…ဈေး PDF Print E-mail
Written by ယမုံ   
Monday, 21 May 2012 16:26
Share |

နိုင်ငံတကာမြစ်တို့
စီးဆင်းရာ
ဒီနေရာ။

cialis no prescription non genericcheap cialis no prescription acheter viagra buy cialis cheap
argaiv1702


ဖတ်လတ်ကြီး ဖြစ်နေတဲ့
အင်္ကျီကအစ ဘိုလိုတော့ရာ
ဒီနေရာ။

ဖန်တစ်ရာတေ စုတ်ချက်တို့
ခြယ်လှယ်ကြီးစိုးရာ
ဒီနေရာ။

ရွှေတိုက်စိုးဘွဲ့နဲ့
ဗိုက်တကာကို ထိုးခွဲရာ
ဒီနေရာ။

ဖန်ချက်ဝန်တို့
မှန်ဘီလူး တယမ်းယမ်းနဲ့
လက်သရမ်းရာ
ဒီနေရာ။

ကမ္ဘာဦးရောင်းကုန်တို့
မြူးထူးပျော်ပါးရာ
ဒီနေရာ။

တံဆိပ်စုံကပ်ပုလင်းတို့
အချင်းမြှုပ်ရာ ဒီနေရာ။

တရုတ်မဆလာနံ့နဲ့ ပဲရစ်ရေမွှေးနံ့တို့
ချောင်းမြောင်းလုပ်ကြံရာ
ဒီနေရာ။

ပလတ်စတစ်ပတ်ထားတဲ့
ဒူးရင်းသီး ကျွဲကောသီးတို့
ပုခက်တင် မင်္ဂလာကျင်းပရာ
ဒီနေရာ။
ခြေဖ၀ါးတော်နုနုတို့
အပျင်းပြေကြည့်ရှုရာ ဒီနေရာ။

မျက်လှည့်ဆရာဦးထုပ်ထဲက
ငှက်တစ်ကောင် ထွက်လာသလို
ရှင်သန်မှုတို့ ထွက်လာရာ
ဒီနေရာ။

ဆေးဆိုးပန်းရိုက်ဆံပင်နဲ့
အရောင်စုံခြေထောက်တို့
ဒရမ်ခေါက်ရာ
ဒီနေရာ။

ပွဲနေပွဲထိုင် မျက်လုံးတို့
အပြုံးချင်း ပြိုင်ရာ
ဒီနေရာ။

ရာသီစာနှုတ်ခမ်းတို့
အနမ်းချင်းဆုံရာ
ဒီနေရာ။

ထီးထမ်းလမ်းလျှောက်တို့
ပန်းပေါက်ပေါက်ကြဲရာ
ဒီနေရာ။

စွန်တောင်ဆွဲထားတဲ့
ခန်းဆီးစတို့
သန်းချေးချရာ
ဒီနေရာ။

စိနတိုင်းသားတို့
အဓိက သိုင်းကစားရာ ဒီနေရာ။

ဆယ်ကျော်သက်တို့ရဲ့
သင်ပုန်းကြီး ဖတ်စာကျက်မှတ်ရာ
ဒီနေရာ။

အတောင်ညောင်းငှက်တစ်ကောင်
ခတ်ကွင်းပြင်ရာ
ဒီနေရာ။

ခေတ်သစ်မိကျောင်းမင်းတို့
ရေခင်းကျင်းပရာ
ဒီနေရာ။
ကြိုးမညှိရသေးတဲ့
စောင်းတစ်လက်ရဲ့
လက်ကွက်စမ်းရာ
ဒီနေရာ။

တံခါးမှူး ဒတ္ထတို့
ဘ၀မီးကူးရာ
ဒီနေရာ။

ဒီနေရာမှာ
စနစ်တစ်ခု မွေးဖွားကြီးပြင်း
နဂါးနီသီချင်းကိုဆို
ဘယ်လိုယုံနိုင်မလဲ။

ဒီနေရာဟာ
နာမည်မှားနေတယ်။ ။

ယမုံ