပေးဦးမှာ ဖြစ်ပါတယ်။ ဒီပန်းချီကားကို ၁၉၆၃ ခုနှစ် အတွင်းမှာတုန်းက လော့စ်အိန်ဂျလိစ်မြို့၊ Ferus Gallery  မှာ တခြားပန်းချီကားတွေနဲ့ တွဲ ဘက်ပြီး ပထမဆုံး အကြိမ်အဖြစ် ပြသခဲ့ဖူးပါ တယ်။ Warhol ရေးဆွဲခဲ့တဲ့ နူလငျ ပုံတူ ပန်းချီကား ၂၂ ချပ်အနက် ကိုးချပ်ကို ပြတိုက်တွေမှာ စုဆောင်း ပြသထားကြောင်း သိရှိရပါတယ်။
16.3.2012, BBC News

ဖက်ရှင် အော်စကာဆုရ မင်းသား Johnny Depp
The Council of Fashion Designers of America  ခေါ် အမေရိကရဲ့ ဖက်ရှင်ဒီဇိုင်းနာ မင်းသား Johnny Depp  ကို ဖက်ရှင် အကျဆုံးသူ အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Johnny Depp  ဟာ နှစ်ပေါင်း ငါးဆယ်လောက် အတွင်းမှာ ကောင်စီက ဒီဆုကို ဆွတ်ခူးရရှိတဲ့ ပထမဆုံး အမျိုးသား ဖြစ်ပါတယ်။

ဖက်ရှင်အော်စကာလို့ လူသိများကြတဲ့ ဒီဆုအတွက် အရင်နှစ်တွေက တစ်ပြေးကြသူတွေထဲမှာ  Lady Ga ga, Kate Moss, Iman  နဲ့  Sarah Jessica Parker  တို့လည်း ပါဝင်ခဲ့ကြ ပါတယ်။ Johnny Depp   နဲ့ ဆန်ခါတင်စာရင်း ၀င်သူတွေဖြစ်တဲ့ Olsen twins, Mare Jacohs  နဲ့ Proenza Schouler  တို့ရဲ့အမည်တွေကိုပါ ဖက်ရှင်ကောင်စီ ဥက္ကဋ္ဌ Diane non Furstenberg  က မတ်လ ၁၅ ရက်နေ့ မှာ တစ်ခါတည်း ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
15.3.2012, Hellomagazine.com

Steve Jobs ကို ဂုဏ်ပြုကောင်းလို့ အဖမ်း ခံရတဲ့ Russell Brand
အသက် ၃၆ နှစ်အရွယ်ရှိ ဟာသ သရုပ်ဆောင် Russell Brand  ကို New Orleans   ရဲအဖွဲ့က ပြတင်းပေါက် မှန်တစ်ချပ်ကို လက်ကိုင်ဖုန်းနဲ့ ပေါက်ခွဲမှုကြောင့် ၀ရမ်းထုတ် ဖမ်းဆီး ခဲ့ပါတယ်။   Timothy Jackson  ဆိုသူက ရပ်ထားတဲ့ ကားတစ်စင်းပေါ်ကနေ iPhone   တစ်လုံး အသုံးပြုပြီး Russell Brand   ကို ဓာတ်ပုံရိုက်ယူရာက ပြဿနာ စခဲ့တာပါ။ Russell Brand  က  Jackson  ရဲ့ iPhone  ကို ဆွဲယူပြီး အဝေးကို လွှင့်ပစ် လိုက်ရာက၊ အနီးနားရှိ ဥပဒေအကျိုးဆောင် အဖွဲ့ရုံး တစ်ရုံးရဲ့ ပြတင်းပေါက် မှန်ကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။ ဥပဒေအဖွဲ့ရဲ့ တိုင်တန်းချက် အရ New Orleans  ရဲအဖွဲ့က  Russell  ကို ဖမ်းဆီးဝရမ်း ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ Russell  က ရဲစခန်းကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ပြီး စတာလင်ပေါင်သုံး ထောင်တန်အာမခံပြုလုပ်ကာ ပြန်လည်ထွက်ခွာခွင့်ရခဲ့ပါတယ်။ Russell  က ပျက်စီးသွားတဲ့ ပြတင်းမှန်ကို ပြန်လည်တပ်ဆင်ပေးဖို့လည်း သဘောတူခဲ့ပါတယ်။ ဓာတ်ပုံရိုက်ကူးသူ Jackson  က Russell ဟာ သူ့လက်ထဲက iPhone  ကို ဆွဲယူပြီး လမ်းတစ်ဖက်ကို လွှင့်ပစ်လိုက်တာ ဖြစ်ကြောင်းပြောပြပါတယ်။  Russell  ကတော့ Apple ကွန်ပျူတာတည်ထောင်သူ   Steve Jobs  ကွယ်လွန်ပြီးကတည်းက iPhone  ကို ပေါ့တန်တန်သုံးတတ်ကြသူတွေအပေါ် သည်းမခံနိုင်ဖြစ်ခဲ့ကြောင်း၊ အခုလို Steve Jobs  ကို ဂုဏ်ပြုလိုက်တာပင်ဖြစ်ကြောင်း Twitter  စာမျက်နှာထက်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ Russell Brand  ဟာ အဆိုတော် Katy Perry  ရဲ့ခင်ပွန်းဟောင်းဖြစ်ပြီး အိမ်ထောင်သက် ၁၄ လအကြာ၊ အခုနှစ် အစောပိုင်းမှာ ကွာရှင်း ခဲ့ကြတာ ဖြစ်ပါတယ်။ Katy  နဲ့ ကွဲကွာပြီး ကတည်းက မိန်းကလေးတွေ ထည်လဲတွဲ နေခဲ့သူဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိ မက္ကဆီကန် အနုပညာရှင်မလေး Oriela Medellin Amieiro   နဲ့လည်း တွဲခဲ့ဖူးပါတယ်။

Rihanna နဲ့ သီချင်း အတူဆိုတဲ့ Chris Brown

အဆိုတော် Rihanna  ဟာ ၂၀၀၉ ခုနှစ် အစောပိုင်းမှာ သူ့ကို အပြင်းအထန် နာကျင်အောင် ရိုက်နှက်ခဲ့တဲ့ ချစ်သူဟောင်းနဲ့ အသံဖမ်း စတူဒီယို အတွင်း အတူပြန် လက်တွဲကြဖို့ ချမှတ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြား ခဲ့ပါတယ်။ ရည်မှန်းချက် ကြီးမားတဲ့အဆိုတော် Rihanna  က ဒါဟာ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက် စစ်စစ်တစ်ရပ် ဖြစ်ကြောင်း၊ Chris Brown  ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းကတော့ သူဟာ R&B ဂီတ လောကမှာ အကျော်ကြားဆုံးသူ ဖြစ်လို့ပင်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ သီချင်းနှစ်ပုဒ်ကို အတူ သီချင်းဆိုခဲ့ကြပါတယ်။ Rihanna က Chris ရဲ့ နာမည်ကျော် သီချင်း  Turn Up the Music  ကို တွဲဖက်သီဆိုပေးသလို  Chris  ကလည်း  Rihanna  ရဲ့ Birthday Cake  သီချင်းကို တွဲဖက် သီဆိုပေးပါတယ်။ သီချင်းနှစ်ပုဒ် စလုံးကို ပြီးခဲ့တဲ့ လအတွင်းက ထုတ်ဝေခဲ့ပြီး ပါပြီ။  Rihanna ကို သွေးထွက်ယံယို အနာတရဖြစ်အောင် Chris ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုနောက်၊ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီး အခုလိုလက်တွဲ ဖြစ်ခဲ့ တာပါ။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Rihanna က Chris  နဲ့ ဘာဖြစ်လို့ ပြန်လက်တွဲရသလဲဆိုတဲ့အကြောင်း ပရိသတ်သိအောင် ရှင်းပြဖို့အတွက်   Ryan Seacrest   ရဲ့ LA Radio Show   အစီအစဉ်ကို မတ်လ ၁၅ ရက်နေ့ကလာရောက် ခဲ့ပါတယ်။  Rihanna  က Birthday Cake  သီချင်းကို အကောင်းဆုံး ပြန်လုပ် ပေးနိုင်မယ့်သူက Chris  တစ်ယောက်တည်းသာရှိလို့ ရွေးချယ်ခဲ့တာဖြစ် ကြောင်း၊ တခြားဘာအကြောင်းခံမှမရှိဘဲ ဂီတပညာရှင်တစ်ယောက် အဖြစ် သက်သက်သာ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း၊  R&B ဂီတလောကမှ Chris ဟာ  လောလောဆယ် အကျော်ကြားဆုံးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ Rihanna နဲ့ Chris  တို့နှစ်ဦးဟာ ဂီတ လုပ်ငန်းမှာသာမက ချစ်မှုရေးရာမှာပါ ပြန်လည်ပေါင်း စည်းဖို့ အစီအစဉ်တွေ ရှိနေကြောင်း၊ ကောလာဟလ သတင်းစကားတွေလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့   Rihanna  က ပရိ သတ်ကို  Twitter   Beres Hammand   စာမျက်နှာကနေတစ်ဆင့် Beres Hammand  ရဲ့သီချင်းစာသား လေးနဲ့ ဒီလို တစ်ပေးခဲ့ ပြန်ပါတယ်။ “ကိုယ့်ကို မင်းနဲ့တွေ့တဲ့ အခါ၊ ပရိသတ်က အံ့အားတသင့်နဲ့ ဘာတွေပြောမှာလဲ။ တို့နှစ်ယောက်ကို  အတူတူတွေ့ကြတဲ့ အခါ လူတွေက ဘာပြောမှာလဲ”။

ရာပြည့်
16.3.2012, The Sun
(Teen Magazine April 2012)