ကျော်ဟိန်းတပည့် PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 02 July 2012 14:43
Share |

ကျော်ဟိန်းဆီမှာ တပည့်အဖြစ် ငါးနှစ်တာ ပညာ သင်ယူခဲ့တဲ့ ဒါရိုက်တာ ဗန်းကြီး(မောင်အောင်-ရူပဗေဒ)က ကျော်ဟိန်းတပည့် ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူး ထားပါတယ်။

generic cialis onlinediscount cialis online order viagra online canadian pharmacy cialis
argaiv1432

ဒေ၀ီဆူးရဲ့ အရုဏ်သစ်ရုပ်ရှင် ထုတ်လုပ်ရေး အတွက် ရိုက်ကူးတာ ဖြစ်ပြီး မြင့်မြတ်၊ ကောင်းခန့်၊ မို့မို့မြင့်အောင်၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ နေဆန်း၊ ဒေ၀ီဆူးခက်တို့ ပါဝင် သရုပ်ဆောင် ထားတာပါ။

ကျော်ဟိန်း တပည့် ဖြစ်တဲ့ ဒါရိုက်တာဗန်းကြီးနဲ့ မို့မို့မြင့်အောင်၊ ကျော်ဟိန်း တပည့် ဖြစ်ချင်တဲ့ ဒေ၀ီဆူးခက်တို့ ပါဝင်သလို ကျော်ဟိန်းက ကျန်သရုပ်ဆောင်တွေရဲ့ မြင်ဆရာ တစ်ယောက် ဖြစ်တာကြောင့်  ကျော်ဟိန်း တပည့်လို့ ဇာတ်ကားနာမည်ကို ပေးတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မို့မို့မြင့်အောင်တို့ လင်မယားက ဖဲရိုက်ပြီး ရှာစား နေကြသူတွေပါ။ တစ်နေ့မှာတော့ ဖဲရိုက်ပြီး ကားတစ်စီး အနိုင်ရ ပြန်လာတဲ့ အချိန်မှာ ကလေးလေး တစ်ယောက်ကို တွေ့ပါတယ်။ အဲဒီ ကလေးကို မို့မို့မြင့်အောင်က ကောက်ယူ မွေးစား ခဲ့တာပါ။ အကြင်နာ တရားရှိလို့ မွေးစားတာ မဟုတ်ဘဲ ဖဲနိုင်တဲ့နေ့မှာ ရတဲ့ ကလေး ဖြစ်တာကြောင့်  သူတို့အတွက် အကျိုးပေးမှာပဲ ဆိုပြီး မွေးစားတာပါ။ မို့မို့မြင့်အောင်တို့မှာ သမီး တစ်ယောက် ရှိပေမဲ့ ကလေးကို မွေးစားတာ ဖြစ်ပါတယ်။ မွေးစားခံရတဲ့ သူက ဒေ၀ီဆူးခက်ပါ။

ဒေ၀ီဆူးခက်ကို မွေးစားပြီး အိမ်အလုပ်တွေ ခိုင်းတာကြောင့် မို့မို့မြင့်အောင်ကို ဒီကားမှာ မိန်းမဆိုး တစ်ယောက် ပုံစံမြင် တွေ့ရမှာ ဖြစ်ပါတယ်။ မို့မို့မြင့်အောင်က ဒေ၀ီဆူးခက်ကို မွေးစားပေမဲ့ နို့မှုန့်ဖိုး ကုန်မှာ စိုးတာကြောင့် ခင်ဇာခြည် ကျော်ကို နို့တိုက်ခိုင်း တာပါ။ ခင်ဇာခြည်ကျော်ကလည်း ကလေး တစ်ယောက် သေထားတာကြောင့် နို့တိုက်လို့ ရတဲ့ အတွက် နို့တိုက်ပေးတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်နဲ့ နေဆန်းတို့က ကျောင်းထားတဲ့ အရွယ်ရောက်ချိန်မှာ ကျောင်းထား ပေးဖို့ တောင်းဆိုတာကြောင့် မို့မို့မြင့်အောင်က ပညာတတ်တော့လည်း အဆင့်မြင့်မြင့် ခိုင်းလို့ရတာပေါ့။ စာရင်းလေး ဘာလေး ပေါင်းခိုင်းလို့ ရတာပေါ့ဆိုပြီး မို့မို့မြင့်အောင်က ကျောင်း ထားပေးခဲ့ပါတယ်။

မို့မို့မြင့်အောင်က ဖဲရိုက်ပြီး စီးပွား ရှာတာကြောင့် ဖဲရှုံးတဲ့ အခါ အိမ်ကို ထိုးပေးရ တော့မှာပါ။ မေသဉ္ဇာဦးနဲ့ မြင့်မြတ်တို့ သားအမိကို အိမ်ထိုး ပေးရမှာ ဖြစ်ပါတယ်။ မြင့်မြတ်က ဒေ၀ီဆူးခက်ကို သဘော ကျနေတာကြောင့် ဒေ၀ီဆူးခက်ကို ထိုးပေးလိုက်တာပါ။ မေသဉ္ဇာဦးက သားဖြစ်သူ မြင့်မြတ် ဖြစ်ချင်တာ၊ လိုချင်တာကို တရားတာ၊ မတရားတာ မကြည့်ဘဲ လုပ်ပေးတဲ့သူ အဖြစ် သရုပ်ဆောင် ထားပါတယ်။ မြင့်မြတ်နဲ့ ဒေ၀ီဆူးခက်တို့ လက်ထပ်ပြီးချိန်မှာ သမီးဖြစ်သူ ဒေ၀ီဆူးခက်ကို မွေးဖွား ခဲ့တာပါ။ မြင့်မြတ်ကလည်း ဒီဇာတ်ကားမှာ ဖဲသမား အဖြစ် သရုပ်ဆောင် ထားပါတယ်။

“အရိပ်တစ်ခုကို ရောက်သွားတဲ့ ကောင်မလေး တစ်ယောက် ဘ၀မှာ အောင်မြင်ချင်တာ ကြောင့် ကြိုးစားခဲ့တယ်။ ရလာတဲ့ မျိုးဆက်ကလည်း အဲဒီ အရိပ်ကိုပဲ ရောက်သွားတာကြောင့် ပြောင်းလဲချင်ပေမဲ့ မပြောင်းလဲဘဲ လွှမ်းမိုးမှုတွေ ခံရတယ်ဆိုတာကို ဒီကားမှာ ပြချင်တယ်”လို့ ဒါရိုက်တာ ဗန်းကြီးက ဆိုပါတယ်။ ဒေ၀ီ ဆူးခက်ကို စင်တင်ပေးရတာ ကြောင့် ရိုက်သမျှအားလုံး တာဝန်ကြီးတယ်လို့လည်း ဆိုပါသေးတယ်။

ကျော်ဟိန်းဆီမှာ အနု ပညာသင်တန်း တက်ရောက်ခဲ့ပေမဲ့ ကျော်ဟိန်းက တပည့်လို့ အသိအမှတ်ပြုတာ မခံ ရတဲ့ ဒေ၀ီဆူးခက်က ကျော်ဟိန်းတပည့် ဇာတ်ကားမှာ နှစ်ကိုယ်ခွဲ ပုံစံ သရုပ်ဆောင် ထားတာပါ။ ရိုးရိုးအေးအေး နေရတဲ့ မမိုးဆွေ ပုံစံမျိုး သရုပ်ဆောင်ရတာ အခက်အခဲ ရှိတဲ့ ဒေ၀ီဆူးခက်က “အရမ်း အနှိမ်ခံရတဲ့၊ အေးတဲ့ ကောင်မလေး၊ ကျွန်မက အပြင်မှာ စကားပြောရင် အရမ်းမြန်တယ်။ အဲဒီမှာက သွက်လို့ မရဘူး။ ကိုယ့်ကိုယ်ကို ချိုး နှိမ်ပြီး ပြောရတာဆိုတော့ ဂရုစိုက်ပြီး ပြောရတယ်”လို့ ဆိုပါတယ်။ ဒေ၀ီဆူးခက်က ကျော်ဟိန်း တပည့်ဆီက ရတဲ့ ဇာတ်ကောင်စရိုက်တစ်ခုကို သရုပ်ဆောင်ရင် စိတ်ကို ဦး စားပေးရတယ်ဆိုတဲ့ အချက ကို အသုံးပြုပြီး သရုပ်ဆောင်တယ်လို့ သိရပါတယ်။

ဖဲသမားတစ်ယောက် အဖြစ် သရုပ်ဆောင်ထားတဲ့ မြင့်မြတ်အနေနဲ့ မဟောဂနီထုတ်လုပ်ရေးနဲ့ စာချုပ်ပြည့် ပြီးချိန်မှာ အပြင်ထုတ်လုပ် ရေးများအတွက် ရိုက်ကူးတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ “အဓိက ကတော့ ဒီဇာတ်ကားက ဇာတ်ကောင်စရိုက်တစ်ခုနဲ့ပါ။ ကျောက်စက်ရေ ဇာတ်ကား တုန်းက တစ်ဦးတည်းခေါင်း ဆောင်ပုံစံမျိုးလုပ်ဖြစ်တယ်။ ကျောက်စက်ရေ မှာ လုပ်တဲ့ ဇာတ်ကောင်စရိုက်ထက် ဒီ ကားမှာလုပ်ရတဲ့ ဇာတ် ကောင်စရိုက်ကို ပိုကြိုက် တယ်။ ကျောက်စက်ရေမှာ က ရှေ့ပိုင်းမှာ အတော်လေး ငြိမ်တယ်။ အလှုပ်ဆိုတာ မရှိ သလောက်ပဲပေါ့။ ဒီကားမှာက အဲဒီလိုမဟုတ်ဘူး။ Tempo လေး ပိုလှတယ်”လို့  မြင့်မြတ်က ဆိုပါတယ်။ ကျော်ဟိန်းတပည့် ရုပ်ရှင်ဇာတ်ကားက တစ်ကားလုံး ခြုံကြည့်ရင် မင်းသမီးဇာတ် ဖြစ်ပါတယ်။ “မင်းသမီး ဇာတ်ဆိုပေမဲ့ သူ့ဇာတ်ကောင်စရိုက်နဲ့ သူရှိပါတယ်။

ဘ၀ သရုပ်ဖော်ပညာပေးကား၊ ရိုက်နေကျ ဇာတ်ကောင်စရိုက် တွေထက် နည်းနည်းကွဲထွက် ပါတယ်”လို့ မြင့်မြတ်က ဆိုပါသေးတယ်။ မြင့်မြတ်နဲ့ ဒေ၀ီဆူးခက်တို့က ဒီဗီဒီဇာတ်ကားတစ်ကားမှာ ဆုံထားဖူး ပါတယ်။ ကျော်ဟိန်း တပည့် ရုပ်ရှင် ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင် ရိုက် ကူးထားတာကြောင့် ပရိသတ်ကြိုက် အောင်မြင်တယ်ဆို ကိစ္စ မရှိပေမဲ့ ပရိသတ်စိတ် မ၀င်စားရင် သရုပ်ဆောင် တွေအနေနဲ့ ထိခိုက်တယ်ဆို တာထက် အနုပညာအရ ဆုံး ရှုံးတယ်လို့ ခံစားရမှာဖြစ် ကြောင်း မြင့်မြတ်က ဆိုပါ သေးတယ်။ ကျော်ဟိန်းကို လေးစားဂုဏ်ပြုချင်တာကြောင့် ကျော်ဟိန်းတပည့်လို့ အမည် ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကို HD နဲ့ ရိုက်ပြီး ဖလင် အဖြစ် ကူးပြောင်းမှာ ဖြစ်ပါ တယ်။      

 

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 


ခင်လေးမြင့်
About the author: