ပိုက်ဆံ မရတဲ့ ပွဲတွေ ဆိုဖြစ်ခဲ့တဲ့ အားတီရဲ့ ဆယ်ကျော်သက် PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 18 June 2012 15:53
Share |

??????????? ????????????? ???????????? ??????? ????????????? ??????????? ?? ?????????? ???? ???????????????? ??????????

argaiv1324

လူငယ် အဆိုရှင် တစ်ဦး ဖြစ်သလို ဆယ်ကျော်သက် လူငယ်တွေ နှစ်သက်တဲ့ အဆိုရှင် ArT (အားတီ)ရဲ့ ဆယ်ကျော်သက် ဖြတ်သန်းမှုကို ဒီလမှာ ဖော်ပြ ပေးချင်တာပါ။ အားတီရဲ့ ဇာတိက မြစ်ကြီးနားပါ။  အသက် ၁၁ နှစ် အရွယ်မှာ  အားတီက မြစ်ကြီးနားမှာ နေထိုင်တာပါ။ အသက် ၁၁ နှစ် အရွယ်၊ ၁၂ နှစ်အရွယ်မှာ ကျောင်းစာကို ကောင်းကောင်းမလုပ်ဖြစ်ဘဲ ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်၊ ဟိုဟာလုပ်ချင်၊ ဒီဟာ လုပ်ချင် စိတ်တွေ ဖြစ်နေခဲ့ပါတယ်။ အ၀တ်အစားဝယ် ရတာကို ၀ါသနာပါပြီး အစ်မနဲ့ အဒေါ်တွေပေးတဲ့ မုန့်ဖိုးတွေကို ဖြုန်းခဲ့တဲ့ အချိန်ပါ။ ဂီတကို ၀ါသနာပါပြီး သီချင်းတွေကို Selection စုပြီး နားထောင်တတ်တဲ့ အားတီက မြစ်ကြီးနားမှာ လာလုပ်တဲ့ ဖျော်ဖြေပွဲတွေကို မလွတ်တမ်း ကြည့်ဖြစ်ခဲ့ပါတယ်။

“အဲဒီ အချိန်မှာအေးချမ်းမေတို့ ခေတ်စားနေတဲ့ အချိန်၊ သီချင်းဆိုဖို့ ရူးနေတယ်။ ၉ တန်းအထိ မော်ဒယ်လ်ဘွိုင်း လုပ်ဖို့လည်း ရူးခဲ့သေးတယ်။ ကျောင်းသွားရင် အင်္ကျီအိတ်ထဲမှာ ဘီးတစ်ချောင်း ထည့်ထားတယ်။ ပုဆိုးဆို ချက်ပြုတ် ၀တ်တယ်။ ပဲများတဲ့ အချိန်ပေါ့။ ၉တန်း ဖြေပြီးချိန်မှာ အဆောင်မှာ နေရမယ် ဆိုပြီး မန္တလေးကို ပို့လိုက်တယ်” လို့ အားတီက ဆယ်ကျော်သက် ဘ၀ ဖြတ်သန်းမှု အစကို ပြောပြပါတယ်။

၁၀ တန်းဖြေမယ့် အချိန်တွေမှာ Westlife, Britney Spears, Eminem, TLC, တို့ သီချင်းတွေ နားထောင် ဖြစ်သလို ချောစုခင်နဲ့ ဇော်ပိုင်တို့ရဲ့ သီချင်းတွေကို အားတီက နားထောင်ဖြစ်နေတာပါ။ ၁၀ တန်းဖြေပြီးချိန်မှာ သီချင်းဆိုဖို့ ရည်ရွယ်ချက် ရှိပေမဲ့ သီချင်းတွေ မဆိုဖြစ်သေးပါဘူး။ “အဲဒီ အချိန်မှာ ကျွန်တော့် အစ်ကိုက အိမ်ကနေ တစ်ပတ်ကို နှစ်ရက်ပဲ အပြင် ပေးထွက်တယ်။ သူငယ်ချင်းလည်း နည်းတယ်။ ရှိတဲ့ သူငယ်ချင်း နှစ်ယောက်အိမ်ကို စနေ၊ တနင်္ဂနွေ နှစ်ရက် သွားလည်တယ်။ မန္တလေးအိမ်မှာ ကျွန်တော့် အစ်ကိုနဲ့ ကျွန်တော် နှစ်ယောက်တည်းပဲ ရှိတာဆိုတော့ အိမ်သန့်ရှင်းရေး၊ ထမင်း ချက်တာတွေကို ကိုယ်တိုင်ပဲ လုပ်တယ်။တက္ကသိုလ် စတက်တော့ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ သီချင်း စဆိုတယ်။

နေ့ရယ် ညရယ် သီချင်းကို ဆိုတာ Key တွေ လွဲတယ်။ အရှက်တွေ ကွဲပြီး စင်ပေါ်တက်ဖို့ အရမ်း ကြောက်သွားတယ်”လို့ အားတီက အနုပညာ ခရီးအစ ဆယ်ကျော်သက် ဘ၀ကို ပြောပြပါတယ်။ အဲဒီကစပြီး သီချင်းတွေ စရေးဖြစ်ခဲ့တဲ့ အားတီက ကိုယ်ပိုင်သံစဉ် မိုး သီချင်းကို ရေးဖြစ်ခဲ့ပါတယ်။ ပထမဆုံးရေးဖြစ်တဲ့ ဒီသီချင်းက သံသာဝင်းရဲ့ တစ်ကိုယ်တော် စီးရီးမှာ ပါဝင်မှာပါ။ မြစ်ကြီးနားကို ခဏ ပြန်သွားပါသေးတယ်။ မန္တလေးကို ပြန်လာပြီး Nitric Studio ဖွင့်တဲ့ ဇေယျာသော်နဲ့ အားတီတို့ တွေ့ဆုံ ခဲ့ပါတယ်။ Name, Answer အဖွဲ့တွေမှာ Featuring ဆိုရင်း ဂီတ လမ်းကြောင်းပေါ် ရောက်ဖို့ ကြိုး စားခဲ့တာပါ။

ဇေယျာသော်က အားတီနဲ့ R & B ဆိုတဲ့ သီချင်း တစ်ပုဒ်ကို အားတီအတွက် တီးပေး ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဇေယျာသော်က ရန်ကုန်ကို ပြောင်းသွားတာကြောင့် အဆက် ပြတ်သွားခဲ့တာပါ။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာတော့ ဂျေမီနဲ့ တွေ့ပြီး သီချင်းတွေ ပြန်ဆိုဖို့ လမ်းကြောင်း ပြန်ရခဲ့ပါတယ်။ အားတီရဲ့ ချစ်တယ် ပြောချင်လို့ သီချင်းကလည်း ဟစ်ဟော့ပ် အတုနဲ့ အစစ် စီးရီးမှာ ပါဝင်ပြီးခါစအချိန် ဂျေမီနဲ့ တွေ့ခဲ့တာပါ။ ဂျေမီက အရည်ထုပ် သီချင်းကို အားတီနဲ့ တွဲဆိုဖြစ်ခဲ့တာကြောင့် အားတီရဲ့ သီချင်းဆိုနိုင်မှုကို သတိ ထားမိသွားခဲ့ပါတယ်။

“အဲဒီမှာ ဂျေမီက ချစ်တယ်ပြောချင်လို့ သီချင်းကို Remix ပြန်လုပ်မလား၊ လုပ်မယ်ဆိုရင် ရန်ကုန်ကို လာခဲ့ပါလား။ နယ်က နေ ရန်ကုန်လာပြီး နာမည် ကြီးသွားတဲ့ အဆိုရှင်တွေ အများကြီး ရှိတယ်။ လာခဲ့ပါလား ဆိုပြီး ပိုးသွင်း ပေးလိုက်တာနဲ့  ၂၀၀၉ အောက်တိုဘာမှာ ရန်ကုန် ရောက်လာခဲ့ တယ်”လို့ ရန်ကုန်မှာ ဂီတ အလုပ် စလုပ်ဖြစ်မယ့် လမ်းကြောင်းကို အားတီက ပြောပြပါတယ်။ ၂၀၀၉ အောက်တိုဘာ ရန်ကုန် မရောက်ခင် ၂၀၀၈ ထဲမှာတော့ ရန်ကုန် ဖျော်ဖြေပွဲ တစ်ခုမှာ ဂျေမီရဲ့ စင်တင်ပေးမှုနဲ့ အားတီက ဖျော်ဖြေခွင့် ရခဲ့ပါသေး တယ်။

အဲဒီ နောက်ပိုင်းမှာ အားတီကို အချို့သော သူတွေက နည်းနည်း သတိ ထားမိနေကြပါပြီ။ ၂၀၀၉ အောက်တိုဘာမှာ အ၀တ်အစား ၁၀ စုံ၊ ပိုက်ဆံ ၃ သိန်းနဲ့ ရန်ကုန် ရောက်လာပြီး ဆွေမျိုး အိမ်မှာ အားတီက နေထိုင်ခဲ့တာပါ။ “ကျွန်တော် က တရုတ်လူမျိုး၊ ဒါပေမဲ့ အမေ့ရဲ့ အစ်မအကြီး ဆုံးက မြန်မာ အရမ်းဆန်တယ်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ကို အသားပေးတဲ့ မိသားစုဆိုတော့ အရမ်း စည်းကမ်းကြီးတယ်။ သီချင်း ဆိုချင်ရင် ဆိုပေး ဆိုတယ်။ ည ၆ နာရီနဲ့ နေ့လယ် ထမင်းစားချိန် တွေဆို အိမ်မှာပဲ ထမင်းစားရမယ်။ ဒါက သူတို့ရဲ့ စည်းကမ်းပဲ။ ညနေ ၆ နာရီကျော်ရင် မထွက်ရတော့ဘူး။ နောက်ကျလို့ မရဘူး။ သူတို့က ဒီအနု ပညာ အလုပ်ကျတော့ သိပ်နားမလည်ဘူး။ အနုပညာ လုပ်တာက တစ်ခါတလေ ဘယ်အချိန် ထမင်းစားလို့ စားရမှန်း မသိရဘူး။ သီချင်း ဆိုနေတယ်။ အသံကောင်းဖို့ လုပ်ရင်း ပြီးသွားတာ။ သူတို့ရဲ့ ကျေးဇူးတွေ အရမ်း အများကြီး ရှိခဲ့ပါတယ်။

အဲဒါကြောင့် မနေဖြစ်တော့ဘဲ ကျွန်တော် ၂၇ လမ်းကို ရောက်သွားတယ်။ သူငယ်ချင်းအိမ် မှာနေတာ။ ဒုက္ခတွေ ရောက်တယ်။ အိမ်ကကျဉ်း ကျဉ်းလေး၊ ၁၅ ပေပဲ ရှိတယ်။ အဲဒီမှာမှ အိမ်ငှား အဟောင်းရဲ့ပစ္စည်းတွေ ထားထားတာ။ ကျွန်တော့်သူငယ်ချင်းကလည်း ကုမ္ပဏီမှာပဲ နေ တာများတယ်။ သူ့ခုတင်တစ် နေရာစာလောက်ပဲ သန့်ရှင်းရေးလုပ်ထားတော့ ကျန်တာတွေက ရှုပ်ပွနေတယ်။ ကျွန်တော်က ထပ်ခိုးမှာ နေတယ်။ ထပ်ခိုးမှာကလည်း ဖုန်တွေ အများကြီး၊ တစ်နေရာ စာလောက်ပဲ ရှင်းပြီး အဲဒီမှာနေတာ ၁ လကြာ တယ်။ အဲဒီမှာ နေမကောင်း ဖြစ်ရော၊ အိမ်လွမ်းတာလည်း ပါမယ်။ ညစ်ပတ်တာလည်း မခံနိုင် တော့ နေမကောင်းဖြစ်တာ”လို့ ရန်ကုန်မှာ နေပြီး ဂီတအလုပ် စလုပ်တဲ့ အချိန် ကာလအကြောင်း အားတီက ပြောပြပါတယ်။

အဲဒီက ဆက်ပြီး ဦးလေးတစ်ယောက် နေအိမ်မှာ အားတီက နေဖြစ်ပါသေးတယ်။ ဒါပေမဲ့ ဦးလေးနဲ့ အဆင်မပြေ ဖြစ်ပြီး ၂၇ လမ်းက သူငယ်ချင်း အိမ်ကို ပြန်ပြောင်း သွားတာပါ။ ၂၇ လမ်းမှာ သုံးလေးလနေပြီးချိန် သူငယ်ချင်း ဖြစ်သူ ကလည်း အိမ်ပြောင်းတာကြောင့် ဦးလေးအကြီးက ခေါ်ပြန်တဲ့ အတွက် ဦးလေးအိမ်မှာ နေပါသေး တယ်။“တကယ်တမ်းကျတော့ ကျွန်တော်တို့ အလုပ်တွေနဲ့ လူကြီးတွေနဲ့က မဆက်စပ်ဘူး။ တစ်ယောက်တည်း နေမှကို အဆင်ပြေမှာ၊ ဦးလေး အိမ်မှာနေတော့ စိတ်မချတဲ့ အပိုင်းတွေ ဖြစ်လာတယ်။ ဘယ်သွားလဲ မိုးချုပ်တယ်။ ရှိုးပွဲတွေက ဆိုရင် ည ၁၁ နာရီလောက်မှ ပြန်ရောက်တယ်။ အဲဒါတွေနဲ့ အဆင်မပြေတော့ သူငယ်ချင်းနောက် တစ်ယောက်အိမ်မှာ သွားနေတယ်။

အဲဒီလို နေရင်း နေရင်းနဲ့ ဂီတ အလုပ်တွေ လုပ်ဖြစ်ခဲ့တာ” လို့ အားတီက ရန်ကုန်မှာနေတဲ့ အခက်အခဲ အချို့ကို ဆက်ပြီး ပြောပြတာပါ။ ဂျေမီရဲ့ စင်တင်ပေးမှုနဲ့  စင်မြင့်ဖျော်ဖြေပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တဲ့ အားတီ က သူရေးထားတဲ့ သီချင်းတွေကို ၀ယ်ပါဆိုပြီး လိုက်ပြ ခဲ့ရတာမျိုး မရှိခဲ့ပါဘူး။ ကံကောင်းမှု တွေနဲ့ ကြုံတွေ့ရတာလို့ ပြောနိုင်ပါတယ်။ “စင် ပေါ်တက်တဲ့ အချိန်ကလည်း ဂျေမီက ဘေးမှာ ရှိခဲ့တယ်။ ပရိသတ်ကို ဘယ်လိုပဲသေအောင် ကြောက်နေပါစေ၊ ဂျေမီရဲ့ပရိသတ်က ကျွန်တော့်ကို အားပေးတယ်။ ဂျေမီရဲ့အရိပ်က ကျွန်တော့်ကို မိုးထားတယ်။ အဲဒီတစ်ခု ကံကောင်းတယ်။ သီချင်းရေးဖို့ကလည်း ဂျေမီပဲ သင်ပေးခဲ့တာ။ အရင်က သီချင်းတစ်ပုဒ်ကို တစ်ပတ်လောက် ရေးချင်တယ်။ ဂျေမီက နင်ငါ့အခွေထဲ ပါချင်လား။ ပါချင်ရင် သီချင်းအခု ချက်ချင်းရေးလိုက်၊ ဒီနေ့ ရေးပြီးမှ ပါမယ်ပြောတော့ သူ့စီးရီးထဲမှာ လူငယ်တွေပဲ ဆိုတဲ့ သီချင်းမှာ မပါရမှာကြောက်တော့ ဇွတ်ရေးတာ။

၁၅ မိနစ်နဲ့ ရေးပြီးသွားတယ်။ အဲဒီနောက်ပိုင်း သတ္တိရှိသွားတာ”လို့ ဂျေမီက ဆရာတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း အားတီက ပြောပြပါတယ်။ အဲဒီက ဆက်ပြီး မယ်လိုဒီ စီစဉ်တဲ့ စီးရီးခွေမှာ အားတီရဲ့ သီချင်း ပါဖို့အကြောင်းဖန်လာခဲ့တာပါ။ ဂျေမီနဲ့ အားတီ ရေးထားတဲ့ သီချင်းကို မယ်လိုဒီက ၀ယ်ခဲ့ပါတယ်။ “မမယ်လိုဒီက ခေါ်တယ်။ ကျွန်တော် ရေးတဲ့ သီချင်းတွေကို ကြိုက်တယ်။ ဘယ်လောက် ပေးရမလဲ ဆိုပြီး အနုပညာကြေး တစ်သိန်းခွဲ စရပါ တယ်။ အဲဒီကနေစပြီး အိမ့်ချစ်က လူတွေ အကုန် သိတယ်ကို ရောင်းရတယ်။ ဂျေမီနဲ့ဆိုထားတာ၊ ပြီးတော့ သဇင်ရဲ့တစ်ကိုယ်တော် စီးရီးမှာပါတဲ့ မွန်းကျပ် နေ့၊ ကျေနပ်တယ် တို့ကို ရောင်းဖြစ်တယ်။

အဲဒီက စပြီး ယုံကြည်မှုတွေရ လာတယ်။ သီချင်း ရေးခလည်း ဈေးတိုးပြီး ရလာတယ်။ သီချင်းကို မိန်းကလေး အများစု အပ်ကြတာ။ ၀ိုင်းစုခိုင်သိန်းကလည်း ကြောင်၊ မိန်းကလေး အလှကို အပ်တယ်”လို့ သီချင်းတွေ ရေးပြီး ရောင်းဖြစ်တဲ့ အကြောင်း အားတီ က ပြောပြတာပါ။ အဲဒီလို အဆင့်ဆင့် ကူညီမှုတွေနဲ့ တေးရေးဘ၀ အဖြစ် စီးရီး တော်တော်များများမှာ အားတီက ပါဝင်ခွင့် ရခဲ့ပါတယ်။ ဒီလိုတွေ ဖြစ်လာခဲ့ရတာက ဂျေမီရဲ့အကူအညီများနဲ့ ဆိုတာကို အားတီက မငြင်းခဲ့ပါဘူး။ “ကျွန်တော့်ကိုလည်း ဂျေမီက အကျင့်မဖျက်ဘူး။ သူကလည်း ကိုယ့်ကိုယ်ကို အားကိုးခိုင်းတယ်။ တကယ့်ကို ဆရာကောင်းပါ။ အမှန်တကယ်ဆို ဂျေမီက အခု အချိန်ထိ ကျွန်တော် စင်တင်ပေးလိုက်တဲ့ ချာတိတ်လေးပါလို့ မပြော ဖူးသေးဘူး။ ကျွန်တော် ဆရာကောင်း တွေ့တယ်လို့ ပြောလို့ရတယ်။ ဂျေမီနဲ့ ကျွန်တော် အခု အချိန်ထိ လိုက်ဆိုပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာ ကြိုးစား မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီး တစ်ယောက်တည်းပဲ လုပ်တော့တယ်” လို့ ဂျေမီရဲ့ကူညီပံ့ပိုး ပေးမှုအကြောင်း အားတီက ပြောပြပါတယ်။

ဂျေမီနဲ့ တွဲပြီး ဖျော်ဖြေပွဲတွေဆိုခဲ့တဲ့ အားတီက ပိုက်ဆံ မရရင် ဘယ်ဖျော်ဖြေပွဲမှ မဆိုဘူးဆိုတဲ့ မာနတွေ ရှိခဲ့ပါတယ်။ “အဲဒီ ကိစ္စက ၀မ်းရေးကိစ္စ ဖြစ်သွားပြီလေ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တဲ့ အခါ ပရိသတ်တွေ ချစ်ဖို့၊ ပရိသတ်တွေ တွန်းအား ပေးလာဖို့ ဆိုတာက သူတို့ နဲ့ နီးနီးစပ်စပ် ရှိမှဖြစ်မှာ။ သူတို့နဲ့ နီးနီးစပ်စပ် မရှိဘူးဆိုရင် ဘယ်လိုမှအဆင်မပြေဘူး။ အဲဒီ အခါကျတော့ စိတ်က ဖျော်ဖြေချင်တဲ့ စိတ်ဖြစ်လာ တယ်။ ကျွန်တော့်သီချင်း To The Floor ကို အင်တာနက်က တစ်ဆင့် ကြိုက်နေတဲ့ ပရိသတ်တွေ ရှိတယ်။ သီချင်းပဲ နားထောင်ရတယ်။ ရှိုးမှာ မကြားရဘူး ဆိုတော့ ဆိုချင်တယ်။ ကိုဘို စန်းက အဲဒီမှာ ခေါ်တာရှိသလို မခေါ်တာလည်း ရှိတယ်။ ကိုဘိုစန်း ကျွန်တော့်ကို ပိုက်ဆံပေးလည်း ခေါ်ပါ။ ပိုက်ဆံ မပေးလည်း ခေါ်ပါဆိုပြီး အမြဲတမ်း ကျွန်တော် လိုက်ပြောတယ်။ အဲဒါမှ ပရိသတ်က ကိုယ့်ကို ချစ်လာမှာ၊ သိလာမှာလေ။ နောက်ပိုင်းမှာ ပိုက်ဆံထက်စာရင် အနုပညာ မြောက်ဖို့ ပိုစဉ်းစား မိသွားတယ်။ အရင်က ပိုက်ဆံ မရဘဲ ဆိုခဲ့ရတာတွေက ကိုယ့်အတွက် လှေကားတွေဖြစ်သွားတယ်။ အစကတော့ စိတ် ဆိုးတယ်။ သူများက ပိုက်ဆံရတယ်။ ငါက မရဘူးဆိုပြီးပေါ့။ တက္ကစီငှားပြီး လာရတယ်။

အင်္ကျီ ၀ယ်ရတယ်ပေါ့။ ဒါတွေက အခုလို ဖြစ်လာဖို့ပဲ တွေးပါတယ်။ ကျွန်တော့်ဘက်က နာတဲ့ အပိုင်း၊ ခံရတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဂျေမီတို့လောက် မဆိုးခဲ့ပါဘူး။ ဂျေမီတို့ ဘယ်လောက် ကြိုးစားခဲ့ရလဲ ဆိုတာ အသိဆုံး ပဲလေ။ အချိန်တွေ ပေးခဲ့ရတာ အများကြီးပဲ” လို့ အားတီက ပိုက်ဆံ မရဘဲ ရှိုးဆို ဖြစ်ခဲ့တာများကို ပြောပြပါသေးတယ်။ အားတီက ပိုက်ဆံမရဘဲ ရှိုးမှာ ဆိုပေးပါလို့ အခု အချိန်မှာ ပြောလာခဲ့ရင် ပွဲစီစဉ်သူဘက်က အကျိုးအမြတ် နည်းတယ် ဆိုရင် ဆိုမှာလို့ သိရပါတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ ခဲ့ရတဲ့ အားတီက အခု အချိန်မှာတော့ တစ်ကိုယ် တော်စီးရီး ထွက်နိုင်ဖို့ ပိုက်ဆံစု ထားပါတယ်။ ၂၀၁၂ စက်တင်ဘာမှာ ထွက်နိုင်ဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။ ပရိသတ် အားပေး လက်ခံတဲ့ အဆိုရှင် ဖြစ်ဖို့ ပိုက်ဆံတွေ ရှိနေရုံနဲ့ မပြီးဘူး ဆိုတာ သိနိုင်ပါတယ်။ နယ်ကနေ ရန်ကုန်လာပြီး ပရိသတ် လက်ခံတဲ့ အဆိုရှင်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ အားတီရဲ့ ဆယ်ကျော်သက် ဘ၀ ဖြတ်သန်းမှုတွေ အတွက် teen ပရိသတ်များ ကျေနပ် နိုင်ပါစေ။ ဖြေကြားပေးတဲ့ အားတီကိုလည်း ကျေးဇူး တင်ပါတယ်။

 

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: