(June-2012)ရွှေချစ်သူမှ ရွှေချစ်သူ PDF Print E-mail
Written by ၀င်းငြိမ်း   
Monday, 11 June 2012 11:21
Share |

သို့
ဆရာ ဦးဝင်းငြိမ်းနှင့် ရွှေအဖွဲ့သားများ
မင်္ဂလာ နှစ်သစ်လေးပါလို့ နှုတ်ခွန်း ဆက်ပါတယ်။ သမီး ရွှေရဲ့ ရင်ခွင်မှာ ခိုလှုံခွင့်ရမှ ဆရာ့ဆီ စာရေး မလို့ပါ။ ခုတော့ ပြောချင်တာလေးတွေ များလို့ ရေးလိုက်တာ စာရှည်သွားရင် သည်းခံပြီး ဖတ်ပေးပါနော်။

cialis 10mgbuy cialis 20mg order viagra buy cialis online
argaiv1549

သမီးရဲ့ စာမူလေး ဆရာ့ဆီ ရောက်ခွင့်ရပြီး လိုအပ်တာကို လမ်းညွှန်ပြသ ပေးတာ ကျေးဇူး တင်ပါတယ်။ သမီးက စာပေ အသိုင်းအ၀ိုင်းနဲ့ ဝေးတဲ့နေ ရာကနေ ၀ါသနာကြောင့်သာ အခက်အခဲ များစွာကြားက ကြိုး စားနေရသူပါ။ စာပေ ဟောပြောပွဲတွေမှာ ဆရာတော်တော် များများနဲ့ ဆုံဖူးပြီး ကြိုးစားဖို့ အားပေးကြပါတယ်။ ဆရာမ နုနုရည်(အင်းဝ)၊ ဆရာ ချစ်ဦးညို၊ ဆရာ ကြည်စိုးထွန်းတို့နဲ့ ပထမဆုံး ဆုံဖူးပြီး မဂ္ဂဇင်း လောကမှာ ခြေချနိုင်အောင်၊ ရသ စာပေကို ဖန်တီးတတ်အောင် လမ်းညွှန် ဆုံးမပြီး လှိုက်လှိုက်လှဲ လှဲ အားပေး ခဲ့ပါတယ်။ ဆရာမတို့ရဲ့ အားပေးခဲ့မှု၊ တောင်ငူမြို့ ပေါ်က ဆရာတွေရဲ့ အားပေး ကူညီမှု၊ မဂ္ဂဇင်း စာမျက်နှာထက် က ဆရာသမားတွေရဲ့လမ်းညွှန်မှုကြောင့် ခုဆို ကလျာနဲ့ မဟေသီ ရင်ခွင်မှာ ခိုလှုံခွင့် ရခဲ့ပါပြီ။

ရွှေကိုတော့ မသီတာ အလုပ်ပိုမှာ၊ အရည်အချင်း ရှိသူတွေ နှောင့်နှေးမှာ စိုးပြီး အပို့ကျဲပါတယ်။ မထင်မှတ်ဘဲ ဆရာ့ဆီထိ ရောက်သွားပြီး ကျန်ခဲ့တော့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်။ ပိုဆိုးတာက မှတ်ချက်ထဲပါဖို့ အများကြီး စောင့်ရဦးမှာ။ နောက်ထပ်တင်ပြချင်တာက စာအုပ်အငှားဆိုင် တွေမှာ မဂ္ဂဇင်းကြီးတွေပျောက်သွားတဲ့ ကိစ္စပါ။ သမီးက ရွှေ၊ ကလျာ၊ မဟေသီ၊ အပျိုစင်နဲ့တေးကဗျာကိုလစဉ်ဖတ်ပါတယ်။ ဖေဖော်ဝါရီလထုတ် မဟေသီမှာ သမီးဝတ္ထုပါတယ်ဆိုလို့ အငှား ဆိုင်မှာ မျှော်ရတာ။ ဆိုင်သွားတော့ မဟေသီ၊ တေးကဗျာနဲ့  အပျိုစင်ကို မတင်တော့ဘူးတဲ့။ ရွှေနဲ့ကလျာတောင် ဖတ်သူ နည်းရင် မတင်နိုင်တော့ဘူးတဲ့။ စာအုပ် အငှားဆိုင်တွေက ရင် ဖွင့်လာတာ၊ ရှုံးနေတာ ကြာပြီတဲ့ ဆရာ။ တစ်အုပ် ၃၀၀၀ ၀န်းကျင်မှာ တစ်ရက်ဖတ်ခ ၃၀၀ ဆိုတော့ စာဖတ် ပရိသတ်က မဖတ်တော့ဘူးတဲ့။ သူတို့က ဆရာ့ဆီ တင်ပြခိုင်းတယ်။ စောင်ရေတိုးပြီး တန်ဖိုးလျှော့ရင် အားလုံး အဆင်ပြေမှာတဲ့။ ထုတ်ဝေသူနဲ့ အယ်ဒီတာတွေ ဘက်မှာလည်း အခက်အခဲတွေ ရှိမှာပဲလို့ တွေးမိပါတယ်။

ဒါပေမဲ့ ၀ယ်မဖတ်နိုင်ဘဲ အငှား ဆိုင်ကို အားကိုးနေရသူတွေကတော့ စိတ်မကောင်းစရာပါပဲ။  သုတ၊ ရသစာပေတွေ ပရိသတ်ဆီကို အဆင်ပြေပြေရောက် စေချင်ပါတယ်။ သမီးစိတ်ဓာတ်တွေ အရမ်းလဲပြိုခဲ့တာ မဂ္ဂဇင်း တွေကြောင့် ပြန်ကြိုးစားနိုင်ခဲ့တာပါ။ လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးကျော်သူ ဆာဘွဲ့ရတာ၊ ကိုဝေဠုကျော်နဲ့ ကိုပြေတီဦးတို့ အကယ်ဒမီ ရတာကို အရမ်း ၀မ်းသာပါတယ်။ ဗိုလ်ချုပ်ကားမှာ ဒေါ်ခင်ကြည်နေရာကိုရော သရုပ်ဆောင်ရွေး သလား၊ ရွေးပြီးပလား သိချင်ပါတယ်။ နောက်ဆုံးကတော့ သမီးတို့ဒေသရှိ နှောခင်ရွာလေးရဲ့ ဘုရားပွဲကိုလာတဲ့ ကိုမိုး သက်နိုင်နဲ့ ကိုပိုင်သက်ကျော်ကိုပြောချင်လို့ပါ။  ကိုမိုးသက်နိုင်က ကြောက်တတ်တာလားတော့ မသိဘူး၊ မာနကြီးသလိုပဲ။ သီချင်း ဆိုနေတုန်းဆုချတာ၊ လက်ဆွဲ နှုတ်ဆက်တာ၊ ဖက်နမ်းတာ အစ်ကို့ကို ချစ်ကြတာပါ။ ကိုပိုင်သက်ကျော်ကတော့ ပွဲခင်းထဲ ၄ နာရီမှရောက်လို့ ကန်ထရိုက်နဲ့ ပရိသတ် ရန်ဖြစ်တာက လွဲလို့ အတော်ဖော်ရွေပါတယ်။ မြို့ပြလို မယဉ်ကျေးကြပေ မဲ့ သမီးတို့ ဒေသမှာ အနုပညာသမားကို နစ်နာအောင် လုပ်မယ့် သူ ဘယ်သူမှ မရှိပါဘူး။ အားလုံးက ချစ်ကြ၊ ကြိုက်ကြလို့ လည်း ငှားတာပါ။ တောသူတောင်သားတွေဟာ  စီးပွားရေး၊ လူမှုရေးအခက်အခဲတွေကြားမှာအစစ နိမ့်ပါးသူတွေပါ။ ဂီတ အနုပညာဟာ ထွက်ပေါက် တစ်ခုပါ။ တစ်နှစ်မှာ တစ်ခါနွှဲရတဲ့ ဘုရားပွဲဖြစ်ပြီး သူတို့ချစ်တဲ့ တေးသံရှင်ကို မြင်ရတော့ ပျော်ပြီး လက်ဆွဲနှုတ်ဆက်ကြ၊ လိုက်ဆိုကြတာပါ။ မူးတဲ့လူ အနည်း ငယ်ကြောင့် ပရိသတ်အများ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အစ်ကိုတို့ စိတ်အနှောင့်အယှက်ဖြစ်ရင်လည်း တောင်းပန်ပါ တယ်။ အနုပညာသမားတွေ အနေနဲ့ နယ်ကိုရောက်ရင် ပရိ သတ်ကို နားလည်ပေးသင့်ပါတယ်။  တွေ့တုန်းလေးပဲ ချစ်ခွင့်၊ အားပေးခွင့်၊ ရင်းနှီးခွင့်လေး ရကြတာပါ။

တစ်နေကုန်ကြို လာပြီး ပရိသတ်နဲ့ မဆုံနိုင်တာ နားလည်ပါတယ်။ အားလုံးဟာ အချိန်နှင့် အမျှ ငွေရှာနေရတာလေ။ ပရိသတ်နဲ့ တွေ့ရင်တော့ ဖော်ရွေစေချင်ပါတယ်။ ခုလို ပြောတာလည်း ကိုယ်ချစ်တဲ့ အနုပညာသမားကို“မာနကြီး လိုက်တာ”လို့ အပြော မခံချင်လို့ပါ ဆိုတာ ရွှေကနေ တစ်ဆင့် အသိပေးပါရစေ။ နှစ်သစ်မှာ ဆရာ တို့အဖွဲ့သားတွေ စိတ်ကူးအသစ်တွေနဲ့ စာပေအကျိုးကို ဆတိုး ထမ်းရွက်နိုင်ပါစေ။ မြန်မာပြည်သူတွေလည်း ဒီမိုကရေစီရဲ့ အနှစ်သာရကို အပြည့်အ၀ ခံစားနိုင်ပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးပန်းတွေ ပန်ဆင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
ယွန်းမြတ်မွှန်းသျှန်

ရွှေအသစ် ကဏ္ဍမှာ ပါဝင်နိုင်အောင် ကြိုးစား နေတယ်ဆိုတဲ့ အတွက် ကြိုဆိုပါတယ်။ အငှားဆိုင်များမှာ ရသ ဦးစားပေး မဂ္ဂဇင်းများ ကျဆင်းလာပြီး တချို့မဂ္ဂဇင်းများကို အငှားဆိုင် များက မတင်တော့တဲ့ အထိ ဖြစ်လာတာကို ကြားရတော့ စိတ် မကောင်းပါဘူး။ ဒီစာကို ရေးနေစဉ်မှာပဲ ဆရာ မောင်နှင်းပန်းနဲ့ စကား စပ်မိပါတယ်။ ဆရာ မောင်နှင်းပန်းက စာအုပ်အငှား ဆိုင်ဖွင့်ထားသူ ဖြစ်ပါတယ်။ ဆရာက လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်လောက်က ဆိုရင် သူ့ဆိုင်မှာ တစ်နေ့ကိုစာအုပ် ၄၀၀ လောက် ငှားရပေမဲ့ အခုတော့ စာအုပ် ၁၀၀ လောက်ပဲ ငှားရတော့ တယ်လို့ ဆိုပါတယ်။ မြန်မာ စာပေရဲ့အခြေအနေက အငှားဆိုင်များပေါ်မှာ မူတည် နေသလိုဖြစ်တဲ့ အတွက် စဉ်းစားကြည့်မယ်ဆိုရင် ရင်လေးဖို့ ကောင်းပါတယ်။ အရင်ကတော့ ဖျော်ဖြေရေး လုပ်ငန်းတွေ နည်းတဲ့ အတွက် စာဖတ်သူ များပါတယ်။ အခုတော့ လွယ် လင့်တကူ ကြည့်နိုင်မယ့် ဖျော်ဖြေရေး လုပ်ငန်းတွေက သူ့ထက် ငါအပြိုင်အဆိုင် ပေါ်ပေါက်လာတဲ့ အတွက် စာဖတ်သူနည်း သွားခြင်း ဖြစ်ပါတယ်။ တစ်နည်း ပြောရရင်တော့ ကိုရီးယား ဇာတ်လမ်းတွဲများမှာ စာဖတ်ပရိသတ်များ စီးမျောသွားတဲ့ အတွက် မဂ္ဂဇင်းများဘက်မှာ ကျဆင်းလာခြင်းလည်း ဖြစ်နိုင်ပါတယ်။ နယ်ကို ရောက်လာတဲ့ အဆိုတော်များကို ပရိသတ်က နှုတ်ဆက်ကြတယ်ဆိုတာ ဖြစ်မြဲဓမ္မတာဖြစ်ပါတယ်။ ပရိသတ် ဘက်က နည်းနည်း ထိန်းထိန်းသိမ်းသိမ်း ရှိဖို့တော့ လိုမယ် ထင်ပါတယ်။                             
ဝင်းငြိမ်း


ရွှေချစ်သူများသို့...
ရွှေအမြုတေ အမှတ် ၁ ကစပြီး ရွှေချစ်သူမှ ရွှေချစ်သူသို့ ဆိုတဲ့ ကဏ္ဍ ဖွင့်လှစ်ကာ ပရိသတ်ဆီက ရောက်ရှိလာတဲ့ စာများကို ဖော်ပြ ပြန်ကြားပေးခဲ့တာ ဒီနေ့ထိပါပဲ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လထုတ်မှာ ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍမပါသွားတဲ့ အတွက် ရွှေချစ်သူများက ၀ိုင်းဝန်း တောင်းဆိုကြပါတယ်။ အမှန်က စာမျက်နှာ မလုံလောက်တော့တဲ့ အတွက် ချန်ထား ခဲ့ခြင်းသာ ဖြစ်ပါတယ်။

စာဖတ် ပရိသတ်နဲ့ အမေးအဖြေ ကဏ္ဍများ မဂ္ဂဇင်း တော်တော်များများမှာ ပါဝင်ပါတယ်။ တချို့ မဂ္ဂဇင်းများက အယ်ဒီတာ ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ပဲ ပြန်ဖြေကြတာတွေ ရှိပါ တယ်။ ရွှေအမြုတေကတော့ ပရိသတ်ဆီက ရောက်ရှိလာတဲ့ စာအစစ် အမှန်များကိုသာ ဖော်ပြပေးခြင်းပါ။ ဒီလမှာဆိုရင် စာတစ်စောင်ပဲ ရှိပါတယ်။ စာမျက်နှာ ပြည့်အောင် လုပ်ကြံပြီး အမေးအဖြေ မလုပ်ချင်တာကြောင့် ရောက်ရှိလာတဲ့ တစ်စောင်ကိုပဲ ဖော်ပြ ပေးထားပါတယ်။ နောက်လများမှာလည်း ဒီလိုပဲ ရောက်လာတဲ့ စာကိုသာ ဖော်ပြမှာဖြစ်တာကြောင့် ပရိသတ်ထံမှ စာမရှိတဲ့ လများမှာ ဒီကဏ္ဍကို ချန်လှပ်ထားမှာ ဖြစ်ကြောင်း ကြိုတင် အစီရင် ခံအပ်ပါတယ်။

နောက်တစ်ခု ပြောချင်တာကတော့ ကျွန်တော့်မှာ လစဉ် ထုတ် ရွှေအမြုတေ မဂ္ဂဇင်း၊ ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း၊ အပတ်စဉ်ထုတ် အလင်းတန်းဂျာနယ်တို့ အတွက် စာတွေ အများကြီး ဖတ်ရပါတယ်။ ဒီစာတွေ ဖတ်နေတဲ့ အတွက် အပြင် က စာများ လွတ်သွားတဲ့ လတွေလည်း ရှိပါတယ်။ အဲဒီလို လွတ်သွားတဲ့ အတွက် တချို့စာရေးဆရာများရဲ့ စာမူများဟာ တခြား မဂ္ဂဇင်းများမှာ ပါပြီးသား ဖြစ်ပေမဲ့ သက်ဆိုင်ရာဆရာ များက ရွှေအမြုတေကို အကြောင်း မကြားကြတဲ့ အတွက် ထပ်ပါ သွားတာတွေ ရှိပါတယ်။ မေလထုတ်မှာပါတဲ့ ကောင်းကင် ပြာရဲ့ “ဆေးခန်းဖွင့်ရန် ငါးမိနစ်” ဆိုရင်လည်း ပိတောက်ပွင့် သစ်မှာ ဖော်ပြပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆရာ ကောင်း ကင်ပြာက စာမူခလာထုတ်တော့မှသာ ပိတောက်ပွင့်သစ်မှာ ဖော်ပြပြီးဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော် ဘာမှမတတ် နိုင်တော့ပါ။ ရွှေအမြုတေကို စာမူပို့ထားတဲ့ ဆရာ၊ ဆရာမများ တခြား နေရာကို ပို့မယ်ဆိုရင် ကျေးဇူးပြုပြီး အသိပေး အကြောင်းကြားပါလို့ အနူးအညွတ် မေတ္တာ ရပ်ခံပါတယ်။

မဂ္ဂဇင်း တစ်စောင်မှာ ပါပြီးသားကို နောက်မဂ္ဂဇင်း တစ်စောင်မှာ ဖော်ပြအောင် အထိ စောင့်နေခြင်းက အယ်ဒီတာကို စော်ကားခြင်းသာမက စာဖတ် ပရိသတ်ကိုလည်း စော်ကားရာ ရောက်ပါတယ်။ အဲဒီလို မစော်ကားမိအောင် ဆရာ၊ ဆရာမများ သတိ ပြုကြစေချင်ပါတယ်။ ဥပမာ ဆရာမ မ၀င့် (မြစ်ငယ်) က ရွှေအမြုတေကို ပို့ထားတဲ့ သူ့ဝတ္ထု တစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ် ကြာနေလို့ ဆိုပြီး တခြား မဂ္ဂဇင်း တိုက်ပို့ခွင့် တောင်းပါတယ်။ အဲဒီအတွက် ကျွန်တော် ကျေးဇူး တင်ပါတယ်။ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကျွန်တော်ကလည်း စာမူ ချရာမှာ ဆရာ၊ ဆရာမ တစ်ယောက်ကို တစ်နှစ်မှာ လေးပုဒ် ထက်ပိုပြီး နေရာပေးနိုင်လောက်အောင် မရှိပါဘူး။ ဒါကြောင့် တချို့စာမူုများ ကြာနေခြင်း ဖြစ်ပါတယ်။ ရွှေအမြုတေမှာ ၀တ္ထုတို ၁၀ ပုဒ်မက ဖော်ပြ ပေးနေပါတယ်။ ဒီထက်က ပိုပြီး ဖော်ပြလို့လည်း မကောင်းတော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။

ရွှေအမြုတေမှာ ဖော်ပြထားတဲ့ ၀တ္ထု တစ်ပုဒ်ဟာ တခြား မဂ္ဂဇင်းမှာ ဖတ်ဖူးပြီးသား ဖြစ်နေခဲ့ရင် ကျွန်တော့်ဆီကို အကြောင်းကြားခြင်းအားဖြင့် ၀ိုင်းဝန်း ကူညီကြပါလို့ ရွှေအမြုတေ စာဖတ်ပရိသတ်များကို လေးစားစွာ မေတ္တာ ရပ်ခံပါတယ်။
လေးစားစွာဖြင့်

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


ဝင်းငြိမ်း
About the author: