မစ္စမြန်မာ အင်တာနေရှင်နယ် ပြိုင်ပွဲ PDF Print E-mail
Written by မိုးကျော်ထွန်း   
Thursday, 03 May 2012 12:11
Share |

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ Myanmar Tourism Board (MTB)  က ကြီးမှူးပြီး  Miss Myanmar International  အလှမယ် ရွေးပွဲကို နောက်ဆုံး အဆင့်အဖြစ် မတ်လ ၂၅ ရက်နေ့ညက ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပခဲ့ပါတယ်။

cialis 10mgcialis online viagra price buy cialis online online
argaiv1556


ဒီပြိုင်ပွဲ ကျင်းပဖို့ အတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ အလှမယ်များကို ပြိုင်ပွဲ ၀င်ကြဖို့ ဖိတ်ခေါ်ရာမှာ အရပ်အမြင့် အနိမ့်ဆုံး ၅ ပေ ၄ လက်မ ရှိရမယ် ဆိုတဲ့ အချက်အပြင် အသက် ၂၅ နှစ် အောက် ဖြစ်ရမယ်၊ အင်္ဂလိပ် စကားကို သွက်သွက်လက်လက် ပြောနိုင်သူဖြစ်ရ မယ် ဆိုတဲ့ အချက်များလည်း ထည့်သွင်း ထားပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြည်ပ နိုင်ငံများကို သွားရောက် ယှဉ်ပြိုင်တဲ့ အခါ အရပ်အမောင်းက ပေမီဒေါက်မီ ဖြစ်သင့်တဲ့ အပြင် စင်မြင့်ပေါ်မှာ အင်္ဂလိပ် စကားကို သွက်လက်စွာ ပြောနိုင်ဖို့လည်း လိုအပ် လာပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှ အလှမယ် ၆၃ ဦးတို့ လျှောက်ထားကြရာမှာ ပထမ အဆင့်အဖြစ် ခရီးသွား လုပ်ငန်းမှ တာဝန် ရှိ ပုဂိ္ဂုလ်တချို့နဲ့ ပြင်ပ ပညာရှင် တချို့ ပါဝင်တဲ့ အဖွဲ့က လူတွေ့စစ်ဆေးကြကာ ဆန်ခါတင် အဖြစ် ၁၉ ဦးကို ရွေးချယ်ခဲ့ ကြပါတယ်။ ဒီ ၁၉ ဦးကို စခန်းသွင်း လေ့ကျင့် ပေးပြီး သိသင့် သိထိုက်တဲ့ ဗဟုသုတ အချက်အလက်များ မှတ်သား နိုင်အောင်လို့ ဆရာ၊ ဆရာမများက သင်ကြားပို့ချ ပေးခဲ့ကြပါ သေးတယ်။ စခန်း သွင်းထားတဲ့ အလှမယ်များကို ငွေဆောင်ကမ်းခြေ သို့လည်း ခေါ်ဆောင် သွားကာ လေ့ကျင့်မှုတွေ  ပြုလုပ် စေခဲ့ပါတယ်။ နောက်ဆုံးအဆင့် ရောက်လာဖို့ရာ ဒီ ၁၉ ယောက်စလုံးက တော်တော်ကလေး လေ့ကျင့် ပေးပြီးသား ဖြစ်နေပါပြီ။ MCC ခန်းမ အတွင်းမှာ ခမ်းနား ထည်ဝါတဲ့ စင်မြင့်ကြီး ပြင်ဆင် ဆောက်လုပ် ထားပါတယ်။

လျှောက်လမ်းကိုလည်း သာမန် ပွဲများထက် ပိုပြီး ရှည်အောင် ဖန်တီး ထားတာ တွေ့ရပါတယ်။ နောက်ဆုံးအဆင့်မှာ အကဲဖြတ်ဒိုင်လူကြီးများ အဖြစ် ဦးဝင်းငြိမ်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ဒေါ်အိအိခိုင်၊  ဒေါ်ရီရီဝင်းတို့နဲ့ MTB မှ တာဝန်ရှိ အမျိုးသမီးနှစ်ဦးတို့က ဆောင်ရွက်ပေးကြ ပါတယ်။ စီစဉ် တင်ဆက်သူဖြစ်တဲ့ တင်မိုးလွင်ရဲ့ အစီအစဉ်နဲ့ အလှမယ်လေးများက ပထမ အဆင့်မှာ ရိုးရာ ထိုင်မသိမ်း ၀တ်စုံများနဲ့ ယှဉ်ပြိုင်ကြပါတယ်။ နောက်ခံတေး ဂီတကလည်း မြန်မာ သံစဉ် ဖြစ်ပါတယ်။ အရောင်အသွေး စုံလင် တောက်ပနေတဲ့ ထိုင်မသိမ်း ၀တ်စုံများကို ဒီဇိုင်းနာ ပြည်စိုးအောင်က ဖန်တီး ပေးထားတာလို့ ဆိုပါတယ်။

ထိုင်မသိမ်းဝတ်စုံများ နဲ့ ယှဉ်ပြိုင်အပြီးမှာ ဒုတိယ အကျော့အနေနဲ့ အားကစား ၀တ်စုံနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် သူတို့အ၀တ် လဲနေချိန်မှာ ခေတ်ပေါ် အကအဖွဲ့ရဲ့ဖျော်ဖြေမှု၊ အဆိုကျော်များရဲ့ ဖျော်ဖြေမှုတို့ကို ရှုစားကြရပါတယ်။

ဒုတိယ၀တ်စုံဖြစ်တဲ့ အားကစားဝတ်စုံများနဲ့ ယှဉ်ပြိုင်ရာမှာတော့ ထိုင်မသိမ်းနဲ့ လမ်းလျှောက်သလို မဟုတ်တော့ဘဲ သွက်လက်ပေါ့ပါးစွာ လျှောက်လှမ်း လာကြပြီး အားကစား လေ့ကျင့်ခန်း တစ်မျိုးမျိုးကို လုပ်ပြကြပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင် ကလေးများဟာ ဒီတစ်ကျော့ မှာတော့ သွက်လက်မြူးကြွ နေပါတယ်။

 

ဆက်လက်ပြီး အားကစား ၀တ်စုံပေါ်မှာ ဒီဇိုင်နာ တစ်ဦး တီထွင်ပေးတဲ့ ၀တ်စုံ ထပ်ဝတ်ကာ နောက်တစ်မျိုး ယှဉ်ပြိုင်ကြရပါတယ်။ ဒီ တစ်ကျော့မှာတော့ ပြိုင်ပွဲဝင် ကလေးများရဲ့ ပင်ကို အရည်အချင်းကို ပြသ ယှဉ်ပြိုင်ရတာ ဖြစ်လို့ ကတဲ့သူက၊ ဆိုတဲ့ သူ က ဆို၊ ကျွမ်းဘား လေ့ကျင့် ခန်းပြသူက ပြ၊ တယောထိုး သူကထိုးနဲ့ ကိုယ့်အရည် အချင်းကို ပြသ ယှဉ်ပြိုင်ကြရ ပါတယ်။ ပြိုင်ပွဲဝင်တစ်ဦး ကတော့ စည်းကမ်းဖောက် ဖျက်ပြီး သတ်မှတ်ထားတဲ့ ၀တ်စုံကို မ၀တ်ဆင်ဘဲ သူ ကြိုက်တဲ့ ၀တ်စုံကို ကောက် ၀တ်လာတာကြောင့် အမှတ် ပေးဒိုင်များ အမှတ် လျှော့ကြ ရပါတယ်။ တတိယအဆင့် ယှဉ်ပြိုင်မှုကတော့ ပြိုင်ပွဲဝင် များ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ညနေခင်း ၀တ်စုံနဲ့ ယှဉ် ပြိုင်ခြင်းပါပဲ။ ညနေခင်း ၀တ်စုံများနဲ့ အလှပြယှဉ်ပြိုင် အပြီးမှာ အင်္ဂလိပ်လို မေးဖြေရတဲ့ အင်တာဗျူးကို ဖြေ ကြရပါတယ်။

ဒီအဆင့်အပြီးမှာတော့ ဒိုင်များရဲ့ အမှတ်ပေးဇယား များကို သိမ်းဆည်းပြီး ဆန်ခါတင် ၁၁ ယောက်ကို ရွေး ထုတ်လိုက်တဲ့ အခါ နန်းခင် ဇေယျာ(၁၅)၊ ပိုးအိဖြူစင် (၁၂)၊ နိုနိုကေ(၁၉)၊ သဒ္ဓါကြည်ဖြူ(၁၁)၊ အင်ကြင်းထူး (၁၇)၊ စွမ်းရည်ထွန်း(၁၈)၊ ထားထက်ထက်(၈)၊ အေးချမ်းမိုး(၁၆)၊ မြတ်မို့မို့သိမ့် (၁၀)၊ သိမ့်ဇေ၀ါချော(၁၃)၊ ပိုးကြာဖြူ(၆)တို့ အရွေးချယ် ခံရပါတယ်။

ဒီ ၁၁ ယောက်ကို ဆုအဖြစ် ကျပ် ၃ သိန်းစီလည်း ချီးမြှင့်ပေးပါတယ်။ ဒါ့အပြင်ဟိုတယ်ဇုန်များက ဒီ ၁၁ ယောက်ကို မိမိတို့ဟိုတယ်ဇုန်မယ်အဖြစ် သတ်မှတ်ကြပါတယ်။ ဆန်ခါတင် စာရင်း ၀င်လာတဲ့ ၁၁ ဦးကို အင်တာဗျူးမေးခွန်း နောက်တစ်ဆင့် မေးပြန်ပါတယ်။ ဒီအမေးအဖြေကိုလည်း အကဲဖြတ်ဒိုင်များက အမှတ်ပေးကြပြီး ၅ ယောက်ကို ရွေး ထုတ်ကြပြန်ပါတယ်။

၅ ယောက်စာရင်းမှာ ပါလာသူများကတော့ နန်းခင်ဇေယျာ(၁၅)၊ အေးချမ်းမိုး (၁၆)၊ စွမ်းရည်ထွန်း(၁၈)၊ သဒ္ဓါကြည်ဖြူ(၁၁)၊ ထားထက်ထက်(၈)တို့ ဖြစ်ပါတယ်။ ၅ ယောက် စာရင်းမှာ ပါဝင်လာတဲ့ အလှမယ်များကို နောက်တစ်ဆင့်မြင့်တဲ့ မေးခွန်းများမေးကြပြီး ဒိုင်များက ၃ ဦးကို ရွေးချယ် ပေးပါတယ်။ အဲဒီသုံးဦးကတော့ စွမ်းရည်ထွန်း၊ နန်းခင်ဇေယျာ၊ အေးချမ်းမိုးတို့ ဖြစ်ကြပါတယ်။ အကဲဖြတ်ဒိုင်များ အမှတ်ပေးကြပြီးနောက် နောက်ဆုံးမှာ ထွက်ပေါ်လာမယ့် မစ္စမြန်မာ အင်တာနေရှင် နယ်ကို မျှော်လင့်ကြပါတယ်။

အခမ်းအနားမှူး တင် မိုးလွင်က ၃ ယောက်ထဲမှာ တတိယ ချိတ်သွားသူကို အရင်ဆုံး ကြေညာပေးလိုက် တော့ အေးချမ်းမိုး ဖြစ်ပါ တယ်။ ကျန်တဲ့နှစ်ယောက် ထဲက တစ်ယောက်ဟာ မစ္စ မြန်မာအင်တာနေရှင်နယ် ဖြစ်တော့မှာမို့ ဒုတိယရသူကို အရင်ကြေညာပေးမယ်လို့ ဆိုပြီး ကြေညာလိုက်တဲ့အခါ မှာ ခါးနံပါတ် (၁၈) စွမ်းရည် ထွန်းက ဒုတိယ ရရှိသွားတာ ကြောင့် ပထမဆုံးအကြိမ် အဖြစ်ကျင်းပတဲ့ Miss Myanmar International 2012  မှာ သရဖူဆောင်းသွား သူက ခါးနံပါတ် ၁၅ နန်းခင် ဇေယျာ ဖြစ်ပါတယ်။

ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ကျပ် ၁၅ သိန်း၊ တတိယဆု ကျပ် ၁၀ သိန်း ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါ တယ်။
MTB က မြန်မာ အလှ မယ်များ နိုင်ငံတကာမှာပါဝင် ယှဉ်ပြိုင်ချိန် အဆင်း သာမ က အချင်းလည်း ရှိတယ်ဆို တာ ပြနိုင်ဖို့ ငွေကုန်ကြေးကျ ခံပြီး စနစ်တကျ စခန်းသွင်း လေ့ကျင့် ပေးခဲ့ခြင်းကြောင့် လည်း အရည်အချင်း ပြည့်ဝတဲ့ အလှမယ်များ ပေါ်ထွက် လာခြင်း ဖြစ်ပါတယ်။ နောက်နှစ် နောက်နှစ်များမှာ လည်း MTB က ဒီပြိုင်ပွဲများ ကို ဆက်လက် ကျင်းပသွားမယ်လို့ သိရကြောင်း တင်ပြ လိုက်ရပါတယ်။

မိုးကျော်ထွန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)