2012 အတွက် အထူးခြားဆုံး ပုရိသ ရွေးချယ်ပွဲ PDF Print E-mail
Written by ၀င်းကိုကို   
Thursday, 03 May 2012 12:15
Share |

????????? ??????????????? ????????? ???????? ??????? ????????? ?????? ??????????? ???????? ??????????? ?????????????? ?????????????? ????? ???? ?????? ??????????

cialis cialisgeneric cialis no prescription sildenafil dosage cialis 20mg
argaiv1453

ယောက်ျား ကလေးများက မွေးရာပါ အခွင့်အရေး အရ မိန်းကလေးများကို လွတ်လွတ်လပ်လပ် ကြည့်ခွင့် ရှိကြပေမဲ့ မိန်းကလေးများကတော့ မွေးရာပါ တားမြစ်ချက် အရ ကြည့်ချင်တိုင်း ကြည့်ခွင့် မရှိကြပါဘူး။

မိန်းကလေးများရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ယောက်ျားကလေးများ ပွင့်ပွင့်လင်းလင်း ကြည့်ခွင့်၊ အချင်းချင်း ပြောခွင့်ရှိကြပေမဲ့ မိန်းကလေးများမှာတော့ တိတ်တခိုးသာ ကြည့်ရင်း “ကိုယ်သာ တိတ်တိတ်ချစ်စိတ် ဖြေမယ်”ဆိုတဲ့စကားလို  ရင်ထဲမှာသာ တိတ်တခိုး မြတ်နိုးကြရပါတယ်။ ရုပ်ရှင် မင်းသား ဦးဝင်းဦးခေတ်က အမျိုးသမီးများ သည်းသည်းလှုပ် ဖြစ်ခဲ့ကြပါတယ်။ ဒီလိုဖြစ်အောင်လည်း ဦးဝင်း ဦးက တောင့်တင်း သန်မာတဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း များကို ဇာတ်ဝင်ခန်းကြုံတိုင်း ထုတ်ဖော်ပြသ တတ်ပါ တယ်။ ပြနိုင်လောက်အောင် လည်း သူ့ခန္ဓာကိုယ် အချိုး အစားက ယောက်ျားပီသ ခံ့ညားခဲ့တာကိုး။

ခေတ်မီလာတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိန်းကလေးချောချောတွေကို စင်တင်ပွဲထုတ်ပြီး ဘွဲ့မျိုးစုံ ပြိုင်ပွဲတွေ ကျင်းပ နေကြပေမဲ့ ယောက်ျားကလေးများ အတွက်ကတော့ သူတို့အစွမ်း အစ ထုတ်ဖော်ပြနိုင်မယ့် ပွဲ တွေ နည်းပါး လှပါတယ်။ ဒီ  လစ်ဟာချက်ကို မော်ဒယ်လ် ဌေးမင်းထွန်းနဲ့ ဇနီးမြတ်ရွှေဝါ တို့ဦးစီးတဲ့ Myanmar Models Management Agency က ၂၀၁၁ ခုနှစ်က စတင်ပြီး  ဖြည့်ဆည်းပေးခဲ့ပါတယ်။ Manhunt ဆိုတဲ့ နာမည်နဲ့ ပုရိ သများ ပြိုင်ပွဲကို ကျင်းပပေး ခြင်းပါပဲ။

ဒီနှစ်မှာတော့ Manhunt 2( Man of the Year 2012) လို့ ခေါင်းစဉ် တပ်ထားတဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ညက ရန်ကုန်မြို့ ဆူး လေဘုရားလမ်းရှိ ကုန်သည် ကြီးများဟိုတယ် မင်္ဂလာခန်း မမှာ ကြီးကျယ်ခမ်းနားစည် ကားသိုက်မြိုက်စွာ ကျင်းပ  ပေးခဲ့ပါတယ်။ဒီပြိုင်ပွဲ အတွက် ဖိတ်ခေါ်ခဲ့ရာမှာ အမျိုးသားကလေး ၆၃ ဦးတို့ လျှောက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။ လျှောက်ထား သူများထဲက ၃၀ ကို ဆန်ခါတင်ရွေးချယ်လိုက်ပြီးဌေးမင်းထွန်းတို့ ဇနီးမောင်နှံ က နေ့စဉ်ရက်ဆက် လေ့ ကျင့်မှုတွေပေးခဲ့တာ  သူတို့ နှစ်ယောက်စလုံး အသံ ပျောက်ကုန်တဲ့ အထိပါပဲ။ ထူးခြားတဲ့ ပုရိသပြိုင်ပွဲ အတွက် အဓိကပံ့ပိုးပေးတဲ့ သူက ဧရာဝတီဘဏ် ဖြစ်ပါတယ်။ နောက်ထပ် ကူညီပံ့ပိုး ပေးတဲ့ ကုမ္ပဏီတွေလည်း အများကြီး ရှိပါတယ်။
အပြီးသတ် ဆုံးဖြတ် ရွေးချယ်ဖို့အတွက် အလွှာ အသီးသီးမှ ကိုယ်စားလှယ် များကို ရွေးချယ်ပြီး ဒိုင်အဖြစ် ဆောင်ရွက်စေရာမှာ သရုပ် ဆောင် လူမင်း၊ သရုပ်ဆောင် မိုးဟေကို၊ မော်ဒယ်လ် သန္တာလှိုင်၊ စာရေးဆရာမ သီရိစံ၊ မိတ်ကပ်ဒီဇင်ဘာနှင်း၊ ပံ့ပိုးကူညီမှုပေးတဲ့Utopia Tower  မှ ဦးအောင် ဇော်ဦး၊ Zar & Zar  ကုမ္ပဏီမှ ဒေါ်ယုဇော်တို့က ဆောင် ရွက်ကြပြီး ဦးဝင်းငြိမ်းက ဒိုင်ချုပ်အဖြစ် ဆောင်ရွက် ပေးခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ စင်မြင့် ပေါ်မှာ ပြိုင်ပွဲဝင် အမျိုးသား  ၃၀ တို့က ပထမပိုင်းအနေ နဲ့ ကိုယ်ဟန်ပြကြရာမှာ အပေါ်ပိုင်း ဗလာကျင်းပြီး အောက်မှာ ဘောင်းဘီတို ကျပ် အနက် ရောင်များ ဆင်တူ ၀တ်ဆင်ထားကြပါ တယ်။
ခန္ဓာကိုယ် တောင့်တင်း သူများဖြစ်တဲ့ အလျောက် သူ တို့ကိုယ်ပေါ်က ကြွက်သား များကို စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် ပြသ သွားကြပါတယ်။

ဖျော်ဖြေရေး အစီအစဉ် များ ကြားညှပ်ပြီး ဒုတိယ ပိုင်းကို တင်ဆက်ရာမှာတော့ ပြိုင်ပွဲဝင်များက ညနေခင်း ၀တ်စုံ အပြည့်အစုံနဲ့ ကိုယ် ဟန်ပြကြပါတယ်။ ညနေ ခင်းဝတ်စုံမှာလည်း ကြိုက်ရာ ၀တ်စုံကို ၀တ်ခွင့် ပေးတာမျိုး မဟုတ်ဘဲ အနက်ရောင် ၀တ်စုံ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ လည်စီးကို စည်းစေပါတယ်။

တတိယအဆင့်မှာ သူ တို့ကိုယ်သူတို့ တစ်ယောက် ချင်း မိတ်ဆက်စကား ပြောကြားကာ ဒိုင်များက သူတို့ အရည်အသွေးကို အကဲဖြတ် ကြပါတယ်။ သုံးဆင့်ယှဉ် ပြိုင်ပြီးချိန်မှာ ဒိုင်များ အမှတ် ပေါင်းကာ ဆန်ခါတင် ၁၂ ဦး ကို ရွေးထုတ် လိုက်ပါတယ်။

ဆန်ခါတင် ၁၂ ဦးတို့ ရဲ့အရည်အသွေးများကို ဆက်လက်အကဲဖြတ်ကြပြီး နောက် ဆန်ခါတင် ၅ ဦးရွေး ချယ်ကြပြန်ပါတယ်။ ဆန်ခါ တင် ၅ ဦးမှာ မင်းသိန်းခန့် (၁၇)၊ ကောင်းမြတ်စံ(၂၅)၊ မင်းမင်း(၂၆)၊ စန်းတိုးနိုင် (၂၁)၊ အောင်မင်းခန့်(၂၇)တို့ ပေါ်ထွက်လာပါတယ်။

ဒီ ၅ ယောက်တို့က တော့ သူတို့မှာရှိတဲ့ ပင်ကို အရည်အသွေးကို ထုတ်ပြ ယှဉ်ပြိုင်ကြရပါတယ်။ ဂစ် တာတီးပြီး သီချင်းဆိုသူက ဆို၊ ဂစ်တာမပါ သီချင်းဆို သူက ဆို၊ ဒီဂျေဖွင့်ခိုင်းပြီး ခေတ်ပေါ်အက ကသူက က နဲ့ ယှဉ်ပြိုင်ကြပါတယ်။

ယှဉ်ပြိုင်အပြီးမှာSubtitle ဆုများနဲ့ စပွန်ဆာ ပေးတဲ့ ကုမ္ပဏီများစိတ် ကြိုက် ရွေးချယ်ထားတဲ့ ပြိုင် ပွဲဝင်များစာရင်းကို ကြေညာ ပြီး ဆုများ ချီးမြှင့်ခဲ့ပါတယ်။ Best Talent  ဆုကို ဥက္ကာ (၁၈)၊ Best Body  ဆုကို နိုင်နိုင်း(၉)၊ Mr. Personality ဆုကို မင်းပြည့်စုံ(၂)၊ Mr. Aquas  ဆုကို အောင်မင်းခန့် (၂၇)၊ Best Complexion  ဆု ကို စန်းတိုးနိုင်(၂၁)၊ Best Hair Style ဆုကို မင်းမင်း (၂၆) Mr. Nat Ray  ဆုကို မင်းသိန်းခန့်(၁၇)၊ Mr. Myanandar  ဆုကို အောင်မင်း ခန့်(၂၇)၊ Mr. Maxmate  ဆု ကို မင်းသိန်းခန့်(၁၇)တို့က ရရှိသွားပါတယ်။

နောက်ဆုံးကျန်တဲ့ ဆန် ခါတင် ၅ ဦးအနက် Man of the Year 2012   ဆုကို ခါး နံပါတ် ၁၇ မင်းသိန်းခန့်က ရရှိသွားပြီး ဒုတိယဆုကို ခါးနံပါတ် ၂၆ မင်းမင်း၊ တတိယဆုကို ခါးနံပါတ် ၂၇ အောင်မင်းခန့်တို့က သိမ်းပိုက် သွားပါတယ်။

ဆုများအဖြစ် ပထမဆု ကို ကျပ် ၁၀ သိန်းနဲ့ 5 Plus  စက်တစ်စုံ၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်း တို့ကို တာဝန်ရှိသူ များက ချီးမြှင့်ပေးခဲ့ပါတယ်။ Myanmar Models Management Agency က အောင်မြင်စွာ တင်ဆက်ပေး နိုင်ခဲ့တဲ့ ပြိုင်ပွဲ တစ်ခုပဲဖြစ်ပါတယ်။

 

ဝင်းကိုကို
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)