(May-2012)တိုးတိုးဖော် PDF Print E-mail
Written by အယ်ဒီတာ   
Tuesday, 15 May 2012 17:00
Share |

ဒီလမှာတော့ ဖူးငုံရဲ့ ကိုယ်တိုင်ဝင်ရောက် ရေးသားဖို့ ကြိုးစားနေတဲ့ ပရိသတ် တစ်ဦးရဲ့ အမေးကိုပဲ ဖြေပေးပါရစေ။

cialis online herecialis dosage viagra no prescription non generic generic cialis no prescription
argaiv1353


တိုးတိုးဖော်သို့
သား မိုးထက်ကျော်(ကွင်းကောက်)ပါ။ သား အခု အင်တာနက် အသုံးပြုတတ်စ ဖြစ်နေ ပါ ပြီ။ ဒါပေမဲ့ အခြေခံအဆင့်လောက်ပဲ ရှိပါသေးတယ်။ teen ကို အင်တာနက်ပေါ်မှာ ဖတ်ရတာ အရမ်း အဆင်ပြေပါတယ်။ မြန်မာမဂ္ဂဇင်းအများစု ကို ဖတ်လို့ ရနိုင်မယ့် ၀က်ဘ်ဆိုက် လိပ်စာတစ်ခု လောက် ပြောပြပေးပါ ခင်ဗျာ။ သားသိလိုတဲ့ အကြောင်းကတော့ မြန်မာလို စာစီစာရိုက် ကျွမ်းကျွမ်းကျင် ကျင်ဖြစ်အောင် ဘယ်လို လေ့ကျင့်မှုတွေ ပြုလုပ် ရမှာပါလဲ ခင်ဗျာ။ Keybord ကို အလွတ် ရလုနီးဖြစ် အောင်ရော ဘယ်လို မှတ်သား ရမှာပါလဲ ခင်ဗျာ။ တိုးတိုးဖော်ရဲ့ လမ်းညွှန်ပေးမှုတွေကို စနစ်တကျ လေ့ကျင့်ပြီးတဲ့ တစ်နေ့မှာ Teen ကို အင်တာနက်က တစ်ဆင့် စာမူပို့လိုက်ပါ့မယ်။
ရိုသေစွာဖြင့်
မိုးထက်ကျော်(ကွင်းကောက်)

ကိုမိုးထက်ကျော်(ကွင်းကောက်)သို့
မေးခွန်းအတွက် ကျေးဇူး တင်ပါတယ်။ လူငယ် တစ်ယောက်အနေနဲ့ အင်တာနက်ကို အကောင်းဆုံးအ သုံးပြုဖို့ ကြိုးစားနေတာ သိရ တဲ့အတွက်လည်း ၀မ်းသာမိပါတယ်။ တကယ်တော့ မြန်မာမဂ္ဂဇင်းတွေကို အင်တာနက်မှာ ဖတ်နိုင်ပေမဲ့ စာအုပ်ထဲမှာ ပါသလောက် အားလုံး ဖတ်လို့ရနိုင်မှာ မဟုတ်တာကိုတော့ သတိပြုစေ ချင်ပါတယ်။ ဒါပေမဲ့ နယ်မှာနေရတဲ့အတွက် စာအုပ်ကို ဖတ်ခွင့်ရဖို့ အခက်အခဲရှိနေမှာမို့ အင် တာနက်ကနေ မဂ္ဂဇင်းတွေ ဖတ်တာ အလွန်သင့် တော်တဲ့ကိစ္စပါပဲ။ မြန်မာဘလော့ဂ် တော်တော် များများမှာ မြန်မာမဂ္ဂဇင်းတွေကို လင့်ခ်ချိတ်ထား တတ်ပါတယ်။ မဂ္ဂဇင်းတွေချည်း သီးသန့်စုတင် ပေးထားတဲ့ ၀က်ဘ်ဆိုက်လိပ်စာရယ်လို့တော့ သတိမထားမိပါဘူး။ များသောအားဖြင့် မြန်မာ သတင်းတွေကို စုစည်းတင်ပြပေးနေတဲ့ ၀က်ဘ် ဆိုဒ်တွေမှာတော့ မြန်မာမဂ္ဂဇင်းတွေရဲ့နာမည် တွေနဲ့ လင့်ခ်ကို ပေးထားတတ်ပါတယ်။ ဥပမာ-http://www.thithtoolwin.com/ မြန်မာ သတင်းတွေ ဖတ်နိုင်သလို ၀က်ဘ်စာမျက်နှာရဲ့ ညာဘက်အောက်ပိုင်းမှာ မြန်မာ မဂ္ဂဇင်းဂျာနယ် တွေကို လင့်ခ်လုပ်ပေးထားတာပါ။ တခြား ကိုယ်ပိုင်ဘလော့ဂ်တော်တော်များများမှာလည်း အဲဒီလို လင့်ခ်ချိတ်ပေးထားတတ်ပါသေးတယ်။

မြန်မာစာ စာစီစာရိုက်ကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်ကတော့ များများစီ များများ ရိုက်ပေးရမှာပါပဲ။ လက်ကွက်ကို အလွတ်နီးပါး ရအောင်လုပ်လို့ မဖြစ်ပါဘူး။ အလွတ်ရမှ ဖြစ်မှာ ပါ။ များများ ရိုက်ခြင်းအားဖြင့် အလွတ် ရသွား နိုင်ပါတယ်။ ကောင်းတာကတော့ လက်ချောင်းဆယ်ချောင်းစလုံးကို တစ်ပြိုင်နက်တည်း သုံးနိုင်အောင် ကြိုးစားပါ။ လက်ညှိုးတစ်ချောင်းစီနဲ့ တစ်ချောက်ချောက် ရိုက်ကျင့်ဖြစ်နေရင် ရေရှည်မှာ မြန်မြန်နဲ့မှန်မှန်ရိုက်ဖို့ မလွယ်ပါဘူး။ နောက်တစ်ခုကတော့ မလိုအပ်ဘဲ Keyboard ကို မကြည့်မိအောင် ကြိုးစား စေချင်ပါတယ်။ လက်ချောင်းတစ်ချောင်းစီက လက်ကွက်ကို အလွတ်ရပြီး သူ့လက်ကွက်နဲ့ သူ့လက်ချောင်း နေရာအထားမှန်သွား ရင် စာစီစာရိုက်ဟာ မြန်လည်း မြန်၊ မှန်လည်း မှန်သွားမှာ ဖြစ်ပါ တယ်။ အဓိကကတော့ များများ ရိုက်ဖို့ပါပဲ။ လက်ကွက်လေ့ကျင့်တဲ့ ဆော့ဖ်ဝဲတွေလည်း ရှိပေမဲ့ အများစုကတော့ မြန်မာစာလေ့ကျင့်ခန်း တွေ မဟုတ်ဘဲ အင်္ဂလိပ်စာ လက်ကွက်လေ့ကျင့်ခန်းတွေပဲ ဖြစ်နေ တတ်ပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး မြန်မာစာကို များများရိုက် ဖြစ်အောင်လုပ်တာကသာ လက်တွေ့ကျမှာပါ။ လက်ဆယ်ချောင်း စလုံး မသုံးနိုင်ရင်တောင် လက်နှစ်ဖက်စလုံးတော့ သုံးနိုင်ရပါမယ်။ ညာသန်သူက ညာလက် ညှိုးတစ်ချောင်းလောက်နဲ့ စာရိုက်လေ့ ကျင့်နေတာမျိုး မဖြစ်ဖို့ သတိထားစေချင်တာပါ။

စာမူပို့တဲ့အခါ ကိုယ်ပိုင်အီးမေးလ်လိပ်စာ ရှိဖို့လိုပါတယ်။ အင် တာနက်ကနေ စာမူပို့မယ်ဆိုရင် အဲဒီလို အီးမေးလ်ကတစ်ဆင့် ပို့ရမှာ ပါ။ စာမူပို့တဲ့အခါ စာမူကို သီးခြားဖိုင်တစ်ခုမှာရိုက်ခဲ့ပြီးမှအီးမေးလ် မှာ Attached file အဖြစ် တွဲကာပေးပို့ရင် ပိုကောင်းပါတယ်။ teenရဲ့ အီးမေးလ်လိပ်စာက This e-mail address is being protected from spambots. You need JavaScript enabled to view it ဖြစ်ပါတယ်။ အခုလို အင်တာနက်ရဲ့ အသုံးဝင်မှုကို အကောင်းဆုံး အသုံးချဖို့ကြိုး စားနေတာကို သိရတာတော့ အလွန်ကောင်းတဲ့ အချက်ပါပဲ။ မြို့ကြီး ပြကြီးမှာ မနေနိုင်ပေမယ့် ဘယ်နေရာမှာပဲဖြစ်ဖြစ် အကျိုးများစေမယ့် အင်တာနက်ရဲ့ အသုံးတည့်မှုကို အကောင်းဆုံးအသုံးချကာ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့အခန်းကဏ္ဍတွေကို ပိုမိုကျယ်ပြန့်အောင် ချဲ့ထွင်နိုင်ပါ စေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တကယ်တော့ ဒီအချက်က အလွန်ပဲ အရေးကြီးတာပါ။ ကမ္ဘာ့ နိုင်ငံတွေတိုင်းမှာ မြို့ကြီးပြကြီး တွေချည်း ရှိနေတာ မဟုတ်တဲ့အတွက် ကမ္ဘာ့လူငယ် အများစုဟာမြို့ ကြီးသူ မြို့ကြီးသားတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံကြီး တွေမှာတော့ မြို့ကြီးပြကြီးနဲ့ တောရွာတွေကြား ကွာဟချက်ဟာ မသိသာတာမို့ နိုင်ငံရဲ့ဘယ်အစိတ်အပိုင်းက လူငယ်ပဲဖြစ် ဖြစ်ပညာ ရေး၊ လူမှုရေးအခွင့်အလမ်းတွေဟာ သိပ်ကြီးမကွာဟတတ်ပါဘူး။

ဒီဘက်ခေတ်မှာ အဲဒီလို ကွာဟမှုတွေဟာ ပိုပိုပြီးနည်းလာတာလည်း သတိထားမိပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာမှုရဲ့ အသီး အပွင့်ပါပဲ။ နည်းပညာတိုးတက်မှုရဲ့စွမ်းပကားကို အကောင်းဆုံး အသုံးချဖို့ဆိုတာ လူငယ်တွေရဲ့တာဝန်နဲ့ရပိုင်ခွင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်  မြို့ကြီးပြကြီးမှာ မနေရပေမဲ့ ကိုယ့်ရပိုင်ခွင့်နဲ့ တာဝန်ကို အကောင်းဆုံး အသုံးပြုနိုင်အောင် ကြိုးစားမယ်ဆိုတာကိုသိရတဲ့ အတွက်လည်း ကျေးဇူးတင်ဝမ်းသာမိပါတယ်။ ဒါပေမဲ့ အကောင်း ဆုံး အသုံးချနိုင်ဖို့ဆိုတာ  စိတ်ကူးစိတ်သန်းပေါ်မှာချည်း မူမတည်ဘဲ အားထုတ်ကြိုးပမ်းမှုပေါ်မှာပါ မူတည်တာမို့ ကာယအား၊ ဥာဏအား၊ ဟဒယအား အားသုံးပါးစလုံး အသုံး ချပြီးတော့ ကြိုးစားနိုင်ပါစေ။

အယ်ဒီတာ