ဟဲလေး ပြောပြတဲ့ ဒယ်ဒီဟဲလေး PDF Print E-mail
Written by လင်းနိုင်ဦး   
Thursday, 03 May 2012 11:58
Share |

ဂီတ လောကမှာ သီချင်းတွေ ကိုယ်တိုင် ရေးဖြစ်နေသလို ကိုယ်တိုင်လည်း သီဆိုပြီး အောင်မြင်နေတဲ့ အဆိုတော် ဟဲလေးက သင်္ကြန် ပြီးတာနဲ့ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးသစ်ကို ထုတ်ဝေတော့မယ် ဆိုတာကြောင့် မေးကြည့် ဖြစ်ခဲ့ပါတယ်။

argaiv1904


ဟဲလေး နောက်ထပ် တစ်ကိုယ်တော် တေးစီးရီးကို ဘယ်တော့လောက် ထုတ်ဝေ ဖြစ်မှာလဲ။

တော်တော်လေး ပြီးနေပြီ ဆိုတော့ သင်္ကြန် ပြီးတာနဲ့ အလွန်ဆုံး နှစ်လလောက် ဆိုရင် ထွက်နိုင်ပါပြီ။ အဲဒီ အခွေကိုတော့ ဒယ်ဒီ ဟဲလေးလို့ Title ပေးဖို့ စဉ်းစား ထားပါတယ်။

အဲဒီခွေကို ဘာဖြစ်လို့ “ဒယ်ဒီဟဲလေး”လို့ ပေးဖြစ်တာလဲ။ ကလေးအဖေ တစ်ယောက် ဖြစ်လာလို့လား။

မှန်ပါတယ်။ ကလေးအဖေ ဖြစ်လာလို့ ဒီသီချင်း ပေါ်လာတာလို့လည်း ပြောလို့ရပါတယ်။ ဒယ်ဒီလို့ ပြောပေမဲ့ အရမ်း ရင့်ကျက်လာတဲ့ ဒယ်ဒီတော့ မဟုတ်သေးပါဘူး။ ဂေါ်လီ ဒယ်ဒီပေါ့။ အဲဒီ အကြောင်းလေး သီချင်း ဖွဲ့ထားတာပါ။ ကလေးအဖေ ဖြစ်လာပြီး တစ်နိုင်ငံလုံးကလည်း သိတယ်။ ဒယ်ဒီ ဟဲလေး အနေနဲ့ ဘယ်လိုတွေ လှုပ်ရှားရတယ် ဆိုတာ သိစေချင်လို့ စီးရီးTitle ကို ဒယ်ဒီဟဲလေးလို့ ပေးဖြစ်တာပါ။ 

“ဒယ်ဒီဟဲလေး”မှာ ဟဲလေးကိုယ်တိုင် ရေးတဲ့သီချင်း ဘယ်နှပုဒ်လောက် ပါဦးမလဲ။

ကျွန်တော်ကိုယ်တိုင် ရေးတာကတော့ ၉ ပုဒ်ပါပါတယ်။ ကျန်တဲ့ သီချင်းတွေက ကိုဆောင်းဦးလှိုင်တို့၊D ယံနဲ့ နေရောင်တို့ ရေးတဲ့ သီချင်းတွေ ပါပါတယ်။ ဒယ်ဒီဟဲလေး ဆိုတဲ့ Title သီချင်းကိုတော့ ကျွန်တော်ကိုယ်တိုင် ရေးထားတာပါ။

“ဒယ်ဒီဟဲလေး”ကို ဘယ်လိုခံစားချက်နဲ့ ရေးဖြစ်သွားတာလဲ။

ဒယ်ဒီဟဲလေးကတော့ ကျွန်တော် အောင်မြင်ခဲ့တဲ့ သီချင်း စာသားကိုပဲ ပြန်ကောက်ပြီးတော့...
အသားနည်းနည်း မည်းတယ်၊ မိန်းမတော့ ရှိတယ်၊ ကလေးလည်း ရှိတယ်၊ ရည်းစားလည်း ထားချင်တယ်၊ ဒယ်ဒီ ဟဲလေးထဲက စာသား တချို့ပါ။

အဲဒါဆိုရင် အိမ်က မိန်းမနဲ့ ပြဿနာ မတတ်နိုင်ဘူးလား။

သီချင်းရဲ့နောက်မှာ နောက်ထပ် စာသားတွေ ရှိပါသေးတယ်။ ရည်းစားလည်း ထားချင်တယ်၊ဒါပေမဲ့ ထားလို့ မရပါဘူး။ ဒါလေးလည်း ပါပါသေးတယ်။

ဟဲလေးဆိုဖြစ်တဲ့ သီချင်း တော်တော်များများက တေးရေး စိုးလင်း သီချင်းတွေ ပါနေတာ ဘာဖြစ်လို့လဲ။

ကိုစိုးလင်းနဲ့တော့ တော်တော် တွဲဖြစ်ပြီး သူရေးတဲ့ သီချင်းတွေနဲ့လည်းအောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ တေးစီးရီး အနေနဲ့ ဆိုရင် ကိုစိုးလင်းရေးတဲ့ သီချင်းထဲက ၁၀ ပုဒ်လောက် ဆိုဖူးပါတယ်။Title သီချင်းတွေပါ အပါအ၀င်ပေါ့။ ကျန်တဲ့ ရုပ်ရှင်ဇာတ်ဝင် သီချင်းတို့၊ ကြော်ငြာသီချင်းတို့ကတော့ အများကြီးပါပဲ။ ကိုစိုးလင်းနဲ့ ပိုဆုံဖြစ်တာကတော့သူ့ရဲ ခံစားချက်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ ဆိုရင် ကျွန်တော် ဆိုပေးရပါတယ်။ သူ့ရဲ့ အမှတ်တရဖြစ်စေ တေးစီးရီးထဲမှာလည်း အသိအမှတ်ပြုပေးပါ သီချင်းလေးကို ဆိုပေး ထားရပါတယ်။

 

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

 


လင်းနိုင်ဦး
About the author: