တစ်ယောက်တည်း လျှောက်ဝဲနေရတဲ့ ကိစ္စ PDF Print E-mail
Written by ခရမ်းပြာ ထက်လူ   
Thursday, 26 April 2012 16:13
Share |

ရှိသမျှ အရသာပေါင်း သောင်းခြောက်ထောင် အကြောအခြင်ပေါင်း ကိုးဆယ့်ခြောက်ခုကို

cheap cialis no prescriptioncialis generic india viagra 10mg canadian cialis
argaiv1422


စွန့်ပစ်ပစ္စည်း များသဖွယ် မြစ်ထဲ၊ ပင်လယ်ထဲ ပစ်ချ ၁ ကနေ ၁၀၀ အတွင်း ကျွန်တော် ထွက်ပြေးနေခဲ့တယ်/မယ်
အဖိုငုတ် အမငုတ် ၂ ခုမှာ မချိတ်ဘဲ ကမ္ဘာကြီး လင်းဖို့/ အိမ်က မီးချောင်းလင်းဖို့ ကျွန်တော် ကြိုးစားကြည့်တယ်
သောက်ကျိုးနည်း ပန်းတွေကလည်း ခွက်ထိုးခွက်လန် လမ်းတွေကလည်း ခွက်ထိုးခွက်လန် ရယ်လို့ သန်းတွေကဆို ကျွန်တော့်ခေါင်းကို ၀ိုင်းတုတ်တာ ပြောမနေနဲ့တော့
ကျွန်တော့် အဖြစ်က ရယ်ချင်စရာ ငိုရမယ်လို့ အဆိုတင်သွင်းပြန်တော့လည်း ရယ်ချင်စရာ
ဆားနဲ့ တီကောင်ဆုံမိသလို မိန်းမနဲ့ယောက်ျား ဆုံမိမှာစိုး တစ်ယောက်တည်း တောက်တဲ့လို
ချောင်တစ်ချောင်ရဲ့ အလင်းထဲမှာ စကြ၀ဠာပမာ တွန့်လိမ် ပြင်သစ်မတစ်ယောက်ရဲ့ ဆံပင်တွေကို ကျစ်ဆံမြီးကျစ်သလို
ရေတံခွန်ကို လိမ်ကျစ်နေမိတယ်
ဒါ သံဆူးကြိုး အဖျားမှာ ပွင့်နေတဲ့ အသံပဲ လေထုထဲ ပြေးဝင်လာတဲ့ ဂြိုဟ်တစ်လုံးကို တိမ်းရှောင်သလို
ဆူသံ ဆန်သံတွေရဲ့ မျက်လုံးတစ်ဝေး ကျွန်တော့်ကိုယ် ကျွန်တော် ထိမ်ချန်ထားတယ်
ဘယ်သူမှ မ၀ဲခင် ကျွန်တော့်ကိုယ် ကျွန်တော် လျှောက်ဝဲနေမိတယ် စားချိန်တန် မစားရ ဆိုလောက်အောင်
အိပ်ချိန်တန် မအိပ်ရဆိုလောက်အောင် ဒီမှာ ကျွန်တော် ရှိသေးတယ်ဆိုတာနဲ့ ပြီးတယ်
ပန်းခြံနဲ့ သမုဒ္ဒရာတွေအတွက် ပင်လယ်ကို အသက်စွန့်ထွက်ခွာသွားတဲ့ ယောက်ျားရဲ့နောက်မှာ
ရင်ခွင်အသစ်နဲ့ မိန်းမ ငါ့ အခန်းဘေးမှာ တွေ့တယ်ဆိုတဲ့ကဗျာ ကျွန်တော် ဖတ်ဖူးတယ်
ဒီ့အတွက် ဒီကောင့်မှာ ရှော့နည်းနည်းရှိတယ်ဆိုကာ ရှောင်သွားတဲ့ ရွှေတူးသမားတွေအတွက်လည်း ကိစ္စမရှိ
အားအားရှိ ရေဒီယိုလေး ဖွင့်နားထောင် အားအားရှိ အားရှိအောင် အင်တာနက်ထဲ ၀င်အောင်း
အားအားရှိ အားကစားလေး ဘာလေးလုပ် အချိန်ကို ဖြစ်သလိုဖြုန်းတီး
ခေတ်ကြီးရဲ့ ခဲရာခဲဆစ်ထဲဝင်ရော ဝေါခနဲဝင်စီးကာ အာသဝေါ မကုန်ခန်းတာချင်း အတူတူ
ကုန်စုံဆိုင်က ကောင်မလေးကို ၀င်မရောခဲ့ပါဘူး ကိုယ် ယုံကြည်သလို
ကျောကုန်းပေါ် မြစ်တစ်စင်း တင်သွားဖို့ရာ ကိုယ့်မှာ ဘို့ ၂ ဘို့ မရှိဘူး ငှက်ဖျားတွေ တက်မယ်၊ ဗိုင်းရပ်စ်တွေ ကိုက်မယ်
ဝင်းဒိုးတွေ ခဏခဏပြုတ်ကျမယ် မဖြစ်ဘူး မဖြစ်ဘူး မချစ်ဖူးတယ် ကိုယ် တကယ်ပဲ မရူးနိုင်တယ်
ဘာလိုလဲ ဘက်ထရီအားပျော့လာရင် လမ်းထောင့်က စာအုပ်ဆိုင်ဆီ ငိုက်စိုက်ငိုက်စိုက်
ကိုယ့်ဘ၀ကို အလိုက်ပေးရယူလောက်မယ့် စာအုပ်တစ်အုပ်ရှာ စာအုပ်ဆိုင်က ငနဲနဲ့ တစ်ယောက်လျှာ တစ်ယောက်ဖြတ်
တစ်ယောက်အထင် တစ်ယောက်ရိုက်ခတ်၊ ရိုက်ပွဲတွေဖြစ် စကားလုံးစစ်ပွဲတွေ ဆင်နွှဲ
ကျွန်တော်က ဆိုင်အပြင် ဘောလုံးတွေ ကန်ထုတ်လိုက်ပြီး တက်ကျမ်းတွေ တန်းဆင်းခိုင်းလိုက်တယ်
ဂမ္ဘီရမုတ်ဆိတ်တွေကို စက်ကတ်ကြေးတစ်လက်
မြင်းတစ်ကောင်ရဲ့ ပါးစပ်ထဲက သွားတွေပမာနဲ့
ကိုက်ဖြတ်ပစ်လိုက်တော့ ဘေးနားက ဘေးသားတွေက မကြည်လင်
ကျွန်တော် ၀ယ်သွားတဲ့စာအုပ်ကို ဖြဲကြည့်ချင်ကြမယ်၊
အာလာပသလ္လာပ လူစုံတက်စုံ ကော်ဖီဆိုင် တစ်ကွေ့မှာ
လနဲ့သောကြာကြယ် ပူးတဲ့တစ်နေ့က
ဘ၀စာအုပ်ကို ကျွန်တော် ၀ယ်တော့မယ်ဆိုတဲ့ အကြောင်း
ထီးဆောင်းပြီး ပြောကြတယ် အဲဒီထီးကို လှီးချလိုက်လို့ နတ်သမီးတွေ စီးကျလာရင်တောင် မအိုသွားနိုင်ကြောင်း ဆောင်းပါးကဗျာ ရေးလိုက်စေချင်တယ် ကျွန်တော့်ကို သူတို့က ထောင်ထဲထည့်ချင်ကြတယ် ဖြစ်မလား အိမ်ထောင်ပြုတယ်ဆိုတာ ခြင်ထောင်တစ်လုံးနဲ့
ခြင်ထောင်ဘေးက ခြင်တွေဝိုင်းအော်ခံရမယ့် အဖြစ်ပဲ. No, အိမ်ထောင်ပြုတယ်ဆိုတာ
ခြင်းကြားနဲ့ ရေခပ်သလို အရာအားလုံး ဟိုးသွား ဒီလာ ဟိုးတိုးဒီအိပ် လွတ်လပ်ရေးအားလုံး အနှစ်နှစ် အလလ
မအောင်မြင် မအော်မြည်နိုင်သေးတဲ့ နည်းပညာအားလုံး လွတ်ကျသွားရင် မခက်လား ကျွန်တော်ဟာ စီနီယာ ကျော်ကြားသူများရဲ့ ၀ဋ်ဒုက္ခမှာ ၀ါးတားဖော်လို ဖစ်ဖော်လို မလုပ်ချင် သူတို့က တစ်ခါတလေ မိန်းမဆိုတာ Cover တဲ့ ခင်ဗျား မလိုချင်တဲ့ကိစ္စ ခင်ဗျား မဖြစ်ချင်တဲ့ဆန္ဒ ဥပမာ-တစ်ယောက်ယောက်ဟာ
ခင်ဗျားဆီမှာ တစ်ပုလင်း တစ်ပုံး တစ်ညလုံးလာဆွဲနေတဲ့ ကိစ္စ ကာဗာတဲ့ 
မိန်းမတစ်ယောက်ရဲ့ လိပ်စာမရှိတာနဲ့ပဲ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့ မိုးပျံပူဖောင်းတဲ့
မိန်းမတွေဟာ Main ပဲတဲ့ မိန်းလမ်းမကြီးတဲ့
မိန်းဆွစ်တစ်ခုလို တင်လိုက်ချလိုက် လင်းချင်မှောင်ချင် တကယ့် မိန်းဆတ်(ဗ်)ဂျက်(တ်)ပဲတဲ့
ဂျုန်းအော့အတ်တို့ ဂျူလီယာရောဘတ်တို့ မာသာထရီဇာတို့တဲ့ အဲဒီလို ကျွန်တော့်ကို ၀ိုင်းဆွဲကြ
“လ”က အက်ကွဲထွက်လာတဲ့ အရည်တဲ့ အရောင်တဲ့ အငွေ့တဲ့ ခေါက်ထားစမ်းပါ
ခင်ဗျားတို့ရဲ့ စကားလုံးတွေ အဖြစ်အပျက်သင်္ကေတနဲ့
ဥပမာ ဥပမေယျတွေ ကျွန်တော် လိုချင်တာက တောကို လိုချင်တဲ့ခြင်္သေ့ ခြင်္သေ့ကို လိုချင်တဲ့တော
ဘယ်လောက်ပြေးပြေး မမောတဲ့ လွတ်လပ်ရေး
ကျွန်တော်နဲ့ ထိစပ်တိုင်း ထွက်လာမယ့် တစ်ကိုယ်တော် အရောင်တွေ အဲဒီအရောင်တွေကို စုပြီး ဘောင်ခတ်ထားတဲ့
အကျဉ်း ကျနေတဲ့ ပန်းချီကား ကျွန်တော် မဖြစ်ချင်
ကျွန်တော် တစ်ယောက်တည်း ကျောက်ခဲလို ကြေကွဲသွားလည်း လမ်းဖြစ်စေရမယ်
“လူပျိုဘုရား လုံးဝမရှိ”ရတယ် ဘာမှမရေးရသေးတဲ့ ဗလာစာရွက် ရတယ်
ဘယ်ကြယ်မှ မစိုက်ပျိုးရသေးတဲ့ ကောင်းကင် ရတယ်
ပျံနေတဲ့ လေယာဉ်ပျံတစ်စီးနဲ့ ထိုင်နေတဲ့ လက်ပံပင် တစ်ပင်ထဲ
အုပ်လိုက်ဝင်လာမယ့် ဆက်ရက်ငှက်တွေ မလိုချင်
အခုလည်း ဆောင်းရာသီ တော်ကြာလည်း ဆောင်းရာသီ နောင်လည်း ဆောင်းရာသီမှာ
ဆောင်းစရာမရှိလည်း ရှိပစေ
ကျွန်တော့်မှာ အိမ်မရှိ မရှိတဲ့ အိမ်ထဲမှာ ကျကွဲစရာ ကြွေပန်းကန်တစ်ချပ်
လွတ်ကျစရာ ဇွန်းခက်ရင်းတစ်စုံမရှိ
နဖူးကို ထိစမ်းလိုက်ရုံနဲ့ တစ်ကိုယ်လုံး လင်းထိန်သွားမယ့် ကရုဏာလက်တစ်စုံ မရှိ ကျွန်တော် အိပ်ပြီလား
ညည ကျွန်တော့်ကို ထ ထစမ်းမယ့် စမ်းချောင်းလေးလို အထိအတွေ့ မရှိ
လူငယ်ဘ၀ သွေးအလိမ်းလိမ်းနဲ့ ယိမ်းထိုးပြန်လာမဲ့ နေ့တွေမှာ ရင်ခွင်ကျယ် လွင်ပြင်ကြီးနဲ့ မေတ္တာလိုဏ်ဂူကြီး မရှိ
ဥုံဖွ မလုပ်ဘဲ ဆုတ်ခွာသွားမယ့် ကပ်ဆိုးဒုက္ခများ အတွက် ကျွန်တော် လိုနေတာက မိန်းမတကာတို့ရဲ့ မိန်းမ
“ကျွန်တော့်မှာ အမေ မရှိဘူးဗျ”။ ။

ခရမ်းပြာထက်လူ

 


ခရမ်းပြာ ထက်လူ
About the author: