ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံး စုံတွဲတွေ တက်ရောက်မယ့် ၂၀၁၂ ခုနှစ်၊ Cannes နိုင်ငံတကာ ရုပ်ရှင်ပွဲတော်
argaiv1856
အော်စကာဆု ပေးပွဲ ပြီးတဲ့နောက် ရုပ်ရှင် ပရိသတ်တွေ ဦးလှည့် လာကြတာကတော့ Cannes နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်ပါပဲ။ ၂၀၁၂ခုနှစ် Cannes နိုင်ငံတကာ ရုပ်ရှင် ပွဲတော်ကို မေလ ၁၆ ရက်နေ့ကနေ ၂၇ရက်နေ့ အထိ ကျင်းပမယ် ဖြစ်ပြီး အကဲဖြတ်ဒိုင် အဖွဲ့ကို အီတာလျှံ ဒါရိုက်တာ Nanni Moretti က ဦးစီး ဆောင်ရွက် ပေးမယ် ဖြစ်ပါတယ်။ ဒီနှစ် ပြိုင်ပွဲကို ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံး အနုပညာ စုံတွဲတွေ တက်ရောက် ကြပါလိမ့်မယ်။ မကြာသေးခင် ရက်ပိုင်းကမှ တရားဝင် စေ့စပ် ကြောင်းလမ်းထား ကြတဲ့ မင်းသားချော Brad Pitt နဲ့ မင်းသမီး Angelina Jolie တို့က Brad Pitt ရဲ့ Killing Them Softly ဇာတ်ကား ပြသဖို့ လာရောက်ကြမှာပါ။
သူတို့စုံတွဲဟာ Cannes ရုပ်ရှင် ပွဲတော်ကို နှစ်စဉ်လာ ရောက်ကြလေ့ရှိပြီး ဘ၀ရဲ့အရေးပါတဲ့ ဖြစ်စဉ်တွေကို Cannes ပွဲတော်မှာ ထုတ်ဖော် ပြသ တတ်ကြပါ တယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း အမြွာကလေး နှစ်ဦးရဲ့ ကိုယ်ဝန်ဆောင် ထားတဲ့ Jolie က Cannes ပွဲတော်ကျမှ သူ့ကိုယ်ဝန်ကို ပရိသတ်တို့ မြင်တွေ့စေခဲ့ပါတယ်။ Twilight ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်လာတဲ့ မင်းသား Robert Pattinson နဲ့ မင်းသမီး Kristen Stewart တို့စုံတွဲလည်း လာရောက်ကြမှာပါ။ Kristen က On the Road အမည်ရ သူ့ရဲ့ဇာတ်ကားသစ် တစ်ကား ပြသဖို့ ရှိပြီး Robert ကလည်း Cosmopolis အမည်ရ ဇာတ်ကားသစ် တစ်ကား လာရောက် ပြသမှာ ဖြစ်ပါတယ်။ မကြာခင်ကမှ သမီး မိန်းကလေး တစ်ယောက် မွေးထားတဲ့ Emma Hemming နဲ့ ခင်ပွန်းသည် Die Hard မင်းသားကြီး Bruce Willis တို့လည်း ပွဲတော်ကို လာကြမှာပါ။ Bruce Willis ရဲ့ Moonrise Kingdom အမည်ရဇာတ် ကားကို ပွဲတော်အဖွင့်မှာ ဂုဏ်ပြုပြသမှာဖြစ်ပါတယ်။ သူတို့တစ်တွေအပြင် Matthew MaConaughey နဲ့ဇနီးလောင်း ဘရာဇီးလ်လှပျိုဖြူ Camilla Alves စုံတွဲ၊ မင်းသမီး Nicole Kidman နဲ့ ခင်ပွန်းသည် အဆို တော် Keith Urban တို့လည်း တက်ရောက်ကြမှာဖြစ်ကြောင်း သိရှိရပါတယ်။ 19.04.2012,MIJ,hellomagazine.com

ဝယ်ကြဦးမလား၊ Jolie လက်စွပ် ပုံတူတွေ မင်းသားချော Brad Pitt လိုအိမ်ထောင်ဖက်မျိုးကို အမျိုးသမီးတိုင်း မရနိုင်သလို၊ Brad Pitt က ပေးအပ်တဲ့ ဒေါ်လာ တစ်သန်းတန် စေ့စပ် လက်စွပ်ကိုလည်း အမျိုးသမီးတိုင်း မရနိုင်ပေမဲ့ Brad Pitt ရဲ့ သတို့သမီးလောင်း မင်းသမီး Angelina Jolie ရဲ့လက်မှာ ၀တ်ဆင်ထားတဲ့ စေ့စပ်လက်စွပ် ပုံစံတူ လက်စွပ်တွေကိုတော့ ရတနာဆိုင်တွေမှာ ရနိုင်ကြပါပြီ။ အဆိုတော် Jay-Z, Nick Cannon နဲ့ Kevin Jonas အစရှိတဲ့ အနုပညာသည် အကျော်အမော်တွေ ပင်တိုင်ဝယ် ယူလေ့ရှိတဲ့ Jacob & Co., လက်ဝတ်ရတနာဆိုင် က Jolie ရဲ့ လက်စွပ်နဲ့ ပုံစံတူ လက်စွပ်ကို ၁၈ ကာရက် ရွှေဖြူနဲ့ ပြုလုပ် ရောင်းချနေပါတယ်။
စိန်ပွင့်တွေကို ရွှေဖြူနဲ့ ကွင်းထားပြီး အလယ်တည့် တည့်မှာ မြတစ်လုံး ထပ်မထည့်သေးဘဲ ၀ယ်မယ် ဆိုရင်တော့ ဒေါ်လာ ၃၃၈,၀၀၀ ကျသင့်ပါ တယ်။နောက်ထပ် လက်ဝတ် ရတနာဆိုင် တစ်ခု ဖြစ်တဲ့ Gemvara ကထုတ်လုပ်တဲ့ ပုံစံတူလက်စွပ် ကတော့ ၁,၁၉၅ ဒေါ်လာပဲ ကျသင့်ပါတယ်။ ဒီလက်စွပ်ကတော့ ခရစ္စတယ် ကျောက်ကို ငွေနဲ့ ကွပ်ထားပြီး မြရံထားတာ ဖြစ်ပါတယ်။ Jolie ရဲ့ စေ့စပ်လက်စွပ် အစစ်က အလေးချိန် တစ်ဆယ်ကာရက်လောက် ရှိပြီး ဒေါ်လာ တစ်သန်းလောက် တန်ဖိုး ရှိပါတယ်။ လက်စွပ် ပုံစံကို Jolie ရဲ့ Style of Jolie အထည် လုပ်ငန်းက ဖက်ရှင် ဒီဇိုင်နာ Robert Procop နဲ့ Brad Pitt တို့ ပူးပေါင်း စိတ်ကူး ခဲ့ကြတာပါ။

ဒီလက်စွပ် ပုံစံထုတ်ဖို့အတွက် Brad Pitt ဟာ Robert နဲ့ တစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ လက်စွပ်ကို ဘယ်ဘက်က ကြည့်ကြည့်၊ အဘက်ဘက်က တင့်တယ် လှပ နေစေချင်တဲ့ Brad Pitt ရဲ့ ဆန္ဒကြောင့် Robert က အရည်အသွေး အကောင်းဆုံး စိန်ကို Jolie ရဲ့ လက်နဲ့လိုက် ဖက်အောင် ပုံထုတ် သွေးယူပေးခဲ့တာ ဖြစ်ပါတယ်။ Jacob & Co., ကပုံစံတူ ထုတ်လုပ်ထားတဲ့ လက်စွပ်ကို ဓာတ်ပုံရဲ့ ၀ဲဘက်မှာ ဖော်ပြထားပါတယ်။ 19.04.2012, MIJ,hellomagazine.com
Simon Cowell ရဲ့ ကိုယ်တိုင် မရေးတဲ့ အတ္ထုပ္ပတ္တိ ဗြိတိန် နိုင်ငံနဲ့ အမေရိကတိုက် မြောက်ပိုင်းတို့မှာ နာမည် ကျော်ကြားလှတဲ့ ရုပ်/သံ အဆို ပြိုင်ပွဲတွေ တင်ဆက်သူ အသက် ၅၂ နှစ်အရွယ်ရှိ Simon Cowell ရဲ့ ဘ၀ ဇာတ်ကြောင်းတွေ ရေးသား ဖော်ပြထားတဲ့ Sweet Revenge:The Intimate Life of Simon Cowell အမည်ရ အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိလာပါပြီ။ ဒီစာအုပ်ကို ရေးသားသူ ဗြိသိသျှ စာနယ်ဇင်းဆရာ Tom Bower အကျဉ်းခံ မီဒီယာဂုရုကြီး Conrad Black နဲ့ Harrod ကုန်တိုက် ပိုင်ရှင်ဟောင်း Mohammad al-Fayed တို့ရဲ့ အတ္ထုပ္ပတ္တိတွေကိုလည်း အရင်က ရေးသားခဲ့သူ ဖြစ်ပါတယ်။ The X Factor, America’s Got Talent အစရှိတဲ့ ရုပ်/သံ အဆိုပြိုင်ပွဲတွေနဲ့ သမားရိုးကျ အဆို ပြိုင်ပွဲတွေကို အသွင် ပြောင်းစေခဲ့တဲ့ Simon Cowell ဟာ Sunday Times သတင်း စာစောင်ရဲ့ သူကြွယ်စာရင်းမှာ ဒေါ်လာသန်းပေါင်း ၃၂၀ လောက် ကြွယ်ဝသူ အဖြစ် ဖော်ပြ ခံရသူလည်း ဖြစ်ပါတယ်။

စာသင်ခန်းတွေနဲ့ ဂီတ လောကထဲမှာ နှစ်နှစ်ဆယ်ကျော် ကြာအောင် ရှုံးနိမ့်မှုတွေနဲ့ နပန်းလုံးနေခဲ့ရတဲ့ Simon Cowell ဟာ အဲဒီ ရှုံးနိမ့်မှုတွေက ပေးတဲ့ သင်ခန်းစာတွေကြောင့်ပဲ အခုလိုအောင်မြင်တဲ့ အဆိုပြိုင်ပွဲပုံစံသစ်တွေ လုပ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ Sweet Revenge ကို အမေရိကန်ပြည်ထောင်စုအတွင်း Ballantine Books စာအုပ်တိုက်က တာဝန်ယူ ထုတ်ဝေပါတယ်။ ဧပြီလ ၁၇ရက်နေ့က Sweet Revenge ကို စတင်ထုတ်ဝေတာပါ။ အတ္ထုပ္ပတ္တိ ရေးသားသူ Bower ဟာ Cowell နဲ့အတူလေယာဉ်ပေါ်မှာ၊ လော့စ်အိန်ဂျလိစ်မှာ ပြင်သစ်နိုင်ငံ တောင်ပိုင်းရေပြင်က ရွက်သင်္ဘောပေါ်မှာ အချိန်အတော်ကြာ အတူနေထိုင် လေ့လာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေနိုင်ဖို့ Simon Cowell ရဲ့ ပါဝင်ပတ်သက်မှု တွေရှိခဲ့ပေမဲ့ ဒီစာအုပ်ကို သူကိုယ်တိုင်ရေးသားတာမဟုတ်ကြောင်း၊ တရားဝင်အတည်ပြုချက် ရယူထားတာမရှိဘဲ၊ စာရေးသူက Tom Bower သာဖြစ်ကြောင်း Simon Cowell က Twitter ထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ယနေ့ထိတိုင် လူပျိုကြီးဘ၀ခံယူ ထားဆဲဖြစ်တဲ့ Simon Cowell ဟာ ကောလာဟလ သတင်းစကားတချို့က ပြောနေကြသလို မိန်းမလျာ တစ်ဦး မဟုတ်ကြောင်း ထုတ်ဖော် ရေးသားထားတဲ့အပြင် သူ့ရဲ့ အဆိုပြိုင်ပွဲ တွဲဖက် အကဲဖြတ်ဒိုင် တစ်ဦး ဖြစ်ခဲ့တဲ့ Danii Minogue နဲ့ဆက်ဆံရေးတွေ၊ လမ်းခွဲခဲ့တဲ့ ဇနီးလောင်း Mezhgan Hussainy ကို Bevery Hills က ဒေါ်လာ ငါးသန်းတန် နေအိမ် လက်ဆောင် ပေးခဲ့သူတွေကိုပါ Bower က အသေးစိတ် ရေးသား ဖော်ပြထားတဲ့အပေါ် Cowell ကဘ၀င် မကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Spice Girls ဂီတအဖွဲ့ရဲ့ မန်နေဂျာဟောင်း သူ့မိတ်ဆွေ Simon Fuller နဲ့ တရားတဘောင် ဖြစ်ရတာတွေလည်း ပါပါသေးတယ်။ Sweet Revenge ကို ဗြိတိန်နိုင်ငံမှာ ဧပြီလ ၂၀ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး Cowell ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတော့ မသိ ရှိရသေးပါဘူး။ 21.04.2012, MIJ,hellomagazine.com
Galapagos ကျွန်းပေါ်မှာ စေ့စပ်ကြောင်း လမ်းခဲ့ကြတဲ့ Jolie- Pitt စုံတွဲ သက်တံရောင်စုံ မိသားစုလေးကို ဖန်တီး သူမင်းသမီး Angelina Jolie နဲ့ မင်းသား Brad Pitt တို့ဟာ အေးချမ်း သာယာလှပတဲ့ Galapagos ကျွန်းကလေးမှာ တရားဝင်စေ့စပ် ကြောင်းလမ်း ခဲ့ပါပြီ။ Galapagos ကျွန်းအပါအ၀င် ကျွန်းစဉ် တန်း ၁၈ခုရဲ့ ပင်မကျွန်းဖြစ်တဲ့ Santa Cruz မြို့တော် ၀န်ရုံးက ထွက်ပေါ်လာခဲ့တဲ့ သတင်းစကား အရ Jolie နဲ့ Brad Pitt တို့ဟာ သားသမီး ခြောက်ယောက်နဲ့ အတူ Baltra မြို့ လေဆိပ်ကို ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ ရောက်ရှိလာကြပြီး၊ Galapagos ကျွန်းက နေအိမ် တစ်ခုဆီ ဆက်လက်ထွက်ခွာ သွားကြကြောင်း သိရှိရပါတယ်။ ကိုယ်ပိုင်ဂျက် လေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့ Jolie-Pitt မိသားစု တွေကို ဒေသခံတွေက အမှတ်တရ ဓာတ်ပုံတွေ ရိုက်ယူ ခဲ့ကြပါသေးတယ်။ ပြီးတော့မှ Royal Palm အပန်းဖြေ ဟိုတယ် ရှိရာကို ဇိမ်ခံရွက်လှေ ကြီးနဲ့ ခရီး ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ Galapagos ကျွန်းတွေဟာ ပစိဖိတ် သမုဒ္ဒရာ အရှေ့ခြမ်းမှာ တည်ရှိပြီး သဘာဝ အတိုင်း မပြုမပြင် ထားရှိတဲ့ ကမ်းခြေတွေမှာ ပင်လယ်ဖျံကြီးတွေ၊ ကမ္ဘာ့လိပ် ကြီးတွေနဲ့ အင်မတန် အေးချမ်း သာယာ လှပပြီး အပန်းဖြေခရီး ထွက်လို့ ကောင်းတဲ့ ဒေသအဖြစ်လည်း အမည် ကျော်ကြား ပါတယ်။ စေ့စပ် မင်္ဂလာ အထိမ်းအမှတ် အဖြစ် ဒေါ်လာ တစ်သန်းတန်စိန် လက်စွပ် တစ်ကွင်းကို မင်းသား Brad Pitt က Jolie ရဲ့လက်မှာ ဆင်မြန်း ပေးခဲ့ကြောင်း သိရှိရပါတယ်။ 19.04.2012, MIJ,hellomagazine.com
ရာပြည့်
|