|
ကမ္ဘာကျော်သွားတဲ့ ရွေးကောက်ပွဲ |
|
|
|
|
Written by အယ်ဒီတာ
|
|
Tuesday, 15 May 2012 11:13 |
ဧပြီ ၁ ရက်နေ့ မြန်မာနိုင်ငံရဲ့ ကြားဖြတ် ရွေးကောက်ပွဲ တကယ်တော့ နှစ်တစ်ထောင်လောက် ပဒေသရာဇ် အုပ်ချုပ်ရေး အောက်မှာ နေခဲ့ ရပြီးနောက်
argaiv1369
နှစ်ပေါင်း တစ်ရာကျော် ကိုလိုနီ လက်အောက် ခံဖြစ်ခဲ့ ရပြန်တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ ကိုယ်တိုင် သူတို့ကို ကိုယ်စားပြုမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ရွေးကောက်ခွင့် ရတဲ့ ရွေးကောက်ပွဲရယ်လို့ များများစားစား မရှိခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့စံနဲ့ ပြောရရင် ရွေးကောက်ပွဲ ဆိုရင်ကို မြန်မာကျော်တွေချည်းလို့ ဆိုရမှာပါ။ ကမ္ဘာစံမှာတော့ လွတ်လပ်ရေး ရပြီးစ ပါလီမာန် ဒီမိုကရေစီခေတ်က ရွေးကောက်ပွဲတွေက မကျော်ကြားခဲ့ပါဘူး။
(ကမ္ဘာ့မီဒီယာ ဖွံ့ဖြိုးမှုမှာလည်း အဲဒီ အချိန်က နည်းပညာ အကန့် အသတ်ကြောင့် အခုလောက် မထွန်းကားချိန် ဖြစ်ပါတယ်) အခုနောက်ပိုင်း တစ်ပါတီဆိုရှယ်လစ် စံနစ်အလွန် စစ်အုပ်ချုပ်ရေး ကာလအတွင်းက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ နှစ်ခုမှာလည်း ကမ္ဘာ့ မီဒီယာမှာ အတော်အသင့် ဖွံ့ဖြိုးခဲ့ပေမယ့် မြန်မာ့မီဒီယာက အလုံပိတ် ဖြစ်နေသေးတာကြောင့် ကျော်ကြား သင့်သလောက် မကျော်ကြားခဲ့တာမျိုး၊ အဂတိထူပြောတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တာမို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာမျိုးတွေ ဖြစ်ခဲ့ပြန်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ တာဝန်နဲ့ရပိုင် ခွင့်ဖြစ်တဲ့ မဲဆန္ဒ ပေးခွင့်ကို မျိုးဆက်နဲ့ ချီပြီး မျှော်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အခု ၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူ အားလုံးလိုလိုက မဲပေးဖို့ ကြိုးစားခဲ့ကြတဲ့ ပုံရိပ်တွေက ဒီလိုအခြေအနေမျိုးကို မျှော်နေခဲ့ကြောင်း သက်သေ ခံခဲ့ပါပြီ။ ဒီအတွက်လည်း အုပ်ချုပ်သူ အစိုးရကို ရှိတယ်လို့တောင် မခံစားရတဲ့ တချို့ကမ္ဘာ့ နိုင်ငံကြီးတွေမှာ လူအများစုက နိုင်ငံရေး အသိ မနိုးကြားကြတော့ဘဲ ကိုယ့်ရပိုင် ခွင့်နဲ့ တာဝန်ဖြစ်တဲ့ မဲဆန္ဒ ပေးခြင်း အမှုကို ပြုဖို့သိပ်အလေး မထားကြပေမဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ အသည်းကြားက မဲတစ်ပြားရယ်လို့ တန်ဖိုးထားပြီး နိုင်ငံ သားတွေရဲ့ နိုင်ငံရေး အသိကို ပြခဲ့ကြတာပါ။

တကယ်တော့ ဒီဧပြီလ ကြားဖြတ်ရွေး ကောက်ပွဲဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ ထဲက ကိုယ်စားလှယ် တချို့ဟာ နိုင်ငံတော် အစိုးရ အဖွဲ့ဝင်တွေဖြစ်သွားတဲ့ အတွက် လစ်လပ်သွားတဲ့ နေရာ ၄၈ နေရာထဲက လုံခြုံရေးအရ စိတ်မချ ရတဲ့နေရာ ၃ နေရာဖယ်ကာ ၄၅နေရာမှာ ကျင်းပ ပေးတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲရဲ့ နိုင်ငံရေး အခန်း ကဏ္ဍဟာ အရေ အတွက်အရ ဘာမှအရာ မရောက်လောက်မယ့် အနေအထားလို့ ပြောမယ်ဆို ပြောနိုင်နေတာပါ။
ဒါပေမဲ့ လူအများစုက မျှော်လင့်စောင့်စားနေခဲ့တဲ့၊ သူတို့ချစ်တဲ့ ကိုယ်စားလှယ်လောင်း ဒေါ်အောင် ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင် ယှဉ်ပြိုင်တယ် ဆိုတဲ့အတွက် အင်တိုက်အားတိုက် ထောက်ခံ အားပေးတဲ့အတွက် တစ်ကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက် ပွဲတွေတုန်းက မရှိခဲ့ဖူးတဲ့ တခြား နိုင်ငံရေး အခင်းအကျင်းကောင်းတွေကို လည်း တွေ့မြင် နေရတဲ့ အတွက်က တစ်ကြောင်း၊ ပွင့်လင်းမှု ပိုရှိလာတဲ့ မြန်မာ့ မီဒီယာတွေမှာ ဒီရွေးကောက်ပွဲအကြောင်း ပိုကျယ် ကျယ်ပြန့်ပြန့် ရေးသား တင်ပြလာတဲ့ အတွက် တစ်ကြောင်း၊ ပြည်ပ မီဒီယာနဲ့ လေ့လာ လိုသူတွေ အပေါ် လက်ရှိအစိုး ရရဲ့ လိုလိုလားလား လိုက်လျောမှု တချို့ကြောင့် တစ်ကြောင်း၊ ဒီရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ့ နိုင်ငံရေးနဲ့ လွှတ်တော် အပါအ၀င် အစိုးရ အဖွဲ့ပိုင်းမှာ အပြောင်းအလဲ တချို့အတွက် အဆုံးအဖြတ် သဘောဆောင်တဲ့ အတွက်ကြောင့် တစ်ကြောင်း၊ အဲဒီလို အကြောင်းကြောင်းတွေကြောင့် ကမ္ဘာ့ မီဒီယာ စာမျက်နှာနဲ့ ဖန်သားပြင်တွေမှာ ခေါင်း ကြီးသတင်း ဖြစ်လာခဲ့ပြီး ကျော်ကြား လာခဲ့တာပါ။ မြန်မာ့ စံအရရော၊ ကမ္ဘာ့စံ အရပါ ကျော်ကြားတဲ့ ရွေးကောက်ပွဲ ဖြစ်လာရတာလည်း ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ် တော်နေရာပေါင်း ၄၅ ကိုပြည်သူတွေက ရွေးချယ် ခဲ့ကြပါတယ်။ ဒါကြောင့် မဲဆန္ဒ ပေးပိုင်ခွင့်ရှိ သူတွေရဲ့ ရာခိုင်နှုန်းက မဲပေးခဲ့တယ်လို့ ဆိုရမှာပါ။ လွှတ်တော် ကိုယ်စားလှယ် ၄၅နေရာအနက် ၄၃ နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ၁ နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၁ နေရာ ရရှိခဲ့ပါတယ်။
အယ်ဒီတာ
|