|
(May-2012)ဝေါဟာရမှော်ရုံတောမှာ |
|
|
|
|
Written by ဦးအေးချစ်(EEAC)
|
|
Monday, 21 May 2012 16:16 |
ပျော်ချင်လား၊ ရှော့ပင်သွား(Shopping) ဈေးဝယ်တဲ့ အလုပ်က အိမ်ရှင်မတွေရဲ့ အဓိက တာဝန်ပါ။ Shopping လို့ ခေါ်တာပေါ့။
argaiv1433
ဒါက နေ့စဉ် စားသောက်မှုနဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ၀ယ်ယူတဲ့ ကိစ္စပါ။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ဒီလိုမျိုးမ ဟုတ်ပါဘူး။ ဆန္ဒ ရှိရင်ရှိသလို ကျား၊ မ မရွေး သက်ကြီးငယ် မဟူ ဈေးဝယ် ထွက်နေကြတာ တွေ့ရမြင်ရမှာပါ။ ဆယ်ကျော်သက် ဖူးငုံတို့ အပါအ၀င်ပေါ့။
ဒါကြောင့် ဒီလမှာတော့ Shopping နဲ့ သက်ဆိုင်တဲ့ စကားလုံး အသုံးအနှုန်းတွေကို ဝေါဟာရ မှော်ရုံတောထဲမှာ ရှာဖွေ လေ့လာ ကြည့်ကြမယ်လေ။ ပထမဆုံး Shop ရဲ့ အဓိပ္ပာယ်က ဆိုင်၊ ဈေးဆိုင်၊ ဆိုင်ခန်းလို့ခေါ်တယ်။ ဒါကိုအမေရိကန် အင်္ဂလိပ်စာမှာ Store လို့ သုံးတယ်။ ကြိယာ အသုံးကတော့ go နဲ့ တွဲသုံးရတယ်။Go Shopping for Something ဈေးဝယ် ထွက်တယ်ပေါ့။ Shop ကို ဗြိတိသျှ ဗန်းစကားအနေနဲ့ သုံးတာရှိသေးတယ်။ ပုလိပ်/ရဲကို သတင်းပေးတယ်။ ရဲကို လက်တို့တယ်တဲ့။ The gang leader was Shopped by a police informer. ဂိုဏ်းခေါင်းဆောင်ဟာ ရဲသတင်းပေးရဲ့ ရဲကိုလက် တို့တာ ခံလိုက်ရတယ်ပေါ့။
ဖူးငုံတို့ကို ဈေးဝယ်လို့ ရတဲ့နေရာတွေ အကြောင်းပြောပြဦးမယ်။ ရန်ကုန်၊ မန္တလေးမြို့ ကြီးတွေ အပါအ၀င် နိုင်ငံအနှံ့မှာ နာမည်မျိုးစုံနဲ့ ဈေးဝယ် ဌာနတွေ အပြိုင်းအရိုင်း ပေါ်လာနေတာ တွေ့တယ် မဟုတ်လား။ တိုင်းပြည်ကြီးပွားချမ်း သာလာရင် အများပြည်သူ စိတ်ကြိုက်ဈေးဝယ်နိုင် အောင် ကြိုတင် အမြော်အမြင်နဲ့ ဆောက်လာကြပုံ ရတယ်။ အခုတော Window Shopping ကပိုများသလား မသိဘူး။ အဲ-WindowShopping ဆိုတာက ဆိုင်ပြတင်းပေါက်မှာ ခင်းကျင်း ပြသထားတဲ့ ကုန်ပစ္စည်းတွေကို မ၀ယ်ဘဲ သက်သက်လျှောက်ကြည့်တာလို့ အဓိပ္ပာယ် ရပါတယ်။
ဈေးဆိုင်အမျိုးအစားတွေကို အက္ခရာ စဉ်ပြီး လေ့လာကြည့်မယ် ဆိုရင် Antique Shop က ရှေးဟောင်း ပစ္စည်းအရောင်းဆိုင်ပါ။ ရှားပါးပြီး ရှေးဟောင်း တန်ဖိုး ရှိတာတွေ ရှိသလို၊ အင်ထု တာတွေလည်း ရှိတတ်ပါတယ်။ ဘယ်လောက် ကြာကြာ Date back နဲ့ လိုချင်သလဲပြော။ ရမယ်။ ဒါပေမဲ့ ဒီလိုအတုက အရေးမကြီးပါဘူး။ ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်း လက်ရာတွေကမှ တန်ဖိုး ရှိတာပါ။ ထိန်းသိမ်းဖို့ အထူးလိုပါလိမ့် မယ်။ ဆက်ပြီး Baker's က ပေါင်မုန့်၊ ကိတ်မုန့် ဖုတ်ရောင်းတဲ့ဆိုင်။ Barber shop က ဆံပင်ညှပ် ဆိုင်။ Beauty Salon/ Parlour က အလှပြင်ဆိုင်။Bottle shop က စာအုပ်ဆိုင်။Boutique က ပုလင်းဆိုင်။ Bucket-shop က အထူးသဖြင့် အ၀တ်အထည် ရောင်းချတဲ့ ခေတ်ဆန် သားနားတဲ့ဆိုင် ပါ။ Bucket-shop ကတော့ လေယာဉ်ပျံ လက်မှတ် လျှော့ဈေးနဲ့ ရောင်းချပေးတဲ့ ခရီးသွားလုပ် ငန်းကိုယ်စားလှယ် ဖြစ်ပါတယ်။
နောက်ပြီး Butcher's က အသားတွေပေါ် ရောင်းတဲ့ဆိုင်။ Builder's merchant က ဆောက် လုပ်ရေးပစ္စည်းအရောင်းဆိုင်။ Cash and-carry က လျှော့ဈေးနဲ့ ရောင်းတဲ့ငွေလက်ငင်းချေရတဲ့ ဆိုင်။ Chain Store/ Shop က ကုမ္ပဏီကြီး တစ်ခု ဖွင့်ထားတဲ့ဆိုင်ခွဲ။ Charity Shop က ရန်ပုံငွေ အရောင်းဆိုင်။ Chemist's က အိမ်သုံးဆေးဝါး အရောင်းဆိုင်။ Chip shop က အကြော်ဆိုင် Clothes Shop က အ၀တ်အထည်ဆိုင်။ Cobbler's က ဖိနပ်ချုပ်ဆိုင်။ Commissary က ၀န်ထမ်းစား သောက်ဆိုင်။ Concession က ဥပစာတစ်ခုမှာ အလုပ်ခန်း၊ ဆိုင်ခန်းဖွင့်ဖို့နေရာ။ Convenience က အချိန်မရွေးဝယ်ယူနိုင်တဲ့ ကုန်မျိုးစုံဆိုင်။ Corner Shop က လမ်းထောင့်ကဆိုင်။Dairy က နို့နဲ့ နို့ထွက်ပစ္စည်းအရောင်းဆိုင်။ Deli (Delicatessen) က နိုင်ငံခြားလုပ်အစားအစာ အရောင်းဆိုင်။ Department Store ကုန်တိုက်။ Dime Store က ဈေးပေါပေါပစ်္စည်း အရောင်း ဆိုင်။ Five-and-dime လို့လည်း ခေါ်ပါတယ်။ Dispensing Chemist's က လူနာအတွက် ဆေးစပ်ပေးတဲ့ ဆေးဆိုင်ပါပဲ။ Chemist's လို့ အတိုလည်း သုံးပါတယ်။ ဒီလိုဆေးဆိုင် မျိုးတွေက တော်ရုံတန်ရုံ ဗိုက်အောင့်ဖျားနာ တတ်ကြတဲ့ အခြေခံလူတန်းစားအတွက် အလုပ် ဖြစ်ပါတယ်။ Drugstore ကလည်း ဆေးဆိုင်ပါပဲ။ ဒါပေမဲ့ တခြားအလှကုန်ပစ္စည်းမျိုးတွေကိုလည်း တင်ရောင်းတတ်ပါတယ်။
ဆေးဆိုင်ဆိုလို့ သွားသတိရတာ ရှိတယ်။ အညာဒေသက ရွာတစ်ရွာရောက်တုန်းက အတွေ့ အကြုံလေးတစ်ခုပေါ့။ အချိန်က လွန်ခဲ့တဲ့နှစ် အစိတ်လောက်ကပါ။ ခရီးက ပင်ပန်းတဲ့အပြင်နေ ပူမိုးမိလို့ ဖျားချင်ချင်ဖြစ်တာကြောင့် တည်းတဲ့ အိမ်က လူကိုဆေးခန်းရှိလားလို့ မေးကြည့်တယ်။ မရှိဘူးတဲ့။ ကျန်းမာရေးမှူးနဲ့ သူနာပြုဆရာမ ကောလို့မေးပြန်တော့ ရှိတော့ရှိတယ်။ ခု မရှိဘူး တဲ့။ ဒီရွာမှာ မနေဘူးတဲ့။ ဟုတ်တော့ ဟုတ် တယ်။ အချိန်က ညကြီးမင်းကြီး။ အေး-ဟုတ် ပြီ။ ဒါနဲ့ ဆေးလေး ဘာလေးများမရနိုင်ဘူးလား တောင်းကြည့်တော့ အမြန်ပြေးပြီး၊ ဘီရိုထဲက ဘူးတစ်ဘူး ယူလာတယ်။ ဘာဆေးလဲဆိုတော့ “ခါးပတ်ကြားဆေး”တဲ့။ ပြစမ်းပါဦးဆိုပြီး တောင်းကြည့်လိုက်တော့မှ တက်ထရာဆိုက်က လင်းဆေးတောင့်ဖြစ်နေတယ်။ တခြားခပ်ပျော့ ပျော့ အဖျားပျောက်ဆေး မရှိဘူးလားမေးကြည့် တော့ “ဟာ ဆရာ။ ဒီဆေးက မြို့တက်တုန်းက ၀ယ်လာခဲ့တာ။ သိပ်စွမ်းတာပဲ။ ၉၆ ပါး ရောဂါ အကုန်ပျောက်တယ်ဗျ။ ကျုပ်တို့ရွာမှာ လူတိုင်း သုံးကြတယ်။ လူမကဘူး၊ နွားတောင် ဒါနဲ့ပြီး တယ်ဗျ” အမလေး၊ လန့်စရာပါလား။ မြန်မာ ပြည်မှာ အလွယ်တကူ ၀ယ်လို့ရတိုင်း၊ အရမ်းကာ ရော သုံးနေကြတာတွေ ဘာတွေရှိသေးလဲ မသိ ပါဘူး။
ကဲ-ရှေ့ဆက်လေ့လာဦးမယ်ဆိုရင် Dry cleaner's က ရေမသုံးဘဲ ဓာတုဆေးနဲ့ အ၀တ် အခြောက် လျော်တဲ့ဆိုင်။ Duty-free shop က လေဆိပ်နဲ့ သင်္ဘောပေါ်တွေက အခွန်လွတ်ဆိုင်။ Electrical Store က လျှပ်စစ်ပစ္စည်းဆိုင်။ Fashion Shop က အထည်လို၊ အလှကုန်လို ခေတ်ပေါ် ပစ္စည်းအရောင်းဆိုင်။ Filling Station က ဓာတ်ဆီ၊ ဒီဇယ်ဆိုင်၊ Fishmonger's က ငါးအရောင်းဆိုင်။ Fish and Chip shop ကတော့ အထူးသဖြင့် ဗြိတိန်နိုင်ငံက ငါးပေါင်းကြော်ဆိုင် ပါ။ Florist's ကပန်းနဲ့ အပင်တွေ ရောင်းတဲ့ဆိုင်။ Furniture Shop က ပရိဘောဂဆိုင်။ Garage Sale က ကားဂိုဒေါင်မှာ ပစ္စည်းဟောင်းတွေ ချရောင်းတာ။
Garden Center က စိုက်ပျိုးရေးအရောင်းဆိုင်။ Gas Station က Filling Station, Petrol Station, Service Station လိုမျိုးဆိုင်ပါပဲ။ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့တွေ ရောင်းတယ်။ General Store ကတော့ မြို့ငယ်လေးတွေက ပစ္စည်းအကုန် ရတဲ့ ကုန်စုံဆိုင်ပါ။ Gift shop က အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်။ Green grocer's က ကုန်စိမ်းဆိုင်ပါပဲ။
Haberdashery က အသေးအမွှားတွေ ရောင်းတဲ့ ကုန်သေးကုန်နုပ်ဆိုင်။ Hairdresser's က ဆံသဆိုင်။ Hardware Shop က ကုန်မာဆိုင်။ Hole-in-the-wall က ခပ်မှောင်မှောင်ချောင်ကျ ကျဆိုင်။ Hypermarket က မြို့စွန်မြို့ဖျားက ကုန်တိုက်ကြီး။ Ironmonger's ကလည်း ကုန်မာ ဆိုင်ပါပဲ။ Jeweller's က စိန်ရွှေရတနာဆိုင်။ Junk Shop က အလွယ်တကူ ပြင်ပြီး ရောင်းချလေ့ ရှိတဲ့ အာဟာရမမြောက် အစားအစာ ရောင်းတဲ့ဆိုင်။ Kiosk က သတင်းစာ၊ မုန့်ပဲ သရေစာ၊ ကွမ်းယာ စတာတွေ ရောင်းတဲ့ဆိုင်။ Launderette က ပင်မင်းဆိုင်၊ ဒိုဘီဆိုင်။ Liquor Store က အရက် ပြင်းအရောင်းဆိုင်။ Megastore က ဧရာမ ဈေးကြီး။ Minimart က ညဥ့်နက်ပိုင်းအထိ ဖွင့်တတ် တဲ့အစားအသောက်၊ သတင်းစာရောင်းတဲ့ဆိုင်။ Multiple Store က ကုမ္ပဏီကြီး တစ်ခုက ဖွင့်ထားတဲ့ ဆိုင်ခွဲ။ Chain Store နဲ့ အတူတူပဲပေါ့။ NAAFI က ကြည်းရေလေ တပ်သားတွေ ပစ္စည်း ၀ယ်ရာ စားသောက်ရာဆိုင်ပါ။ Naafi (နဲ့ဖစ်လို့ အသံထွက်) လို့လည်း ခေါ်ပါတယ်။ သူ့ရဲ့အရှည် စကားလုံးတွေက Navy, Army and Air Force Institutes ဖြစ်ပါတယ်။
သြော်- ဆိုင်အမျိုးအစားတွေက များလှပါ ပေ့။ တကယ်တော့လည်း လူတွေရဲ့အလုပ်အကိုင် ခွဲဝေလုပ်ကိုင်တဲ့ပုံစံအရ (၁) ကုန်ထုတ်လုပ်မှု (Production), (၂) ကုန်သွယ်မှု (Trading) နဲ့ (၃) ၀န်ဆောင်မှု (Service) ဆိုပြီး အုပ်စုသုံးခုရှိပါ တယ်။ အခု Shopping ကိစ္စဟာ Trading ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါနဲ့ပတ်သက်လို့ စကား တစ်ခုတောင် ရှိသေးတယ်။ “ချမ်းသာချင်ရင် ကုန်သည်လုပ်” တဲ့။ Shopping ကတော့ ၀ယ်တာ သက်သက်ပဲနော်။ ရောင်းတာ မပါဘူး။
ဝေါဟာရမှော်ရုံကြီးကလည်း ကျယ်ဝန်းလှ ပါပီသနဲ့။ ရှာဖွေလေတွေ့ရှိလေပဲနော်။ ကြည့်ပါ ဦး။ Newsagent's က စာနယ်ဇင်းအရောင်းဆိုင်။ Newstand က လမ်းတွေ၊ ဘူတာရုံတွေက သတင်းစာ၊ မဂ္ဂဇင်းအရောင်းဆိုင်။ Novelty Store က အရုပ်တို့၊ အလှဆင်ပစ္စည်းလို ဈေးချိုချို ရောင်းတဲ့ဆိုင်ငယ်။ One-Stop Shop က တစ် နေရာတည်းမှာ လိုချင်တာအကုန်ဝယ်လို့ရတဲ့ ဆိုင်။ Off-Licence က အရက်ပုလင်းတို့၊ ဘူးတို့ နဲ့ဝယ်ပြီး ယူသွားရတဲ့ဆိုင်။ Online Shopping က အင်တာနက်ကတစ်ဆင့် မှာကြားဝယ်ယူရတဲ့ စနစ် ဖြစ်ပါတယ်။ ကမ္ဘာမှာတော့ အတော့်ကို ခေတ်စားနေပါပြီ။ Opportunity Shop ကလည်း ရန်ပုံငွေ ရှာဖွေရောင်းချတဲ့ ဆိုင်တစ်မျိုးပါ။ Op Shop လို့လည်း သုံးနိုင်ပါတယ်။ Optician's က မျက်မှန်ဆိုင်ပါ။ Outfitter က ယောက်ျားသုံး အ၀တ်အထည် ကျောင်းဝတ်စုံနဲ့ စခန်းချပစ္စည်း ရောင်းတဲ့ဆိုင်။
Package Store ကလည်း အရက် ဆိုင်ပါပဲ။ Pet Shop က အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်။ Pharmacy ကလည်း ဆေးဆိုင်ပဲ လေ။ Plaza ကတော့ တစ်ခါတစ်ရံရုံးခန်းတွေ ရှိတတ်တဲ့ ဈေးဝယ်ဌာနတစ်ခုပါ။ Record Shop က ဓာတ်ပြားအရောင်းဆိုင်။ Retail Shop က လက်လီအရောင်းဆိုင်။ Sandwich Bar က အသားညှပ်မုန့်ဆိုင်။ Shoe Shop က ဖိနပ်ဆိုင်။ှ Shopping Arcade, Shopping Center, Shopping Mall နဲ့ Shopping Arcade, Shopping Center, Shopping Mall စတာတွေက ဆိုင်ခန်း ပေါင်းများစွာရှိတဲ့ ဈေးရုံကြီးတွေပါပဲ။ Snack Shop က သရေစာမုန့်ဆိုင်။ Sports Shop က အားကစားပစ္စည်း အရောင်းဆိုင်။ Stall က ဈေးဆိုင်တန်းကြီး။ Supermarket က အစား အသောက်၊ အဖျော်ယမကာနဲ့ ကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ။ Tailor's က အပ်ချုပ်ဆိုင်။ ဒီတစ်ခါ နောက်ဆုံးအနေနဲ To Shop, Toy Store က အရုပ်ဆိုင်ပဲ ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်ပေါ့။
ကိုင်း-အခုဖော်ပြခဲ့သမျှ ဆိုင်မျိုးစုံကို တစ်ရက်တည်းနဲ့ ဈေးဝယ် ထွက်နိုင်ပါ့မလား။ ခြေတို သွားနိုင်တယ်နော်။ အမှန်တော့ Shopping လို့ခေါ်တဲ့ ဈေးဝယ်သွားတာ ယေဘုယျအားဖြင့် နှစ်မျိုး ခွဲနိုင်ပါတယ်။ နေ့စဉ် အိမ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ အိမ်ထောင်ဦးစီးတွေ၊ အိမ်ရှင်မတွေ၊ ဒါမှမဟုတ် အိမ်အကူတွေ သာမန်သွားရိုး သွားစဉ် ၀ယ်ရိုးဝယ်စဉ်ဆိုတာ ရှိပါမယ်။ နောက် တစ်မျိုးကတော့ သာမန် မဟုတ်ဘဲ ကဗျာဆန် တယ်ဆိုရမလား။ အပျော်သွားကြတာပါ။ Shopping For Purpose နဲ့ Shopping For Pleasure လို့ ဆိုချင်ပါတယ်။ ဒီကနေ့ ကမ္ဘာမှာ တင်မကဘူး၊ မြန်မာပြည်မှာပါ ခေတ်စားလာတာက ကဗျာဆန်တဲ့ Shopping For Pleasure, တစ်နည်း Shopping For Fun ပဲ ဖြစ်ပါတယ်။ ပျော်ချင် သလားကွယ်၊ ရှော့ပင် သွားမယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သာမန်ချိန်မှာ ဈေးဝယ် သွားနေကျသူသာ မဟုတ် တော့ပါဘူး။ ကလေး ပေါက်စနက အစ မြီးကောင်ပေါက်၊ ဆယ်ကျော်သက်၊ ပျိုပျိုအိုအို မကျန် ရှော့ပင်သွားပြီး အညောင်း ဆန့်နေ ကြပြီလေ။
ဘာပဲဖြစ်ဖြစ် အိမ်မှာအောင်းနေ၊ ငုနေတာထက် စာရင်တော့ ဗဟုသုတ အစုံအလင်၊ အနုအရွ အကုန်အစင်၊ ရှုသမျှ တစ်ပုံတစ် ပင်၊ ကြုံရဆုံရမြင်ရ တွေ့ရမှာပါပဲ။ ၀ယ်တာ၊ မ၀ယ်တာအပ ထားပေါ့။ ၀င်ခလည်း ပေးရတာမှ မဟုတ်တာ။ နိုင်ငံခြားဖြစ် အဆန်းတကာတွေ၊ လန်းတာ၊ ရှယ်တာတွေ မျက်မြင် ခံစားရမှာပဲ။
ဈေးဝယ်တာ ပညာတော့ ပါတယ်နော်။ ကိုယ်ဝယ်ချင်တာ သိရမယ်။ ဘယ်မှာရနိုင်မလဲ သိရမယ်။ ကိုယ့်ဒေသက သေး ငယ်ရင်အကြောင်း မဟုတ်ဘူး။ မြို့ကြီးပြကြီး ဆိုရင် ပစ္စည်း အမျိုးမျိုး ဘယ်ဆိုင်မှာ ရောင်းလည်း သိရမယ်။ ဒါတောင်တချို့ က ဈေးကြီး၊ တချို့က ဈေးချိုနိုင်သေးတယ်။ Brand ပေါ် မူတည်၊ Quality ပေါ် မူတည်နိုင်တယ်။ အတု- အစစ်လည်း ခွဲခြားတတ်ရမယ်။ ဒါမှမဟုတ်ရင် အလိမ်အနှပ် ခံရနိုင်တယ်။ ဒါကြောင့် ဈေးကွက်အတွေ့အကြုံလိုတာပေါ့။ ဒါ့အပြင် ဈေး ဆစ်တတ်တဲ့ အရည်အချင်း (Bargaining Ability) ရှိရမယ်။ ဆိုင် တိုင်းမှာက ပုံသေဈေးနှုန်း (Fixed Price) ပြထားတာ မဟုတ် ဘူး။
ငယ်ငယ်ကတည်းက ဈေးဝယ်တတ်တာလည်း တစ်မျိုး တော့ ကောင်းသားပဲ။ ဒါပေမဲ့လည်း ငွေရှိမှ ၀ယ်လို့ရတာလေ။ သူများဝယ်လို့ ကိုယ်မ၀ယ်နိုင်ပြန်ရင် Peer Pressure က လာဦး မှာ။ ထိန်းသိမ်းနိုင်ရင် ကောင်းပါရဲ့။ မဟုတ်ရင် မဖြစ် သင့်တာ တွေ တစ်သီတစ်တန်းကြီး။ ဟို-ပညာမတတ်ဘဲ၊ ပိုက်ဆံပေါတဲ့ ကောင်တွေ၊ ရေလျှံတဲ့သတ္တ၀ါတွေကို အားမကျနဲ့။ ကိုယ်တိုင် ပညာတကယ်တတ်အောင် ကြိုးစားပြီး၊ ကြီးပွားချမ်းသာအောင် လုပ်။ ဒါမှသမ္မာအာဇီဝဖြစ်မှာ။
ဖူးငုံလေးတို့ရေ- နောက်ဆုံးမှာချင်တာကတော့ Shopping ဆိုတာ လူ အမျိုးမျိုး၊ ပစ္စည်းအဖုံဖုံ စိတ်နေအမူအကျင့်မျိုးစုံ တွေ့ရကြုံရနိုင်တဲ့နေရာမျိုး ဖြစ်တာမို့ လေ့လာသင်ယူတတ်ရင် ကျောင်းကြီးတစ်ခုပဲတဲ့လေ။
Shopping is a good school, where one can learn about man, moods and manners. ဒါကြောင့် ငွေရှိမှသာ အမြဲတမ်း သွားပျော်တဲ့ Shopping ကို ရွှေထင်ပြီး အစဉ် သွားနေတတ်သူတွေ အတွက် မြွေမမြင်ပါ စေနဲ့လို့သာ ဆုတောင်းမိရင်း။
ဆယ်ကျော်သက်ထက်မြက်ပါစေ ဦးအေးချစ်EEAC
|