ယုန်လေးလို့ နာမည် တွင်သွားသူ PDF Print E-mail
Written by လင်းနိုင်ဦး   
Thursday, 03 May 2012 12:06
Share |

အနုပညာ လောကမှာ ဂီတ အလုပ်တွေ အပြင် သရုပ်ဆောင်တဲ့ အလုပ်တွေကိုပါ လုပ်နေသူကတော့ အားလုံးက ယုန်လေးလို့ သိနေကြပြီ ဖြစ်တဲ့ အဆိုတော် ယုန်လေးပဲ ဖြစ်ပါတယ်။

cialis 10mgorder cialis online sildenafil online buy cialis jelly
argaiv1338


ညီလေးရဲ့ အနုပညာ နာမည်ကို ယုန်လေးလို့ အမည် ပေးရခြင်း အကြောင်း အရင်ဆုံး ပြောပြ ပေးပါဦး။

ယုန်လေးလို့ ဘာဖြစ်လို့ ပေးသလဲ ဆိုတော့ ရှေ့သွား နှစ်ချောင်းက ကြီးနေလို့ ကြီးနေတာက သူများနဲ့ မတူဘဲ ခေါတာလည်း မဟုတ်ဘူး။ ယုန်သွားနဲ့ တူနေတဲ့ အတွက်ယုန်လေးလို့ အမည်တွင် သွားခဲ့တာပါ။

အဲဒီ နာမည်ကိုရော ဘယ်သူကပေးပြီး တွင်သွားခဲ့တာလဲ။

ပေးလိုက်တာကတော့ သူငယ်ချင်းတွေပါပဲ။ ၅ တန်း၊ ၆ တန်းလောက်ကတည်းက ပေးထားကြတာ။ ဂိမ်းဆိုင်မှာ ဂစ်တာတွေ သွားသွား တီးပေးရင်း သူငယ်ချင်းတွေက ယုန်လေး ယုန်လေးလို့ ခေါ်စကတော့ ကိုယ့်ကို ခေါ်တာမှန်းမသိပေမဲ့ ခေါ်ပါများလာတဲ့အခါ ငါ့ကို ခေါ်နေတာပဲဆိုပြီး သိလာတယ်။ ဒီနာမည်ကို ကြိုက်တယ်၊ မကြိုက်ဘူး မရှိပေမဲ့ ခေါ်ပါများတော့ တောက်လျှောက် ယုန်လေးပဲ ဖြစ်သွားပြီး စတူဒီယို စ၀င်တော့လည်း ဒီနာမည်နဲ့ပဲ ၀င်သွားခဲ့တဲ့ အတွက် စီးရီး ထွက်တော့လည်း ယုန်လေးနာမည်နဲ့ပဲ ထွက်ဖြစ်တာပါ။

ယုန်လေးလို့ ခေါ်ကြတဲ့ အပေါ်မှာ ကျေနပ်မှု ရှိရဲ့လား။

ကျေနပ်မှု ရှိပါတယ်။ ပရိသတ်တွေက ရှိုးပွဲတွေမှာ ယုန်လေး ယုန်လေးဆိုပြီး အော်ဟစ် အားပေးကြတော့လည်း ပျော်ပါတယ်။ ဒါပေမဲ့ ကိုယ့်နာမည်က ကျားကျားလျားလျား မဆန်တဲ့ အတွက် တစ်မျိုးလေးတော့ ဖြစ်ပါတယ်။ အခုအချိန်မှ ပြောင်းလည်းပြောင်းလို့ ဘယ်ရတော့မလဲ။ ကျွန်တော့် နာမည်အရင်းကတော့ အောင်ဖုန်းကျော်ပါ။

ယုန်လေး သီချင်းဆိုတဲ့ အလုပ်အပြင်၊ သရုပ်ဆောင် အလုပ်ပါ လုပ်ဖြစ်နေတဲ့ အကြောင်းလေး ပြောပြပါဦး။

သီချင်းဆိုတဲ့ အလုပ်ကတော့ မူလ ရည်ရွယ်ချက်ကို လုပ်ချင်တဲ့ အလုပ်ပါပဲ။ သရုပ်ဆောင် ဖြစ်တာကတော့ ကျွန်တော်က သူငယ်ချင်းတွေကို နောက်ပြီး ရသနဲ့ ကြက်ဖကို မင်းတို့က သူခိုးနဲ့ ကြမ်းပိုးနဲ့ တူတယ်။ လူပုံကြည့်တော့ ဂိုဏ်းစတားလို ပုံစံနဲ့ အဲဒီလို နောက်ပြီးပြောရင်း ကိုဇော်ဆက်ဆိုတဲ့ ချမ်းမြေ့ သုခ ထုတ်လုပ်ရေးက လာကမ်းလှမ်းတော့ ကိုယ့်သမိုင်း ကိုယ်ရေးကြသူများကို ကျွန်တော်တို့ ကြိုက်တဲ့ ပုံစံနဲ့ ရိုက်ဖြစ်သွားတာပါ။

ယုန်လေးတစ်ယောက် လာမယ့် နှစ်သစ်မှာရော ဂီတကိုပဲ ဆက်လက် လုပ်သွားမှာလား။ သရုပ်ဆောင် အလုပ်ပါ လုပ်ဖြစ်ဦးမှာလား။

သရုပ်ဆောင် အလုပ်ကတော့ ကိုယ်လုပ်ချင်တာ တစ်ခုလေး လုပ်ကြည့်လိုက်တာပါ။ ကျွန်တော်တို့ ရုပ်က ချောတာလည်း မဟုတ်ပါဘူး။ ရွက်ကြမ်း ရေကျိုပါပဲ။ အဲဒီအတွက် ရုပ်ရှင်ဘက်မှာ  ဆရာကြီး ၀င်လုပ်တာလည်း မဟုတ်ပါဘူး။ လူတတ်ကြီး လုပ်တာလည်း မဟုတ်ပါဘူး။ ဒီထောင့်တစ်ထောင့်မှာ ငါတို့ ဒီလိုလေး လုပ်လိုက်ရင် ကောင်းမယ်ဆိုပြီး အကောင်အထည်ဖော် လုပ်ဖြစ်လိုက်တာပါ။ မင်းသားလည်း မဟုတ်လို့ အိုက်တင်လည်း မလုပ်တတ်ပါဘူး။ ရုပ်က မချောတော့ မိတ်ကပ် လိမ်းဆိုရင်လည်း လိမ်းမှာ မဟုတ် ပါဘူး။ အခြောက်လို့အပြောခံရမှာ ကြောက်တယ်။ ဆိုး ရင်လည်း ဆိုးတဲ့ရုပ်ပဲ။ ယောက်ျားလေးပဲ မိတ်ကပ် တော့ မလိမ်းချင်ပါဘူး။ ကိုယ်လုပ်ချင်တာတွေကို ကာလာတစ်မျိုးလေး ထွက်သွားအောင် ကားတွေ ရိုက် ဖြစ်နေတာပါပဲ။ ဒါရိုက်တာ မိုက်တီးနဲ့ ဘန်ကောက်မှာ တစ်ပေါက်တော့ ရှိတယ်ကို သူငယ်ချင်းတွေနဲ့ ရိုက်ထား တယ်။ နောက်ထပ်လည်း စာရေးဆရာ မင်းခိုက်စိုးစန် ရဲ့ တဏှာ ကို ဆက်ရိုက်သွားဖို့ စီစဉ်ထားတယ်။ အများကြီးတော့ ရိုက်ဖြစ်မှာ မဟုတ်ဘူး။ ၅ ကားဆိုလည်း ၅ ကား၊ ဒါမှမဟုတ် အလွန်ဆုံး ၁၀ ကားပေါ့။ ဂီတ အလုပ်ကိုတော့ အမြဲတမ်း ဆက်ပြီး လုပ်သွားမယ်။ ဂီတနဲ့လည်း အရမ်း အောင်မြင်ချင်ပါတယ်။ အောင်မြင်နိုင်ဖို့ အတွက် ဒီထက်ပို ကြိုးစားနေပါတယ်။ အနုပညာဝမ်းစာတွေလည်း ထပ်ဖြည့်နေပါတယ်။

ဂီတဘက်မှာ ဘာတွေ ဆက်ထွက်နိုင်ဖို့ လုပ်ထား သေးလဲ။

ကျွန်တော့် One Man Show Live Show ခွေလေး ထွက်ဖို့ ပြင်ဆင်နေတယ်။ နောက်ထပ်လည်း ကျွန်တော် သီချင်းတွေ အများကြီး ရေးထားသေးတဲ့ အတွက် အဲဒီ သီချင်းတွေ ဆက်ထွက်လာဖို့ ကြိုးစား နေပါတယ်။

 

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

 


လင်းနိုင်ဦး
About the author: