(May-2012)သာမန်တို့ရဲ့ အနာဂတ် အိပ်မက် PDF Print E-mail
Written by ဂျူးဝေနိုင်   
Monday, 21 May 2012 13:48
Share |

ကဲ၊ ဖူးငုံ ပရိသတ်ကြီးရေ၊ သာမန်တို့ရဲ့ အနာဂတ် အိပ်မက်ဆိုတဲ့ ကဏ္ဍကနေ ပရိသတ်ကြီးကို ကြိုဆိုပါတယ်။

buy brand cialisdrugstore online discount viagra online cialis price
argaiv1696

ဒီတစ်လမှာလည်း ဘယ်သူတွေက ဘယ်လိုမျိုး အိပ်မက်တွေ ရှိကြလဲဆိုတာ သူငယ်ချင်းတို့ သိချင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဖူးငုံ မဂ္ဂဇင်းရဲ့ သာမန်တို့ရဲ့ အနာဂတ် အိပ်မက်ဆိုတဲ့ ကဏ္ဍလေးကနေ လမ်းလျှောက်နေတဲ့ သူငယ်ချင်းများ အတွက် လမ်းကူလျှောက် ပေးမယ့် စကားလေးတွေရယ်၊ လမ်းပျောက်နေတဲ့သူငယ်ချင်းများ အတွက် လမ်းပြပေးမယ့် စကားလေးတွေကို လတိုင်း ဖော်ပြပေးခဲ့ပါတယ်။ ဒီတစ်လမှာလည်း သူငယ်ချင်းတို့ ဖတ်ပြီး အသိလေး တစ်ခုရခဲ့ရင်တောင် ကျေနပ်ပါတယ် ဆိုတဲ့ သူတို့ရဲ့ အနာဂတ် အိပ်မက် အကြောင်းတွေကို လေ့လာ ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ကျော်လင်းကို
ကျွန်တော်ကတော့ မော်လမြိုင်ကပါ။ ကျွန်တော့်အသက် ၁၉ နှစ်ရှိပါ ပြီ။ လူမျိုးကတော့ တရုတ်၊ ကရင်ပါ။ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။ မိဘတွေကတော့ စီးပွားရေးလုပ်ပါတယ်။ ကျွန်တော်က အခုသင်္ဘောတက်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်ရဲ့ အဖြစ်ချင်ဆုံးကတော့ အောင်မြင်ကျော်ကြားတဲ့ သင်္ဘော ကပ္ပတိန် တစ်ယောက်ပါ။ ကျွန်တော် ဒီအလုပ်ကို ရူးသွပ်တယ်ဗျ။  ကျွန်တော် ရေကြောင်း သိပံ္ပ ပထမနှစ်တုန်းက  အိမ်က မိဘတွေက နည်းနည်းတော့ ကန့်ကွက်ချင်တယ်။ သူတို့ အလုပ်တွေကို ဦးစီးစေချင်တယ်ဗျ။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ကိုယ်ရောက်အောင် လျှောက်မယ် ဆိုပြီး ကျွန်တော် ဒီကျောင်းကို ဆက်တက်ဖြစ်ခဲ့တာ။ ဒီအလုပ်ကို ဘာကြောင့် ကြိုက်နှစ်သက်လဲ ဆိုရင် ကျွန်တော်က တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး နေရတာ သဘော မကျဘူး။ ခရီးထွက်ရတာ ၀ါသနာပါတယ်။

သင်္ဘောသား ဆိုတော့  ကိုယ် သွားချင်တဲ့ နေရာတွေကို ကိုယ် သွားခွင့်ရတယ်။ ပြီးတော့ ပိုက်ဆံလည်း မကုန်ဘူး။ နောက်ပြီး ကျွန်တော်က ရေထဲမှာ နေရတာကို ပျော်တယ်။ ဒီဂရီတိုင်းတယ်။ လမ်းကြောင်းရှာတယ်။ အဲဒီလို မျိုးတွေ လုပ်ရမယ်ဆိုရင် အားလုံးကို မေ့နေတတ်တယ်။ ကျွန်တော် သင်္ဘော တက်ပြီးလို့  ကျွန်တော့်အ သက် ၃၀ ကျော်ဖြစ်လာမယ် ဆိုရင်တော့ ကျွန်တော် သင်္ဘောဆက် မတက်တော့ဘူး။ စီးပွားရေး လမ်းဘက်ကို ပြန်လျှောက်မယ်။ ကျွန်တော့် အိပ်မက်ထဲမှာ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တာလည်းပါတယ်။ ဒါတွေက ကျွန်တော် ရှေ့ဆက်မက်မယ့် အိပ်မက်ကလေး ပါ။ ကျွန်တော် ဒီလမ်းကိုတော့ မလျှောက်ရသေးဘူး။ လျှောက်ဖြစ်အောင်၊ လမ်းရအောင် ကြိုးစားသွားမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ဖူးငုံ စာဖတ်ပရိသတ်တွေ အတွက် ကျွန်တော် စကားလေး တစ်ခွန်းပြောချင်ပါတယ်။ အဲဒါကတော့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင် လှမ်းပါလို့။ အဲဒီလို လှမ်းနေတဲ့ အချိန်မှာလည်း စိတ်ညစ်စရာတွေ မရှာပဲ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နဲ့ ပေးဆပ်ပါလို့ ကျွန်တော် ပြောချင်ပါတယ်။

ခင်သူဇာ(ခ)ဆိုင်းပန်
ကျွန်မကတော့ ကချင်ပြည်နယ် မြစ်ကြီး နားမြို့ကပါ။ ကျွန်မ အခု အသက် ၂၀ ရှိပါပြီ။ လူမျိုးကတော့ ဗမာ၊ ကချင်ပါ။ ဘာသာကတော့ ဗုဒ္ဓ၊ ခရစ်ယာန်ပါ။ ကျွန်မက အင်္ဂလိပ်စာနဲ့ မြစ်ကြီးနား တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တာ ပါ။ ဘွဲ့ယူဖို့ စောင့်နေပါတယ်။ အဖေကတော့ တရားရေး ဥပဒေအရာရှိပါ။ အမေကတော့ စီးပွား ရေးလုပ်ပါတယ်။ မိသားစုဝင်သုံး ယောက်ရှိပါ တယ်။ ကျွန်မ အခုLCCI  Level III  တက်နေပါ တယ်။ ကျွန်မ အဖြစ်ချင်ဆုံး ကျွန်မရဲ့အနာဂတ် အိပ်မက်က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်တယ်။ ဘယ်လို စီးပွားရေး လုပ်ငန်း လုပ်မလဲဆိုရင် ပညာရေး Accounting နဲ့ပတ်သက်ပြီး သင်တန်းတွေ ဖွင့်မယ်။။ ဘာလို့လဲ ဆိုတော့ အခုခေတ်က ပညာရေးခေတ်လေ။ အဲ၊ ဒီပညာခေတ်မှာ ကျွန်မတို့ Accounting (Manage -ment) ပိုင်းတွေလည်း ပါဝင်ပတ်သက်တယ်လေ။

ကျွန်မ ကျောင်းပြီး ပြီးချင်းတော့ ကျွန်မလမ်း ပျောက်နေတယ်။ သင်တန်းစုံလည်း တက်တယ်။ ကျွန်မ ဘယ်လမ်းကို လျှောက်ရမလဲ မသိဘူး။ ကျွန်မသူငယ်ချင်း တစ်ယောက်က ကျွန်မကို ဆက်လျှောက်ပါ။ နင် လျှောက်ရင်းနဲ့ လမ်းတွေ့ လာလိမ့်မယ်လို့ ပြောတာနဲ့ ကျွန်မ လမ်းတစ်ခုကို ရွေးပြီးဆက်လျှောက်ဖြစ်တယ်။ အဲဒီမှာ ကျွန်မရဲ့ အိပ်မက်ကလေးကို မက်ခွင့် ရတာပါ။ ဖူးငုံပရိ သတ်ကြီးကိုလည်း လမ်းပျောက်နေတဲ့သူ ရှိနေ ရင်လည်း ရဲရဲတင်းတင်း ဆက်လျှောက်ပါ။ လျှောက်ရင်း၊ လျှောက်ရင်းနဲ့ လမ်းတွေတွေ့လာ လိမ့်မယ်။ ရပ်ပြီး မနေတာထက် သွားနေတာပို ကောင်းပါတယ်လို့ ကျွန်မ အကြံပြုချင်ပါတယ်။

ဝေလင်းဖြိုး(ခ)နိုင်းဝေ
ကျွန်တော် အသက်က ၂၃ ပါ။ ဇာတိကတော့ ပဲခူးပေါ့ဗျာ။ အခု လက်ရှိတော့ရန်ကင်းမှာ နေပါတယ်။ ကျွန်တော် တောင်ငူ ကွန်ပျူတာ တက္ကသိုလ်ကနေ B.C.Tech(Q)  နဲ့ပြီးထားတယ်။ ကျွန်တော်က ဗမာ၊ ဗုဒ္ဓဘာသာပါ။ အခုလက်ရှိတော့ ဆားဗစ်ဆိုင်မှာ လုပ်တယ်။ အင်တာနက် ဆိုင်မှာလည်း လုပ်တယ်။ သင်တန်းလည်း တက်နေတယ်။

မချမ်းသာရင် နေပါစေ၊ လျှာပေါ် မြက်ပေါက်ရင် ပေါက်ပါစေ၊ ITနည်းပညာ သစ်တွေနဲ့ အကျွမ်းတ၀င် လက်ပွန်းတတီး ရှိနေတာကို ကြိုက်တယ်။ ဒီအလုပ်တွေ လုပ်နေရင် အားလုံး နီးပါး မေ့နေတယ်။ ပျော်တာရော၊ စိတ်ညစ်တာ ရောပေါ့။ နောက်ပြီး အသစ်အဆန်းတွေ လေ့လာရတာ ပျော်တယ်။ ဒီလောကမှာ ဘယ်သူမှ အတော်ဆုံး၊  အတတ်ဆုံး ဆိုတာ မရှိဘူးလေ။ ဒါပေမဲ့ သိတယ်ဆိုတဲ့ လူထက် မီအောင်လုပ်မယ်။ အတတ်နိုင်ဆုံးဗျာ Hard ware ပိုင်း၊ Net Work ပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် ကြိုးစားချင်တယ်။

သင်းယုမော်
မင်္ဂလာပါရှင်။ သမီးနာမည်က  မသင်းယုမော်ပါ။ အသက်က ၁၆ နှစ်ရှိပါပြီ။ သမီးအခု ၁၀ တန်း တက်နေပါတယ်။ မကြာမီ ဖြေဆိုတော့ မယ့် တက္ကသိုလ် ၀င်တန်း စာမေးပွဲကြီး အတွက်လည်း အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ ၁၀ တန်းအောင်ရင် ပညာရေး တက္ကသိုလ် တက်မယ် လို့ ဆုံးဖြတ်ထားပါတယ်။ သမီးက ငယ်ငယ်လေးက တည်းက ကျောင်းဆရာမ ဖြစ်ချင်ခဲ့တာပါ။ အနာဂတ်မှာ ထွန်းလင်းတောက် ပလာမယ့် ကလေး သူငယ်တွေကို ပညာ အလင်းပေးနိုင်တဲ့ ဆရာမ တစ်ယောက် အဖြစ် သမီးရဲ့ အနာဂတ်ကို ပုံဖော် ခွင့်ရရင် ကျေနပ်ပါတယ်။ နောက်ပြီး သမီးက စာဖတ်တာလည်း ၀ါသနာ ပါပါတယ်။ သမီးရဲ့ကိုကိုက မိုးထက် ကျော်(ကွင်းကောက်) နာမည်နဲ့ စာတွေရေးပါတယ်။ သမီးလည်း ကိုကို့လို စာတွေရေးချင်ပါတယ်။ တစ်နေ့မှာ သမီး အကြိုက်ဆုံး ဖြစ်တဲ့ teen မဂ္ဂဇင်းမှာ ပါဝင် တင်ဆက်ခွင့်ရအောင် ကြိုးစားမှာပါ။ သမီးရင်ထဲက စကားတွေကို အခုလို ချပြခွင့်ပေးတဲ့ teen မဂ္ဂဇင်းကို ကျေးဇူး တင်ပါတယ်ရှင်။

ကဲ ဖူးငုံပရိသတ်ကြီးရေ သူတို့ရဲ့ အိပ်မက်တွေကို ဖတ်ခဲ့ကြပြီနော်။ ပရိသတ်ကြီးလည်း မိမိတို့ရဲ့ အိပ်မက်တွေနဲ့ ပြောချင်တဲ့ စကားလေးတွေရှိမယ် လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတို့ရဲ့ အိပ်မက်တွေကို အယ်ဒီတာ အဖွဲ့၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်း၊ အခန်း ၁၇၊ အမှတ် ၁၅၈/၁၆၈၊ ပထမထပ်၊  မဟာဗန္ဓုလ ပန်းခြံလမ်း၊ ရန်ကုန်မြို့သို့ ပေးပို့နိုင်ပါတယ်။ Mail နဲ့ တစ်ဆင့် ပေးပို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် juewainaing.juelay @gmail.com ကို ပေးပို့ နိုင်ပါတယ်။      

ဂျူးဝေနိုင်