အနီရောင် သစ္စာ PDF Print E-mail
Written by မိုးထက်စံ(IR)   
Friday, 27 April 2012 16:30
Share |

အသိုက်ထဲမှာပဲ ကျန်ခဲ့လေ။
တစ်နေ့နီးမှာပေါ့။
ရှေ့ခရီးမျှော် မာန်တင်းပါကွယ်
ငှက်ဆိုတာကတော့
ပျံရင်းသေ။

tadalafil onlinetadalafil tablets generic sildenafil buy cheap cialis online
argaiv1913


ကျွန်တော်သည် သူမအတွက် အားကိုး အားထားရာ ဒေါက်တိုင်တစ်ခု၊ ခိုဝင်နားစက်ရာ သစ်ရိပ်တစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ကျွန်တော်သည် သူမအတွက် မသေချာသကဲ့သို့ သူမသည်လည်း ကျွန်တော့် အတွက်ဟု ဘယ်သော အခါမှ တွေးဖြစ်လိမ့်မည် မဟုတ်ပါ။ အကယ်၍များ သူမနှင့် ကျွန်တော် ပြန်မဆုံနိုင်အောင် ဝေးသွားခဲ့ပါလျှင်.... ထိုမေးခွန်းမျိုး ကျွန်တော် အကြိမ်ကြိမ် ဖြေခဲ့ပြီးပါပြီ။ သူမကို ကျွန်တော် လွမ်းကောင်းလွမ်း ဖြစ်ပါလိမ့်မည်။ သတိရကောင်း သတိရပါလိမ့်မည်။ သို့သော် ရင်ခုန်ကြည်နူးဖွယ်ရာ ပုံပြင်တစ်ပုဒ်အဖြစ် တမ်းတလွမ်း မောဖွယ်ကောင်းသော ဇာတ်လမ်းလေးတစ်ပုဒ် အဖြစ်တော့ ရင်ထဲ၌ သော့ခတ်သိမ်းထား ဖြစ်မည် မဟုတ်ချေ။ မည်သို့ဆိုစေ၊ မှိုင်းညို့ညို့ မိုးရက်တစ်ရက်၊ တောင် ကုန်းပေါ်က မြေပုံလေးတွေ အနားမှာ သူမ ပြောခဲ့သော စကားလေးတစ်ခွန်းကိုတော့ ပြန်တွေးမိတိုင်း ပြုံးဖြစ်ပါ၏။ သူမက ပြောခဲ့သည်။

“အချစ်သက်သက် လေးနဲ့ ဘ၀တစ်ခုကို တည်ဆောက် ကြည့်ချင်တယ်”

ကျွန်တော်သည် သူမရှိရာ ဟိုးအောက်ဘက်ရှိ တောင်လှေကားထစ်တွေဆီ မျက်နှာမူပြီး လက်နှစ်ဖက် ကမ်းကာ ကြိုဆို လိုက်မိပါသည်။ သူမသည် တကယ်ပဲ ကျွန်တော့်ထံသို့ ပြေးလျှောက် လာခဲ့လေမလား။ သို့မဟုတ် ဟိုးဝေးဝေးမှာပဲ ရပ်ပြီး ကျွန်တော့်အား ပြုံးပြုံးကြီး စိုက်ကြည့်နေလေမလား။ သို့ တည်းမဟုတ် သူမက တစ်ဖန် လက်နှစ်ဖက်ဆန့်ပြီး ကျွန်တော့် အလာကို စောင့် ကြိုနေခဲ့မလား။ တောင်ခြေဆီမှ လေနှင့်အတူ လွင့်ပျံ့လာသည့် တော ပန်းရနံ့တို့က မိုးလုံးပျံ့အောင် သင်းလျက်ရှိ၏။ တောင် ကုန်းပေါ် ပေါက်သည့် မြက်ရိုင်းတွေက လေနှင့်အတူ ဘယ်ညာယိမ်းလျက် ရှိ၏။ မိုးကုပ်စက်ဝိုင်း တစ်နေရာ၌ ရောင်စုံသက်တံကြီးတစ်ခု လည်း ထင်းလျက်ရှိ၏။
ယခု အချိန်ထိတော့ ကျွန်တော့် မျက်ဝန်းတစ်စုံ အား ဖွင့်မကြည့်ရသေးပေ။

“သက်မောင်ရယ်၊ နင်ပဲ စဉ်းစားကြည့်။ လူပဲ သေ သေပြီးနေပြီ။ မောင်ဘယ်သူ၊ မဘယ်သူ အသက်ဘယ် လောက်ဆိုပြီး မှတ်တိုင်တွေ စိုက်လိုစိုက်၊ သေမင်းဆီ အယူခံဝင်ခိုင်းတာတော့ ငါ သဘောမကျလှဘူး။ မြို့ပေါ် က တချို့မသာတွေမှာဆို ရှိ သေးတယ်။ သေဆုံးသူရဲ့ ပြုံး ရွှင်နေတဲ့ ဓာတ်ပုံကြီးကို ကားရှေ့မှာ ချိတ်ပြီး အလွမ်းသယ် ကြ။ အတော်ရယ်ရတယ် ဟာ။ ပြန်ရှင်လာမှာလည်း မဟုတ်ဘဲနဲ့”

ကျွန်တော်တို့ အုပ်စု ဆုံ ကြလေတိုင်း သူမကစပြီး ယုံကြည်ချက် တစ်ခုကို ဖွင့်အန် ထုတ်စမြဲ။ ထူးဆန်းသည် တစ်ခုက ကျွန်တော်တို့တစ် တွေ ငြင်းခုံကြ၊ ထောက်ခံကြ၊ စကား နိုင်လုကြတိုင်း ပင်တိုင် အကြောင်းအရာ တစ်ခုက သေ ခြင်းနှင့် သေခြင်းနှင့် ဆက် နွယ်နေသည့်အကြောင်းအရာ တွေပဲ ဖြစ်ဖြစ် နေတတ်သည်။

“ငါတော့ အဲသလို မထင်ဘူး မေရီ။ ဗုဒ္ဓဘာသာပီပီ ငါကတော့ အဲဒီကိစ္စ ကို အကောင်းလို့ မြင်တယ်”

“ဆိုစမ်းပါဦး”

“နင်ပဲ စဉ်းစားကြည့်ဟာ။ အသက်ငါးဆယ် အရွယ် အမျိုးသမီး တစ်ဦး သေဆုံး သွားပါပြီတဲ့။ အဲဒီ အသုဘကို လိုက်ပို့ကြတဲ့ ပရိ သတ်ထဲမှာ အဲဒီအမျိုးသမီးနဲ့ သက်တူရွယ်တူ၊ ကြီးသူ၊ ငယ်သူ အမျိုးသား၊ အမျိုး သမီးတွေ အားလုံးပါ လာကြ လိမ့်မယ်ဟ။ သူမရဲ့ အမည် ရယ်၊ အသက်ရယ်မြင်မှ သူ့ ထက်ငယ်သူတွေ စိတ်ထဲမှာ သြော် ငါလည်း အဲဒီ အရွယ်ရောက်ရင် သေနိုင် တာပါပဲ လား။ သူမထက်အသက်ကြီး သူတွေမြင်တော့ သြော် သူတောင် သေပြီးမှကိုး။ ငါတို့ ကိုလည်း သေမင်းက အချိန် မရွေး လာခေါ်နိုင်ပါလား။ ရွယ်တူတွေကျတော့ ငါတို့ လည်း သေရွယ်ရောက်ပါ ပေါ့လားဆိုတဲ့ သံဝေဂစိတ် လေးတွေးမိပေတော့မှာပေါ့။ ဓာတ်ပုံတို့ ဘာတို့ဆိုတာက တော့ဟာ ရှိရင်ချိတ်၊ မရှိရင် မချိတ်နဲ့ပေါ့။ ကဲ အဲဒီအသုဘ ကိစ္စလေးက အဓိပ္ပာယ်ပိုပြီး ရှိမသွားပေဘူးလား”

ကျွန်တော့် ထုချေစကား ကို သူမကလွဲ၍ ကျန်တစ်ဖွဲ့လုံး နီးပါး ထောက်ခံကြပါသည်။
“ရွာမှာ ငါ့အဘိုးရဲ့ အဖေ အုတ်ဂူလေး ဘုရားသွားတဲ့ လမ်းဘေးမှာ ရှိသေးတယ် ဟ။ သူ အသက် ရှိစဉ်တုန်းက အဲဒီနယ် တစ်ကြောမှာ နာမည်ကြားရုံနဲ့တင် တစ်နယ် လုံး ဖိန့်ဖိန့်တုန်အောင် လေး စားရတဲ့ ဂျပန် တော်လှန်ရေး သူကြီးတဲ့ဟ။ သူနဲ့အတူ လှုပ် ရှားခဲ့ကြတဲ့ အပေါင်းအပါ၊ ဘယ်လက်ရုံး ညာလက်ရုံး တွေလည်း အများကြီး ရှိခဲ့သတဲ့ဟ။ ဒါပေမဲ့ဟာ အချိန် တန်လို့ သေကြပျက်ကြတော့ အဘိုးတစ်ယောက်ကိုပဲ အုတ် ဂူတည် ဖြစ်ခဲ့ကြတယ်။ ဒါ ကြောင့် အခုနေချိန် ရွာပြန် ရောက်ဖြစ်လို့ ဟိုတုန်းက ရွာ့ သူရဲကောင်းကြီးတွေ အကြောင်း ပြောပါဆိုရင် အုတ်ဂူလေးထဲ က အဘိုးအကြောင်းကလွဲရင် ကျန်သူတွေအကြောင်း ရွာသားတွေ မပြောနိုင်ကြတော့ ဘူး။ တို့အဘိုးကိုတောင် အုတ်ဂူဖွေးဖွေးလေး ဘုရား သွားတိုင်းမြင်မြင်နေရလို့ မမေ့ ကြသေးတာလို့ အမေက ပြောတယ်။ အဲ့ဒီတော့ဟာ ငါ့ရဲ့ ထင်မြင်ချက် တစ်ခုကို မင်းတို့အားလုံးသိအောင် ပြော ပြမယ်။ သူရဲကောင်း သေရင် အုတ်ဂူ တည်ရမယ်ဟေ့”

ကျွန်တော့် အပေါ်၌ အမြဲ အနိုင်း ပိုင်းရမှ ကျေနပ်သော သူမသည် သူမ၏ ယုံကြည် ချက်အတွက် အနိုင်စကား တစ် ခွန်းကိုတော့ ပြောဖြစ်အောင် ပြော၍ သွားပါသေးသည်။
“ငါသေရင်တော့ ငါ့ အသုဘ ကိစ္စမှာ နာမည်လည်း မရေးနဲ့။ အသက်လည်း မတပ်နဲ့။ ဓာတ်ပုံတွေ ဆိုတာတော့ ငါအခုကတည်းက မီးရှို့ပစ်လိုက်ပြီ။ ဦးကျော်ဟိန်း သီချင်းထဲကလိုပေါ့ဟာ။ ငါ့ ကို မေ့လိုက်ကြပါတော့လို့ ပြောရမှာပဲ”

“ဒါဆို မမ မေရီက ကျွန်တော်တို့ကို သံယောဇဉ် ပြတ်သွားပြီပေါ့”

ကျွန်တော်တို့ အုပ်စုထဲမှာ အသည်း အငယ်တတ်ဆုံး ပထမနှစ် ကျောင်းသား ကျော် ကျော်လေး စကားကြားတော့ ကျွန်တော်တို့ အုပ်စု အတွေး ကိုယ်စီဖြင့် ခေတ္တ ခဏ လွင့်မျောသွားကြသည်။
“ဒါတော့ ကျော်ကျော်ရာ သံယောဇဉ် မပြတ်တော့ရော နေရမှာမို့လား”

ထိုစကား တစ်ခွန်းကို ပြောနေသော မေရီ့ မျက်ဝန်း များသည် ဘာကြောင့် ကျွန်တော့်ထံသို့ ရစ်ဝဲလာရပါ သနည်း။
ထိုစကားတစ်ခွန်း၏ မြစ်ဖျားခံရာ ကျောင်းတော် ကြီး၏ သံယောဇဉ်ဇာတ်လမ်း လေး ဘာကြောင့် အစိမ်း ရောင်ပြောင်းသွားပါသနည်း။
ထိုထိုသော ငိုဇာတ်၊ လွမ်းဇာတ်တို့၏ တရားခံ သည် ဘာအကြောင်းကြောင့် များ ကမ္ဘာမြေပြင်အနှံ့ ခြေ ဆန့်လာရပါသနည်း။
ချစ်သော မေရီ၏ ထို စကားတစ်ခွန်း အတွက် ည ပေါင်းများစွာ ကျွန်တော် အိပ် ရေးပျက်ရပါဦးမည်။

ကျွန်တော်တို့ အုပ်စု စဖွဲ့စဉ်က အဖွဲ့ဝင် ခုနစ်ယောက်နှင့်စခဲ့သည်။ နောက်ပိုင်း၌ တစ်လပြီး တစ်လ အဖွဲ့ဝင်တွေ တိုး၍တိုး၍ လာခဲ့သည်။ သို့ သော် အ၀င်နှင့် အထွက်သည် အမြဲလိုလို ညီမျှခြင်းဘေးမှာ ပဲရှိနေတတ်သဖြင့် ယခုအချိန် ၌လည်း အဖွဲ့ဝင်ဦးရေသည်ရှစ် ဦးခန့်ထက် ပိုမလာသေးပေ။

“ဟေ့ကောင်တွေ၊ ငါ ပြောထားမယ်နော်။ ငါတို့အဖွဲ့ ထဲက ဘယ်သူ အရင် သေလို့ မှ ကျန်တဲ့လူတွေ လိုက်မငိုကြ ကြေးဟေ့”

ကျွန်တော်တို့ အုပ်စု လေးကို ပထမဆုံး စွန့်ခွာသွားသူ ကိုသက်လေး ကြွေး ကြော်ခဲ့သော စကားတစ် ခွန်း။ တကယ်လည်း ကိုသက်လေး၏ နောက်ဆုံးခရီး အပို့၌ ကျွန်တော်တို့ အားလုံး မျက်လုံးတွေ ရဲနေသော်လည်း မငိုခဲ့ကြ။

“မိုးရွာနေတာကိုး သက် မောင်ရဲ့။ငိုလည်း ဘယ်သူသိ မှာတုံး။ နင်တို့ ငါတ မပြောနဲ့၊ ကိုသက်လေး ထကြည့်တောင် သိမှာ မဟုတ်ဘူး။ အဲဒီနေ့က မိုးက တအားကိုသည်းတာ”

မေရီကတော့ ဘ၀င် မကျလှပေ။ ထွက်ခွာသွား သူကို နောက်ဆုံးအောက်မေ့ ခြင်းဖြင့် တစ်ကြိမ်တစ်ခါ တော့ ငိုကြွေးသင့်သည်ဟု သူမက ယူဆသည်။
“နင်ငိုလို့ကော သူက အသက်ပြန်ရှင်လာမှာမှ မဟုတ်တာ၊ မငိုနဲ့”

“အို ဘာပဲဖြစ်ဖြစ်။ မပြောမရှိနဲ့နော် သက်မောင်။ နင်အရင်သေသွားလို့ကတော့ ငါ ငိုမှာပဲ။ ငါသေသွားရင် လည်း နင်ငိုကိုငိုရမယ်မှတ်”

“ရော် ဒုက္ခ”
တကယ်တော့ သူမ တောင်းသောကတိကို ကျွန်တော် ပေးဖြစ်ခဲ့ပါသည်။တစ်ခါ တစ်ရံ၌ အဓိပ္ပာယ်မရှိပါဘဲ နောက်ဆုံးလူမို့ ဇွတ်မှိတ်ခေါင်း ညိတ်ပြရတာမျိုး လောကကြီး မှာ ရှိတတ်သည်။ ဥပမာ ငါ သေသွားရင် မီးမသဂြုင်္ိဟ်နဲ့နော်။ ပူမှာကြောက်လို့ ဆိုတာမျိုး။

“နင် ကတိတည်မှာပါ နော် သက်မောင်”

“တည်မှာပါဟာ။ မတည်လည်း သေသွားတဲ့ နင့်ခန္ဓာကိုယ်ကြီးက ငါ့ ထရိုက်နိုင်မှာ မှတ်လို့”

“ကဲဟယ် ကဲဟယ် အခု ရိုက်တယ်။ ငါသေသွားလို့ နင် မငိုလည်း ရိုက်ပြီးသား ဖြစ်အောင်လို့”

သူမသည် အဲသလိုမျိုး ဘယ်ကိစ္စမဆို ဇွတ်အတင်း အနိုင်နှင့်ပိုင်းရမှ ကျေနပ်သူ ဖြစ်ပါသည်။ ကျွန်တော်သည် လည်း သူမနှင့်ပတ်သက် လေတိုင်း တစ်ကွက် ရှုံးရ သည်ကို အရှုံးဟုမမှတ်ယူ ဘဲ စေတနာတွေသာ ပိုခဲ့မိပါ သည်။
သည်လိုနှင့်....။

“မေရီ မေရီ သတိထား လေ သတိထား”
ကျွန်တော့်လက်နှစ် ဖက်ဖြင့် အသေအချာ ထွေးပွေ့ထားသည့်ကြားမှ သူမ မျက်ဝန်းတို့ ဖျော့တော့ ရီဝေ စွာ မှေး၍ မှေး၍ စင်းသွား ခဲ့ပါသည်။

“ကောင်စုတ်။ ဘာ သတိထားလဲ။ သေတော့မှာ ပါဆို ငါက ဘာသတိထားရ ဦးမှာတုံး။ မသကာ ဘုရား စာ၊ တရားစာလေး ထရွတ် တယ်ဆို တော်သေး”

တော်ပါသေး၏။ မေရီ သတိတို့ လွင့်ပြယ်မသွား သေး။
“ငါမသေသေးပါဘူး သက်မောင်ရယ်။ ငါ အသက် ထွက်ခါနီး အချိန်ရောက်ရင် နင်ဘယ်လို နေရှာမလဲ သိချင်လို့ ဟန်ဆောင်ကြည့်တာ”

သည်လိုနှင့် မေရီ့ ဆန္ဒ ပထမဦးစားပေး အစီအစဉ် ဖြင့် ကျွန်တော်တို့အုပ်စု တောင်ကုန်းလေးပေါ် တက်ခဲ့ ကြပါသည်။ ထိုတောင် ကုန်းလေးမှာ ကျွန်တော်တို့ အုပ်စုဝင် ဦးလေးကြီးတစ် ယောက်ပိုင်ဆိုင်ဖူးသော ကုန်း မြေလေးဖြစ်ပြီး ကျွန်တော်တို့ အုပ်စုပေးထားသော ထိုတောင်ကုန်းလေး၏ အမည်မှာ အနီရောင်သစ္စာ ဖြစ်ပါ သည်။

ထိုတောင်ကုန်းလေးပေါ်၌ မှားခဲ့ဖူးသော မည်သူမဆို သေဆုံးခြင်းဆိုသည့် ထာဝရ သစ္စာတရားကို ယုံ ကြည်ပါလျှင် ဤနေရာ၌ လဲလျောင်း အိပ်စက်ပိုင်ခွင့် ရှိပါသည်ဟု ကျောက်ဆိုင်းဘုတ် ကလေးတစ်ခု ထောင်ထားခဲ့ပါသည်။

“ဟေး ဒီမှာ ဘော်ဒါ တို့။ နင်တို့ဘ၀မှာ အဖြစ်ချင်ဆုံး ဆန္ဒများရှိခဲ့ရင် ငါ့ကို တစ်လှည့်စီ ပြောကြစမ်း။ ငါနားထောင်ချင်လို့။ နောက် ပြီး ငါဖြည့်ဆည်းပေးနိုင်တယ်ဆို ပေးခဲ့ချင်လို့”

တောင်ကုန်းလေး၏ တစ်နေရာမှာ သူမ ခါး ထောက်ရပ်လျက် တစ်နေရာ စီ ပြန့်ကျဲနေသော ကျွန်တော် အပါအ၀င် သူငယ်ချင်း တစ်စုဆီ ပြုံးပြုံးကြီး ကြည့်လို့ လှမ်းမေးသည်။
“ငါ လိမ္မော်သီး အ၀စားချင်တယ် မေရီ။ ဒါပေမဲ့ နွေပိုင်းကြီး”

အောင်ကြီးစကားကို အားလုံးက ၀ိုင်းရယ်ကြ သည်။
“အေး ဖြစ်ရစေ့မယ်။ နွေပိုင်းမှာလည်း လိမ္မော်သီး ရှိသေးတာပဲ။ မချိုပါဘူးလို့ တော့ မညည်းနဲ့။ နွေမှာ လိမ္မော်သီးချိုချို စားချင်လို့ တော့ မရဘူးပေါ့ဟာ။ မနက် ဖြန် နင့်ဗိုက်အသင့်ပြင်ထား ပေတော့”

“ဝေး ဟေးဟေး”

“ဟေ့ ဟိုနားက ကောင် မလေးကော”

တောင်ကုန်းထိပ် သစ် ပင်အောက် ရောက်နေတဲ့ ကောင်မလေးကလည်း လှမ်း အော်ပြောသည်။
“မမမေရီ၊ ညီမလေး ဆံပင်ဖြောင့်ချင်တယ်”

“အေး ဖြစ်ရမယ်”

တစ်ယောက်ပြီး တစ်ယောက် ဆန္ဒတွေ ကိုယ်စီ ဖွင့်အန်ကြရင်း အလှည့်သည် ကျွန်တော့်ဆီသို့ တဖြည်း ဖြည်း နီးကပ်လာခဲ့ချေပြီ။ ကျွန်တော် ဘယ်လိုဖြေရပါ့။ “ငါ စပျစ်သီး အ၀စားချင် တယ်”ဟုတော့ ညာမပြော လိုပေ။ “ငါ ငါတို့ သွေးတွေ ထဲက HIV ဗိုင်းရပ်စ် ပိုးတွေကို တစ်ကောင်ချင်း လိုက် သတ်ချင်တယ်” ဟုလည်း မိုက်ရူးရဲဆန်စွာ မဖွင့်ထုတ် လိုပေ။

တကယ်တော့ ကျွန်တော့် ရင်ဘတ်ထဲက ဒုက္ခများကို သူမ သိပါသည်။ ထို့အတူ သူမ ရင်ဘတ်ထဲရှိ တမြည့်မြည့် ကျွမ်းလောင်နေမည့် ဖွဲမီးများကိုလည်း ကျွန်တော် မြင်ပါသည်။ ဒုက္ခ ကို သော့ခတ်၊ ဖွဲမီးအား ပြာဖုံး ရင်း ဟန်ဆောင်ခဲ့သော နှစ်များ ကြာရှည်ခဲ့လေပြီ။

“ဟေး သက်မောင်”
သူမက ပြုံးရွှင်စွာ လှမ်းအော်ခေါ်သည်။

“ဘာလဲ”

“ငါ့ကိုရော ဘာဖြစ်ချင် လို့လဲလို့ ပြန်မမေးတော့ဘူးလား”

ကျွန်တော် ပြုံးမိသည်။ ကျွန်တော် သူမကို “ဘာဖြစ် ချင်သလဲ”ဟု မေးခိုင်းခြင်းသည် သူမ ကျွန်တော့်အား “ဘာဖြစ်ချင်သလဲ”ဟု မေး ခွန်းထုတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်ကို သူမရော ကျွန်တော်ပါ အနက်ရှိုင်းဆုံး တစ်နေရာမှ ကောင်းစွာ သဘောပေါက် နားလည်ခဲ့ ကြပါသည်။

သူမ ပြောခဲ့ဖူးသော စကားလေးတစ်ခွန်းကို ဤ နေရာမှာပင် ကျွန်တော် ဖြည့် စွက်ချေပလိုပါသည်။ သူမ က အချစ်ဆိုသည်မှာ စွန့် လွှတ်ခြင်းဟုသာ ယုံကြည်ပါ သတဲ့။ ကျွန်တော် မငြင်းလို ပါ။ အနည်းငယ်မျှသာ ဖြည့် စွက်ချင်ပါသည်။ တကယ် တော့ အချစ်ဆိုသည်မှာ မစွန့် လွှတ်ချင်ဘဲ စွန့်လွှတ်လိုက် ရသည့် စွန့်လွှတ်ခြင်း တစ်ခု သာလျှင် ဖြစ်ပါကြောင်း...။

မည်သို့ဆိုစေ၊ မှိုင်းညို့ ညို့ မိုးရက်တစ်ရက်၊ တောင် ကုန်းပေါ်က မြေပုံလေးတွေ အနားမှာ သူမ ပြောခဲ့သော စကားလေးတစ်ခွန်းကိုတော့ ပြန်တွေးမိတိုင်း ပြုံးဖြစ်ပါ ၏။

ကဆုန်စိုင်းသလိုပါ
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးတွေက
ရှေ့မှာ ၀ိုင်း။
ကျားက
ကြွက်မချောင်း
ဖွတ်တွေ
မိကျောင်းလို မနေ
အိုးဝေ အိုးဝေ တွန်သံ
နှောပါတဲ့
စိမ်းမြညို
(ဟော) ဟိုတောဆီသို့
အမောစံ ဇောမာန်တင်းကာ
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ ငှက်တို့သမိုင်း။

မိုးထက်စံ(I,R)
(P.S ဖော်ပြပါ ကဗျာ၏ အမည်မှာ ငှက်တို့၏တေး ဖြစ်ပြီး ရေးသားသူမှာ ဆရာကြီး မောင်စိန်ဝင်း (ပုတီး ကုန်း) ဖြစ်ပါသည်)
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)